District & TownshipNews

ကော့မှူးမြို့နယ် Covid-19 ထိန်းချုပ် တုန့်ပြန်ကော်မတီသို့ ကော့မှူးမြို့နယ်အသင်းမှ ငွေလှူဒါန်း

၁၄ စက်တင်ဘာလ ၂၀၂၀ တနင်္လာနေ့
————————————————–
ကော့မှူးမြို့နယ် Covid-19 ထိန်းချုပ်/တုန့်ပြန်ကော်မတီသို့ ကော့မှူးမြို့နယ်အသင်းမှ ပေးပို့လှူဒါန်းငွေ (၁၀၀၀၀၀)ကျပ်အား ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး AD ဦးထက်ဝင်းမှ လက်ခံ ရယူပေးခဲ့သည်။ အလှူငွေပေးအပ်ရာသို့ ကော့မှူးမြို့နယ် Covid-19 ထိန်းချုပ်/တုန့်ပြန်ကော်မတီ နာယက ကော့မှူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်သန္တာအေး၊ မြို့နယ်စီမံကိန်းဦးစီးဌာန AD ဒေါ်ကြည်ကြည်ခိုင်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးလေးကိုကို၊ အတွင်းရေးမှူး ဦးဝင်းမင်း(အမှုဆောင်အရာရှိ-အင်ဂျင်နီယာမှူး)တို့ လိုက်ပါခဲ့ကြပြီး မြို့နယ်အတွင်းမှ Quarantine ဝင်ရောက်နေသူ များနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြသည်။ ကော့မှူးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဖျားနာဆေးခန်းတွင် အသုံး
ပြုရန် ဒီဂျစ်တယ် သွေးပေါင်ချိန်စက်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမှတ်(၁)မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်လောင်း ဒေါ်သန္တာအေးမှ တာဝန်ကျ၊ ကျန်းမာရေး ဝန်ထမ်းများသီးသန့် သုံးစွဲနိုင်ရန်အတွက် Level-2 ဝတ်စုံ(၃)စုံ လှူဒါန်းပေးခဲ့ကြသည်။
Show More

Related Articles

Back to top button
Close