District & Township

ကြည့်မြင်တိုင်မြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း အသင်းချုပ်တို့ စီစဥ်မှုဖြင့် မြို့နယ်များတွင် အများပြည်သူများသို့ သင့်တင့်သောစျေးဖြင့် အခြေခံစားကုန်များ ရောင်းချ

၇န်ကုန် ၁၆ နို၀င်ဘာ ၂၀၂၀
===============================
ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် ကြည့်မြင်တိုင်မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းအသင်းချုပ်တို့စီစဥ်မှုဖြင့် မြို့နယ်များတွင် အများပြည်သူများသို့ သင့်တင့်သောစျေးဖြင့် အခြေခံစားကုန်များ ရောင်းချပေးခြင်းကို မြို့နယ်အတွင်းရှိ ပန်းလှိုင်အိမ်ယာ၀င်း၊ အိုးဘိုရပ်ကွက်၊ ဗိုလ်သူရလမ်း
သုံးနေရာခွဲ၍ လှည့်လည်ရောင်းချရာ မြို့နယ်စည်ပင်ကော်မတီ ဥက္ကဌ၊ ကော်မတီ၀င်များ၊ ၀န်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ် ချုပ်ရေးမှူးများမှ ကြီးကြပ်၍ ဆောင်ရွက်ပေးခဲ့ပါသည်။
ယနေ့ ဈေးကားများဖြင့် ဈေးရောင်းချမှုအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်၀င်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘမျိုးသိန်း၊ တိုင်း(၁)လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်၊တိုင်း(၂)လွှတ်တော် ကိုယ်စားလှယ် ဦး‌ခင်၀င်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇာနည်၀င်း၊ ခရိုင်စည်ပင်(စီမံ)ဌာနမှ ခွဲမှူး ဦးသန်းဦးတို့မှ ကြည့်ရှု့အားပေးဆောင်ရွက်ခဲ့ပါသည်။
ယခုလိုဈေးရောင်းကားများဖြင့် သင့်တင့်သောဈေးနုန်းဖြင့် မီးဖိုချောင်သုံး စားကုန်များကို မြို့နယ်များတွင် အလှည့်ကျရောင်းချပေးလျက်ရှိပါသည်။
Show More

Related Articles

Back to top button
Close