NewsRegion

တိုင်းရင်းသားများအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး (NLD ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်း)

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) တို့နှင့်အညီဖြစ်စေရန် တိုင်းရင်းသားလူမျိုး များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် ဆောင်ရွက်မည်။
(၁) တန်းတူညီမျှသော နိုင်ငံသားအခွင့်အရေးများနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး။
(၂) တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းရေး။
(၃) ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၏ အရင်းအမြစ်များကို ဖြေရှင်းနိုင်ရန် အပြန်အလှန်လေးစားမှုရှိသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများဖြင့် ညှိနှိုင်းအဖြေရှာရေး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရေး။
(၄) ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်တံ့ခိုင်မြဲရေးတို့အတွက် ပြည်ထောင်စုစိတ်ဓာတ်အခြေခံ၍ ထာဝစဉ် လက်တွဲနေထိုင်ရေး။
(၅) တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာ ဓလေ့ထုံးတမ်း၊ အမျိုးသားရေးလက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး။
(၆) ပြည်နယ်/တိုင်းဒေသကြီးအားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး။
(၇) သဘာဝအရင်းအမြစ်များမှ ရရှိလာသည့် အကျိုးအမြတ်များကို ဖက်ဒရယ်ပြည်ထောင်စုမူနှင့်အတူ ဒေသအလိုက် မျှတစွာ ခွဲဝေခံစားခွင့် ရရှိရေး။
Show More

Related Articles

Back to top button
Close