District & TownshipNews

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြည်သူ့ဆေးရုံတွင် COVID-19 ရောဂါပိုး စမ်းသပ်ခန်းကွန်တိန်နာ ​အမြန်ဆုံးထားရှိနိုင်ရေးအတွက် တာ၀န်ရှိသူများမှ ကွင်းဆင်းကြည့်ရှု

ရန်ကုန် ၁၆ နို၀င်ဘာ ၂၀၂၀
——————————————-
ယနေ့တွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြည်သူ့ဆေးရုံတွင် COVID-19 ရောဂါပိုး ရှိ/မရှိစမ်းသပ်စစ်ဆေးမှု မကြာခင်စတင်ဆောင်ရွက်နိုင်ရန်အတွက် စမ်းသပ်ခန်းကွန်တိန်နာ ​အမြန်ဆုံးထားရှိနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ တင်ပြတောင်းဆိုခဲ့ပြီး နေရာရွေးချယ်ပြင်ဆင်နိုင်ရန် လိုအပ်သည်များအား ရန်ကုန်တိုင်း ကျန်းမာ ရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်နှင့်အဖွဲ့နှင့်အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးနိုင်၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်း မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်သူဝင်းနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
Show More

Related Articles

Back to top button
Close