
ရန်ကုန် ၂၄ နို၀င်ဘာ ၂၀၂၀
———————————————-
ယနေ့ နံနက် ၁၀နာရီအချိန်တွင် Video Conferencing ဖြင့် ပြုလုပ်သော နှစ်(၁၀၀)ပြည့် အမျိုးသားနေ့ အောင်ပွဲကျင်းပရေး ညှိနှိုင်းအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့ပါသည်။ ၀န်ကြီးချုပ်နှင့်အတူ အစိုးရ အဖွဲ့၀င်များဖြစ်ကြသော စီမံ့ကိန်းနှင့်ဘဏ္ဏာရေး၀န်ကြီးဌာန ၀န်ကြီး ဦးရဲမင်းဦး၊ စိုက်ပျိုးရေး ဆည်မြောင်း၀န်ကြီးဌာန ၀န်ကြီးဦးဟံထွန်း၊ စည်ပင်သာယာရေး၀န်ကြီးဌာန ၀န်ကြီး ဦးမောင်မောင်စိုး၊ လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်း၊ လူ၀င်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်၀န်ကြီးဌာန ၀န်ကြီး ဒေါ်မိုးမိုးစုကြည်၊ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်နှင့် အစိုးရအဖွဲ့ တာ၀န်ရှိသူ များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။








