District & TownshipNews

ပန်းဘဲတန်းမြို့နယ် အမှတ်(၆)ရပ်ကွက်ရှိ ကားမှတ်တိုင်များအား COVID -19 ကာကွယ်ရန် ပိုးသတ်ဆေးများဖြန်း

၂ ဧပြီလ ၂၀၂၀

ဧပြီလ ၂ရက်နေ့ ည(၉:၃၀)အချိန်တွင် ပန်းဘဲတန်းမြို့နယ် အမှတ် (၆) ရပ်ကွက်ရှိ ကားမှတ်တိုင်များဖြစ်သော ၆ ထပ်ရုံး မှတ်တိုင် (ကမ်းနားလမ်း)နှင့် လမ်း ၃၀ မှတ်တိုင်(ကုန်သည်လမ်း)တို့အား COVID -19 ကာကွယ်ရန် ပိုးသတ်ဆေးများဖြန်းခဲ့သည်။ ပိုးသတ်‌ဆေးပက်ဖြန်းရာ‌‌ နေရာသို့ တိုင်း(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး၊ တိုင်း(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်မှတာ၀န်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တကွ ရပ်ကွက်အတွင်းရှိ မြို့နယ်ရပ်မိရပ်ဖများ၊ မဟာမွန်မြတ်‌စေတနာ ပရဟိတအသင်းစသည့် ပရဟိတအဖွဲ့တို့နှင့် အတူတကွပူးပေါင်း ပါ၀င်ဆောင်ရွက်ခဲ့ပါသည်။

 

Show More

Related Articles

Back to top button
Close