NewsRegion

ပါတီအောင်နိုင်ရေး၊ စည်းရုံးရေးထက် ပြည်သူများအတွက် covid 19 ရောဂါ ထိန်းချုပ်ရေးကို ဆောင်ရွက်နေကြောင်း မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြောကြား

ရန်ကုန် ၁၂ စက်တင်ဘာ ၂၀၂၀
=================================
ပါတီအောင်နိုင်ရေး၊ စည်းရုံးရေးထက် ပြည်သူများအတွက် covid 19 ရောဂါ ထိန်းချုပ်ရေးကို ဆောင်ရွက်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဒေါက်တာမေဝင်းမြင့်ကပြောသည်။
ရွေးကောက်ပွဲနှင့် ပတ်သက်၍ စက်တင်ဘာ ၁၂ရက် d wave သတင်းဌာနက ဆက်သွယ်မေးမြန်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်ကပြောကြားခဲ့သည်။
” အဖွဲ့ဝင်မဟုတ်ဘဲ NLD အကျီ ဝတ်တဲ့ လူတွေကို သတိထားတာပါဆိုတာ ဒေါက်တာမျိုးညွန့် ပြောတာလေးကို အန်တီက အန်တီဖ့စ်ဘုတ်မှာ ပြန်တင်တာပါ။ ဒီရက်မှာတော့ အန်တီတို့က ကိုဗစ်ထိန်းချုပ်ရေးပဲ လုပ်ဦးမှာလေ။ မဲဆွယ် စည်းရုံးရေးထက် ကိုဗစ်ကအရေး ကြီးတယ်။ မရမ်းကုန်းမှာလည်း ပိုးတွေ့လူနာများနေတော့လေ။ နောက် ကိုဗစ်ထိန်းချုပ်ရေး ကော်မတီအစည်းအဝေးတွေ အဲဒါတွေကို အန်တီက အုပ်ချုပ်ရေးနဲ့တွဲလုပ်နေတယ်။ ဈေးတွေကို ဘယ်လိုဆောင်ရွက်မလဲ။ maskမတပ်ရင် ဘယ်လိုဆောင်ရွက်မလဲ။ ဒါတွေ အကုန်လုံး လုပ်နေတယ်။ ပထမဆုံး ထိန်းချုပ်ဖို့လုပ်နေတာပေါ့။နောက် ဖျားနာလူနာတွေအတွက် သက်သက် ဖွင့်ထားတဲ့ ဆေးခန်း အဲဒါကို ဆက်လက်ဖွင့်ထားဖို့ မရမ်းကုန်းအတွက် အန်တီတို့ ဆုံးဖြတ်ကြတယ်”ဟု၎င်းကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဗဟိုမှ ထောက်ပံ့သည့် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရန်အတွက် ငွေကြေးတွင်လည်း covid 19 ရောဂါကာကွယ်ရန် ပြည်သူများအတွက် နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များဝေငှခြင်းလုပ်ငန်းတို့အတွက် အသုံးပြုခွင့်ပေးထားကြောင်းသိရသည်။
စက်တင်ဘာ ၁၂ရက် မနက် ၈နာရီအထိ မြန်မာနိုင်ငံတွင် covid 19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၂၄၄၅ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုသူ ၆၂၅ဦး၊ သေဆုံးသူ ၁၄ဦးရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှသိရသည်။
Show More

Related Articles

Back to top button
Close