District & TownshipNews

ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနှေးယာဉ်လုပ်သား ၃၀၀ အတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့

ရန်ကုန် ၁၃ နို၀င်ဘာ ၂၀၂၀
=============================
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ အနှေးယာဉ်လုပ်သား ၃၀၀ အတွက် ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက အ‌ခြေခံစားသောက်ကုန်များကို နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းအချိန်က လှူဒါန်းခဲ့သည်။
အနှေးယာဉ်လုပ်သားများအတွက် ဆန်ခြောက်ပြည်၊ စားသုံးဆီ တစ်လီတာပါ တစ်ပုလင်း၊ ခေါက်ဆွဲ‌ခြောက်ထုပ် ငါးထုပ်နှင့် ငါးသေတ္တာဘူးများကို ကူညီထောက်ပံ့ခဲခြင်းဖြစ်ပြီး ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရန်ပုံငွေဖြင့် လှူဒါန်းခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
တစ်ဦးစီအတွက် ထောက်ပံ့မှု ကုန်ကျစရိတ်မှာ ငွေကျပ် ၂ သောင်းဖိုးကျော် ရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန့်ချက်နှင့်အညီ လိုက်နာ ဆောင်ရွက်စေခဲ့ကြောင်းလည်း သိရသည်။ ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနှေးယာဉ်လုပ် သားများကို ကိုဗစ်ကာလတွင် ယခုကဲ့သို့ လှူဒါန်းထောက်ပံ့ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်းလည်း သိရသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုဝင်ဘာ ၈ ရက် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအတွက် မဲရေတွက်မှုတွင် ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ကြေညာချက်များအရ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိနေသည်။
Show More

Related Articles

Back to top button
Close