NewsRegion

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဥပဒေကြမ်းကော်မတီ ပူးပေါင်း အစည်းအဝေး အမှတ်စဉ် (၅၆/၂၀၁၉)အား ကျင်းပ

၉ စက်တင်ဘာ ၂၀၁၉

၂၀၁၉ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍  (၅၆/၂၀၁၉) ဥပဒေကြမ်းကော်မတီ ပူးပေါင်း အစည်းအဝေးကို စက်တင်ဘာလ(၉) ရက် (တနင်္လာနေ့) နံနက် (၁၀း၀၀) အချိန်မှ နေ့လယ် (၁၂း၀၀)နာရီအချိန်ထိ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ရုံး၊ ပုလဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးမောင်မောင်စိုး၊ ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ  ဦးသိန်းမြင့်၊ အတွင်းရေးမှူး  ဦးဝင်းမောင်(ခ) ဦးဦးဝင်းမောင်နှင့်  ဥပဒေကြမ်း ကော်မတီ အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာပြင်ပ (၁၂) မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်၍ ဆွေးနွေးခဲ့ကြသည်။

Show More

Related Articles

Back to top button
Close