District & TownshipNews

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်ကြားရှိ ကွင်းချောင်းရေထိန်းနံရံ ပြိုကျပျက်စီးမှု ရှင်းလင်းခြင်းနှင့် ယာယီထိန်းသိမ်း ပြုပြင်မှုလုပ်ငန်း ဆောင်ရွက်

၁ စက်တင်ဘာလ ၂၀၁၉

နံနက်(၁၀း၀၀)အချိန်တွင် အလုံမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်ကြားရှိ ကွင်းချောင်း ရေထိန်းနံရံ ပြိုကျ ပျက်စီးမှု ယမန်နေညက ဖြစ်ပွား၍ ပျက်စီးမှု များအား ရှင်းလင်းခြင်းနှင့် လတ်တလော ယာယီ ထိန်းသိမ်းပြုပြင် မှုလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် စတင်ပြု လုပ်ခဲ့ပါသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ ကော်မတီဝင် ဦးမင်းဟန်တို့မှ လာ ရောက်ကြည့်ရှု စစ်ဆေးပြီး ဌာနအလိုက် လုပ်ငန်းတာဝန်ခံများ အလုံ၊ ကြည့်မြင်တိုင်မြို့နယ်များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီဝင်များနှင့် မြေပြင်အခြေအနေ ဆောင်ရွက်ရမည့်အနေအထားများကို ဆွေးနွေး ခြင်း၊ လှည့်လည်ကြည့်ရှု့၍ လုပ်ငန်းဆောင်ရွက်နေသူများအား လိုအပ်ချက်များကို အမြန်ဆုံးဆောင်ရွက်ရန် ထပ်မံ မဖြစ်ပွားစေရေး လတ်တလော အရံအတားများပြုလုပ်ရန်၊ ဆက်လက် ဆောင်ရွက်ရမည့် အနေအထားများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

Show More

Related Articles

Back to top button
Close