R&DWorkshop

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် ဒုတိယအကြိမ် ပါတီတွင်းအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

၁၄ မတ်လ ၂၀၂၀

ရန်ကုန်တိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် တိုင်းအလုပ်အမှုဆောင်အဖွဲ့မှ ကြီးမှူးကျင်းပသော ဒုတိယအကြိမ် ပါတီတွင်းအလုပ်ရုံဆွေးနွေးပွဲ ပထမနေ့အဖြစ် ယနေ့ မနက် ၀၉း၃၀အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲအား တိုင်းအလုပ်အမှုဆောင်ဥဣဌ ဦးမြင့်ဌေးမှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး သက်ဆိုင်ရာ ကိုယ်စားလှယ်များမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများအား တင်ပြဆွေးနွေးခြင်း၊ တာဝန်ကျဆရာများမှ တက်ရောက်လာသူပါတီဝင်များနှင့်အပြန် အလှန် ဆွေးနွေးခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲအား ညနေ(၄:၄၅)အချိန်တွင်အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲအား တိုင်း၊ ခရိုင်၊မြို့နယ်၊ ရပ်ကျေးအလုပ်အမှုဆောင်များ၊ အမျိုးသမီးလုပ်ငန်းကော်မတီ၊ လူငယ်လုပ်ငန်းအဖွဲ့များ၊ ရပ်ကျေးပါတီဝင်များ အင်အား၁၂၀ ခန့် တက်ရောက်ခဲ့ပါသည်။

Show More

Related Articles

Back to top button
Close