R&DWorkshop

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်တွင် ဒုတိယအကြိမ် ပါတီတွင်းအလုပ်ရုံ ဆွေးနွေးပွဲ(ဒုတိယနေ့) ကျင်းပ

၁၅ မတ်လ ၂၀၂၀ ခုနှစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း အလုပ်အမှူဆောင်အဖွဲ့မှ ကြီးမှူးကျင်းပသော ပါတီတွင်းအလုပ်ရုံဆွေးနွေးပွဲအား ဒုတိယအကြိမ် ဒုတိယနေ့အဖြစ် ယနေ့ မတ်လ(၁၅) ရက်နေ့ မနက် ၀၉း၃၀အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်တွင် ကျင်း ပ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲအား တိုင်းအလုပ်အမှူဆောင် ဦးကျော်ဇောမှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး သက်ဆိုင်ရာ ကိုယ် စားလှယ်များမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများအား တင်ပြဆွေးနွေးခြင်း၊ တာဝန်ကျဆရာများဖြစ်သည့် ဦးရန်အောင် (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာစိုးဝင်းဦး (ဒေါက်တာဘိုင်အို)တို့မှ တက်ရောက်လာသူပါတီဝင်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲအား ညနေ(၄:၀၀)အထိ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲအား တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအလုပ်အမှုဆောင်များ၊ အမျိုးသမီးလုပ်ငန်းကော်မတီ၊ လူငယ်လုပ်ငန်းအဖွဲ့များ၊ ရပ်ကျေးပါတီဝင်များ တက်ရောက်ခဲ့ကြပြီး အင်အား ၁၂၀ခန့် တက်ရောက်ခဲ့ပါသည်။

Show More

Related Articles

Back to top button
Close