R&DWorkshop

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ် ဒုတိယအကြိမ် ပါတီတွင်းအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

၁၅ မတ်လ ၂၀၂၀

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းအလုပ်အမှုဆောင်အဖွဲ့မှ ကြီးမှူးကျင်းပသော ပါတီတွင်းအလုပ်ရုံဆွေးနွေးပွဲကို မတ်လ-၁၅ နေ့ နံနက် ၉:၃၀အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေး နွေးပွဲအား တိုင်းအလုပ်အမှုဆောင် ဥက္ကဌ ဦးမြင့်ဌေးမှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး သက်ဆိုင်ရာကိုယ်စားလှယ်များမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများအား တင်ပြဆွေးနွေးခဲ့ပြီး တာဝန်ကျဆရာများမှ တက်ရောက်လာသူပါတီဝင်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ပါ သည်။ ဆွေးနွေးပွဲအား တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအလုပ်အမှုဆောင်များ၊ အမျိုးသမီးလုပ်ငန်းကော်မတီဝင်များ၊ လူငယ်လုပ်ငန်းအဖွဲ့ဝင်များ ရပ်ကျေးပါတီဝင်အင်အား စုစုပေါင်း၁၁၀ခန့် တက်ရောက်ခဲ့ပါသည်။

Show More

Related Articles

Back to top button
Close