District & TownshipNews

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဆိပ်ကြီးခနောင်တိုမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နှင့်အဖွဲ့ မြို့နယ်တွင်း ဖွံဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

၁၀ ဇူလိုင်လ ၂၀၂၀(သောကြာနေ့)
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဆိပ်ကြီးခနောင်တိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေနှင့် မြို့နယ် အလုပ်အမှုဆောင်များ၊ လူငယ်လုပ်ငန်းအဖွဲ့ တာဝန်ခံများ၊ အုပ်ချုပ်‌ရေးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ဖွံ့ဖြိုးရေး ဥက္ကဌများသည် မြို့နယ်တွင်းရှိ သခင်ဘသောင်း၊ ခနောင်တိုအနောက်၊ ခနောင်တိုအရှေ့၊ ဆိပ်ကြီးအနောက်၊ ဆိပ်ကြီးအရှေ့ ရပ်ကွက်များရှိ ဒေသဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ၊ စည်ပင်လမ်းတံတားလုပ်ငန်းများ၊ ပြည်ထောင်စုလွှတ် တော်ဖွံ့ဖြိုးရေး ရန်ပုံ‌ငွေဖြင့် လုပ်ဆောင်နေသောလုပ်ငန်းများ၊ ပညာရေးဌာနမှ လုပ်ဆောင်နေသော ကျောင်းများသို့ ယနေ့နံနက် (၉:၀၀)နာရီမှစတင်၍ ညနေ(၅:၀၀)နာရီထိ ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။
Show More

Related Articles

Back to top button
Close