
ရန်ကုန်၊ နိုဝင်ဘာလ ၂၄ ရက်၊ ၂၀၂၀ ပြည့်နှစ်
=====================================
နို၀င်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ (၁၂:၃၀)နာရီ အချိန်တွင် တိုက်ကြီးမြို့နယ် ဂျိုးဖြူကျေးရွာရှိ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ထောက်ပံ့သည့်အလှူငွေများကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား တိုက်ကြီးမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးလွင်စိုးမင်းနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတာဝန်ရှိသူတို့က ပေးအပ်လှူဒါန်းခဲ့ပါသည်။

