NewsRegion

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းရှိ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ယာယီမဲရုံ တည်ဆောက်မည့်နေရာများကို လှည့်လည်ကြည့်ရှု

ရန်ကုန် ၁၂ စက်တင်ဘာ ၂၀၂၀
===========================
ယနေ့ မွန်းလွဲ(၁:၄၀)နာရီ အချိန်ခန့်၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်သည် တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်၊ လဝကတိုင်းဒေသကြီး ဦးစီးမှူး၊ ခရိုင် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း၊ မြို့နယ်ကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့၊ မြို့နယ် လဝက ဦးစီးမှူးနှင့်တာဝန်ရှိသူများ လိုက်ပါ၍ မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းရှိ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ယာယီမဲရုံ တည်ဆောက်မည့်နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးမှ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းကာ ဆွေးနွေးမှာကြားပါသည်။
Show More

Related Articles

Back to top button
Close