NewsRegion

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ရွှေသံလွင်ကုမ္ပဏီ SKY NET နှင့်မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများ အသင်းချုပ် MLCA တို့က ထောက်ပံ့လှူဒါန်းမှု ပြုသည့်အထောက်အကူပြု ကော်မတီ၏ လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်းနှင့် လှူဒါန်းမှုပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်

ရန်ကုန်၊ နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၂၀ ပြည့်နှစ်
===========================================
ယနေ့ နို၀င်ဘာလ ၂၂ရက်(တနင်္ဂနွေနေ့) နေ့လယ် (၂:၀၀)နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏဘူမိ Event Park ၌ ရွှေသံလွင်ကုမ္ပဏီ SKY NETနှင့် မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် MLCA တို့မှ ဒဂုံတောင်ပိုင်း၊ ဒဂုံဆိပ်ကမ်း(၁)၊ ဒဂုံဆိပ်ကမ်း(၂)နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့အတွက် နေ့စဉ်လိုအပ်ချက်များကို ဦးဆောင်မတည်ကူညီ ထောက်ပံ့လှူဒါန်းမှုပြုသည့် အထောက်အကူပြု ကော်မတီ၏ ဆောင်ရွက်ထားသော လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်းနှင့် လှူဒါန်းမှုပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
Show More

Related Articles

Back to top button
Close