NewsRegion

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အခမ်းအနား ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို Zoom Cloud Meeting ဖြင့် ကျင်းပ

ရန်ကုန် ၂၃ နို၀င်ဘာ ၂၀၂၀
———————————————–
ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနားကို Virtual Event ဖြင့်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် Zoom Cloud Meeting ဖြင့် ပြုလုပ်သော ညှိနှိုင်းအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအ၀ေးသို့ ၀န်ကြီးချုပ်နှင့်အတူ ပြန်ကြားရေး၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀င် စည်ပင်သာယာရေး၀န်ကြီးဌာန ၀န်ကြီး ဦးမောင်မောင်စိုး၊ လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်းနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
Show More

Related Articles

Back to top button
Close