NewsRegion

လမ်းမတော်မြို့နယ် ဆေးတက္ကသိုလ်(၁) တွင် ကျင်းပသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့ ကုတင် (၁၀၀)ဆံ့ အရေးပေါ်ယာယီ တိုးချဲ့ဆောင်အား COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဧရာဟင်္သာဟိုးလ်ဒင်း ကုမ္ပဏီလိမိတက်မှ ဆောက်လုပ်လှူဒါန်းသည့် အခမ်းအနား ကျင်းပ

ရန်ကုန် ၂၃ နို၀င်ဘာ ၂၀၂၀
————————————-
ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် လမ်းမတော်မြို့နယ်၊ ဆေးတက္ကသိုလ်(၁) တွင် ကျင်းပသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့ ကုတင် (၁၀၀)ဆံ့ အရေးပေါ် ယာယီတိုးချဲ့ဆောင်အား COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဧရာဟင်္သာဟိုးလ်ဒင်း ကုမ္ပဏီလိမိတက်အောက်ရှိ ဝိတိုရိယဆေးရုံ၊ A Bank နှင့် ပုသိမ်စက်မှုမြို့တော် စီမံကိန်းတို့မှ ဆောက်လုပ်လှူဒါန်းသည့် အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ ၀န်ကြီးချုပ်သည် ဆေးရုံကြီးရှိ ကုတင် (၁၀၀)ဆံ့ အရေးပေါ်ယာယီ တိုးချဲ့ဆောင်အား သွားရောက်ကြည့်ရှုခဲ့ပါသည်။
Show More

Related Articles

Back to top button
Close