NewsRegion

လျှပ်စစ်နှင့်စွမ်းအင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲကြေညာစာတမ်း ၂၀၂၀ ခုနှစ်မှ ကောက်နှုတ်ချက်)

လျှပ်စစ်ဓာတ်အားသည် နိုင်ငံ၏ စက်မှုထုတ်ကုန် တိုးမြှင့်ထုတ်လုပ်ရေးနှင့် စက်မှုဖွံ့ဖြိုးရေးအတွက် အလွန်အရေးကြီးသည်။ နိုင်ငံတွင် စီးပွားရေး၊ လူမှုရေး ဘက်စုံဖွံ့ဖြိုးလာသည်နှင့်အမျှ စွမ်းအင်လိုအပ်ချက်သည် လည်း အရှိန်အဟုန်ဖြင့် တိုးမြင့်လာမည်ဖြစ်ပါသည်။ ထို့ကြောင့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာအောင် အကောင်အထည်ဖော် ဆောင်ရွက်မည်။
(၁) လျှပ်စစ်ဓာတ်အား လုံလောက်ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ရေအား၊ လေအား၊ နေအား၊ အပူစွမ်းအင် (Gas, Coal, LNG) နှင့် အခြားစွမ်းအင်အရင်းအမြစ်များ အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး။
(၂) နိုင်ငံတော်တွင် လက်ရှိ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းရန်နှင့် အနာဂတ် စွမ်းအင်လုံလောက်မှုရှိပြီး အရန်စွမ်းအင် ထားရှိရေး။
(၃) အရည်အသွေး ကောင်းမွန်သော လျှပ်စစ်ဓာတ်အားကို အန္တရာယ် ကင်းရှင်းစွာ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး။
(၄) လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးမှုလုပ်ငန်းများကို သဘာဝပတ်ဝန်းကျင်သက်ရောက်မှု (EIA) နှင့် လူမှုပတ်ဝန်းကျင် သက်ရောက်မှု (SIA) နည်းလမ်းများအရ ဆောင်ရွက်ရေး။
(၅) ပြည်တွင်း၌ ရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ပိုမို ရှာဖွေထုတ်လုပ်ရေး။
(၆) ပြည်တွင်းမှ ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်းလိုအပ်ချက်အတွက် ဦးစားပေးသုံးစွဲပြီး ပိုလျှံသော သဘာဝဓာတ်ငွေ့ကို ပြည်ပသို့ ရောင်းချရေး။
Show More

Related Articles

Back to top button
Close