District & TownshipNews

အင်းစိန်မြို့နယ်နှင့် ပြည်ပနိုင်ငံနေ ပြည်သူများမှ မဲ‌ပေးရွေးချယ်တင်မြှောက်ခြင်းခံရသော အနိုင်ရ NLD ကိုယ်စားလှယ်လောင်းများ ရွာမပရိယတ္တိ စာသင်တိုက်၏ ဦးစီးပဓာနာဆရာတော်နှင့် အနန္တဂုဏ်ရည် စာသင်တိုက်၏ ဦးစီးပဓာနာဆရာတော်တို့ထံ သွားရောက်၍ ငါးပါးသီလခံယူဆောက်တည်ပြီး ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း

၁၀ နို၀င်ဘာလ ၂၀၂၀
========================
ယနေ့နံနက် ၁၀ နာရီအချိန်တွင် အင်းစိန်မြို့နယ်နှင့် ပြည်ပနိုင်ငံနေပြည်သူများမှမဲ‌ပေးရွေးချယ်တင်မြှောက်ခြင်းခံရသော အနိုင်ရ NLD ကိုယ်စားလှယ်လောင်းများ ဖြစ်သော ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရှိန်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သော ဦးဇော်ဝင်း(ခ)ကိုလတ်နှင့် ဦးဝေဖြိုးဟန်တို့သည် ရွာမပရိယတ္တိ စာသင်တိုက်၏ ဦးစီးပဓာနာဆရာတော် ဦးတိလောကနှင့် အနန္တဂုဏ်ရည်စာသင်တိုက်၏ ဦးစီးပဓာနာဆရာတော် ဦးဃောသိက တို့ထံသွားရောက်၍ ငါးပါးသီလခံယူဆောက်တည်ပြီး ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပြီး ဩဝါဒခံယူခဲ့ပါသည်။
ရှေးဦးစွာဆရာတော်များမှ ဆုမွန်ကောင်းများ ချွေခဲ့ပါသည်။ ဆက်လက်ပြီး ဆရာတော်များမှ မိမိမြို့နယ်ပြည်သူများအကျိုးနှင့်မိမိမြို့နယ်ဖွံ့ဖြိုးတိုးတက်မှုများအား အလေးထား ဆောင်ရွက်ပေးကြရန် မိန့်ခဲ့ပါသည်။ ကိုယ်စားလှယ်လောင်းများမှလည်း မိမိမြို့နယ် နေပြည်သူများ အကျိုးစီးပွားများ အပါအဝင် မိမိမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Show More

Related Articles

Back to top button
Close