TrainingWorkshop





(zawgyi version)

—————————————————————————————————————-

ဒီချုပ်ပြန်ကြားရေးသင်တန်းဖွင့်လှစ်

ရန်ကုန်၊ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ၊ ၂၉ ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုပြန်ကြားရေးကော်မတီ၏ ဦးဆောင်စီစဉ်မှုဖြင့် ပါတီပြန်ကြားရေးမှုးများအဆင့်မြှင့်သင်တန်း အမှတ်စဉ်(၆) ကို ရန်ကုန်မြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရွှေဂုံတိုင် ဌာနချုပ်ရုံးတွင် ယနေ့ နံနက်က စတင်ဖွင့်လှစ်ခဲ့သည်။

ဇန်နဝါရီလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့ထိဖွင့်လှစ်မည့် သုံးရက်ကြာ သင်တန်း၌ အခြေခံသတင်းရေးသားနည်း၊ အခြေခံဓါတ်ပုံရိုက်ကူး နည်း၊ အင်တာနက်လုံခြုံရေး အခြေခံနည်းစနစ်၊ အွန်လိုင်းမီဒီယာ အသုံးပြုမှု လက်တွေ့ ဆောင်ရွက်ခြင်း၊ အင်တာနက်အခြေခံ စည်းရုံးလှုံ့ဆော်ခြင်း (Online Campaign) ဘာသာရပ်များနှင့် အဖွဲချုပ်သမိုင်းကြောင်း၊ ပြန်ကြားရေးမူဝါဒ၊ လုပ်ငန်းလမ်းညွှန် စသည့် သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပေးသွား မည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် ပြန်ကြားရေးကော်မတီ အဖွဲ့ဝင်တစ်ဦးစီဖြင့်သင်တန်းသား ၃၅ ဦး တက်ရောက်ခဲ့ကြသည်။

(unicode version)

Show More

Leave a Reply

Your email address will not be published.

Back to top button
Close