TrainingWorkshop

ဒီခ်ဳပ္ လူငယ္စြမ္းရည္ျမႇင့္သင္တန္းဖြင့္လွစ္

ရန္ကုန္၊ ၂၀၁၈ ႏိုဝင္ဘာလ ၁၆ ရက္

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုလူငယ္လုပ္ငန္းအဖြဲ႕က ဦးစီးျပဳလုပ္ေသာ လူငယ္စြမ္းရည္ျမႇင့္ သင္တန္းအမွတ္စဥ္(၁) ကို ရန္ကုန္ၿမိဳ႕ အဖြဲ႕ခ်ဳပ္ဌာနခ်ဳပ္႐ုံးတြင္ စတင္ဖြင့္လွစ္သည္။ ယေန႔နံနက္ ၉ နာရီက သင္တန္းစတင္ဖြင့္လွစ္ၿပီး ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ အတြင္းေရးမွဴးအဖြဲ႕ဝင္ ဦးဟံသာျမင့္က သင္တန္းဖြင့္လွစ္ရျခင္းအေၾကာင္းရွင္းလင္းေျပာၾကားၿပီး သင္တန္းကိုဖြင့္လွစ္ေပးခဲ့သည္။ ၎သင္တန္းသို႔ ျပည္နယ္ႏွင့္တိုင္း လူငယ္လုပ္ငန္းအဖြဲ႕မ်ားမွ အုပ္ခ်ဳပ္ေရး၊ စည္း႐ုံးေရး၊ ဘ႑ာေရး၊ ျပန္ၾကားေရးမွဴးမ်ား စုစုေပါင္း ၆၀ ဦးတက္ေရာက္လ်က္ရွိၿပီး သင္တန္းကာလမွာ ႏိုဝင္ဘာလ ၁၆ ရက္မွ ၁၈ ရက္ေန႔ထိ ၃ ရက္သင္တန္းျဖစ္သည္။ သင္တန္းတြင္ ႐ုံးလုပ္ငန္းအေျခခံဘာသာရပ္ကို ဆရာဦးရဲမင္းကလည္းေကာင္း၊ ပါတီစည္း႐ုံးေရး ဘာသာရပ္ကို ဆရာမေဒၚၾကည္ျပာကလည္းေကာင္း၊ သတင္းႏွင့္ျပန္ၾကားေရး လုပ္ငန္းဘာသာရပ္ကို ဆရာ ဦးေနဘုန္းလတ္ကလည္းေကာင္း၊ Computerized Management and Information Technology ဘာသာရပ္ကို ဆရာဦးေက်ာ္သီဟက လည္းေကာင္း၊ ျမန္မာႏိုင္ငံၿငိမ္းခ်မ္းေရးခရီးႏွင့္ေဆာင္႐ြက္ေနမႈမ်ားကို ဆရာဦးႏိုင္ငံလင္းက လည္းေကာင္း၊ ဘ႑ာေရးစာရင္းျပဳစုထိန္းသိမ္းျခင္းဘာသာရပ္ကို ဆရာဦးဝင္းတင္က လည္းေကာင္း အသီးသီးသင္ၾကားပို႔ခ်သြားၾကမည္ျဖစ္သည္။

(zawgyi version)

—————————————————————————————

ဒီချုပ် လူငယ်စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

ရန်ကုန်၊ ၂၀၁၈ နိုဝင်ဘာလ ၁၆ ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်လုပ်ငန်းအဖွဲ့က ဦးစီးပြုလုပ်သော လူငယ်စွမ်းရည်မြှင့်သင်တန်းအမှတ်စဉ်(၁) ကို ရန်ကုန်မြို့ အဖွဲ့ချုပ်ဌာနချုပ်ရုံးတွင် စတင်ဖွင့်လှစ်သည်။ ယနေ့နံနက် ၉ နာရီက သင်တန်းစတင်ဖွင့်လှစ်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့်က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းရှင်းလင်းပြောကြားပြီး သင်တန်းကိုဖွင့်လှစ်ပေးခဲ့သည်။

၎င်းသင်တန်းသို့ ပြည်နယ်နှင့်တိုင်း လူငယ်လုပ်ငန်းအဖွဲ့များမှ အုပ်ချုပ်ရေး၊ စည်းရုံးရေး၊ ဘဏ္ဍာရေး၊ ပြန်ကြားရေးမှူးများ စုစုပေါင်း ၆၀ ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ နိုဝင်ဘာလ ၁၆ ရက်မှ ၁၈ ရက်နေ့ထိ ၃ ရက်သင်တန်းဖြစ်သည်။ သင်တန်းတွင် ရုံးလုပ်ငန်းအခြေခံဘာသာရပ်ကို ဆရာဦးရဲမင်းကလည်းကောင်း၊ ပါတီစည်းရုံးရေးဘာသာရပ်ကို ဆရာမဒေါ်ကြည်ပြာကလည်းကောင်း၊ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းဘာသာရပ်ကို ဆရာ ဦးနေဘုန်းလတ်ကလည်းကောင်း၊ Computerized Management and Information Technology ဘာသာရပ်ကို ဆရာဦးကျော်သီဟကလည်းကောင်း၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးခရီးနှင့်ဆောင်ရွက်နေမှုများကို ဆရာဦးနိုင်ငံလင်းကလည်းကောင်း၊ ဘဏ္ဍာရေးစာရင်းပြုစုထိန်းသိမ်းခြင်းဘာသာရပ်ကို ဆရာဦးဝင်းတင်ကလည်းကောင်း အသီးသီးသင်ကြားပို့ချသွားကြမည်ဖြစ်သည်။

(unicode version)

Show More

Related Articles

Back to top button
Close