Speech

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ လူငယ္ဘက္စံု ဖြံ႕ၿဖိဳးေရးပြဲေတာ္ (မႏၲေလး)တြင္ ေျပာၾကားသည့္ အဖြင့္မိန္႔ခြန္း

မႏၲေလး ၾသဂုတ္ ၁၁

လူငယ္ဘက္စံုဖြံ႕ၿဖိဳးေရးပြဲေတာ္(မႏၲေလး) ဖြင့္ပြဲအခမ္းအနားကို ယေန႔နံနက္ပိုင္း တြင္ မႏၲေလးတကၠသိုလ္ ပင္မေဆာင္ေရွ႕၌က်င္းပရာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ဖြင့္လွစ္ေပး၍ အဖြင့္အမွာစကားေျပာၾကားသည္။

ဖြင့္ပြဲအခမ္းအနားသို႔ ျပည္ေထာင္စု၀န္ႀကီးမ်ား၊ မႏၲေလးတိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္၊ မႏၲေလးတိုင္းေဒသႀကီး လႊတ္ေတာ္ဥကၠ႒၊ ဒုတိယ၀န္ႀကီးမ်ား၊ တိုင္းေဒသႀကီးအစိုးရ အဖြဲ႕၀င္ ၀န္ႀကီးမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ အၿမဲတမ္းအတြင္း၀န္မ်ား၊ ဌာန ဆိုင္ရာအႀကီးအကဲမ်ား၊ တကၠသိုလ္/ေကာလိပ္အသီးသီးမွ ေက်ာင္းသား ေက်ာင္းသူ မ်ားႏွင့္ လူငယ္ဆိုင္ရာအဖြဲ႕အစည္းမ်ားမွ လူငယ္မ်ား တက္ေရာက္ၾကသည္။

ဖြင့္ပြဲအခမ္းအနားတြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ျပည္ေထာင္စု၀န္ႀကီးမ်ားျဖစ္ၾကသည့္ ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးရဲေအာင္၊ ေဒါက္တာေဖျမင့္၊ သူရဦးေအာင္ကို၊ ေဒါက္တာမ်ဳိးသိမ္းႀကီး၊ ေဒါက္တာျမင့္ေထြး၊ တိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ႏွင့္ လူငယ္ကိုယ္စားလွယ္ ၄ ဦးတုိ႔က လူငယ္ဘက္စံုဖြံ႕ၿဖဳိးေရးပြဲေတာ္(မႏၲေလး)ကို ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၾကသည္။

ထို႔ေနာက္ သာသနာေရးႏွင့္ယဥ္ေက်းမႈ၀န္ႀကီးဌာန အႏုပညာဦးစီးဌာနမွ လူငယ္ ေလးမ်ားက လူငယ္ဘက္စံုဖြံ႕ၿဖိဳးေရးပြဲေတာ္ Theme Song ျဖင့္ သ႐ုပ္ေဖာ္ ေဖ်ာ္ေျဖ တင္ဆက္ၾကသည္။

ယင္းေနာက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္က အဖြင့္ အမွာစကား ေျပာၾကားရာတြင္ “လူငယ္ဘက္စံုဖြံ႕ၿဖိဳးေရးပြဲေတာ္ကို ၾကြေရာက္လာၾကတဲ့ ဧည့္သည္ေတာ္ အားလံုးနဲ႔ အထူးသျဖင့္လူငယ္ေတြကို ႀကိဳဆုိႏႈတ္ခြန္းဆက္ပါတယ္။ လူငယ္ဘက္စံုဖြံ႕ၿဖိဳးေရးပြဲေတာ္ရဲ႕ ရည္ရြယ္ခ်က္ကေတာ့ ကၽြန္မတုိ႔ အနာဂတ္ကိုပိုၿပီး ေတာ့ ခုိင္မာေအာင္လုပ္ဖုိ႔ပဲျဖစ္ပါတယ္။ လူငယ္ေတြကို ျပဳစုပ်ဳိးေထာင္တယ္ဆုိတာဟာ အနာဂတ္ကို ဦးတည္ၿပီးေတာ့ လုပ္ရတာျဖစ္ပါတယ္။ လူႀကီးေတြခင္းခဲ့တဲ့လမ္းကို ပိုၿပီး ေတာ့ ေကာင္းသြားေအာင္လုိ႔၊ ပိုၿပီးေတာ့ ေရွ႕မွာေျဖာင့္ျဖဴးေအာင္လုိ႔ လူငယ္ေတြဆက္ လုပ္ဖုိ႔ တာ၀န္ရွိပါတယ္။ ကၽြန္မတုိ႔ႏုိင္ငံမွာ လမ္းပန္းဆက္သြယ္ေရး ေကာင္းဖုိ႔လုိတယ္ ဆုိတာကို ခဏခဏ ေျပာေနၾကပါတယ္။ ေကာင္းတဲ့လမ္းနဲ႔ မေကာင္းတဲ့လမ္းဆုိတာ အင္မတန္မွကြာပါတယ္။ အဲ့ဒီလမ္းေပၚမွာ သြားရတဲ့လူေတြ အသိဆံုးျဖစ္ပါတယ္။ လမ္း တစ္ခု ေကာင္းတယ္၊ မေကာင္းတယ္ဆုိတာ ကိုယ္ကိုတုိင္ေလွ်ာက္မွ သိတာ၊ ကိုယ္ကို တုိင္ ကားနဲ႔သြားတဲ့အခါၾကမွ ဘယ္ေလာက္ေစာင့္ေနတယ္။ ဘယ္ေလာက္ၿငိမ္တယ္ဆုိ တာကို ကၽြန္မတုိ႔ သိတာျဖစ္ပါတယ္။”

“ကၽြန္မတုိ႔ႏုိင္ငံ ေလွ်ာက္ရမယ့္လမ္းဟာ ဘယ္ေလာက္ေကာင္းလဲ၊ မေကာင္းလဲ ဆုိတာ ေနာက္ဆံုး ကၽြန္မတုိ႔ရဲ႕ ျပည္သူျပည္သားေတြက ဆံုးျဖတ္ရမွာျဖစ္ပါတယ္။ ေဘးက ဆံုးျဖတ္ေပးလို႔ မရပါဘူး။ ျပင္ပကလည္း ဆံုးျဖတ္ေပးလုိ႔ မရပါဘူး။ ဒီလုိ လမ္းႀကီး တည္ေဆာက္တဲ့ေနရာမွာ အဆက္ဆက္တည္ေဆာက္သြားရမွာျဖစ္ပါတယ္။ ေကာင္းတဲ့လမ္း တစ္ခုဆုိရင္ ၾကာရွည္ခံတယ္ဆုိတာ လူတုိင္းသိပါတယ္။ ကၽြန္မတုိ႔ ႏုိင္ငံတစ္ႏုိင္ငံလံုးက ျပည္သူျပည္သားေတြရဲ႕၊ အထူးသျဖင့္ ေက်းလက္ေတာရြာ မွာေန တဲ့ ျပည္သူျပည္သားေတြရဲ႕ အလုိအပ္ဆံုး ကိစၥေတြထဲမွာ၊ အရာေတြထဲမွာ ဘာပါလဲဆုိ ေတာ့ ရာသီစံုလမ္းဆုိၿပီးေတာ့ ပါပါတယ္။ ရာသီစံုလမ္းဆုိတာ ဘယ္လုိရာသီကိုပဲ ျဖစ္ျဖစ္ ခံႏုိင္ရည္ရွိတဲ့လမ္းပါ။ မိုးရာသီၾကရင္ သံုးမရတဲ့လမ္းမ်ဳိး မဟုတ္ဘူး။ ေႏြရာသီ မွ အလုပ္ျဖစ္တဲ့လမ္းမ်ဳိး မဟုတ္ဘူး။ မုိးရြာသည္ျဖစ္ေစ၊ ေနပူသည္ျဖစ္ေစ ရာသီစံု ေလွ်ာက္လုိ႔ရတဲ့လမ္း။ ကၽြန္မတုိ႔ႏုိင္ငံရဲ႕ အနာဂတ္လမ္းကလည္း ဒီအတုိင္း ျဖစ္ရပါလိမ့္ မယ္။ ရာသီစံုဆက္ေလွ်ာက္လုိ႔ရတဲ့လမ္းဆုိတာဟာ မုိးထန္လုိ႔ရွိရင္လည္း ေလွ်ာက္လုိ႔ရ ရမယ္။ မုန္တုိင္းထန္တဲ့အခါၾကလုိ႔ရွိရင္လည္း မပ်က္မစီးျဖစ္ရမယ္။ ဒီလုိ လမ္းမ်ဳိးျဖစ္ဖုိ႔ ပထမ စလုပ္ကတည္းက ေကာင္းမြန္တဲ့ပစၥည္းေတြနဲ႔ ေကာင္းမြန္တဲ့ နည္းပညာေတြနဲ႔ လုပ္ဖုိ႔လုိပါတယ္။ ေခတ္အဆက္ဆက္ ဆက္ၿပီးေတာ့ ထိန္းသိမ္းသြား ဖုိ႔လည္းလုိပါ တယ္။ ကၽြန္မတုိ႔ႏုိင္ငံရဲ႕ လမ္းဟာလည္း ဒီအတုိင္းပါပဲ။ ပထမဦးဆံုး အေျခခ်တဲ့အခါ မွာ ပစၥည္းေကာင္းေတြနဲ႔ အေျခခ်ဖုိ႔၊ နည္းလမ္းေကာင္းေတြနဲ႔ တည္ေဆာက္ဖုိ႔လုိပါ တယ္။ ႏုိင္ငံတစ္ႏုိင္ငံကို တည္ေဆာက္တဲ့ ပစၥည္းေကာင္းေတြထဲမွာ အဓိကလုိအပ္ ခ်က္ကေတာ့ ျပည္သူျပည္သားေတြပဲျဖစ္ပါတယ္။ ျပည္သူျပည္သားေတြရဲ႕ စိတ္ဓာတ္၊ ျပည္သူျပည္သားေတြရဲ႕ အရည္အခ်င္းေတြဟာ ပစၥည္းေကာင္းေတြပါပဲ။ ဒီပစၥည္း ေကာင္းေတြကို မွန္မွန္ကန္ကန္ သံုးဖုိ႔ဆုိတာဟာ စနစ္ပဲျဖစ္ပါတယ္။” “ကၽြန္မတုိ႔ဟာ ျပည္သူကိုအေျခခံတဲ့စနစ္ကို ဦးတည္ေနတယ္ဆုိတာဟာ ျပည္သူ ျပည္သားေတြဟာ မိမိတုိ႔ရဲ႕အက်ဳိးအတြက္ ထမ္းေဆာင္တဲ့ေနရာမွာ အထိေရာက္ဆံုး ျဖစ္မယ့္ အဖြဲ႕အစည္း၊ အစုအဖြဲ႕ပဲလုိ႔ ကၽြန္မတုိ႔ ဒီလုိပဲသတ္မွတ္ပါတယ္။ ဒါေၾကာင့္ ကၽြန္မတုိ႔ႏုိင္ငံရဲ႕ ေရွ႕အနာဂတ္အတြက္ လမ္းႀကီးခင္းလုိက္ၿပီ။ ခင္းတဲ့အခါၾကေတာ့ အရည္အခ်င္းရွိတဲ့ ျပည္သူျပည္သားေတြဟာ အဓိက ပထမဦးဆံုး လုိအပ္တဲ့ အရင္း အျမစ္ပါပဲ။ မွန္ကန္တဲ့စနစ္နဲ႔ ဒီလမ္းႀကီးကိုေဆာက္လိုက္မယ္။ ေဆာက္ၿပီးရန္ ဆက္ၿပီး ေတာ့ ေခတ္အဆက္ဆက္ ထိန္းသိမ္းသြားရပါမယ္။ ႏုိင္ငံတစ္ခုရဲ႕ အေျခအေနဟာ အစဥ္အၿမဲ တစ္ပံုစံတည္း ရွိတာမဟုတ္ပါဘူး။ ေျပာင္းလဲေနတာပါ။ လမ္းတစ္လမ္းဟာ မိုးရြာတဲ့ခါ မခံႏုိင္ဘူးဆုိရင္ ဒါလမ္းေကာင္းမဟုတ္ပါဘူး။ ကၽြန္မတို႔ႏုိင္ငံရဲ႕ စနစ္ဟာ ပဋိပကၡေတြျဖစ္လာတဲ့အခ်ိန္မွာ၊ ဒုကၡေတြနဲ႔ရင္ဆုိင္ရတဲ့အခ်ိန္မွာ အင္မတန္မွ ႀကီးက်ယ္ တဲ့စိန္ေခၚမႈေတြကို ေက်ာ္လႊာဖုိ႔လုိတဲ့ အခ်ိန္မွာဆုိရင္ ခံႏုိင္ရဲ႕လား၊ အလုပ္ျဖစ္ရဲ႕လား။ ဒါေတြကို ကၽြန္မတုိ႔ၾကည့္ရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ကၽြန္မတုိ႔ လူငယ္ေတြကို ျပဳစုပ်ဳိး ေထာင္ပါတယ္။ လူငယ္ေတြကို ျပဳစုပ်ဳိးေထာင္ျခင္းကို အဓိကထားတယ္ဆုိတာဟာ ကၽြန္မတုိ႔ ေဆာက္လုိက္တဲ့ ျပည္ေထာင္စုရဲ႕ အနာဂတ္လမ္းႀကီးကို ထိန္းသိမ္းသြားႏုိင္ မယ့္ နည္းပညာနဲ႔စိတ္ဓာတ္နဲ႔ ျပည္စံုေနတဲ့ပုဂၢိဳလ္ေတြကို ေမြးထုတ္ဖုိ႔ပဲျဖစ္ပါတယ္။ လူငယ္ေတြဟာ လူႀကီးေတြနဲ႔စာရင္ အေတြ႕အၾကံဳရင့္က်က္မႈ နည္းတယ္ဆုိတာက ေတာ့ တစ္ဖက္က၊ တစ္ဖက္ကဆုိရင္ ဒီလုိအေတြ႕အၾကံဳရင့္က်က္မႈ နည္းတာေၾကာင့္ ပိုၿပီးေတာ့ စိတ္ကရွင္းလင္းတာလဲရွိပါတယ္။ တစ္ေယာက္အေပၚတစ္ေယာက္ အဆုိး ျမင္တဲ့ဟာေတြလည္း ပိုၿပီးေတာ့နည္းပါတယ္။ ကိုယ့္ရဲ႕အေတြ႕အၾကံဳေတြအရ ဘယ္သူ႔ ကို ေဒါသထားရမယ္၊ ဘယ္သူ႔ကို ခြဲျခားဆက္ဆံရမယ္ဆုိတဲ့ စိတ္ေတြဟာ လူငယ္ေတြ ထဲမွာ နည္းပါတယ္။ လူႀကီးေတြဟာ ကုိယ့္ရဲ႕ဘ၀အေတြ႕အၾကံဳေတြအရ ကိုယ့္အျမင္ ေတြ၊ တစ္ခါတေလ ဆုိလုိ႔ရွိရင္ တင္းမာသြားတဲ့ဟာေတြလည္း ရွိတတ္ပါတယ္။”

“လူႀကီးနဲ႔ လူငယ္ပူးေပါင္းေဆာင္ရြက္မွ ေအာင္ျမင္ႏုိင္မွာပါ။ ၿငိမ္းခ်မ္းေရးစကား ၀ိုင္းမွာဆုိရင္ လူႀကီးေတြလည္းပါတယ္။ လူငယ္ေတြလည္းပါပါတယ္။ ကၽြန္မသတိျပဳမိ ပါတယ္။ လူႀကီးေတြကပိုၿပီးေတာ့ လက္ေတြ႕က်က်ေျပာတယ္၊ ဆုိတယ္။ လက္ေတြ႕ က်က် ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္တဲ့ကိစၥ၊ သူတို႔ရပ္ရြာနဲ႔ပတ္သက္တဲ့ကိစၥေတြကို ခ်ဥ္းကပ္ ပါတယ္။ လူငယ္ေတြကေတာ့ အေတြးအေခၚဘက္ပိုင္းပိုၿပီးေတာ့ မ်ားပါတယ္။ ဒါလည္း မွန္ပါတယ္။ လူငယ္ေတြ အေတြးအေခၚဘက္ကိုအားသာမွ ေနာင္လူႀကီးျဖစ္လာလုိ႔ရွိရင္ အေတြးအေခၚနဲ႔ အေတြ႕အၾကံဳကို ပူးေပါင္းၿပီးေတာ့ တန္ဖုိးရွိတဲ့ လူေတြျဖစ္လာမွာျဖစ္ ပါတယ္။ ကၽြန္မေျပာခ်င္တာက လူႀကီးနဲ႔လူငယ္ပူးေပါင္းေဆာင္ရြက္မွ ေအာင္ျမင္ႏိုင္ မွာပါ။ လူႀကီးေတြပဲ ေတာ္တယ္လုိ႔ပဲ ေျပာလုိ႔မရပါဘူး။ လူငယ္ေတြပဲ ေကာင္းတယ္လုိ႔ ေျပာလုိ႔မရပါဘူး။ ေကာင္းတဲ့လူႀကီးလည္းရွိတယ္၊ ဆုိးတဲ့လူႀကီးလည္းရွိတယ္။ ေကာင္းတဲ့ လူငယ္လည္းရွိတယ္၊ ဆုိတဲ့လူငယ္လည္းရွိပါတယ္။ လူငယ္ေတြကို ျပဳျပင္ေပးဖုိ႔၊ ပိုၿပီး ေတာ့ တုိးတက္ေအာင္ လုပ္ေပးဖုိ႔ဟာ လူႀကီးေတြရဲ႕ တာ၀န္ျဖစ္ပါတယ္။ လူႀကီးရဲ႕ တာ၀န္ျဖစ္႐ံုတင္ မကပါဘူး အခြင့္အေရးတစ္ခုလည္းျဖစ္ပါတယ္။ အသက္ႀကီး လာတာ နဲ႔အမွ် ျပန္ၿပီးသင္ယူရတာ သိပ္မလြယ္ေတာ့ပါဘူး။ ဒါကေတာ့ လူ႔သဘာ၀အရ ဒီလုိပဲ လုိ႔ ေျပာရမွာျဖစ္ပါတယ္။”

“ကၽြန္မတို႔ရဲ႕ လူငယ္ေတြကို ဘက္စံုဖံြ႕ၿဖိဳးတုိးတက္ေအာင္ လုပ္မယ္ဆုိေတာ့ ဘက္စံုဆုိတာ ဘာကိုဆုိလုိတာပါလဲ။ ဘက္စံုဆုိတာဟာ လက္ေတြ႕က်က်အပိုင္းေရာ၊ စိတ္ဓာတ္ေရးရာ အပိုင္းေရာ၊ အေတြးအေခၚပိုင္းေရာ အဘက္ဘက္ကေပါ့။ အေျခခံ အားျဖင့္ေတာ့ က်န္းမာေရး ေကာင္းရပါမယ္။ လူတစ္ေယာက္ဟာ က်န္းမာေရး မေကာင္းလုိ႔ရွိရင္ ဘယ္ေလာက္ပဲ ပညာေတြတတ္ေနတတ္ေန ဒီပညာေတြကို သံုးႏုိင္ ခြင့္ အေျခအေနမရွိပါဘူး။ ကၽြန္မတုိ႔ လူငယ္ေတြ ဘက္စံုဖြံ႕ၿဖိဳးဖုိ႔ဆုိရင္ နံပါတ္တစ္ ကေတာ့ လူငယ္ေတြ က်န္းမာေရးေကာင္း ေစခ်င္ပါတယ္။ ႐ုပ္ပိုင္းဆုိင္ရာဘက္က ေနလည္း ဖြံ႕ၿဖိဳးတုိးတက္ေစခ်င္တယ္။ ကၽြန္မတုိ႔ႏုိင္ငံမွာ ကေလးေတြ ေတာ္ေတာ္မ်ား မ်ားက အင္မတန္မွလွီပါတယ္။ ႀကီးထြားသင့္သေလာက္ မထြားလာတာကို ေတြ႕ရပါ တယ္။ ဒါကေတာ့ အာဟာရမျပည့္ ၀ခဲ့လုိ႔ပါ။ ႏွစ္ေပါင္းမ်ားစြာ အာဟာရမျပည့္၀ခဲ့တဲ့ ကေလးေတြဟာ ေသေသခ်ာခ်ာနဲ႔ သူတုိ႔ႀကီးထြားသင့္သေလာက္ ထြားလာမွာမဟုတ္ပါ ဘူး။ ဒါက႐ုပ္ပိုင္းဆုိင္ရာပါ။”

“က်န္းမာေရးဘက္ကဆုိရင္ အထူးသျဖင့္ ဦးတည္ေနတာက ျပည္သူ႔က်န္းမာေရး ကို ဦးတည္ေနပါတယ္။ ျပည္သူ႔က်န္းမာေရးဆုိတာ ျပည္သူကပါ၀င္ရမယ္၊ ျပည္သူ႔ အတြက္လည္းျဖစ္တယ္။ ျပည္သူေတြကို က်န္းမာေရးပညာေပး ျခင္းအားျဖင့္၊ အေျခခံ ကတည္းကစၿပီး က်န္းမာေရးကို ေထာက္ပံ့ေပးျခင္းအားျဖင့္ ကၽြန္မတုိ႔ရဲ႕ ျပည္သူျပည္ သားေတြ အားလံုးက်န္းမာေရး ေကာင္းလာမယ္။ ကေလးေတြဟာ ေမြးကတည္းက မဟုတ္ဘူး၊ မိခင္၀မ္းထဲမွာရွိစဥ္ အခါကတည္းကိုက က်န္းမာေရး ေကာင္းဖုိ႔အတြက္ မူေတြခ်ၿပီးေတာ့ က်န္းမာေရးေကာင္းေအာင္လုိ႔ တည္ေဆာက္ဖုိ႔ႀကိဳးစားပါတယ္။ ဒီ ကေလးေတြဟာ က်န္းက်န္းမာမာနဲ႔ ေမြးလာၿပီးလုိ႔ရွိရင္ က်န္းက်န္းမာမာနဲ႔ရွိေနဖုိ႔ ဆက္ၿပီးေတာ့ ထိန္းသိမ္းထားဖုိ႔လည္းလုိပါတယ္။ အဲဒီဟာေတြကို ေသေသခ်ာခ်ာ အစီ အစဥ္ခ်တဲ့အခါမွာ အစိုးရတစ္ခုတည္း လုပ္ေပးလုိ႔႔မရပါဘူူး။ ဆရာ၀န္ေတြနဲ႔ သူနာျပဳ ေတြၾကည့္ပဲ လုပ္ေပးလုိ႔မရပါဘူး။ မိသားစုေတြကိုက အေျခခံက်န္းမာေရးပညာရွိရပါ မယ္။ ကိုယ့္သားသမီးေတြကို ဘယ္လုိျပဳစုပ်ဳိးေထာင္ရမယ္၊ ဘယ္လိုအစားအစာမ်ဳိးကို ေကၽြးရမယ္၊ ဘယ္လုိဟာမ်ဳိးကို ေရွာင္ရမယ္၊ ဘယ္လုိကိုယ္လက္လႈပ္ရွားမႈမ်ဳိးကို ကူညီ ေပးရမယ္။ ဒါေတြဟာ မိသားစုေတြေရာ၊ ဆရာ/ဆရာမေတြေရာ၊ မိဘေတြေရာ သိမွ ဒီကေလး ေတြကို ေမြးၿပီးတဲ့အခါ ဆက္ၿပီးေတာ့ ေကာင္းေကာင္းမြန္မြန္ ႐ုပ္ပိုင္းဆုိင္ရာ က်န္းမာ ဖုိ႔အတြက္၊ ဖြံ႕ၿဖိဳးဖုိ႔အတြက္ ကူညီသြားႏိုင္မွာျဖစ္ပါတယ္”

“ေနာက္ ဦးေႏွာက္ပိုင္းဆုိင္ရာနဲ႔ စိတ္ပိုင္းဆုိင္ရာ ၂ ခုကို ခြဲျခားၿပီးေတာ့ ေျပာခ်င္ ပါတယ္။ ဦးေႏွာက္ဖြံ႕ၿဖိဳးတုိးတက္တုိင္း စိတ္ထားေကာင္းတာမဟုတ္ပါဘူး။ အင္မတန္မွ ဉာဏ္ေကာင္းတဲ့ပုဂၢိဳလ္ေတြ၊ ပညာေရးအရ ေအာင္ျမင္တဲ့ပုဂၢိဳလ္ေတြထဲမွာ စိတ္ထား သိပ္မေကာင္းတဲ့သူေတြလည္းရွိပါတယ္။ ဘက္စံုဖြံ႕ၿဖိဳးတုိးတက္ဖုိ႔အတြက္ လူငယ္ေတြ ဟာ အင္မတန္မွ ျပည့္စံုၿပီးေတာ့ ျပည့္၀တဲ့ ႏုိင္ငံသူႏုိင္ငံသားေတြျဖစ္လာဖုိ႔အတြက္ ဦးေႏွာက္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္လည္း လုပ္ရပါမယ္။ စိတ္ဓာတ္မွန္ကန္ဖုိ႔အတြက္ လည္းလုပ္ရပါမယ္။ အသက္ ၂ ႏွစ္ မျပည့္ခင္အခ်ိန္မွာ အာဟာရမျပည့္၀လုိ႔ရွိရင္ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈကို ထိခုိက္ႏိုင္ပါတယ္။ ဒါေၾကာင့္ ကေလးေတြကို အသက္ ၂ ႏွစ္ မျပည့္ခင္ကာလအတြင္းမွာ အာဟာရျပည့္စံုေအာင္လုိ႔ ေကၽြးေမြးျပဳစုပ်ဳိးေထာင္ဖုိ႔ဟာ အင္မတန္အေရးႀကီးပါတယ္။ ဦးေႏွာက္ရဲ႕ဖြံ႕ၿဖိဳးမႈကို ထိခုိက္သြားၿပီဆုိရင္ ေနာင္ဘယ္ လိုပဲ ဘယ္ေလာက္ပဲေကၽြးေကၽြး လူက ၀လာတာသာရွိမယ္ ဦးေႏွာက္က ပိုၿပီးေတာ့ ဖြံ႕ၿဖိဳးလာမွာမဟုတ္ပါဘူး။ အသက္ ၂ ႏွစ္မတုိင္မီ ကေလးေတြကို မွန္မွန္ကန္ကန္နဲ႔ ဦးေႏွာက္အရည္အခ်င္း ျပည့္၀ေအာင္လုိ႔ ေကၽြးေမြးျပဳစုေစာင့္ေရွာက္ဖုိ႔ဆုိတာဟာ မိဘ ေတြရဲ႕ တာ၀န္လည္းျဖစ္တယ္။ က်န္းမာေရးဌာနရဲ႕ရဲ႕ တာ၀န္လည္းျဖစ္တယ္။ အစိုးရ ရဲ႕ တာ၀န္လည္းျဖစ္ပါတယ္။ ဒါအားလံုး၀ိုင္းၿပီးေတာ့ လုပ္ရမွာပါ။ ဦးေႏွာက္ကေတာ့ ဖြံ႕ၿဖိဳးတုိးတက္သြားၿပီ။ ဦးေႏွာက္ဖြံ႕ၿဖိဳးတုိးတက္သြားၿပီးရင္ ႐ုပ္ပိုင္းဆုိင္ရာလည္း ဖြံ႕ၿဖိဳး ေအာင္လုိ႔ အသက္ ၂ ႏွစ္ေက်ာ္တဲ့အခါမွာလည္း ဆက္ၿပီးေတာ့ အာဟာရရွိတဲ့ အစား အစာေတြကို ေကၽြးရပါမယ္။ ကိုယ္လက္လႈပ္ရွားမႈ ျပည့္စံုေအာင္လုိ႔ ထားရပါမယ္။”
“ေက်ာင္းေရာက္သြားတဲ့အခါက်ရင္ ကမၻာႀကီးနဲ႔ယွဥ္ႏုိင္ေအာင္လုိ႔ ကၽြန္မတုိ႔ရဲ႕ ကေလးေတြကို ပညာသင္ေပးရပါမယ္။ ပညာေရးစနစ္ဟာ ကၽြန္မတို႔ရဲ႕ ႏုိင္ငံသူႏုိင္ငံ သားေတြကို ကမၻာ့အလယ္မွာ တင့္တင့္ တယ္တယ္နဲ႔ ဂုဏ္သိကၡာရွိရွိ ရပ္တည္ႏိုင္ ေအာင္ ဦးတည္တဲ့ ပညာေရးစနစ္မ်ဳိးျဖစ္ရပါမယ္။ တျခားသူေတြကို အႏုိင္က်င့္ဖုိ႔လည္း မဟုတ္ဘူး။ ကိုယ့္ကိုကိုယ္ၾကြားဖုိ႔လည္း မဟုတ္ဘူး။ ကိုယ့္ႏုိင္ငံရဲ႕ဂုဏ္သိကၡာအတြက္၊ ကိုယ့္ရဲ႕စိတ္ျပည့္၀ဖုိ႔အတြက္ ဒီလုိပညာေတြကို ကၽြန္မတုိ႔ရဲ႕ ကေလးေတြကို သင္ေပးရ ပါမယ္။ ကၽြန္မတုိ႔ရဲ႕ ႏုိင္ငံသူႏုိင္ငံသားေတြနဲ႔ပတ္သက္လုိ႔ ယံုၾကည္မႈရွိပါတယ္။ အခြင့္ အေရးသာရွိရင္၊ အခြင့္အလမ္းသာရွိရင္၊ မွန္ကန္တဲ့ပံ့ပိုးမႈေတြသာရွိရင္ ကၽြန္မတုိ႔ ႏုိင္ငံ သူႏုိင္ငံသားေတြဟာ ပညာေရးဘက္မွ အင္မတန္မွ တုိးတက္ႏုိင္တယ္၊ ထူးခၽြန္ႏုိင္ တယ္၊ ေျပာင္ေျမာက္ႏုိင္ပါတယ္။ တခ်ိန္တုန္းကလည္း ကၽြန္မတို႔ႏိုင္ငံဟာ ပညာေရးနဲ႔ ပတ္သက္လုိ႔ အင္မတန္ ဂုဏ္သတင္းေကာင္းခဲ့တဲ့ ႏိုင္ငံျဖစ္ပါတယ္။”

“ကိုယ့္ႏုိင္ငံဟာ ကမၻာ့အလယ္မွာ ဂုဏ္သိကၡာရွိတယ္ဆုိရင္ ႏိုင္ငံသူ ႏုိင္ငံသား တစ္ေယာက္ခ်င္း တစ္ေယာက္ခ်င္းဟာလည္း ကိုယ့္ကိုကိုယ္ ယံုၾကည္မႈႏွင့္ ျပည့္စံု မွာျဖစ္ပါတယ္။ လြတ္လပ္ေရးရၿပီးခါစ ကၽြန္မတုိ႔ႏုိင္ငံဟာ စစ္အတြင္းမွာ စစ္ဒဏ္ေတြ ခံခဲ့ရေပမယ့္ အင္မတန္မွ အေျခအေနအရ တုိးတက္မႈေကာင္းၿပီး ပညာတတ္ေတြ ဦးေဆာင္တဲ့ႏုိင္ငံျဖစ္တဲ့ အခါၾကေတာ့ ကမၻာ့အလယ္မွာ အင္မတန္မွ မ်က္ႏွာပြင့္ပါ တယ္၊ ဂုဏ္သိကၡာရွိပါတယ္။ ဒါေၾကာင့္ ႏိုင္ငံ့ရဲ႕ဂုဏ္သိကၡာေၾကာင့္မိုလုိ႔ တစ္ဦးခ်င္း တစ္ဦးခ်င္းကလည္း ကိုယ့္ကိုကိုယ္ ယံုၾကည္မႈရွိပါတယ္။ ကၽြန္မတို႔ ပညာေရးစနစ္ဟာ ႏိုင္ငံသူႏိုင္ငံသားမ်ား ကမၻာ့အလည္မွာ တင့္တင့္တယ္တယ္နဲ႔ “ပညာရဲရင့္ ပြဲလယ္တင့္” ဆိုတဲ့ စိတ္ဓာတ္နဲ႔ ကိုယ့္ကိုယ္ကိုယုံၾကည္မႈရွိေအာင္လို႔ ျဖည့္ဆည္းေပးတဲ့ ပညာေရး စနစ္ျဖစ္ေစခ်င္ပါတယ္။ နည္းပညာေတြ သင္ေပး႐ံုနဲ႔ ကမၻာမွာ ေခတ္စားေနတဲ့ ဘာသာ ရပ္ေတြမွာ တိုးတက္႐ုံနဲ႔ မၿပီးေသးပါဘူး။ တစ္ခ်ိန္တည္းမွာ မွန္ကန္တဲ့စိတ္ဓာတ္ကို လူငယ္ေတြရဲ႕ စိတ္ထဲကို သြင္းေပးလိုက္ဖို႔လိုပါတယ္။ ကိုယ့္အရည္အခ်င္းေတြ ဘယ္ ေလာက္ေကာင္းေကာင္း ဒီအရည္အခ်င္းကို မွန္မွန္ကန္ကန္မသုံးဘဲ မေကာင္းတဲ့ကိစၥ ေတြအတြက္သုံးမယ္ဆိုရင္ ကိုယ္လည္းနစ္နာမယ္။ ကိုယ့္ပတ္ဝန္းက်င္လည္း နစ္နာ တယ္။ ႏိုင္ငံလည္း နစ္နာပါတယ္။”

“ကိုယ့္ပတ္၀န္းက်င္က မေကာင္းရင္၊ ကိုယ့္ပတ္၀န္းက်င္မွာ စိတ္ခ်မ္းသာမႈမရွိ ရင္ ေရရွည္မွာ ကိုယ္ကိုတုိင္လည္း စိတ္ခ်မ္းသာမႈ ရွိႏိုင္မွာမဟုတ္ပါဘူး။ စိတ္ျပည့္၀မႈ ရွိႏိုင္မွာမဟုတ္ပါဘူး။ ကၽြန္မတုိ႔ရဲ႕ လူငယ္ေတြ တကယ္ဘက္စံုဖြံ႕ၿဖိဳးတုိးတက္တယ္ ဆုိတာ စိတ္ဓာတ္ပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္ဖို႔ အင္မတန္မွ အေရးႀကီးပါတယ္။ ငယ္ငယ္ကတည္းက မိဘနဲ႔ ဆရာေတြက သင္ေပးရမွာပါ။ ကိုယ္တစ္ေယာက္တည္း အတြက္ လုပ္တာထက္ ႏွစ္ေယာက္အတြက္လုပ္တာက ပိုၿပီးေတာ့ ေကာင္းတယ္။ သံုးေယာက္အတြက္ လုပ္တာက ပိုၿပီးေတာ့ေတာင္ ေက်နပ္စရာေကာင္းတယ္။ အမ်ား အတြက္လုပ္တာ ဆုိရင္ေတာ့ ေက်နပ္စရာအေကာင္းဆံုးပဲဆုိၿပီးေတာ့ ဒီလုိစိတ္ေတြကို ငယ္ငယ္ ကတည္းကေနၿပီးေတာ့ သြင္းေပးရပါမယ္။ ေနာက္ ကိုယ့္ရဲ႕ပတ္၀န္းက်င္ကို ကိုယ္က ေလးစားဖုိ႔၊ ခ်စ္ခင္ဖုိ႔ ဒါေတြကိုလည္း ငယ္ငယ္ကတည္းက စိတ္ဓာတ္ေတြကို လည္း သြင္းေပးရပါမယ္။ ဒါ ဆရာ၊ ဆရာမေတြ လုပ္႐ံုနဲ႔မၿပီးပါဘူး။ မိဘေတြကပါ လုပ္ရပါ မယ္။”
“ကိုယ့္ႏိုင္ငံကို တန္ဖိုးထားတယ္ဆိုတာ အမႈိက္ပစ္တဲ့ အေသးအဖြဲေလးေတြက ေနစၿပီးေတာ့ ဆင္ျခင္ရပါမယ္။ မိဘေတြ၊ ဆရာေတြက သင္ေပးရမယ္။ ဒါေပမယ့္ ဘယ္ေလာက္ပဲ သင္ေပးသင္ေပး သင္ယူတဲ့သူက သင္ယူမွရပါမယ္။ ဆရာေတြ၊ မိဘ ေတြ ဘယ္ေလာက္ေတာ္ေတာ္ သင္ယူတဲ့ကေလးေတြက သင္ယူခ်င္တဲ့ စိတ္ရွိေအာင္ လို႔ စိတ္ဓာတ္သြင္းေပးဖို႔ လိုပါတယ္။ ကိုယ့္ပစၥည္းထက္ အမ်ားပိုင္ပစၥည္းကို ေလးစားဖုိ႔၊ တန္ဖုိးထားဖုိ႔ စိတ္ေတြသြင္းေပးရပါမယ္။ ႏုိင္ငံေတာ္ရဲ႕ပစၥည္းကို မေလးစားတာဟာ ကိုယ့္ႏိုင္ငံကို မေလးစားတာပါပဲ။ မွန္ကန္တဲ့ စိတ္ဓာတ္ေတြကို လူငယ္ေတြကို သင္ေပး မယ္၊ လူငယ္ေတြကို အေလ့အက်င့္ျဖစ္သြားေအာင္ လုပ္ေပးမယ္ဆိုရင္ ကၽြန္မတို႔ရဲ႕ လူငယ္ေတြဟာ ဘက္စုံဖြံ႕ၿဖိဳးၿပီလို႔ ေျပာလို႔ရပါၿပီ။ ႐ုပ္ပိုင္းဆုိင္ရာ က်န္းမာတယ္၊ ခ်မ္းသာတယ္၊ ထြားႀကိဳင္းတယ္။ ဦးေႏွာက္ပိုင္းဆုိင္ရာ ဖြံ႕ၿဖိဳးတယ္၊ တုိးတက္တယ္၊ ပညာရွာဖုိ႔ အခြင့္အလမ္းရတယ္။ စိတ္ပိုင္းဆုိင္ရာဆုိရင္ တစ္ခ်ိန္လံုးပဲ အိမ္ကေနစၿပီး ေက်ာင္းေရာက္တဲ့အခါၾကလုိ႔ရွိရင္ မွန္မွန္ကန္ကန္နဲ႔ ႏုိင္ငံသူ ႏုိင္ငံသား ေကာင္းတစ္ ေယာက္ ျဖစ္ႏုိင္ဖုိ႔အတြက္ ျပဳစုပ်ဳိးေထာင္လုိက္ႏုိင္မယ္ဆုိရင္ ကၽြန္မတုိ႔ လူငယ္ေတြ ဘက္စံုဖြံ႕ၿဖိဳးတုိးတက္ၿပီလုိ႔ ေျပာလုိ႔ရပါတယ္။”

“ႏိုင္ငံသူႏိုင္ငံသားေကာင္း တစ္ေယာက္ျဖစ္တယ္ဆုိတာ တကယ္ေတာ့ ကမၻာသူ ကမၻာသားေကာင္း တစ္ေယာက္ျဖစ္သြားတာပါပဲ။ ကၽြန္မတို႔ႏုိင္ငံဟာ ကမၻာႀကီးထဲက တစ္ႏုိင္ငံျဖစ္ပါတယ္။ ကၽြန္မတုိ႔ရဲ႕ ႏုိင္ငံသူႏုိင္ငံသားေတြ၊ ျပည္သူေတြဟာ ကမၻာႀကီးမွာ ေနထုိင္ၾကတဲ့ ပုထုဇဥ္ လူသားေတြထဲက အစုအဖြဲ႕တစ္ခုျဖစ္ပါတယ္။ ကိုယ့္ႏုိင္ငံကို ခ်စ္ခ်င္းအားျဖင့္ ကိုယ့္ရဲ႕အျမင္ဟာ က်ဥ္းသြားရမွာမဟုတ္ပါဘူး။ ငါ့ႏိုင္ငံမွ ငါ့ႏိုင္ငံ၊ ငါ့လူမ်ိဳးမွ ငါ့လူမ်ိဳး၊ က်န္တဲ့သူ ဂ႐ုမစိုက္ဘူးဆိုတဲ့ စိတ္ဆိုရင္ ဒါက်ဥ္းေျမာင္းသြားတဲ့ စိတ္။ ကိုယ္ကကိုယ့္ႏုိင္ငံကို ခ်စ္သလုိ တျခားသူေတြလည္း သူတုိ႔ႏုိင္ငံကို သူတုိ႔ခ်စ္မွာ ပဲဆုိတဲ့ ကိုယ္ခ်င္းစာစိတ္နဲ႔ေလးစားရမယ္။ ေနာက္ၿပီး ကမၻာသူကမၻာသားမ်ားအားလံုး ညီညီညြတ္ညြတ္နဲ႔ ေအးေအးခ်မ္းခ်မ္း ေနႏုိင္ဖုိ႔ကို ကၽြန္မတုိ႔ ဦးတည္ရပါမယ္။”

“တစ္ကမၻာလုံးမွာ ေအးေအးခ်မ္းခ်မ္းနဲ႔ ခ်စ္ခ်စ္ခင္ခင္ ေနဖို႔ဆိုတာ မျဖစ္ႏိုင္တဲ့ ကိစၥလို႔ စိတ္ထဲမွာ ဘယ္ေတာ့မွမထားပါနဲ႔၊ တကယ္ႀကိဳးစားမယ္ဆိုရင္ မျဖစ္ႏိုင္ဘူး ဆိုတာဟာ ၁၀ဝ ရာခိုင္ႏႈန္း မဟုတ္ရင္ေတာင္ ၉၉ ဒသမ ၉ ဆိုရင္ေတာ့ မဆိုးပါဘူး။ အဲ့ဒီထိ ကၽြန္မတို႔ ေအာင္ျမင္ေအာင္ႀကိဳးစားဖို႔ စိတ္ေတြခိုင္မာရပါမယ္။ ဒီလိုခိုင္မာတဲ့ စိတ္ေတြ၊ ႀကိဳးစားခ်င္တဲ့စိတ္ဓာတ္ေတြကို လူငယ္ေတြကို သြင္းေပးဖို႔လိုပါတယ္။ အခု ႐ုပ္ပိုင္းဆုိင္ရာ တုိးတက္မႈေတြ သိပ္မ်ားတဲ့ေခတ္ႀကီးမွာဆုိရင္ ေလာဘေတြကလည္း သိပ္ၿပီးေတာ့ တက္လာပါတယ္။ ေလာဘ၊ ေဒါသ၊ ေမာဟမွာ ေလာဘအႏၲရာယ္က အင္မတန္မွ ႀကီးပါတယ္။ ေလာဘေနာက္ကလည္း ေဒါသက လုိက္လာတတ္ပါတယ္။ ဒါေတြကို လူငယ္ေတြ သတိထားၾကပါတယ္။ ႐ုပ္ပိုင္းဆုိင္ရာ တုိးတက္ဖုိ႔အတြက္၊ ဦးေႏွာက္ပိုင္းဆုိင္ရာ တုိးတက္ဖုိ႔အတြက္၊ စိတ္ဓာတ္ပိုင္းဆုိင္ရာ တုိးတက္ဖို႔အတြက္ အားလံုး၀ိုင္းၿပီး ကူညီလုိ႔ရပါတယ္။ ေနာက္ဆံုး ကိုယ့္ဘာသာကိုယ္လုပ္မွ ရမွာျဖစ္ပါ တယ္။ ကၽြန္မတုိ႔ရဲ႕ လူငယ္မ်ားဟာ ဘက္စံုဖြံ႕ၿဖိဳးတုိးတက္ဖုိ႔အတြက္ဆုိရင္ ကိုယ့္ကို ကိုယ္ လုပ္ယူပါ။ ကိုယ့္ကိုကိုယ္အားကိုးပါ။ ေနာက္ ပူးေပါင္းေဆာင္ရြက္စိတ္ရွိပါ။”

“ေနာက္တစ္ခုက ကၽြန္မတို႔ႏိုင္ငံ တင္မဟုတ္ဘူး ကမၻာတစ္လႊားမွာ ခဏခဏ သင္တန္းေတြေပးပါတယ္။ အလုပ္႐ုံေဆြးေႏြးပြဲ၊ သင္တန္း၊ ေဟာေျပာပြဲ စတဲ့ သင္တန္း အမ်ဳိးမ်ဳိးေပးၾကပါတယ္။ ဘာအေၾကာင္းလဲဆုိေတာ့ ေခါင္းေဆာင္ဘယ္လိုလုပ္ရမလဲ ဆိုတဲ့ အေၾကာင္း။ အဲ့တာကို ကၽြန္မက အားမေပးခ်င္ဘူး။ ကၽြန္မကေတာ့ ပူးေပါင္း ေဆာင္႐ြက္မႈစိတ္ဓာတ္ ျမႇင့္တင္ေပးတဲ့ဟာကို အားေပးခ်င္တယ္။ အစုအဖြဲ႕ တစ္ခု အေနနဲ႔ ေအာင္ျမင္ေအာင္လုပ္ျခင္းဟာ ပိုၿပီးအေရးႀကီးပါတယ္။ အားလံုးပူးေပါင္းေဆာင္ ရြက္ျခင္း၊ သူ႔ေနရာနဲ႔သူ အားလံုးအေရးႀကီးတာပဲ။ လူတိုင္း လူတိုင္းမွာ သူ႕တန္ဖိုးနဲ႔ သူရွိပါတယ္။ အဲ့ဒါကို နားလည္ၿပီးေတာ့ ကၽြန္မတုိ႔ စုေပါင္းေဆာင္ရြက္ႏုိင္တဲ့၊ ညီညီ ညြတ္ညြတ္နဲ႔ လုပ္ကိုင္ႏုိင္တဲ့ စိတ္ဓာတ္ေတြ၊ ဘယ္လုိလုပ္ရမလဲ။ ဘာေၾကာင့္ ကၽြန္မ တုိ႔ စုေပါင္းၿပီးေတာ့ ညီညီညြတ္ညြတ္နဲ႔ လုပ္ႏုိင္တဲ့ အေျခအေနေတြဟာ အားနည္းေန သလဲ။ ဒါေတြကို ကၽြန္မတို႔က ၾကည့္ရမွာျဖစ္ပါတယ္။ ငါဘာလုိ႔ ေခါင္းေဆာင္မျဖစ္ရပါ လိမ့္ဆုိၿပီး စဥ္းစားေနရမွာမဟုတ္ပါဘူး။ အဲ့ဒါေတြက အားေပးသင့္တဲ့ကိစၥေတြ မဟုတ္ ဘူးလုိ႔ ကၽြန္မယံုၾကည္ပါတယ္။ ဒါေၾကာင့္ လူငယ္မ်ား ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ ခ်င္ရင္ ပူးေပါင္းေဆာင္႐ြက္ပါ။ ပူးေပါင္းေဆာင္႐ြက္ျခင္းရဲ႕ ရလဒ္က ဘာလဲဆိုေတာ့ မိတ္ေဆြ ေကာင္းေတြရျခင္းပဲ။ ပူးေပါင္းေဆာင္႐ြက္ၿပီး အတူလုပ္ခဲ့တဲ့ မိတ္ေဆြမ်ား၊ ရဲေဘာ္ ရဲဘက္မ်ားရဲ႕ တစ္ေယာက္အေပၚ တစ္ေယာက္ ယုံၾကည္မႈ၊ ရင္းႏွီးမႈ၊ ေမတၱာ ထားမႈ၊ ဂ႐ုဏာထားမႈေတြဟာ ဘာနဲ႔မွမတူပါဘူး။ ဒါေၾကာင့္ လူငယ္မ်ား ဘက္စုံဖြံ႕ၿဖိဳး တိုးတက္ မႈထဲမွာ မိတ္ေဆြေကာင္းျဖစ္ႏုိင္ဖို႔နဲ႔ မိတ္ေဆြေကာင္းရႏိုင္ဖို႔အတြက္ အဲဒီလုိ အရည္ အခ်င္းေတြကိုေတာ့ ျပဳစုပ်ိဳးေထာင္ပါလို႔ တိုက္တြန္းခ်င္ပါတယ္။ ကိုယ္က မိတ္ေဆြ ေကာင္းရဖုိ႔ ကိုယ္ကိုတိုင္က မိတ္ေဆြေကာင္းတစ္ဦးရဲ႕ အရည္အခ်င္းေတြနဲ႔ ျပည့္စံုမွ ျဖစ္မွာပါ။ ဒါေၾကာင့္ ကၽြန္မတို႔ လူငယ္ဘက္စုံဖြံ႕ၿဖိဳး တိုးတက္ေရးပြဲေတာ္လုပ္တဲ့ အခါမွာ ဘက္စုံဆိုတဲ့ စကားကို အေလးထားၿပီး စဥ္းစားေစခ်င္ပါတယ္။ ဘက္စုံေအာင္ ဘာေတြ လိုအပ္တယ္။ ႐ုပ္ပိုင္းဆိုင္ရာ၊ ဦးေႏွာက္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာနဲ႔ လူမႈေရးအရ ခင္မင္မႈ မိတ္ေဆြပိုင္းဆိုင္ရာကိစၥေတြ အားလုံးနဲ႔ျပည့္စုံမယ္ဆိုရင္ ကၽြန္မတို႔ရဲ႕ လူငယ္ မ်ားဟာ ႏိုင္ငံရဲ႕အက်ိဳးတင္မကပါဘူး ကမၻာေပၚမွာေနတဲ့ လူသားမ်ား၊ သတၱဝါမ်ား အားလုံးရဲ႕ အက်ိဳးကိုထမ္းေဆာင္ႏိုင္တဲ့ လူသားေကာင္းေတြ ျဖစ္လာမွာပါ။ ၿပီးျပည့္စုံ တဲ့လူသားေကာင္းေတြ ျဖစ္လာမွာပါ။ ဒီလိုျဖစ္လာၿပီဆိုရင္ ကၽြန္မတို႔ႏိုင္ငံတိုးတက္မယ္ ဆိုတာကိုေတာ့ အထူးတလည္ ေျပာစရာမလိုပါဘူး။ ကၽြန္မတို႔ႏိုင္ငံကေနၿပီး ကမၻာႀကီး ပိုၿပီး ခ်မ္းေျမ႕ေရး၊ ၿငိမ္းခ်မ္းေရး၊ တိုးတက္ေရးအတြက္လည္း အမ်ားႀကီး အားေတြ ေပးႏိုင္မယ္ဆိုတာ ယုံၾကည္ပါတယ္။”ဟု ေျပာၾကားသည္။
ယင္းေနာက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢဳိလ္သည္ ဖြင့္ပြဲအခမ္းအနားသို႔ တက္ ေရာက္လာၾကသည့္ ျပည္ေထာင္စု၀န္ႀကီးမ်ား၊ တိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ႏွင့္ ဧည့္သည္ ေတာ္မ်ား၊ တကၠသိုလ္/ေကာလိပ္အသီးသီးမွ ေက်ာင္းသားေက်ာင္းသူမ်ား၊ လူငယ္ဆိုင္ ရာ အဖြဲ႕အစည္းမ်ားမွ လူငယ္မ်ားႏွင့္အတူ မွတ္တမ္းတင္ ဓာတ္ပံု႐ိုက္ကူးၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢဳိလ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ မႏၲေလးတကၠသိုလ္ ဘြဲ႕ႏွင္းသဘင္ခန္းမ၌က်င္းပသည့္ တကၠသိုလ္/ေကာလိပ္အသီးသီးမွ ထူးခၽြန္ေက်ာင္း သား ေက်ာင္းသူမ်ားအား ဆုခ်ီးျမႇင့္သည့္ အခမ္းအနားသို႔ တက္ေရာက္သည္။

ဆုခ်ီးျမႇင့္ပြဲအခမ္းအနားတြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢဳိလ္က China -Myanmar Innovation and Entrepreneurship Compettion 2018 ၿပဳိင္ပြဲ၌ ပထမဆုရရွိသည့္ ေတာင္ႀကီးကြန္ပ်ဴတာတကၠသိုလ္မွ ေမာင္တိုးတက္လင္း၊ မမ်ဳိးေဟမန္ဦး၊ ေမာင္ျပည့္စံု ေက်ာ္၊ မႏၲေလးနည္းပညာတကၠသိုလ္မွ ေမာင္ေဇာ္မင္းမင္းထြန္းႏွင့္ ေမာင္မ်ဳိးေမာင္ ေမာင္တို႔အား ဆုမ်ားေပးအပ္ခ်ီးျမႇင့္သည္။

ဆက္လက္၍ ျပည္ေထာင္စု၀န္ႀကီးမ်ားႏွင့္ မႏၲေလးတုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ တုိ႔က Venture Well 2018 Openmint Showcase ၿပဳိင္ပြဲတြင္ ပထမဆုရရွိသည့္ နည္းပညာတကၠသိုလ္ ရတနာပံုဆိုက္ဘာစီးတီးမွ ေမာင္ထက္ေ၀လင္း၊ ေမာင္ဟိန္းေဒြးစံ၊ မသီရိကိုကို၊ မဗန္လားရြတ္၊ မေႏွာင္းသက္ထားေ၀၊ Lancang – Mekong Youth Training Camp for Innovation and Enterpreneurship 2018 ၿပဳိင္ပြဲတြင္ ဒုတိယဆုရရွိသည့္ ရန္ကုန္တကၠသိုလ္မွ မေမျမတ္ႏို္း(ေရခ်ယ္)၊ မေမသူစိုးႏွင့္ မေမ ျမတ္ႏို္း(Aurora)၊ China – Myanmar Contest of Innovation ၿပဳိင္ပြဲတြင္ တတိယဆု ရရွိသည့္ မႏၲေလးကြန္ပ်ဴတာတကၠသိုလ္မွ ေမာင္သီဟႏိုင္၊ ေမာင္ခ်မ္းၿငိမ္းေသာ္ႏွင့္ ေမာင္သာထက္စံ၊ China – Myanmar Innovation and Entrepreneurship Compettion 2018 ၿပဳိင္ပြဲတြင္ တတိယဆုရရွိသည့္ မႏၲေလးကြန္ပ်ဴတာတကၠသိုလ္မွ ေမာင္စိုင္းဆိုင္းလွ်န္း၊ ေမာင္စိုင္းညီညီထြန္းႏွင့္ ေမာင္ထက္ေအာင္ခန္႔၊ China – Myanmar Innovation and Entrepreneurship Compettion 2018 ၿပဳိင္ပြဲတြင္ တတိယဆု ရရွိသည့္ နည္းပညာတကၠသိုလ္ ရတနာပံုဆိုက္ဘာစီးတီးမွ ေမာင္သက္ပိုင္မ်ဳိး၊ မယဥ္ေမအိႏွင့္ မ၀တ္ရည္သန္႔၊ မေလးရွားႏိုင္ငံ ကြာလာလမ္ပူၿမဳိ႕ ခ်က္(စ္)ၿပဳိင္ပြဲတြင္ တတိယဆုရရွိ သည့္ ရန္ကုန္အေနာက္ပိုင္းတကၠသိုလ္မွ ေမာင္မ်ဳိးဆန္းေအာင္၊ Youth Innovation Compettion on Lancang – Mekong Region’s Governance and Development (YICMG) 2018 ၿပဳိင္ပြဲတြင္ The Best Multi-National Team Award ရရွိသည့္ ရန္ကုန္တကၠသိုလ္မွ မေမျမတ္ႏိုး(ေရခ်ယ္)၊ China – Myanmar Innovation and Entrepreneurship Compettion 2018 ၿပဳိင္ပြဲတြင္ Excellent Team Prize ရရွိသည့္ မႏၱေလးတကၠသိုလ္မွ မေက်ာ့ေက်ာ့ခင္၊ မအိမွဴးခိုင္ႏွင့္ မဆုျမတ္ႏိုး၊ ရန္ကုန္နည္းပညာ တကၠသိုလ္မွ ေမာင္စည္သူဟန္ႏွင့္ ေမာင္ေအာင္မင္းဟိန္း၊ China – Myanmar Innovation and Entrepreneurship Compettion 2018 ၿပဳိင္ပြဲတြင္ Excellent Team Prize ရရွိသည့္ ေတာင္ႀကီးနည္းပညာတကၠသိုလ္မွ ေမာင္မိုးေက်ာ္ဇင္ေအာင္၊ ေမာင္ေနလင္း ႏွင့္ ေမာင္ျပည့္ၿဖိဳးဦး၊ Youth Innovation Compettion on Lancang – Mekong Region’s Governance and Development (YICMG) 2018 ၿပဳိင္ပြဲတြင္ The Most Valuable Issue Award ရရွိသည့္ ရန္ကုန္တကၠသိုလ္မွ မေမျမတ္ႏိုး(ေရခ်ယ္)၊ မေမသူစိုးႏွင့္ မေမျမတ္ႏိုး(Aurora)၊ The 4th ASEAN Foundation Model ASEAN Meeting 2018 တြင္ Best Delegation Award ရရွိသည့္ ရန္ကုန္နည္းပညာ တကၠသုိလ္မွ ေမာင္ရွင္းသန္႔ထြန္း၊ 59th International Mathematical Olympaid တြင္ Honourable Mention ရရွိသည့္ တကၠသိုလ္၀င္တန္းစာေမးပြဲ ေအာင္ျမင္ၾကေသာ ေမာင္ေက်ာ္ထက္လင္းႏွင့္ ေမာင္ေ၀ယံမိုးလြင္တို႔ကို ဂုဏ္ျပဳဆုမ်ားေပးအပ္ခ်ီးျမႇင့္သည္။

လူငယ္ဘက္စံုဖြံ႕ၿဖဳိးေရးပြဲေတာ္(မႏၲေလး)ကို ၾသဂုတ္ ၁၃ ရက္အထိက်င္းပမည္ ျဖစ္ၿပီး ပြဲေတာ္တြင္ အဂၤလိပ္စာစြမ္းရည္ၿပဳိင္ပြဲမ်ား၊ ျမန္မာက်ပန္းစကားေျပာႏွင့္ ကဗ်ာ ရြတ္ၿပဳိင္ပြဲမ်ား၊ အႏုပညာဆိုင္ရာလႈပ္ရွားမႈမ်ား၊ လူငယ္ဆိုင္ရာေဆြးေႏြးပြဲမ်ား၊ စာအုပ္ ေစ်းေရာင္းပြဲေတာ္၊ အပန္းေျဖအားကစားၿပဳိင္ပြဲမ်ား၊ ျပဇာတ္ေဖ်ာ္ေျဖကျပပြဲမ်ား၊ အလုပ္ အကိုင္အခြင့္အလမ္းႏွင့္ သိပၸံႏွင့္နည္းပညာဆိုင္ရာျပခန္းမ်ား၊ လူငယ္ႏွင့္ က်န္းမာေရး ဆိုင္ရာ အသိပညာေပးျပခန္း၊ ရင္ခြင္မဲ့ကေလးငယ္မ်ား ေလွ်ာ့ခ်ေရးႏွင့္ ကာကြယ္ေစာင့္ ေရွာက္ေရးလႈပ္ရွားမႈအစီအစဥ္မ်ား၊ က်န္းမာေရး၊ အမ်ဳိးသမီးငယ္မ်ား အၾကမ္းဖက္မႈ ကင္းေ၀းေရး၊ မသန္စြမ္းအမ်ဳိးသမီးငယ္မ်ား၏ လက္ရွိအေျခအေနတို႔ႏွင့္စပ္လ်ဥ္းသည့္ အသိပညာေပး ေဆြးေႏြးပြဲမ်ား၊ ျမန္မာ့အသံေခတ္ေပၚတီး၀ိုင္းႏွင့္ ႏိုင္ငံေက်ာ္ အဆို ေတာ္မ်ား၏ ေဖ်ာ္ေျဖေရးအစီအစဥ္မ်ားကို စည္ကားသိုက္ၿမဳိက္စြာျဖင့္ ထည့္သြင္း က်င္းပလ်က္ရွိေၾကာင္း သိရသည္။

(Zawgyi Version)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မန္တလေး) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်
အဖွင့်အမှာစကားပြောကြား

မန္တလေး ဩဂုတ် ၁၁

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မန္တလေး) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် မန္တလေးတက္ကသိုလ် ပင်မဆောင်ရှေ့၌ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေး၍ အဖွင့်အမှာစကားပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်/ကောလိပ်အသီးသီးမှ ကျောင်းသား ကျောင်းသူ များနှင့် လူငယ်ဆိုင်ရာအဖွဲ့အစည်းများမှ လူငယ်များ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် လူငယ်ကိုယ်စားလှယ် ၄ ဦးတို့က လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မန္တလေး)ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ လူငယ် လေးများက လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် Theme Song ဖြင့် သရုပ်ဖော် ဖျော်ဖြေ တင်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့် အမှာစကား ပြောကြားရာတွင် “လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ကြွရောက်လာကြတဲ့ ဧည့်သည်တော် အားလုံးနဲ့ အထူးသဖြင့်လူငယ်တွေကို ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်မတို့ အနာဂတ်ကိုပိုပြီး တော့ ခိုင်မာအောင်လုပ်ဖို့ပဲဖြစ်ပါတယ်။ လူငယ်တွေကို ပြုစုပျိုးထောင်တယ်ဆိုတာဟာ အနာဂတ်ကို ဦးတည်ပြီးတော့ လုပ်ရတာဖြစ်ပါတယ်။ လူကြီးတွေခင်းခဲ့တဲ့လမ်းကို ပိုပြီး တော့ ကောင်းသွားအောင်လို့၊ ပိုပြီးတော့ ရှေ့မှာဖြောင့်ဖြူးအောင်လို့ လူငယ်တွေဆက် လုပ်ဖို့ တာဝန်ရှိပါတယ်။ ကျွန်မတို့နိုင်ငံမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းဖို့လိုတယ် ဆိုတာကို ခဏခဏ ပြောနေကြပါတယ်။ ကောင်းတဲ့လမ်းနဲ့ မကောင်းတဲ့လမ်းဆိုတာ အင်မတန်မှကွာပါတယ်။ အဲ့ဒီလမ်းပေါ်မှာ သွားရတဲ့လူတွေ အသိဆုံးဖြစ်ပါတယ်။ လမ်း တစ်ခု ကောင်းတယ်၊ မကောင်းတယ်ဆိုတာ ကိုယ်ကိုတိုင်လျှောက်မှ သိတာ၊ ကိုယ်ကို တိုင် ကားနဲ့သွားတဲ့အခါကြမှ ဘယ်လောက်စောင့်နေတယ်။ ဘယ်လောက်ငြိမ်တယ်ဆို တာကို ကျွန်မတို့ သိတာဖြစ်ပါတယ်။”

“ကျွန်မတို့နိုင်ငံ လျှောက်ရမယ့်လမ်းဟာ ဘယ်လောက်ကောင်းလဲ၊ မကောင်းလဲ ဆိုတာ နောက်ဆုံး ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေက ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဘေးက ဆုံးဖြတ်ပေးလို့ မရပါဘူး။ ပြင်ပကလည်း ဆုံးဖြတ်ပေးလို့ မရပါဘူး။ ဒီလို လမ်းကြီး တည်ဆောက်တဲ့နေရာမှာ အဆက်ဆက်တည်ဆောက်သွားရမှာဖြစ်ပါတယ်။ ကောင်းတဲ့လမ်း တစ်ခုဆိုရင် ကြာရှည်ခံတယ်ဆိုတာ လူတိုင်းသိပါတယ်။ ကျွန်မတို့ နိုင်ငံတစ်နိုင်ငံလုံးက ပြည်သူပြည်သားတွေရဲ့၊ အထူးသဖြင့် ကျေးလက်တောရွာ မှာနေ တဲ့ ပြည်သူပြည်သားတွေရဲ့ အလိုအပ်ဆုံး ကိစ္စတွေထဲမှာ၊ အရာတွေထဲမှာ ဘာပါလဲဆို တော့ ရာသီစုံလမ်းဆိုပြီးတော့ ပါပါတယ်။ ရာသီစုံလမ်းဆိုတာ ဘယ်လိုရာသီကိုပဲ ဖြစ်ဖြစ် ခံနိုင်ရည်ရှိတဲ့လမ်းပါ။ မိုးရာသီကြရင် သုံးမရတဲ့လမ်းမျိုး မဟုတ်ဘူး။ နွေရာသီ မှ အလုပ်ဖြစ်တဲ့လမ်းမျိုး မဟုတ်ဘူး။ မိုးရွာသည်ဖြစ်စေ၊ နေပူသည်ဖြစ်စေ ရာသီစုံ လျှောက်လို့ရတဲ့လမ်း။ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်လမ်းကလည်း ဒီအတိုင်း ဖြစ်ရပါလိမ့် မယ်။ ရာသီစုံဆက်လျှောက်လို့ရတဲ့လမ်းဆိုတာဟာ မိုးထန်လို့ရှိရင်လည်း လျှောက်လို့ရ ရမယ်။ မုန်တိုင်းထန်တဲ့အခါကြလို့ရှိရင်လည်း မပျက်မစီးဖြစ်ရမယ်။ ဒီလို လမ်းမျိုးဖြစ်ဖို့ ပထမ စလုပ်ကတည်းက ကောင်းမွန်တဲ့ပစ္စည်းတွေနဲ့ ကောင်းမွန်တဲ့ နည်းပညာတွေနဲ့ လုပ်ဖို့လိုပါတယ်။ ခေတ်အဆက်ဆက် ဆက်ပြီးတော့ ထိန်းသိမ်းသွား ဖို့လည်းလိုပါ တယ်။ ကျွန်မတို့နိုင်ငံရဲ့ လမ်းဟာလည်း ဒီအတိုင်းပါပဲ။ ပထမဦးဆုံး အခြေချတဲ့အခါ မှာ ပစ္စည်းကောင်းတွေနဲ့ အခြေချဖို့၊ နည်းလမ်းကောင်းတွေနဲ့ တည်ဆောက်ဖို့လိုပါ တယ်။ နိုင်ငံတစ်နိုင်ငံကို တည်ဆောက်တဲ့ ပစ္စည်းကောင်းတွေထဲမှာ အဓိကလိုအပ် ချက်ကတော့ ပြည်သူပြည်သားတွေပဲဖြစ်ပါတယ်။ ပြည်သူပြည်သားတွေရဲ့ စိတ်ဓာတ်၊ ပြည်သူပြည်သားတွေရဲ့ အရည်အချင်းတွေဟာ ပစ္စည်းကောင်းတွေပါပဲ။ ဒီပစ္စည်း ကောင်းတွေကို မှန်မှန်ကန်ကန် သုံးဖို့ဆိုတာဟာ စနစ်ပဲဖြစ်ပါတယ်။”
“ကျွန်မတို့ဟာ ပြည်သူကိုအခြေခံတဲ့စနစ်ကို ဦးတည်နေတယ်ဆိုတာဟာ ပြည်သူ ပြည်သားတွေဟာ မိမိတို့ရဲ့အကျိုးအတွက် ထမ်းဆောင်တဲ့နေရာမှာ အထိရောက်ဆုံး ဖြစ်မယ့် အဖွဲ့အစည်း၊ အစုအဖွဲ့ပဲလို့ ကျွန်မတို့ ဒီလိုပဲသတ်မှတ်ပါတယ်။ ဒါကြောင့် ကျွန်မတို့နိုင်ငံရဲ့ ရှေ့အနာဂတ်အတွက် လမ်းကြီးခင်းလိုက်ပြီ။ ခင်းတဲ့အခါကြတော့ အရည်အချင်းရှိတဲ့ ပြည်သူပြည်သားတွေဟာ အဓိက ပထမဦးဆုံး လိုအပ်တဲ့ အရင်း အမြစ်ပါပဲ။ မှန်ကန်တဲ့စနစ်နဲ့ ဒီလမ်းကြီးကိုဆောက်လိုက်မယ်။ ဆောက်ပြီးရန် ဆက်ပြီး တော့ ခေတ်အဆက်ဆက် ထိန်းသိမ်းသွားရပါမယ်။ နိုင်ငံတစ်ခုရဲ့ အခြေအနေဟာ အစဉ်အမြဲ တစ်ပုံစံတည်း ရှိတာမဟုတ်ပါဘူး။ ပြောင်းလဲနေတာပါ။ လမ်းတစ်လမ်းဟာ မိုးရွာတဲ့ခါ မခံနိုင်ဘူးဆိုရင် ဒါလမ်းကောင်းမဟုတ်ပါဘူး။ ကျွန်မတို့နိုင်ငံရဲ့ စနစ်ဟာ ပဋိပက္ခတွေဖြစ်လာတဲ့အချိန်မှာ၊ ဒုက္ခတွေနဲ့ရင်ဆိုင်ရတဲ့အချိန်မှာ အင်မတန်မှ ကြီးကျယ် တဲ့စိန်ခေါ်မှုတွေကို ကျော်လွှာဖို့လိုတဲ့ အချိန်မှာဆိုရင် ခံနိုင်ရဲ့လား၊ အလုပ်ဖြစ်ရဲ့လား။ ဒါတွေကို ကျွန်မတို့ကြည့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ လူငယ်တွေကို ပြုစုပျိုး ထောင်ပါတယ်။ လူငယ်တွေကို ပြုစုပျိုးထောင်ခြင်းကို အဓိကထားတယ်ဆိုတာဟာ ကျွန်မတို့ ဆောက်လိုက်တဲ့ ပြည်ထောင်စုရဲ့ အနာဂတ်လမ်းကြီးကို ထိန်းသိမ်းသွားနိုင် မယ့် နည်းပညာနဲ့စိတ်ဓာတ်နဲ့ ပြည်စုံနေတဲ့ပုဂ္ဂိုလ်တွေကို မွေးထုတ်ဖို့ပဲဖြစ်ပါတယ်။ လူငယ်တွေဟာ လူကြီးတွေနဲ့စာရင် အတွေ့အကြုံရင့်ကျက်မှု နည်းတယ်ဆိုတာက တော့ တစ်ဖက်က၊ တစ်ဖက်ကဆိုရင် ဒီလိုအတွေ့အကြုံရင့်ကျက်မှု နည်းတာကြောင့် ပိုပြီးတော့ စိတ်ကရှင်းလင်းတာလဲရှိပါတယ်။ တစ်ယောက်အပေါ်တစ်ယောက် အဆိုး မြင်တဲ့ဟာတွေလည်း ပိုပြီးတော့နည်းပါတယ်။ ကိုယ့်ရဲ့အတွေ့အကြုံတွေအရ ဘယ်သူ့ ကို ဒေါသထားရမယ်၊ ဘယ်သူ့ကို ခွဲခြားဆက်ဆံရမယ်ဆိုတဲ့ စိတ်တွေဟာ လူငယ်တွေ ထဲမှာ နည်းပါတယ်။ လူကြီးတွေဟာ ကိုယ့်ရဲ့ဘဝအတွေ့အကြုံတွေအရ ကိုယ့်အမြင် တွေ၊ တစ်ခါတလေ ဆိုလို့ရှိရင် တင်းမာသွားတဲ့ဟာတွေလည်း ရှိတတ်ပါတယ်။”

“လူကြီးနဲ့ လူငယ်ပူးပေါင်းဆောင်ရွက်မှ အောင်မြင်နိုင်မှာပါ။ ငြိမ်းချမ်းရေးစကား ဝိုင်းမှာဆိုရင် လူကြီးတွေလည်းပါတယ်။ လူငယ်တွေလည်းပါပါတယ်။ ကျွန်မသတိပြုမိ ပါတယ်။ လူကြီးတွေကပိုပြီးတော့ လက်တွေ့ကျကျပြောတယ်၊ ဆိုတယ်။ လက်တွေ့ ကျကျ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ကိစ္စ၊ သူတို့ရပ်ရွာနဲ့ပတ်သက်တဲ့ကိစ္စတွေကို ချဉ်းကပ် ပါတယ်။ လူငယ်တွေကတော့ အတွေးအခေါ်ဘက်ပိုင်းပိုပြီးတော့ များပါတယ်။ ဒါလည်း မှန်ပါတယ်။ လူငယ်တွေ အတွေးအခေါ်ဘက်ကိုအားသာမှ နောင်လူကြီးဖြစ်လာလို့ရှိရင် အတွေးအခေါ်နဲ့ အတွေ့အကြုံကို ပူးပေါင်းပြီးတော့ တန်ဖိုးရှိတဲ့ လူတွေဖြစ်လာမှာဖြစ် ပါတယ်။ ကျွန်မပြောချင်တာက လူကြီးနဲ့လူငယ်ပူးပေါင်းဆောင်ရွက်မှ အောင်မြင်နိုင် မှာပါ။ လူကြီးတွေပဲ တော်တယ်လို့ပဲ ပြောလို့မရပါဘူး။ လူငယ်တွေပဲ ကောင်းတယ်လို့ ပြောလို့မရပါဘူး။ ကောင်းတဲ့လူကြီးလည်းရှိတယ်၊ ဆိုးတဲ့လူကြီးလည်းရှိတယ်။ ကောင်းတဲ့ လူငယ်လည်းရှိတယ်၊ ဆိုတဲ့လူငယ်လည်းရှိပါတယ်။ လူငယ်တွေကို ပြုပြင်ပေးဖို့၊ ပိုပြီး တော့ တိုးတက်အောင် လုပ်ပေးဖို့ဟာ လူကြီးတွေရဲ့ တာဝန်ဖြစ်ပါတယ်။ လူကြီးရဲ့ တာဝန်ဖြစ်ရုံတင် မကပါဘူး အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။ အသက်ကြီး လာတာ နဲ့အမျှ ပြန်ပြီးသင်ယူရတာ သိပ်မလွယ်တော့ပါဘူး။ ဒါကတော့ လူ့သဘာဝအရ ဒီလိုပဲ လို့ ပြောရမှာဖြစ်ပါတယ်။”

“ကျွန်မတို့ရဲ့ လူငယ်တွေကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်ဆိုတော့ ဘက်စုံဆိုတာ ဘာကိုဆိုလိုတာပါလဲ။ ဘက်စုံဆိုတာဟာ လက်တွေ့ကျကျအပိုင်းရော၊ စိတ်ဓာတ်ရေးရာ အပိုင်းရော၊ အတွေးအခေါ်ပိုင်းရော အဘက်ဘက်ကပေါ့။ အခြေခံ အားဖြင့်တော့ ကျန်းမာရေး ကောင်းရပါမယ်။ လူတစ်ယောက်ဟာ ကျန်းမာရေး မကောင်းလို့ရှိရင် ဘယ်လောက်ပဲ ပညာတွေတတ်နေတတ်နေ ဒီပညာတွေကို သုံးနိုင် ခွင့် အခြေအနေမရှိပါဘူး။ ကျွန်မတို့ လူငယ်တွေ ဘက်စုံဖွံ့ဖြိုးဖို့ဆိုရင် နံပါတ်တစ် ကတော့ လူငယ်တွေ ကျန်းမာရေးကောင်း စေချင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာဘက်က နေလည်း ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ ကျွန်မတို့နိုင်ငံမှာ ကလေးတွေ တော်တော်များ များက အင်မတန်မှလှီပါတယ်။ ကြီးထွားသင့်သလောက် မထွားလာတာကို တွေ့ရပါ တယ်။ ဒါကတော့ အာဟာရမပြည့် ဝခဲ့လို့ပါ။ နှစ်ပေါင်းများစွာ အာဟာရမပြည့်ဝခဲ့တဲ့ ကလေးတွေဟာ သေသေချာချာနဲ့ သူတို့ကြီးထွားသင့်သလောက် ထွားလာမှာမဟုတ်ပါ ဘူး။ ဒါကရုပ်ပိုင်းဆိုင်ရာပါ။”

“ကျန်းမာရေးဘက်ကဆိုရင် အထူးသဖြင့် ဦးတည်နေတာက ပြည်သူ့ကျန်းမာရေး ကို ဦးတည်နေပါတယ်။ ပြည်သူ့ကျန်းမာရေးဆိုတာ ပြည်သူကပါဝင်ရမယ်၊ ပြည်သူ့ အတွက်လည်းဖြစ်တယ်။ ပြည်သူတွေကို ကျန်းမာရေးပညာပေး ခြင်းအားဖြင့်၊ အခြေခံ ကတည်းကစပြီး ကျန်းမာရေးကို ထောက်ပံ့ပေးခြင်းအားဖြင့် ကျွန်မတို့ရဲ့ ပြည်သူပြည် သားတွေ အားလုံးကျန်းမာရေး ကောင်းလာမယ်။ ကလေးတွေဟာ မွေးကတည်းက မဟုတ်ဘူး၊ မိခင်ဝမ်းထဲမှာရှိစဉ် အခါကတည်းကိုက ကျန်းမာရေး ကောင်းဖို့အတွက် မူတွေချပြီးတော့ ကျန်းမာရေးကောင်းအောင်လို့ တည်ဆောက်ဖို့ကြိုးစားပါတယ်။ ဒီ ကလေးတွေဟာ ကျန်းကျန်းမာမာနဲ့ မွေးလာပြီးလို့ရှိရင် ကျန်းကျန်းမာမာနဲ့ရှိနေဖို့ ဆက်ပြီးတော့ ထိန်းသိမ်းထားဖို့လည်းလိုပါတယ်။ အဲဒီဟာတွေကို သေသေချာချာ အစီ အစဉ်ချတဲ့အခါမှာ အစိုးရတစ်ခုတည်း လုပ်ပေးလို့မရပါဘူး။ ဆရာဝန်တွေနဲ့ သူနာပြု တွေကြည့်ပဲ လုပ်ပေးလို့မရပါဘူး။ မိသားစုတွေကိုက အခြေခံကျန်းမာရေးပညာရှိရပါ မယ်။ ကိုယ့်သားသမီးတွေကို ဘယ်လိုပြုစုပျိုးထောင်ရမယ်၊ ဘယ်လိုအစားအစာမျိုးကို ကျွေးရမယ်၊ ဘယ်လိုဟာမျိုးကို ရှောင်ရမယ်၊ ဘယ်လိုကိုယ်လက်လှုပ်ရှားမှုမျိုးကို ကူညီ ပေးရမယ်။ ဒါတွေဟာ မိသားစုတွေရော၊ ဆရာ/ဆရာမတွေရော၊ မိဘတွေရော သိမှ ဒီကလေး တွေကို မွေးပြီးတဲ့အခါ ဆက်ပြီးတော့ ကောင်းကောင်းမွန်မွန် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာ ဖို့အတွက်၊ ဖွံ့ဖြိုးဖို့အတွက် ကူညီသွားနိုင်မှာဖြစ်ပါတယ်”

“နောက် ဦးနှောက်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ၂ ခုကို ခွဲခြားပြီးတော့ ပြောချင် ပါတယ်။ ဦးနှောက်ဖွံ့ဖြိုးတိုးတက်တိုင်း စိတ်ထားကောင်းတာမဟုတ်ပါဘူး။ အင်မတန်မှ ဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်တွေ၊ ပညာရေးအရ အောင်မြင်တဲ့ပုဂ္ဂိုလ်တွေထဲမှာ စိတ်ထား သိပ်မကောင်းတဲ့သူတွေလည်းရှိပါတယ်။ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူငယ်တွေ ဟာ အင်မတန်မှ ပြည့်စုံပြီးတော့ ပြည့်ဝတဲ့ နိုင်ငံသူနိုင်ငံသားတွေဖြစ်လာဖို့အတွက် ဦးနှောက်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လုပ်ရပါမယ်။ စိတ်ဓာတ်မှန်ကန်ဖို့အတွက် လည်းလုပ်ရပါမယ်။ အသက် ၂ နှစ် မပြည့်ခင်အချိန်မှာ အာဟာရမပြည့်ဝလို့ရှိရင် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို အသက် ၂ နှစ် မပြည့်ခင်ကာလအတွင်းမှာ အာဟာရပြည့်စုံအောင်လို့ ကျွေးမွေးပြုစုပျိုးထောင်ဖို့ဟာ အင်မတန်အရေးကြီးပါတယ်။ ဦးနှောက်ရဲ့ဖွံ့ဖြိုးမှုကို ထိခိုက်သွားပြီဆိုရင် နောင်ဘယ် လိုပဲ ဘယ်လောက်ပဲကျွေးကျွေး လူက ဝလာတာသာရှိမယ် ဦးနှောက်က ပိုပြီးတော့ ဖွံ့ဖြိုးလာမှာမဟုတ်ပါဘူး။ အသက် ၂ နှစ်မတိုင်မီ ကလေးတွေကို မှန်မှန်ကန်ကန်နဲ့ ဦးနှောက်အရည်အချင်း ပြည့်၀အောင်လို့ ကျွေးမွေးပြုစုစောင့်ရှောက်ဖို့ဆိုတာဟာ မိဘ တွေရဲ့ တာဝန်လည်းဖြစ်တယ်။ ကျန်းမာရေးဌာနရဲ့ရဲ့ တာဝန်လည်းဖြစ်တယ်။ အစိုးရ ရဲ့ တာဝန်လည်းဖြစ်ပါတယ်။ ဒါအားလုံးဝိုင်းပြီးတော့ လုပ်ရမှာပါ။ ဦးနှောက်ကတော့ ဖွံ့ဖြိုးတိုးတက်သွားပြီ။ ဦးနှောက်ဖွံ့ဖြိုးတိုးတက်သွားပြီးရင် ရုပ်ပိုင်းဆိုင်ရာလည်း ဖွံ့ဖြိုး အောင်လို့ အသက် ၂ နှစ်ကျော်တဲ့အခါမှာလည်း ဆက်ပြီးတော့ အာဟာရရှိတဲ့ အစား အစာတွေကို ကျွေးရပါမယ်။ ကိုယ်လက်လှုပ်ရှားမှု ပြည့်စုံအောင်လို့ ထားရပါမယ်။”
“ကျောင်းရောက်သွားတဲ့အခါကျရင် ကမ္ဘာကြီးနဲ့ယှဉ်နိုင်အောင်လို့ ကျွန်မတို့ရဲ့ ကလေးတွေကို ပညာသင်ပေးရပါမယ်။ ပညာရေးစနစ်ဟာ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံ သားတွေကို ကမ္ဘာ့အလယ်မှာ တင့်တင့် တယ်တယ်နဲ့ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင် အောင် ဦးတည်တဲ့ ပညာရေးစနစ်မျိုးဖြစ်ရပါမယ်။ တခြားသူတွေကို အနိုင်ကျင့်ဖို့လည်း မဟုတ်ဘူး။ ကိုယ့်ကိုကိုယ်ကြွားဖို့လည်း မဟုတ်ဘူး။ ကိုယ့်နိုင်ငံရဲ့ဂုဏ်သိက္ခာအတွက်၊ ကိုယ့်ရဲ့စိတ်ပြည့်ဝဖို့အတွက် ဒီလိုပညာတွေကို ကျွန်မတို့ရဲ့ ကလေးတွေကို သင်ပေးရ ပါမယ်။ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေနဲ့ပတ်သက်လို့ ယုံကြည်မှုရှိပါတယ်။ အခွင့် အရေးသာရှိရင်၊ အခွင့်အလမ်းသာရှိရင်၊ မှန်ကန်တဲ့ပံ့ပိုးမှုတွေသာရှိရင် ကျွန်မတို့ နိုင်ငံ သူနိုင်ငံသားတွေဟာ ပညာရေးဘက်မှ အင်မတန်မှ တိုးတက်နိုင်တယ်၊ ထူးချွန်နိုင် တယ်၊ ပြောင်မြောက်နိုင်ပါတယ်။ တချိန်တုန်းကလည်း ကျွန်မတို့နိုင်ငံဟာ ပညာရေးနဲ့ ပတ်သက်လို့ အင်မတန် ဂုဏ်သတင်းကောင်းခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။”

“ကိုယ့်နိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိတယ်ဆိုရင် နိုင်ငံသူ နိုင်ငံသား တစ်ယောက်ချင်း တစ်ယောက်ချင်းဟာလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုနှင့် ပြည့်စုံ မှာဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးခါစ ကျွန်မတို့နိုင်ငံဟာ စစ်အတွင်းမှာ စစ်ဒဏ်တွေ ခံခဲ့ရပေမယ့် အင်မတန်မှ အခြေအနေအရ တိုးတက်မှုကောင်းပြီး ပညာတတ်တွေ ဦးဆောင်တဲ့နိုင်ငံဖြစ်တဲ့ အခါကြတော့ ကမ္ဘာ့အလယ်မှာ အင်မတန်မှ မျက်နှာပွင့်ပါ တယ်၊ ဂုဏ်သိက္ခာရှိပါတယ်။ ဒါကြောင့် နိုင်ငံ့ရဲ့ဂုဏ်သိက္ခာကြောင့်မိုလို့ တစ်ဦးချင်း တစ်ဦးချင်းကလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါတယ်။ ကျွန်မတို့ ပညာရေးစနစ်ဟာ နိုင်ငံသူနိုင်ငံသားများ ကမ္ဘာ့အလည်မှာ တင့်တင့်တယ်တယ်နဲ့ “ပညာရဲရင့် ပွဲလယ်တင့်” ဆိုတဲ့ စိတ်ဓာတ်နဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင်လို့ ဖြည့်ဆည်းပေးတဲ့ ပညာရေး စနစ်ဖြစ်စေချင်ပါတယ်။ နည်းပညာတွေ သင်ပေးရုံနဲ့ ကမ္ဘာမှာ ခေတ်စားနေတဲ့ ဘာသာ ရပ်တွေမှာ တိုးတက်ရုံနဲ့ မပြီးသေးပါဘူး။ တစ်ချိန်တည်းမှာ မှန်ကန်တဲ့စိတ်ဓာတ်ကို လူငယ်တွေရဲ့ စိတ်ထဲကို သွင်းပေးလိုက်ဖို့လိုပါတယ်။ ကိုယ့်အရည်အချင်းတွေ ဘယ် လောက်ကောင်းကောင်း ဒီအရည်အချင်းကို မှန်မှန်ကန်ကန်မသုံးဘဲ မကောင်းတဲ့ကိစ္စ တွေအတွက်သုံးမယ်ဆိုရင် ကိုယ်လည်းနစ်နာမယ်။ ကိုယ့်ပတ်ဝန်းကျင်လည်း နစ်နာ တယ်။ နိုင်ငံလည်း နစ်နာပါတယ်။”

“ကိုယ့်ပတ်ဝန်းကျင်က မကောင်းရင်၊ ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ချမ်းသာမှုမရှိ ရင် ရေရှည်မှာ ကိုယ်ကိုတိုင်လည်း စိတ်ချမ်းသာမှု ရှိနိုင်မှာမဟုတ်ပါဘူး။ စိတ်ပြည့်ဝမှု ရှိနိုင်မှာမဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ လူငယ်တွေ တကယ်ဘက်စုံဖွံ့ဖြိုးတိုးတက်တယ် ဆိုတာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ငယ်ငယ်ကတည်းက မိဘနဲ့ ဆရာတွေက သင်ပေးရမှာပါ။ ကိုယ်တစ်ယောက်တည်း အတွက် လုပ်တာထက် နှစ်ယောက်အတွက်လုပ်တာက ပိုပြီးတော့ ကောင်းတယ်။ သုံးယောက်အတွက် လုပ်တာက ပိုပြီးတော့တောင် ကျေနပ်စရာကောင်းတယ်။ အများ အတွက်လုပ်တာ ဆိုရင်တော့ ကျေနပ်စရာအကောင်းဆုံးပဲဆိုပြီးတော့ ဒီလိုစိတ်တွေကို ငယ်ငယ် ကတည်းကနေပြီးတော့ သွင်းပေးရပါမယ်။ နောက် ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ကိုယ်က လေးစားဖို့၊ ချစ်ခင်ဖို့ ဒါတွေကိုလည်း ငယ်ငယ်ကတည်းက စိတ်ဓာတ်တွေကို လည်း သွင်းပေးရပါမယ်။ ဒါ ဆရာ၊ ဆရာမတွေ လုပ်ရုံနဲ့မပြီးပါဘူး။ မိဘတွေကပါ လုပ်ရပါ မယ်။”
“ကိုယ့်နိုင်ငံကို တန်ဖိုးထားတယ်ဆိုတာ အမှိုက်ပစ်တဲ့ အသေးအဖွဲလေးတွေက နေစပြီးတော့ ဆင်ခြင်ရပါမယ်။ မိဘတွေ၊ ဆရာတွေက သင်ပေးရမယ်။ ဒါပေမယ့် ဘယ်လောက်ပဲ သင်ပေးသင်ပေး သင်ယူတဲ့သူက သင်ယူမှရပါမယ်။ ဆရာတွေ၊ မိဘ တွေ ဘယ်လောက်တော်တော် သင်ယူတဲ့ကလေးတွေက သင်ယူချင်တဲ့ စိတ်ရှိအောင် လို့ စိတ်ဓာတ်သွင်းပေးဖို့ လိုပါတယ်။ ကိုယ့်ပစ္စည်းထက် အများပိုင်ပစ္စည်းကို လေးစားဖို့၊ တန်ဖိုးထားဖို့ စိတ်တွေသွင်းပေးရပါမယ်။ နိုင်ငံတော်ရဲ့ပစ္စည်းကို မလေးစားတာဟာ ကိုယ့်နိုင်ငံကို မလေးစားတာပါပဲ။ မှန်ကန်တဲ့ စိတ်ဓာတ်တွေကို လူငယ်တွေကို သင်ပေး မယ်၊ လူငယ်တွေကို အလေ့အကျင့်ဖြစ်သွားအောင် လုပ်ပေးမယ်ဆိုရင် ကျွန်မတို့ရဲ့ လူငယ်တွေဟာ ဘက်စုံဖွံ့ဖြိုးပြီလို့ ပြောလို့ရပါပြီ။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာတယ်၊ ချမ်းသာတယ်၊ ထွားကြိုင်းတယ်။ ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတယ်၊ တိုးတက်တယ်၊ ပညာရှာဖို့ အခွင့်အလမ်းရတယ်။ စိတ်ပိုင်းဆိုင်ရာဆိုရင် တစ်ချိန်လုံးပဲ အိမ်ကနေစပြီး ကျောင်းရောက်တဲ့အခါကြလို့ရှိရင် မှန်မှန်ကန်ကန်နဲ့ နိုင်ငံသူ နိုင်ငံသား ကောင်းတစ် ယောက် ဖြစ်နိုင်ဖို့အတွက် ပြုစုပျိုးထောင်လိုက်နိုင်မယ်ဆိုရင် ကျွန်မတို့ လူငယ်တွေ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီလို့ ပြောလို့ရပါတယ်။”

“နိုင်ငံသူနိုင်ငံသားကောင်း တစ်ယောက်ဖြစ်တယ်ဆိုတာ တကယ်တော့ ကမ္ဘာသူ ကမ္ဘာသားကောင်း တစ်ယောက်ဖြစ်သွားတာပါပဲ။ ကျွန်မတို့နိုင်ငံဟာ ကမ္ဘာကြီးထဲက တစ်နိုင်ငံဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေ၊ ပြည်သူတွေဟာ ကမ္ဘာကြီးမှာ နေထိုင်ကြတဲ့ ပုထုဇဉ် လူသားတွေထဲက အစုအဖွဲ့တစ်ခုဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကို ချစ်ချင်းအားဖြင့် ကိုယ့်ရဲ့အမြင်ဟာ ကျဉ်းသွားရမှာမဟုတ်ပါဘူး။ ငါ့နိုင်ငံမှ ငါ့နိုင်ငံ၊ ငါ့လူမျိုးမှ ငါ့လူမျိုး၊ ကျန်တဲ့သူ ဂရုမစိုက်ဘူးဆိုတဲ့ စိတ်ဆိုရင် ဒါကျဉ်းမြောင်းသွားတဲ့ စိတ်။ ကိုယ်ကကိုယ့်နိုင်ငံကို ချစ်သလို တခြားသူတွေလည်း သူတို့နိုင်ငံကို သူတို့ချစ်မှာ ပဲဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့လေးစားရမယ်။ နောက်ပြီး ကမ္ဘာသူကမ္ဘာသားများအားလုံး ညီညီညွတ်ညွတ်နဲ့ အေးအေးချမ်းချမ်း နေနိုင်ဖို့ကို ကျွန်မတို့ ဦးတည်ရပါမယ်။”

“တစ်ကမ္ဘာလုံးမှာ အေးအေးချမ်းချမ်းနဲ့ ချစ်ချစ်ခင်ခင် နေဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စလို့ စိတ်ထဲမှာ ဘယ်တော့မှမထားပါနဲ့၊ တကယ်ကြိုးစားမယ်ဆိုရင် မဖြစ်နိုင်ဘူး ဆိုတာဟာ ၁ဝဝ ရာခိုင်နှုန်း မဟုတ်ရင်တောင် ၉၉ ဒသမ ၉ ဆိုရင်တော့ မဆိုးပါဘူး။ အဲ့ဒီထိ ကျွန်မတို့ အောင်မြင်အောင်ကြိုးစားဖို့ စိတ်တွေခိုင်မာရပါမယ်။ ဒီလိုခိုင်မာတဲ့ စိတ်တွေ၊ ကြိုးစားချင်တဲ့စိတ်ဓာတ်တွေကို လူငယ်တွေကို သွင်းပေးဖို့လိုပါတယ်။ အခု ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ သိပ်များတဲ့ခေတ်ကြီးမှာဆိုရင် လောဘတွေကလည်း သိပ်ပြီးတော့ တက်လာပါတယ်။ လောဘ၊ ဒေါသ၊ မောဟမှာ လောဘအန္တရာယ်က အင်မတန်မှ ကြီးပါတယ်။ လောဘနောက်ကလည်း ဒေါသက လိုက်လာတတ်ပါတယ်။ ဒါတွေကို လူငယ်တွေ သတိထားကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ဖို့အတွက်၊ ဦးနှောက်ပိုင်းဆိုင်ရာ တိုးတက်ဖို့အတွက်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်ဖို့အတွက် အားလုံးဝိုင်းပြီး ကူညီလို့ရပါတယ်။ နောက်ဆုံး ကိုယ့်ဘာသာကိုယ်လုပ်မှ ရမှာဖြစ်ပါ တယ်။ ကျွန်မတို့ရဲ့ လူငယ်များဟာ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် ကိုယ့်ကို ကိုယ် လုပ်ယူပါ။ ကိုယ့်ကိုကိုယ်အားကိုးပါ။ နောက် ပူးပေါင်းဆောင်ရွက်စိတ်ရှိပါ။”

“နောက်တစ်ခုက ကျွန်မတို့နိုင်ငံ တင်မဟုတ်ဘူး ကမ္ဘာတစ်လွှားမှာ ခဏခဏ သင်တန်းတွေပေးပါတယ်။ အလုပ်ရုံဆွေးနွေးပွဲ၊ သင်တန်း၊ ဟောပြောပွဲ စတဲ့ သင်တန်း အမျိုးမျိုးပေးကြပါတယ်။ ဘာအကြောင်းလဲဆိုတော့ ခေါင်းဆောင်ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ အကြောင်း။ အဲ့တာကို ကျွန်မက အားမပေးချင်ဘူး။ ကျွန်မကတော့ ပူးပေါင်း ဆောင်ရွက်မှုစိတ်ဓာတ် မြှင့်တင်ပေးတဲ့ဟာကို အားပေးချင်တယ်။ အစုအဖွဲ့ တစ်ခု အနေနဲ့ အောင်မြင်အောင်လုပ်ခြင်းဟာ ပိုပြီးအရေးကြီးပါတယ်။ အားလုံးပူးပေါင်းဆောင် ရွက်ခြင်း၊ သူ့နေရာနဲ့သူ အားလုံးအရေးကြီးတာပဲ။ လူတိုင်း လူတိုင်းမှာ သူ့တန်ဖိုးနဲ့ သူရှိပါတယ်။ အဲ့ဒါကို နားလည်ပြီးတော့ ကျွန်မတို့ စုပေါင်းဆောင်ရွက်နိုင်တဲ့၊ ညီညီ ညွတ်ညွတ်နဲ့ လုပ်ကိုင်နိုင်တဲ့ စိတ်ဓာတ်တွေ၊ ဘယ်လိုလုပ်ရမလဲ။ ဘာကြောင့် ကျွန်မ တို့ စုပေါင်းပြီးတော့ ညီညီညွတ်ညွတ်နဲ့ လုပ်နိုင်တဲ့ အခြေအနေတွေဟာ အားနည်းနေ သလဲ။ ဒါတွေကို ကျွန်မတို့က ကြည့်ရမှာဖြစ်ပါတယ်။ ငါဘာလို့ ခေါင်းဆောင်မဖြစ်ရပါ လိမ့်ဆိုပြီး စဉ်းစားနေရမှာမဟုတ်ပါဘူး။ အဲ့ဒါတွေက အားပေးသင့်တဲ့ကိစ္စတွေ မဟုတ် ဘူးလို့ ကျွန်မယုံကြည်ပါတယ်။ ဒါကြောင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက် ချင်ရင် ပူးပေါင်းဆောင်ရွက်ပါ။ ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ ရလဒ်က ဘာလဲဆိုတော့ မိတ်ဆွေ ကောင်းတွေရခြင်းပဲ။ ပူးပေါင်းဆောင်ရွက်ပြီး အတူလုပ်ခဲ့တဲ့ မိတ်ဆွေများ၊ ရဲဘော် ရဲဘက်များရဲ့ တစ်ယောက်အပေါ် တစ်ယောက် ယုံကြည်မှု၊ ရင်းနှီးမှု၊ မေတ္တာ ထားမှု၊ ဂရုဏာထားမှုတွေဟာ ဘာနဲ့မှမတူပါဘူး။ ဒါကြောင့် လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက် မှုထဲမှာ မိတ်ဆွေကောင်းဖြစ်နိုင်ဖို့နဲ့ မိတ်ဆွေကောင်းရနိုင်ဖို့အတွက် အဲဒီလို အရည် အချင်းတွေကိုတော့ ပြုစုပျိုးထောင်ပါလို့ တိုက်တွန်းချင်ပါတယ်။ ကိုယ်က မိတ်ဆွေ ကောင်းရဖို့ ကိုယ်ကိုတိုင်က မိတ်ဆွေကောင်းတစ်ဦးရဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံမှ ဖြစ်မှာပါ။ ဒါကြောင့် ကျွန်မတို့ လူငယ်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးပွဲတော်လုပ်တဲ့ အခါမှာ ဘက်စုံဆိုတဲ့ စကားကို အလေးထားပြီး စဉ်းစားစေချင်ပါတယ်။ ဘက်စုံအောင် ဘာတွေ လိုအပ်တယ်။ ရုပ်ပိုင်းဆိုင်ရာ၊ ဦးနှောက်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးအရ ခင်မင်မှု မိတ်ဆွေပိုင်းဆိုင်ရာကိစ္စတွေ အားလုံးနဲ့ပြည့်စုံမယ်ဆိုရင် ကျွန်မတို့ရဲ့ လူငယ် များဟာ နိုင်ငံရဲ့အကျိုးတင်မကပါဘူး ကမ္ဘာပေါ်မှာနေတဲ့ လူသားများ၊ သတ္တဝါများ အားလုံးရဲ့ အကျိုးကိုထမ်းဆောင်နိုင်တဲ့ လူသားကောင်းတွေ ဖြစ်လာမှာပါ။ ပြီးပြည့်စုံ တဲ့လူသားကောင်းတွေ ဖြစ်လာမှာပါ။ ဒီလိုဖြစ်လာပြီဆိုရင် ကျွန်မတို့နိုင်ငံတိုးတက်မယ် ဆိုတာကိုတော့ အထူးတလည် ပြောစရာမလိုပါဘူး။ ကျွန်မတို့နိုင်ငံကနေပြီး ကမ္ဘာကြီး ပိုပြီး ချမ်းမြေ့ရေး၊ ငြိမ်းချမ်းရေး၊ တိုးတက်ရေးအတွက်လည်း အများကြီး အားတွေ ပေးနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။”ဟု ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဖွင့်ပွဲအခမ်းအနားသို့ တက် ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည် တော်များ၊ တက္ကသိုလ်/ကောလိပ်အသီးသီးမှ ကျောင်းသားကျောင်းသူများ၊ လူငယ်ဆိုင် ရာ အဖွဲ့အစည်းများမှ လူငယ်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပသည့် တက္ကသိုလ်/ကောလိပ်အသီးသီးမှ ထူးချွန်ကျောင်း သား ကျောင်းသူများအား ဆုချီးမြှင့်သည့် အခမ်းအနားသို့ တက်ရောက်သည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က China -Myanmar Innovation and Entrepreneurship Compettion 2018 ပြိုင်ပွဲ၌ ပထမဆုရရှိသည့် တောင်ကြီးကွန်ပျူတာတက္ကသိုလ်မှ မောင်တိုးတက်လင်း၊ မမျိုးဟေမန်ဦး၊ မောင်ပြည့်စုံ ကျော်၊ မန္တလေးနည်းပညာတက္ကသိုလ်မှ မောင်ဇော်မင်းမင်းထွန်းနှင့် မောင်မျိုးမောင် မောင်တို့အား ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တို့က Venture Well 2018 Openmint Showcase ပြိုင်ပွဲတွင် ပထမဆုရရှိသည့် နည်းပညာတက္ကသိုလ် ရတနာပုံဆိုက်ဘာစီးတီးမှ မောင်ထက်ဝေလင်း၊ မောင်ဟိန်းဒွေးစံ၊ မသီရိကိုကို၊ မဗန်လားရွတ်၊ မနှောင်းသက်ထားဝေ၊ Lancang – Mekong Youth Training Camp for Innovation and Enterpreneurship 2018 ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ရန်ကုန်တက္ကသိုလ်မှ မမေမြတ်န်ိုး(ရေချယ်)၊ မမေသူစိုးနှင့် မမေ မြတ်န်ိုး(Aurora)၊ China – Myanmar Contest of Innovation ပြိုင်ပွဲတွင် တတိယဆု ရရှိသည့် မန္တလေးကွန်ပျူတာတက္ကသိုလ်မှ မောင်သီဟနိုင်၊ မောင်ချမ်းငြိမ်းသော်နှင့် မောင်သာထက်စံ၊ China – Myanmar Innovation and Entrepreneurship Compettion 2018 ပြိုင်ပွဲတွင် တတိယဆုရရှိသည့် မန္တလေးကွန်ပျူတာတက္ကသိုလ်မှ မောင်စိုင်းဆိုင်းလျှန်း၊ မောင်စိုင်းညီညီထွန်းနှင့် မောင်ထက်အောင်ခန့်၊ China – Myanmar Innovation and Entrepreneurship Compettion 2018 ပြိုင်ပွဲတွင် တတိယဆု ရရှိသည့် နည်းပညာတက္ကသိုလ် ရတနာပုံဆိုက်ဘာစီးတီးမှ မောင်သက်ပိုင်မျိုး၊ မယဉ်မေအိနှင့် မဝတ်ရည်သန့်၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ချက်(စ်)ပြိုင်ပွဲတွင် တတိယဆုရရှိ သည့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ မောင်မျိုးဆန်းအောင်၊ Youth Innovation Compettion on Lancang – Mekong Region’s Governance and Development (YICMG) 2018 ပြိုင်ပွဲတွင် The Best Multi-National Team Award ရရှိသည့် ရန်ကုန်တက္ကသိုလ်မှ မမေမြတ်နိုး(ရေချယ်)၊ China – Myanmar Innovation and Entrepreneurship Compettion 2018 ပြိုင်ပွဲတွင် Excellent Team Prize ရရှိသည့် မန္တလေးတက္ကသိုလ်မှ မကျော့ကျော့ခင်၊ မအိမှူးခိုင်နှင့် မဆုမြတ်နိုး၊ ရန်ကုန်နည်းပညာ တက္ကသိုလ်မှ မောင်စည်သူဟန်နှင့် မောင်အောင်မင်းဟိန်း၊ China – Myanmar Innovation and Entrepreneurship Compettion 2018 ပြိုင်ပွဲတွင် Excellent Team Prize ရရှိသည့် တောင်ကြီးနည်းပညာတက္ကသိုလ်မှ မောင်မိုးကျော်ဇင်အောင်၊ မောင်နေလင်း နှင့် မောင်ပြည့်ဖြိုးဦး၊ Youth Innovation Compettion on Lancang – Mekong Region’s Governance and Development (YICMG) 2018 ပြိုင်ပွဲတွင် The Most Valuable Issue Award ရရှိသည့် ရန်ကုန်တက္ကသိုလ်မှ မမေမြတ်နိုး(ရေချယ်)၊ မမေသူစိုးနှင့် မမေမြတ်နိုး(Aurora)၊ The 4th ASEAN Foundation Model ASEAN Meeting 2018 တွင် Best Delegation Award ရရှိသည့် ရန်ကုန်နည်းပညာ တက္ကသိုလ်မှ မောင်ရှင်းသန့်ထွန်း၊ 59th International Mathematical Olympaid တွင် Honourable Mention ရရှိသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ကြသော မောင်ကျော်ထက်လင်းနှင့် မောင်ဝေယံမိုးလွင်တို့ကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မန္တလေး)ကို ဩဂုတ် ၁၃ ရက်အထိကျင်းပမည် ဖြစ်ပြီး ပွဲတော်တွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများ၊ မြန်မာကျပန်းစကားပြောနှင့် ကဗျာ ရွတ်ပြိုင်ပွဲများ၊ အနုပညာဆိုင်ရာလှုပ်ရှားမှုများ၊ လူငယ်ဆိုင်ရာဆွေးနွေးပွဲများ၊ စာအုပ် ဈေးရောင်းပွဲတော်၊ အပန်းဖြေအားကစားပြိုင်ပွဲများ၊ ပြဇာတ်ဖျော်ဖြေကပြပွဲများ၊ အလုပ် အကိုင်အခွင့်အလမ်းနှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာပြခန်းများ၊ လူငယ်နှင့် ကျန်းမာရေး ဆိုင်ရာ အသိပညာပေးပြခန်း၊ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့် ရှောက်ရေးလှုပ်ရှားမှုအစီအစဉ်များ၊ ကျန်းမာရေး၊ အမျိုးသမီးငယ်များ အကြမ်းဖက်မှု ကင်းဝေးရေး၊ မသန်စွမ်းအမျိုးသမီးငယ်များ၏ လက်ရှိအခြေအနေတို့နှင့်စပ်လျဉ်းသည့် အသိပညာပေး ဆွေးနွေးပွဲများ၊ မြန်မာ့အသံခေတ်ပေါ်တီးဝိုင်းနှင့် နိုင်ငံကျော် အဆို တော်များ၏ ဖျော်ဖြေရေးအစီအစဉ်များကို စည်ကားသိုက်မြိုက်စွာဖြင့် ထည့်သွင်း ကျင်းပလျက်ရှိကြောင်း သိရသည်။

(Unicode Version)

Show More

Related Articles

Leave a Reply

Your email address will not be published.

Back to top button
Close