Speech

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ၂၀၁၈ ခုႏွစ္၊ ပညာေရးဖြံ႔ၿဖိဳးတိုးတက္မႈ အေကာင္အထည္ေဖာ္ေရးႏွီးေႏွာ ဖလွယ္ပြဲတြင္ ေျပာၾကားခဲ့သည့္ မိန္႔ခြန္း

ေနျပည္ေတာ္ ၾသဂုတ္ ၂၄

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ယေန႔ နံနက္ပိုင္းက ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာ ကြန္ဗင္းရွင္းဗဟိုဌာန(၂)(MICC-2) ၌ က်င္းပ သည့္ ၂၀၁၈ ခုႏွစ္၊ ပညာေရးဖြံ႔ၿဖိဳးတိုးတက္မႈ အေကာင္အထည္ေဖာ္ေရးႏွီးေႏွာ ဖလွယ္ပြဲ သို႔ တက္ေရာက္ အမွာစကားေျပာၾကားသည္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကားခဲ့သည့္ မိန္႔ခြန္း အျပည့္အစံုမွာ ေအာက္ပါအတိုင္းျဖစ္ပါသည္ –

“ဒီေန႔ ေဆြးေႏြးမယ့္ကိစၥေတြက ကြ်န္မတို႔ႏိုင္ငံအတြက္ အင္မတန္မွ အေရးႀကီး တယ္ဆိုတာ ထူးထူးေထြေထြေျပာဖို႔ မလိုဘူး ထင္ပါတယ္။ အဆင့္ျမင့္ပညာ က႑ ဆိုေပမယ့္ ကြ်န္မတို႔ အခက္အခဲရွိတာက ဘာလဲဆိုေတာ့ မူလတန္းကေန ပညာဆိုတာ စရတာျဖစ္ပါတယ္။ ႏွစ္ေပါင္းမ်ားစြာ မူလတန္းကတည္းက ပညာေရးစနစ္ အားနည္းတဲ့ အခါက်ေတာ့ အဆင့္ျမင့္ေရာက္ေတာ့မွ ကြ်န္မတို႔ရဲ႕လူငယ္ေတြကို အဆင့္ျမင္ေအာင္ လုပ္ေပးဖို႔ဆိုတာပိုၿပီးေတာ့ ခက္ခဲပါတယ္။ ဒါေၾကာင့္ အဆင့္ျမင့္က႑မွာ ရုန္းကန္ ရတဲ့ဆရာဆရာမမ်ား ပညာေရး၀န္ႀကီးဌာနအပါအ၀င္ အခက္အခဲေတြရွိတယ္ဆိုရင္ ကြ်န္မတို႔ရဲ႕ ေက်ာင္းသူေက်ာင္းသားေတြ အတြက္လည္း အခက္အခဲရွိပါတယ္။ အေျခခံက မေကာင္းခဲ့ေတာ့ မေကာင္းခဲ့တဲ့အေျခခံကို ေက်ာ္လႊားၿပီးေတာ့ ဘယ္လိုလုပ္ၿပီး ေကာင္းတဲ့ နိဂံုးကို ေရာက္မလဲ ဆိုတာကို စဥ္းစားဖို႔ပဲျဖစ္ပါတယ္။ အဆင့္ျမင့္ပညာက႑မွာပါ၀င္ေနတဲ့ ပုဂၢိဳလ္မ်ားအားလံုးရဲ႕တာ၀န္ဟာ အင္မတန္မွ ႀကီးပါတယ္။

“ပညာေရးေအာင္ျမင္ဖို႔ဆိုရင္ ေအာင္ျမင္မယ္ဆိုတဲ့ယံုၾကည္ခ်က္က ရွိရမယ္။ ကြ်န္မတို႔ လူငယ္ေတြစိတ္ထဲမွာရွိရမယ္။ လူငယ္ေတြထဲမွာ ယံုၾကည္ခ်က္ရွိဖို႔ဆိုတာဟာ သြန္သင္္ဆံုးမတဲ့ မိဘမ်ားနဲ႔ ဆရာဆရာမမ်ားဟာလည္း ဒီယံုၾကည္ခ်က္ရွိရမယ္။ ေအာင္ႏုိင္ ႏိုင္တဲ့ လူငယ္ေတြျဖစ္လို႔ ေအာင္ႏိုင္မယ္ဆိုတဲ့ ယံုၾကည္ခ်က္ရွိဖို႔လိုပါတယ္။

“လူ႔အသိုင္းအ၀ိုင္းတစ္ခုတိုးတက္ဖို႔အတြက္ ဘယ္လိုပညာေတြလိုသလဲဆိုတာ ကြ်န္မတို႔ စဥ္းစားဖို႔အမ်ားႀကီးလိုပါတယ္။ ကိုယ့္ႏုိင္ငံရဲ႕အားနည္းခ်က္ေတြကို ျပန္ၾကည့္ ရ မယ္။ ေနာက္ၿပီး ကိုယ့္ႏိုင္ငံရဲ႕ အားသန္ခ်က္ေတြကိုလည္း ၾကည့္ရမယ္။ ပညာေရးနဲ႔ ပတ္သက္လို႔ ကြ်န္မတုိ႔ ႏုိင္ငံရဲ႕ အားသာခ်က္၊ ကြ်န္မတုိ႔ယဥ္ေက်းမႈရဲ႕အားသာခ်က္ ဆိုတာ သမိုင္းအစေလာက္ကတည္းက ကြ်န္မတုိ႔ရဲ႕ လူမႈအသိုင္းအ၀ိုင္းမွာ ပညာကို အင္မတန္မွ တန္ဖိုးထားခဲ့ပါတယ္။ ပညာရဲရင့္ ပြဲလယ္တင့္ စသျဖင့္ ပညာကို ကြ်န္မတို႔ အထူး တန္ဖိုးထားတယ္။ ပညာဆိုတာဟာ အတန္းထဲမွာသင္တဲ့ပညာတင္မဟုတ္ပါဘူး ဆိုတာ လည္း ကြ်န္မတုိ႔အားလံုးနားလည္ဖို႔လိုတယ္။ ကြ်န္မတို႔ ကေလးေတြနားလည္ဖို႔လည္း လိုပါ တယ္။

“ အခုလက္ရွိ ကြ်န္မတုိ႔ႏိုင္ငံရဲ႕အေျခအေနက မူလတန္း၊ အလယ္တန္း၊ အထက္ တန္း ေက်ာင္းမွာ ျပည့္ျပည့္၀၀ ပညာကိုအဆင့္မီမီ မသင္ခဲ့ရတဲ့ကေလးေတြကို တကၠသိုလ္ ေရာက္တဲ့အခါ ဘယ္လိုအဆင့္မီသြားေအာင္ လုပ္မလဲဆိုေတာ့ ဒါဟာ ကြ်န္မတို႔ ႏုိင္ငံအတြက္ အႀကီးမားဆံုးစိန္ေခၚမႈႀကီးပါပဲ။ အခုေခတ္မွာ ေခတ္စားေနတဲ့ စကားလံုး ျဖစ္တဲ့ ေက်ာ္လႊားၿပီးသြားႏိုင္တဲ့နည္းေတြကို ရွာရမယ္ဆိုၿပီး ေတာ့ေျပာၾကတယ္။ ကြ်န္မ တခါတေလစဥ္းစားတယ္၊ အေရွ႕မွာရွိတဲ့ ခလုတ္ကန္သင္းကုိ ခုန္ၿပီးေတာ့ ေက်ာ္လႊား သြားတယ္ဆိုတာက တျခားသူေတြသြားခဲ့တဲ့ လမ္းပံုစံအတိုင္းပဲ သြားေနတယ္္ဆိုတဲ့ အထင္ေတြအေပၚမွာမ်ား အေျခခံေနလားဆိုၿပီးေတာ့ စဥ္းစားမိပါတယ္။ ဒါေၾကာင့္ ကြ်န္မတုိ႔က ဒီလို ခုန္ပ်ံေက်ာ္လႊားတာထက္ ကိုယ့္လမ္းကို၊ ကိုယ့္ရဲ႕ သင့္ေတာ္တဲ့လမ္းကို ရွာၿပီး၊ ဒီလမ္းကို ေဖာက္ၿပီးေတာ့၊ ျပဳျပင္ၿပီးေတာ့ သြားဖို႔ မေကာင္းဘူးလားဆိုတာ ကြ်န္မတုိ႔ စဥ္းစားဖို႔ ကိစၥျဖစ္ပါတယ္။ အဲဒီလို လုပ္တဲ့အခါ တျခား ႏုိင္ငံေတြရဲ႕ အေတြ႕အႀကံဳေတြ၊ ေအာင္ျမင္မႈေတြနဲ႔ ရႈံးနိမ့္မႈေတြကို ၾကည့္ၿပီး သင္ခန္းစာယူႏုိင္ပါတယ္။ သင္ခန္းစာယူတာနဲ႔ အတုခုိးတာမတူပါဘူး။ သင္ခန္းစာယူ တယ္ ဆိုတာ သူမ်ားေတြရဲ႕ အျဖစ္အပ်က္ေတြကို ၾကည့္ၿပီးေတာ့ ဒီအျဖစ္အပ်က္ေတြအေပၚမွာ အေျခခံၿပီး ကိုယ့္အေျခအေနကို အေကာင္းဆံုးဘယ္လို ျဖစ္ေအာင္လုပ္မလဲဆိုတာ ဒါသင္ခန္းစာ ယူတာပါ။

အတုခိုးတယ္ဆိုတာ တစ္ခါတစ္ေလ ကိုယ္ရဲ႕အေျခအေနနဲ႔ သင့္ေတာ္သလား၊ မသင့္ေတာ္သလား မစဥ္းစားဘဲနဲ႔ သူတို႔ဒီလိုလုပ္လို႔ သူတုိ႔ႏုိင္ငံခ်မ္းသာတာ၊ တို႔လည္း ဒီလိုလုပ္မယ္ဆိုတာ အဲဒါမျဖစ္ႏိုင္ပါဘူး။ တစ္ႏုိင္ငံနဲ႔တစ္ႏုိင္ငံ အေျခအေန မတူပါဘူး။ တစ္ႏုိင္ငံတိုးတက္တဲ့ အခ်ိန္ကာလနဲ႔ ေနာက္တစ္ႏိုင္ငံတိုးတက္တဲ့အခ်ိန္ကာလဟာ မတူပါဘူး။ ကြ်န္မတို႔ ႏုိင္ငံတုိးတက္ဖို႔ စိုင္းျပင္းေနတဲ့အခ်ိန္ကာလဟာ ကြ်န္မတို႔ ေဒသအတြင္းက ၁၉၈၀ ေက်ာ္ႏွစ္ေတြမွာ တိုးတက္ခဲ့တဲ့ ၊ေအာင္ျမင္ခဲ့တဲ့ႏိုင္ငံေတြ ရင္ဆိုင္ရတဲ့ ျပႆနာေတြနဲ႔ မတူပါဘူး။ ဒါေၾကာင့္ ကြ်န္မတုိ႔ဟာ ကိုယ့္ႏုိင္ငံနဲ႔ ကိုက္ညီတဲ့ ပညာ ေရးဖြံ႕ၿဖိဳးတိုးတက္မႈကို ဦးတည္ဖုိ႔ဟာ အင္မတန္မွအေရးႀကီးပါတယ္။

“အခုဆိုရင္ ကြ်န္မတို႔ေတြ႕ရတာက ေက်ာင္းမွာရွိတဲ့ ကေလးေတြ၊ မူလတန္းေက်ာင္း ကေလးေတြနဲ႔ အလယ္တန္းေက်ာင္းကေလးေတြရဲ႕ စိတ္ထားအင္မတန္မွ အားတက္စရာ ရွိပါတယ္။ သူတို႔ကိုယ္သူတုိ႔ ယံုၾကည္မႈရွိတယ္။ သူတုိ႔ သင္ခ်င္တဲ့စိတ္ရွိတယ္။ သြက္လက္ တယ္၊ ျဖတ္လတ္တယ္၊ ထက္ျမက္တယ္။ အထက္တန္းက်ေတာ့ ဘယ္လိုရွိသလဲဆိုတာ ဆရာ၊ဆရာမေတြပိုၿပီးေတာ့ သိမွာပါ။ တကၠသိုလ္ေရာက္တဲ့အခါ ဘယ္လိုရွိသလဲ။ သင္ယူခ်င္တဲ့ စိတ္ေတြရွိရဲ႕လားဆိုတာ အေရးႀကီးဆံုးပါပဲ။ လူေတြက ေကာင္းတယ္ ဆိုးတယ္ ထက္တယ္၊ တံုးတယ္ ကြ်န္မခြဲျခားၿပီးမျမင္ပါဘူး။ သင္လို႔ရတဲ့ ပုဂၢိဳလ္နဲ႔ သင္လို႔မရတဲ့ ပုဂၢိဳလ္ေတြဆိုတာ အသက္အရြယ္နဲ႔လည္းမဆိုင္ပါဘူး။ အခ်ိဳ႕ေတြ က အသက္ ၉၀ ေက်ာ္ေပမယ့္ သင္လို႔ရပါေသးတယ္။ အခ်ိဳ႕ေတြက ငယ္္ငယ္ေလးနဲ႔ သင္လို႔မရပါဘူး။ သင္လို႔ရတဲ့ စိတ္နဲ႔ သင္လို႔မရတဲ့ စိတ္ၾကားမွာ ဘာကြာျခားသလဲဆိုေတာ့ ကိုယ့္ပတ္၀န္းက်င္ရဲ႕ လႊမ္းမိုးမႈက အင္မတန္မွ အေရးပါတယ္။ ငယ္ငယ္ကတည္းက သင္ခ်င္တဲ့စိတ္ကို ျပဳစုပ်ိဳးေထာင္ျခင္းခံရတဲ့ကေလးေတြဟာ အသစ္လည္း သင္ခ်င္တဲ့ စိတ္ေတြရွိလာတယ္။ ငယ္ငယ္ကတည္းက သင္ခ်င္တဲ့စိတ္ကို အားေပးတာမဟုတ္ဘဲနဲ႔ စူးစမ္းခ်င္တာ၊ ေမးျမန္းခ်င္တာ သိခ်င္တာေတြကို စပ္စုရေကာင္းလား အပိုေတြေမးရ ေကာင္းလားဆိုၿပီးေတာ့ အဲဒီလုိ တုန္ျပန္မႈေတြနဲ႔ ႀကံဳခဲ့ရတဲ့ ကေလးေတြဟာ ခပ္ျမန္ျမန္ သိခ်င္တတ္ခ်င္ ထိုးေဖာက္ခ်င္တဲ့စိတ္ေတြ တံုးသြားတယ္။ ဒါေၾကာင့္ ကြ်န္မတို႔ရဲ႕ အဆင့္ ျမင့္ပညာေရးတိုးတက္ဖို႔ဆိုရင္ သင္ခ်င္တဲ့စိတ္ေတြကို အားေပးေစခ်င္ပါတယ္။

“ေနာက္ၿပီး ႐ံႈးနိမ့္ဖို႔ကို မေၾကာက္ပါနဲ႔။ ရံႈးနိမ့္တယ္္ဆိုတာ ကြ်န္မတို႔ႏုိင္ငံမွာ ဘယ္လို ျဖစ္ေနလဲဆိုေတာ့ အထူးသျဖင့္ စာေမးပြဲ စနစ္ေၾကာင့္မို႔ ရံႈးနိမ့္တယ္ဆိုတာ သူမ်ားနဲ႔ ယွဥ္ၿပီး ကိုယ့္ကိုျမင္ၾကတဲ့ဟာမ်ိဳး၊ သူထက္ အမွတ္နည္းလို႔ရွိရင္ ကိုယ္ကရံႈးတယ္၊ သူကႏိုင္တယ္ေပါ့။ ဒီလိုမဟုတ္ဘဲနဲ႔ ကိုယ့္ ရဲ႕အရည္အခ်င္းနဲ႔ပဲ ကိုယ္ျပန္ၿပိဳင္ပါဆိုတာ ကြ်န္မ ခဏခဏေျပာပါတယ္။ ကိုယ့္မွာရွိတဲ့ အရည္အခ်င္း၊ ကိုယ္ထုတ္ႏိုင္တဲ့စြမ္းရည္ အဲဒါေတြနဲ႔ပဲ ကိုယ္ျပန္ၿပိဳင္ပါ။ ကိုယ့္မွာရွိသေလာက္အရည္အခ်င္းေတြကို အျပည့္အ၀ သံုးၾကပါ။ ကိုယ့္ကိုယ္ကိုယ္အေတာ္ဆံုးျဖစ္ ေအာင္လုပ္ၾကပါ။ ကိုယ္နဲ႔ပဲကိုယ္ၿပိဳင္တာဟာ အေကာင္းဆံုးပါပဲ။ ေဘးကလူေတြနဲ႔ၿပိဳင္ေန တာဟာ ကိုယ္ရဲ႕အရည္အခ်င္းေတြကိုလည္း ေမ့တတ္တယ္။ ေဘးကလူေတြကိုပဲၾကည့္ၿပီး သူဘယ္လိုျဖစ္လို႔ရွိရင္ တို႔လည္းဒီလုိျဖစ္ ရမယ္။ သူဒီေလာက္ရရင္ တုိ႔လည္းဒီလိုရရမယ္။ အဲ့ဒီလို စိတ္ေတြကို အားမေပးပါနဲ႔။ အဲဒီလိုဟာက တစ္ေယာက္နဲ႔တစ္ေယာက္ မနာလိုတဲ့ စိတ္ေတြကို အားေပးရာေရာက္ပါ တယ္။ ဒါဟာ လူအသိုင္းအ၀ိုင္းတစ္ခုအတြက္ အားနည္း ခ်က္တစ္ခုပါပဲ။ တစ္ဦးနဲ႔တစ္ဦး မနာလိုတဲ့စိတ္ေတြ ရွိေနရင္ တစ္ေယာက္ရဲ႕ ေအာင္ျမင္ မႈေတြကို မုဒိတာမပြားႏုိင္ရင္ လူ႔အသိုင္းအ၀ိုင္းအေပၚမွာ သက္ေရာက္မႈေတြအမ်ားႀကီး ရွိပါတယ္။

“ အဆင့္ျမင့္ပညာနဲ႔ပတ္သက္ၿပီး ပညာေရးနဲ႔ပတ္သက္ၿပီး လူႀကီးလူငယ္ မခြဲျခားဘဲ ျမင္ေစခ်င္ပါတယ္။ တကၠသိုလ္ေက်ာင္းတက္ေနမွလည္း မဟုတ္ဘူး။ အဆင့္ျမင့္ပညာ ဆိုတာ ဆည္းပူးလို႔ကုန္ႏိုင္တဲ့ပညာမ်ိဳး မဟုတ္ဘူးဆိုတာ သတိေပးခ်င္ပါတယ္။ ကြ်န္မတို႔ ႏိုင္ငံမွာ ဘယ္ဘက္မွာ စြမ္းအားေတြ လိုေနသလဲဆိုေတာ့ အဓိကလိုေနတဲ့ ေနရာတစ္ခု ကေတာ့ အမွန္ေျပာရရင္နိုင္ငံ့၀န္ထမ္း ေတြပါပဲ။ ႏိုင္ငံ့၀န္ထမ္းေတြဆိုတာ ႏွစ္ေပါင္းမ်ားစြာ အရင္တုန္းက ပညာေရးစနစ္ကေန ျဖတ္ေက်ာ္ခဲ့ၿပီးေတာ့ အခု နုိင္ငံ့တာ၀န္ေတြကို ထမ္းေဆာင္ေနတဲ့အဆင့္ကိုေရာက္လာၿပီ။ ႏိုင္ငံ့တာ၀န္ေတြကို ထမ္းေဆာင္ေနတဲ့အဆင့္ ကို ေရာက္တဲ့အခါ ၿပီးျပည့္စံုမႈရွိရဲ႕လားဆိုတာ ကိုယ့္ကိုယ္ကိုယ္ ျပန္ၿပီးသံုးသပ္တဲ့၀န္ထမ္း ေတြလည္း ရွိလာလိမ့္မယ္လို႔ ကြ်န္မ ေမွ်ာ္လင့္ပါတယ္။ အဲဒီလို သံုးသပ္ဖုိ႔ဟာလည္း အင္မတန္မွ အေရးႀကီးပါတယ္။ အဲဒီလို သံုးသပ္မွလည္း ကိုယ့္ကိုယ္ကိုယ္ ဆက္ၿပီး ျပဳျပင္ႏိုင္မွာပါ။ အဆင့္ျမင့္ပညာေရးစနစ္ဆိုတာဟာ ေက်ာင္းမွာေနတဲ့ ေက်ာင္းသားေတြ သာမဟုတ္ တကၠသိုိလ္ေတြမွရွိေနတဲ႔ ေက်ာင္းသူ ေက်ာင္းသားေတြသာမဟုတ္၊ ႏိုင္ငံမွာ ရွိေနတဲ့ ျပည္သူအားလံုးကို ဦးတည္ၿပီးေတာ့ စဥ္းစားၿပီးေတာ့ အေကာင္အထည္ေဖာ္ ေပးေစခ်င္ပါတယ္။

“ အခု ပညာေရးစနစ္နဲ႔ပတ္သက္ၿပီး ပိုၿပီးေတာ့ သံုးစြဲလာတာေတြရွိပါတယ္။ ပိုၿပီးသံုးစြဲ လာတာထက္ မွန္မွန္ကန္ကန္သံုးစြဲတာက ပိုၿပီးအေရးႀကီးပါတယ္။ ရွိတဲ့ ပိုက္ဆံကို ကြ်န္မတို႔ ႏုိင္ငံအတြက္ အေကာင္းဆံုးျဖစ္ေအာင္ ဘယ္လိုသံုးစြဲရမလဲ ဆိုတာ စဥ္းစားဖို႔ ဟာ အင္မတန္အေရးႀကီးပါတယ္။ အေျခခံေကာင္းမွ၊ အစေကာင္းမွ အေႏွာင္း ေသခ်ာမယ္ဆိုတာ အေျခခံေကာင္းဖို႔လို႔ပါတယ္။ ကြ်န္မတို႔ရဲ႕ ပညာေရးစနစ္အရ ကြ်န္မ တုိ႔ရဲ႕ စံႏႈန္းစံထားေတြအရဆိုရင္ တကၠသိုလ္ဆရာ၊ဆရာမေတြကို မူလတန္းဆရာ ဆရာမ ေတြထက္ အမ်ားႀကီးအထင္ႀကီးၾကတယ္။ ဒီဟာလည္း မွန္တယ္္လို႔ မယူဆပါဘူး။ မူလတန္းေက်ာင္းမွာ ေတာ္တဲ့ဆရာဆရာမေတြဟာ ကေလးေတြရဲ႕ အနာဂတ္ကို ေကာင္း ေကာင္းခိုင္ခိုင္မာမာ အုတ္ျမစ္ခ်ေပးလိုက္တဲ့ ပုဂၢိဳလ္ေတြပဲျဖစ္ပါတယ္။ ဒီ အုတ္ျမစ္အေပၚ မွာ ဆက္ၿပီးေတာ့ မူလတန္းေက်ာင္း၊ အထက္တန္းေက်ာင္း တကၠသိုလ္ကေနၿပီးေတာ့ အေဆာက္အအံုမ်ိဳးေတြကို ေဆာက္ေပးရတာပါ။ အဆင့္ျမင့္ပညာက႑မွာပါ၀င္ေနတဲ့ ပညာေရး၀န္ထမ္း မ်ား၊ ပညာေရးနဲ႔ ပတ္သက္လို႔ စိတ္၀င္စားၾကတဲ့ျပည္သူျပည္သားေတြ ဟာ မူလတန္းနဲ႔အဆင့္ျမင့္ကို ခြဲျခားၿပီးမျမင္ေစခ်င္ပါဘူး။ တစ္ဆက္တည္းအျဖစ္ ျမင္ေစ ခ်င္ပါတယ္။ တစ္ဆင့္ၿပီးတစ္ဆင့္ တက္သြားတဲ့ ျဖစ္စဥ္တစ္ခုအေနနဲ႔ ျမင္ေစခ်င္ပါတယ္။

“ပြင့္ပြင့္လင္းလင္းေျပာရရင္ ဆရာ၊ ဆရာမေတြ ကိုယ္တိုင္ကိုယ္က အားနည္းတဲ့ ပညာေရးစနစ္ကေန ေပါက္ဖြားလာခဲ့ၾကတာ မ်ားပါတယ္။ ဒါေပမယ့္ ေနာက္မက်ေသးပါ ဘူး။ ကိုယ္အရည္အခ်င္းေတြကို ျမႇင့္တင္ႏိုင္ခြင့္ဆိုတာတစ္ခ်ိန္လံုးရွိေနပါတယ္။ အဲဒီေတာ့ ေလ့လာၾကပါ၊ ျမႇင့္တင္ဖို႔ႀကိဳးစားၾကပါ။ ကိုယ့္အရည္အခ်င္းကို ျမႇင့္တင္ျခင္းအားျဖင့္ ကိုယ့္ ႏုိင္ငံရဲ႕အရည္အခ်င္းကို ျမႇင့္တင္ေပးတယ္ ဆိုတဲ့စိတ္နဲ႔ ဂုဏ္ယူၾကပါ။ ဒါကို အင္မတန္ အားေပးခ်င္ပါတယ္။ ေနာက္ဆံုးက်ေတာ့ စိတ္ဓာတ္ပါပဲ။ ကြ်န္မတုိ႔ ဆရာဆရာမေတြရဲ႕ စိတ္ဓာတ္၊ ေက်ာင္းသူေက်ာင္းသားေတြရဲ႕ စိတ္ဓာတ္က မွန္ကန္တယ္ဆိုရင္ ေအာင္ျမင္မွာ ေသခ်ာပါတယ္။ ေအာင္ျမင္တယ္ဆိုတဲ့ ယံုၾကည္ခ်က္ လည္းရွိေစခ်င္ပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ညွိႏႈိင္းတိုင္ပင္ၿပီး သင္ယူသြားမယ္ဆိုရင္ မလြဲမေသြ ေအာင္ျမင္ မွာပါ။ ကူညီမယ့္ မိတ္ေဆြေတြ ကမၻာတစ္၀န္းမွာရွိပါတယ္။ ေနာက္ဆံုးေတာ့ မိမိ ကိုယ္သာ ကိုးကြယ္ရာျဖစ္ပါတယ္။ ကို္ယ့္ကိုယ္ကို္ယ္ ကူညီတာေလာက္ ျပင္ပက ကူညီတာဟာ ဘာမွမထိေရာက္ႏုိင္ပါဘူး။ အဲဒါေၾကာင့္ တစ္ကမၻာလံုးနဲ႔လက္တြဲၿပီးလုပ္တဲ့အခါ မိတ္ေဆြ သဖြယ္၊ လုပ္ေဖာ္ကိုင္ဖက္ ေတြသဖြယ္ ညီညီညာညာ ခင္ခင္မင္မင္နဲ႔လုပ္သြားတယ္ဆိုရင္ ေနာက္္ဆံုးၾကေတာ့ ကိုယ့္ကိုယ္ကိုယ္ပဲ အားကိုးရမွာျဖစ္ပါတယ္။

“အဆင့္ျမင့္ပညာမွာ အေရးႀကီးတာက သုေတသနပါပဲ။ သုုေတသနလုပ္တယ္ ဆိုတာဟာ သုေတသနလုပ္တယ္ဆိုတဲ့ အဓိပၸာယ္ကေတာ့ အသစ္အဆန္း လမ္းေတြ ဖြင့္ေပးဖို႔ ပဲျဖစ္ပါတယ္။ သုေတသနဆိုတာ အဆံုးမဟုတ္ပါဘူး။ အသစ္အဆန္းေတြ အတြက္ အစပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကြ်န္မတိို႔ႏုိင္ငံမွာ သုေတသနကို အားေပးဖို႔ဆိုၿပီး ပညာေရးမူ၀ါဒ ထဲမွာထည့္ထားပါတယ္။ ႏွစ္ေပါင္းမ်ားစြာ သုေတသနကို လစ္လွ်ဴရႈခဲ့တဲ့ အခါ ျပည္သူျပည္ သားေတြရဲ႕ ေမြးရာပါ ထြင္ဥာဏ္ေတြက တံုးသြားပါတယ္။ ဒါေၾကာင့္ သုေတသနကို ဦးစားေပးခ်င္တယ္။ အဲဒီလိုဦးစားေပးတဲ့အခါ ကြ်န္မတို႔ႏုိင္ငံနဲ႔ ကိုက္ညီတဲ့ ဘာသာရပ္ေတြနဲ႔႔ ကိုက္ညီတဲ့ ကိစၥရပ္ေတြကို အထူးအေလးေပးၿပီး သုေတသနလုပ္ေပး ေစခ်င္ပါတယ္။ ဒါမွလည္း ကြ်န္မတို႔ လက္ေတြ႕က်က်တိုးတက္မယ္။ ကိုယ့္ႏိုင္ငံရဲ႕ အေျခအေနကို တိုးတက္ေအာင္လုပ္ေပးႏိုင္မယ္။ ကမၻာနဲ႔ ရင္ေပါင္တန္းၿပီး ကြ်န္မတို႔ ပညာေရးေလာကႀကီးမွာ ထြန္းေပါက္ႏိုင္မွာ ျဖစ္ပါတယ္။ သုေတသနလုပ္တယ္ဆိုတာ သုေတသနလုပ္ဖို႔အတြက္ အေထာက္ အကူပစၥည္းေတြအမ်ားႀကီးလိုတယ္ဆိုတာ ထူးထူး ေထြေထြေျပာဖို႔မလိုပါဘူး။ ဒီအခ်ိန္မွာ ဒီကိစၥမွာ ပုဂၢလိကစီးပြားေရးပိုင္းကလည္း ပါ၀င္ ပတ္သက္ႏိုင္တယ္ဆိုတာ သတိေပးခ်င္ပါတယ္။ ဖြံ႕ၿဖိဳးတိုးတက္တဲ့နိုင္ငံေတြမွာဆိုရင္ သုေတသနနဲ႔ပတ္သက္ၿပီး စီးပြားေရးလုပ္ငန္းရွင္ႀကီးေတြက ပံ့ပိုးတာေတြ အမ်ားႀကီး ရွိပါတယ္။ ဒီလိုပဲပံံ့ပိုးမႈေတြ ရေအာင္လုပ္ရမယ္။ ကြ်န္မတို႔ ႏိုင္ငံအနာဂတ္အတြက္ ရုန္းကန္တဲ့အေလ့အက်င့္ကို အုတ္ျမစ္ခ်ေပးရမယ္။ ဒါလည္း အဆင့္ျမင့္ပညာအတြက္ အေရးႀကီးတဲ့ကိစၥရပ္တစ္ခုျဖစ္တယ္။ သုေတသန နဲ႔ပတ္သက္ၿပီးေျပာရရင္ စာၾကည့္တိုက္ ေတြအေၾကာင္း ေျပာရမွာျဖစ္တယ္။

“ကြ်န္မတို႔ႏုိင္ငံမွာ စာၾကည့္တုိက္ေတြ ေခါင္းပါးေနတဲ့ ေခတ္ႀကီးကေန အခုမွစၿပီး ထြက္လာတာပါ။ စာၾကည့္တုိက္ေတြ ေခါင္းပါးတယ္။ စာအုပ္ဆိုင္ေတြ ေခါင္းပါးတယ္။ ကြ်န္မတုိ႔ ျပည္သူျပည္သားေတြဟာ ထံုးတမ္းအစဥ္အလာအရ ကြ်န္မတုိ႔ ယဥ္ေက်းမႈအရ စာေပအင္မတန္ျမတ္ႏိုးပါတယ္။ ကြ်န္မတို႔ရဲ႕ ယဥ္ေက်းမႈထဲမွာကို လမ္းေဘးစာအုပ္ဆိုင္ ေတြသြားၿပီး ေလ့လာတာ ဟာ အင္မတန္မွ အေရးႀကီးတဲ့ စိတ္အပန္းေျဖစရာ အလုပ္ တစ္ခုလိုျဖစ္ေနပါတယ္။ အခုေနာက္ပိုင္း ဒါေတြဟာ တစ္ျဖည္းျဖည္းတိမ္ေကာသြားတယ္။ စာအုပ္ဆုိင္ေတြ ရွိသင့္သေလာက္မရွိဘူး။ ႏိုင္ငံျခားခရီးထြက္ရင္ ႏုိင္ငံတစ္ႏုိင္ငံရဲ႕ တိုးတက္မႈကို ကြ်န္မသိထား တဲ့ အခ်က္အလက္ေတြနဲ႔ ယွဥ္ၿပီးေတာ့ သိပ္မၾကည့္ဘူး။ အဲဒီႏိုင္ငံမွာ စာအုပ္ဆိုင္ေတြ ဘယ္ေလာက္မ်ားသလဲ၊ ဘယ္ေလာက္လြယ္လြယ္နဲ႔ ကိုယ္လိုခ်င္တဲ့ စာအုပ္ေတြ ၀ယ္လို႔ရသလဲဆိုတာကို အၿမဲၾကည့္ပါတယ္။ ႏိုင္ငံတစ္ႏုိင္ငံ ဆင္းရဲတာနဲ႔ ခ်မ္းသာတာ မတူပါဘူး။ ဆင္းရဲတယ္လို႔ထင္ရတဲ့ နုိင္ငံေတြမွာ စာအုပ္ ၀ယ္တဲ့ေနရာမွာ အင္မတန္လြယ္ပါ တယ္။ ဘယ္ေနရာမွာမဆို စာအုပ္ဆုိင္ေတြရွိတယ္။ ဘယ္ေနရာမွာမဆို မထင္မွတ္ဘဲ စာအုပ္ေတြေရာင္းေနတာ ေတြ႕ရတယ္။ အဲဒါဆိုရင္ ဒီႏိုင္ငံေတြဟာ တကယ္ပဲ ဖြံ႕ၿဖိဳးတိုး တက္တဲ့ ႏိုင္ငံေတြပဲ၊ ဒီႏုိင္ငံေတြရဲ႕အလားအလာဟာ အင္မတန္မွေကာင္းေနတယ္လို႔ ကြ်န္မသတ္မွတ္တယ္။

“အဆင့္ျမင့္ ပညာသင္တဲ့အခါ စာဖတ္ခ်င္ဖို႔ စာဖတ္တတ္ဖို႔၊ အားေပးပါဆိုတာကို အၿမဲတိုက္တြန္း တာျဖစ္ပါတယ္။ အဆင့္ျမင့္ ပညာေရးနဲ႔ဆုိင္တဲ့ ဌာနေတြဟာ ပိုၿပီးေတာ့ ကိုယ္ဟာကို လြတ္လြတ္လပ္လပ္ ကိုယ္ရဲ႕သေဘာအရ၊ ကိုယ္ရဲ႕ယံုၾကည္ခ်က္အရ ဆက္လက္ၿပီး ေဆာင္ရြက္သြားႏိုင္ဖို႔ စဥ္းစားထားတာရွိပါတယ္။ အဲဒီလို စဥ္းစားတဲ့ေနရာ မွာ တကၠသိုလ္မ်ားနဲ႔တန္းတူ အဆင့္ျမင့္ပညာေရးစနစ္မွာ အသက္ေမြး၀မ္းေက်ာင္း ပညာ ေက်ာင္းေတြကို တန္ဖိုးထားေစခ်င္ပါတယ္။

အသက္ေမြး၀မ္းေက်ာင္းပညာေက်ာင္းေတြဟာ ကြ်န္မတို႔ ႏုိင္ငံ အတြက္ အင္မတန္မွလိုအပ္တယ္။ အင္မတန္တန္ဖိုးရွိပါတယ္။ ကမၻာမွာ ဖြံ႕ၿဖိဳးတိုးတက္ဆံုး ႏုိင္ငံအခ်ိဳ႕ဟာ အသက္ေမြး၀မ္းေက်ာင္းပညာကို အင္မတန္အေလးထား ပါတယ္။ ကြ်န္မတို႔ ႏုိင္ငံရဲ႕ အားသာခ်က္က ဒီတစ္ႏွစ္၊ ႏွစ္ႏွစ္အတြင္းမွာ အသက္ေမြး ၀မ္းေက်ာင္းပညာ ဘက္ကို ကြ်န္မတို႔ ျပည္သူျပည္သားမ်ား၊ ေက်ာင္းသူေက်ာင္းသားေတြ တင္မက ေက်ာင္းသူေက်ာင္းသားမိဘေတြဟာ အဲဒီဘက္ကို လွည့္လာၿပီး အသက္ေမြး ၀မ္းေက်ာင္းပညာရဲ႕တန္ဖိုးကို သိလာတာဟာ ကြ်န္မတို႔ႏုိင္ငံအတြက္ အင္အားႀကီး တစ္ခုပါပဲ။ ဒီအေပၚမွာ ကြ်န္မတုိ႔ ေဆာက္တည္ဖုိ႔လိုပါတယ္။

“အာရွတုိက္ နုိင္ငံေတာ္ေတာ္မ်ားမ်ားမွာ အသက္ေမြး၀မ္းေက်ာင္းပညာကို တကၠသိုလ္ပညာနဲ႔စာရင္ အဆင္နိမ့္တယ္၊ ဒုတိယတန္း ဆိုၿပီးျမင္တာေတြ ရွိတာေၾကာင့္ တကယ္ေတာ့ မိမိနုိင္ငံရဲ႕လိုအပ္ခ်က္နဲ႔ ပညာေရးစနစ္ က ေမြးထုတ္လုိက္တဲ့ ေက်ာင္းသူေက်ာင္းသား ေတြဟာ မကိုက္ညီမႈ ျဖစ္ေနပါတယ္။ ကြ်န္မတို႔ ႏို္င္ငံမွာ ဒီလို စိတ္ဓာတ္ေတြ အင္မတန္နည္းပါတယ္။ အသက္ေမြး ၀မ္းေက်ာင္းပညာကို ပိုၿပီးေတာ့ တန္ဖိုးထားတာ၊ အေလးထားတာ ေတြ႕ရပါတယ္။ အင္မတန္ အားတက္ပါတယ္။ ဒါကို ဆက္ၿပီးေတာ့ ပညာေရး၀န္ႀကီးဌာနက အားေပးရံုတင္မက ပုဂၢလိကဘက္ကလည္း ကူညီေစခ်င္ပါတယ္။ အသက္ေမြး၀မ္းေက်ာင္းပညာ ေက်ာင္းေတြကို ပုဂၢလိကဘက္က ပိုၿပီးေတာ့ စိတ္၀င္စားစြာနဲ႔ အားေပးတာ တည္ေထာင္ တာကို ကြ်န္မအေနနဲ႔ တိုက္တြန္း ခ်င္ပါတယ္။

“အေ၀းသင္ပညာေရးစနစ္နဲ႔ပတ္သက္လို႔ ရွင္းလင္းစရာတစ္ခုျဖစ္လာပါတယ္။ ႏွစ္ေပါင္းမ်ားစြာ ကြ်န္မတို႔နုိင္ငံရဲ႕ အေ၀းသင္ ပညာေရးးစနစ္ဆိုတာ အလြယ္တကူဘြဲ႕ရ ေရးစနစ္ျဖစ္ခဲ့ပါတယ္။ အလြယ္တကူရတဲ့ဘြဲ႕ဆိုတာ ခက္ခက္ခဲခဲ ႀကိဳးစားၿပီးရယူတဲ့ ဘြဲ႕နဲ႔ေတာ့ မတူဘူးေပါ့။ ေတာ္ေတာ္မ်ားမ်ားက အေ၀းသင္ပညာေရးစနစ္က ဘြဲ႕ယူတာ ၊ အဲဒါကို အျပစ္ဆိုတာမဟုတ္ပါဘူး။ ကြ်န္မတို႔ ႏုိင္ငံသူႏုိင္ငံသားေတြ ပညာကိုတန္ဖိုးထား တာကို ျပတဲ့ဟာပါပဲ။ ဘြဲ႕တစ္ခုရတယ္ဆိုရင္ ကိုယ့္ဘ၀မွာ အဆင့္တစ္ခုေက်ာ္လႊားသြား ႏိုင္ၿပီ၊ တကယ္ပဲ ပညာျပည့္စံုသြားၿပီဆိုတဲ့အျမင္ဟာ ဆိုး၀ါးတဲ့အျမင္မဟုတ္ပါဘူး။ ဒါဟာ ပညာကိုတန္ဖိုးထားတာပဲ။ သို႔ေသာ္ အေ၀းသင္ပညာေရးစနစ္ဟာ တကယ္ပဲ ထိထိ ေရာက္ေရာက္ ပညာေပးႏုိင္တဲ့စနစ္မျဖစ္ခဲ့ပါဘူး။ အခုအေ၀းသင္ပညာေရးစနစ္ဟာ လည္း သာမန္တကၠသိုလ္ေတြမွာလိုပဲ ထိထိေရာက္ေရာက္ ပညာေပးႏုိင္တဲ့စနစ္တစ္ခုျဖစ္ေအာင္ ႀကိဳးစားေဆာင္ရြက္ေနပါတယ္။ အဲဒီလို ႀကိဳးစားေဆာင္ရြက္တဲ့ေနရာမွာ အားလံုးပူးေပါင္း ေဆာင္ရြက္ဖို႔လိုပါတယ္။

“ဆရာ၊ဆရာမေတြကိုလည္း ျပန္ၿပီးအရည္အခ်င္းျမႇင့္ေပးရတဲ့ လုပ္ငန္းႀကီးဟာ စိန္ေခၚမႈႀကီးတစ္ခုပါပဲ။ ေက်ာင္းသူေက်ာင္းသားေတြရဲ႕ ပညာအရည္အခ်င္းျမႇင့္ဖု႔ိဆိုရင္ ဆရာဆရာမေတြရဲ႕ အရည္အခ်င္းကို ျမႇင့္ေပးဖို႔လိုပါတယ္။ အဲဒီမွာလည္းကြ်န္မတို႔ အင္မတန္ ရုန္းကန္ေနရပါတယ္။ ဆရာ၊ဆရာမေတြဟာ အမ်ားအားျဖင့္ ကိုယ့္မိသားစု တာ၀န္ေတြနဲ႔ ျဖစ္ေနၿပီဆိုေတာ့ ေက်ာင္းသူ ေက်ာင္းသားေတြလို အခ်ိန္ျပည့္ ပညာေရးကို အာရံုမစိုက္ႏုိင္ပါဘူး။ ဒါေပမယ့္ ႏုိင္ငံရဲ႕လိုအပ္ခ်က္အရ တတ္ႏုိင္သေလာက္ ကိုယ့္ရဲ႕ အရည္အခ်င္းျမႇင့္တင္ေရးအတြက္ ဆရာ၊ဆရာမေတြကိုႀကိဳးစားေစခ်င္ပါတယ္။ ဒီလိုႀကိဳး စားခ်င္း အားျဖင့္ ကို္ယ္လည္းေက်နပ္မႈ ရမယ္၊ ကိုယ္ေမြးထုတ္လိုက္တဲ့ ေက်ာင္းသူ ေက်ာင္းသားေတြဟာလည္း ကြ်န္မတို႔ႏုိင္ငံရဲ႕ အက်ိဳးကို တစ္သက္ေဆာင္ယူ ႏုိင္ရံုသာမက ကမၻာလူသားမ်ားရဲ႕အက်ိဳးကိုေဆာင္ႏုိင္တဲ့ ပုဂၢိဳလ္ေတြ ျဖစ္လာႏိုင္တယ္ဆို တာကုိ ႏွလံုးသြင္းၿပီး ႀကိဳးစားေစခ်င္ပါတယ္။

“တစ္ေန႔နဲ႔ တစ္ေန႔ ကြ်န္မတို႔ႏိုင္ငံရဲ႕ အေျခအေနကို ၾကည့္လိုက္တဲ့အခါ ကြ်န္မအားအရဆံုးကိစၥေတြထဲမွာ ပညာေရးတိုးတက္မႈ ပဲျဖစ္ပါတယ္။ တခ်ိဳ႕က ဒါကို သတိထားမိခ်င္မွ သတိထားမိၾကပါမယ္။ ကြ်န္မသတိထားမိပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ကြ်န္မတို႔ ေက်ာင္းရဲ႕ကေလးေတြဟာ စိတ္အားထက္သန္မႈမွာ ပိုၿပီးေတာ့ မိမိ ကုိယ္ကို ယံုၾကည္မႈ အဲဒါေတြကိုကြ်န္မေတြ႕ရတယ္။ ဒါေတြကို ကြ်န္မတို႔ ျပဳစု ပ်ိဳးေထာင္ရမယ္။ ကေလးေတြ ေအာင္ျမင္ေစခ်င္လို႔ရွိရင္ ငါတုိ႔ဟာ ေအာင္ျမင္ႏုိင္တဲ့ သူေတြျဖစ္တယ္ဆိုတဲ့ ယံုၾကည္မႈ ငယ္ငယ္ကတည္းကေန ကေလးေတြရဲ႕ ႏွလံုးသားမွာ စြဲသြားေအာင္ လုပ္ေပးဖို႔ျဖစ္ပါတယ္။ အစကတည္းက လုပ္နည္းကိုင္နည္းမမွန္ရင္ ေနာင္ ျပဳျပင္ဖို႔ အင္မတန္ခက္ပါတယ္။

“အခုအဆင့္ျမင့္ပညာအဆင့္မွာေရာက္ေနတဲ့ လူငယ္ေတာ္ေတာ္ မ်ားမ်ားဟာ အားနည္းတဲ့ ပညာေရးစနစ္ရဲ႕ သားေကာင္ေတြပဲလို႔ တစ္နည္း အားျဖင့္ ေျပာလို႔ရပါတယ္။ ဒီလူငယ္ေတြကို အရင္တုန္းက ရထားတဲ့အေလ့အက်င့္ေတြကို ျပဳျပင္ရမယ္၊ အခုေခတ္နဲ႔ ကိုက္ညီတဲ့ မွန္ကန္တဲ့ ပညာရွာနည္းေတြကို သင္ေပးရမယ္ ဆုိတာဟာ အဆင့္ျမင့္ ပညာမွာ တာ၀န္ယူေနတဲ့ဆရာဆရာေတြအတြက္ အင္မတန္ႀကီးမားတဲ့ စိန္ေခၚမႈျဖစ္ပါ တယ္။ ဒီစိန္ေခၚမႈကို ေအာင္ေအာင္ျမင္ျမင္ေက်ာ္လႊားနုိင္မယ္ဆိုရင္ ကြ်န္မတို႔ ႏုိင္ငံရဲ႕ အနာဂတ္အတြက္အားလံုးစိတ္ေအးရမွာပါ။ အခုမွ မူလတန္းေက်ာင္းမွာစၿပီး ျပဳစုပ်ိဳး ေထာင္ေနတဲ့ ကေလးေတြ ႀကီးလာတဲ့အထိ ေစာင့္ေနလို႔မရပါဘူး။ အခုခ်က္ခ်င္း ဒီေန႔ ဒီအခ်ိန္ကေနစၿပီး ကြ်န္မတို႔ႏုိင္ငံတိုးတက္ေရးအတြက္ ၀ိုင္း၀န္းကူညီ ပံ့ပိုးႏုိင္တဲ့ လူငယ္ေတြ ပညာတတ္လူငယ္ေတြ ေမြးထုတ္ဖို႔ဆိုတာ အခုအဆင့္ျမင့္ပညာ ေရးစနစ္ရဲ႕ အႀကီးဆံုး စိန္ေခၚမႈႀကီးျဖစ္လို႔ ဒီစိန္ေခၚမႈကို ေအာင္ေအာင္ျမင္ျမင္ေက်ာ္လႊား ဖို႔ဆိုတာ ကြ်န္မတို႔ အားလံုးမွာ တာ၀န္ရွိပါတယ္။ အစိုးရ၀န္ထမ္းျဖစ္တဲ့ ဆရာ၊ဆရာမ ေတြမွာ လည္းတာ၀န္ရွိပါတယ္။

ေက်ာင္းသူေက်ာင္းသားေတြမွာလည္း တာ၀န္ရွိပါတယ္။ ပုဂၢလိက ဆိုင္ရာ စီးပြားေရးအသိုင္းအ၀ိုင္းမွာေတာင္ တာ၀န္ရွိပါတယ္။ အေရးႀကီးဆံုးက မိဘေတြမွာ တာ၀န္ရွိပါတယ္။ မိဘေတြက သားသမီးေတြကို မွန္ကန္တဲ့စိတ္ႏွလံုးသားေတြ၊ မွန္ကန္တဲ့ တန္ဖိုးထားမႈေတြရွိဖို႔ကို ကူညီေဆာင္ရြက္ေပးမွ အဆင့္ျမင့္ပညာေရး စနစ္မွာ ရုန္းကန္ ေနရတဲ့ ဆရာ၊ဆရာမေတြအတြက္လည္း အကူအညီရမွာပါ။ အားလံုး ပူးေပါင္း ေဆာင္ရြက္မွေအာင္ျမင္ႏုိင္မွာပါ။ ေအာင္ျမင္မယ္ဆိုတာလည္း ကြ်န္မယံုၾကည္ ပါတယ္။ ေအာင္ျမင္မယ္ဆိုတာ ယံုၾကည္လို႔ ေအာင္ျမင္မယ္လို႔လည္း ကြ်န္မေျပာႏုိင္ပါ တယ္။ အထက္တန္းပညာ၊ အဆင့္ျမင့္ပညာမွာပါ၀င္ေနတဲ့ ပုဂၢိဳလ္အသီးသီးကလည္း ေအာင္ျမင္ မယ္ဆိုတဲ့ ယံုၾကည္ခ်က္နဲ႔ ဆက္ၿပီးေတာ့ ႀကိ္ဳးစားသြားၾကပါလို႔ ကြ်န္မအေနနဲ႔ ေမတၱာရပ္ ခံရင္း နိဂံုးခ်ဳပ္ပါတယ္။

(Zawgyi Version)

—————————————————————————————————————————–

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၈ ခုနှစ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှော ဖလှယ်ပွဲသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဩဂုတ် ၂၄

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)(MICC-2) ၌ ကျင်းပ သည့် ၂၀၁၈ ခုနှစ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှော ဖလှယ်ပွဲ သို့ တက်ရောက် အမှာစကားပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် မိန့်ခွန်း အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

“ဒီနေ့ ဆွေးနွေးမယ့်ကိစ္စတွေက ကျွန်မတို့နိုင်ငံအတွက် အင်မတန်မှ အရေးကြီး တယ်ဆိုတာ ထူးထူးထွေထွေပြောဖို့ မလိုဘူးထင်ပါတယ်။ အဆင့်မြင့်ပညာ ကဏ္ဍ ဆိုပေမယ့် ကျွန်မတို့ အခက်အခဲရှိတာက ဘာလဲဆိုတော့ မူလတန်းကနေ ပညာဆိုတာ စရတာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ မူလတန်းကတည်းက ပညာရေးစနစ် အားနည်းတဲ့ အခါကျတော့ အဆင့်မြင့်ရောက်တော့မှ ကျွန်မတို့ရဲ့လူငယ်တွေကို အဆင့်မြင်အောင် လုပ်ပေးဖို့ဆိုတာပိုပြီးတော့ ခက်ခဲပါတယ်။ ဒါကြောင့် အဆင့်မြင့်ကဏ္ဍမှာ ရုန်းကန် ရတဲ့ဆရာဆရာမများ ပညာရေးဝန်ကြီးဌာနအပါအဝင် အခက်အခဲတွေရှိတယ်ဆိုရင် ကျွန်မတို့ရဲ့ ကျောင်းသူကျောင်းသား တွေအတွက်လည်း အခက်အခဲရှိပါတယ်။ အခြေခံက မကောင်းခဲ့တော့ မကောင်းခဲ့တဲ့အခြေခံကို ကျော်လွှားပြီးတော့ ဘယ်လိုလုပ်ပြီး ကောင်းတဲ့ နိဂုံးကို ရောက်မလဲ ဆိုတာကို စဉ်းစားဖို့ပဲဖြစ်ပါတယ်။ အဆင့်မြင့်ပညာကဏ္ဍမှာပါဝင်နေတဲ့ ပုဂ္ဂိုလ်များအားလုံးရဲ့တာဝန်ဟာ အင်မတန်မှ ကြီးပါတယ်။

“ပညာရေးအောင်မြင်ဖို့ဆိုရင် အောင်မြင်မယ်ဆိုတဲ့ယုံကြည်ချက်က ရှိရမယ်။ ကျွန်မတို့ လူငယ်တွေစိတ်ထဲမှာရှိရမယ်။ လူငယ်တွေထဲမှာ ယုံကြည်ချက်ရှိဖို့ဆိုတာဟာ သွန်သင်ဆုံးမတဲ့ မိဘများနဲ့ ဆရာဆရာမများဟာလည်း ဒီယုံကြည်ချက်ရှိရမယ်။ အောင်နိုင် နိုင်တဲ့လူငယ်တွေဖြစ်လို့ အောင်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ရှိဖို့လိုပါတယ်။

“လူ့အသိုင်းအဝိုင်းတစ်ခုတိုးတက်ဖို့အတွက် ဘယ်လိုပညာတွေလိုသလဲဆိုတာ ကျွန်မတို့ စဉ်းစားဖို့အများကြီးလိုပါတယ်။ ကိုယ့်နိုင်ငံရဲ့အားနည်းချက်တွေကို ပြန်ကြည့် ရ မယ်။ နောက်ပြီး ကိုယ့်နိုင်ငံရဲ့ အားသန်ချက်တွေကိုလည်း ကြည့်ရမယ်။ ပညာရေးနဲ့ ပတ်သက်လို့ ကျွန်မတို့ နိုင်ငံရဲ့ အားသာချက်၊ ကျွန်မတို့ယဉ်ကျေးမှုရဲ့အားသာချက် ဆိုတာ သမိုင်းအစလောက်ကတည်းက ကျွန်မတို့ရဲ့ လူမှုအသိုင်းအဝိုင်းမှာ ပညာကို အင်မတန်မှ တန်ဖိုးထားခဲ့ပါတယ်။ ပညာရဲရင့် ပွဲလယ်တင့် စသဖြင့် ပညာကို ကျွန်မတို့ အထူး တန်ဖိုးထားတယ်။ ပညာဆိုတာဟာ အတန်းထဲမှာသင်တဲ့ပညာတင်မဟုတ်ပါဘူး ဆိုတာ လည်း ကျွန်မတို့အားလုံးနားလည်ဖို့လိုတယ်။ ကျွန်မတို့ ကလေးတွေနားလည်ဖို့လည်း လိုပါ တယ်။

“ အခုလက်ရှိ ကျွန်မတို့နိုင်ငံရဲ့အခြေအနေက မူလတန်း၊ အလယ်တန်း၊ အထက် တန်း ကျောင်းမှာ ပြည့်ပြည့်၀၀ ပညာကိုအဆင့်မီမီ မသင်ခဲ့ရတဲ့ကလေးတွေကို တက္ကသိုလ် ရောက်တဲ့အခါ ဘယ်လိုအဆင့်မီသွားအောင် လုပ်မလဲဆိုတော့ ဒါဟာ ကျွန်မတို့ နိုင်ငံအတွက် အကြီးမားဆုံးစိန်ခေါ်မှုကြီးပါပဲ။ အခုခေတ်မှာ ခေတ်စားနေတဲ့ စကားလုံး ဖြစ်တဲ့ ကျော်လွှားပြီးသွားနိုင်တဲ့နည်းတွေကို ရှာရမယ်ဆိုပြီး တော့ပြောကြတယ်။ ကျွန်မ တခါတလေစဉ်းစားတယ်၊ အရှေ့မှာရှိတဲ့ ခလုတ်ကန်သင်းကို ခုန်ပြီးတော့ ကျော်လွှား သွားတယ်ဆိုတာက တခြားသူတွေသွားခဲ့တဲ့ လမ်းပုံစံအတိုင်းပဲ သွားနေတယ်ဆိုတဲ့ အထင်တွေအပေါ်မှာများ အခြေခံနေလား ဆိုပြီးတော့ စဉ်းစားမိပါတယ်။ ဒါကြောင့် ကျွန်မတို့က ဒီလို ခုန်ပျံကျော်လွှားတာထက် ကိုယ့်လမ်းကို၊ ကိုယ့်ရဲ့ သင့်တော်တဲ့လမ်းကို ရှာပြီး၊ ဒီလမ်းကို ဖောက်ပြီးတော့၊ ပြုပြင်ပြီးတော့ သွားဖို့ မကောင်းဘူးလားဆိုတာ ကျွန်မတို့ စဉ်းစားဖို့ ကိစ္စဖြစ်ပါတယ်။ အဲဒီလို လုပ်တဲ့အခါ တခြား နိုင်ငံတွေရဲ့ အတွေ့အကြုံတွေ၊ အောင်မြင်မှုတွေနဲ့ ရှုံးနိမ့်မှုတွေကို ကြည့်ပြီး သင်ခန်းစာယူနိုင်ပါတယ်။ သင်ခန်းစာယူတာနဲ့ အတုခိုးတာမတူပါဘူး။ သင်ခန်းစာယူ တယ် ဆိုတာ သူများတွေရဲ့ အဖြစ်အပျက်တွေကို ကြည့်ပြီးတော့ ဒီအဖြစ်အပျက်တွေအပေါ်မှာ အခြေခံပြီး ကိုယ့်အခြေအနေကို အကောင်းဆုံးဘယ်လို ဖြစ်အောင်လုပ်မလဲဆိုတာ ဒါသင်ခန်းစာ ယူတာပါ။ အတုခိုးတယ်ဆိုတာ တစ်ခါတစ်လေ ကိုယ်ရဲ့အခြေအနေနဲ့ သင့်တော်သလား၊ မသင့်တော်သလား မစဉ်းစားဘဲနဲ့ သူတို့ဒီလိုလုပ်လို့ သူတို့နိုင်ငံချမ်းသာတာ၊ တို့လည်း ဒီလိုလုပ်မယ်ဆိုတာ အဲဒါမဖြစ်နိုင်ပါဘူး။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အခြေအနေ မတူပါဘူး။ တစ်နိုင်ငံတိုးတက်တဲ့ အချိန်ကာလနဲ့ နောက်တစ်နိုင်ငံတိုးတက်တဲ့အချိန်ကာလဟာ မတူပါဘူး။ ကျွန်မတို့ နိုင်ငံတိုးတက်ဖို့ စိုင်းပြင်းနေတဲ့အချိန်ကာလဟာ ကျွန်မတို့ ဒေသအတွင်းက ၁၉၈၀ ကျော်နှစ်တွေမှာ တိုးတက်ခဲ့တဲ့ ၊အောင်မြင်ခဲ့တဲ့နိုင်ငံတွေ ရင်ဆိုင်ရတဲ့ ပြဿနာတွေနဲ့ မတူပါဘူး။ ဒါကြောင့် ကျွန်မတို့ဟာ ကိုယ့်နိုင်ငံနဲ့ ကိုက်ညီတဲ့ ပညာ ရေးဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ဖို့ဟာ အင်မတန်မှအရေးကြီးပါတယ်။

“အခုဆိုရင် ကျွန်မတို့တွေ့ရတာက ကျောင်းမှာရှိတဲ့ ကလေးတွေ၊ မူလတန်းကျောင်း ကလေးတွေနဲ့ အလယ်တန်းကျောင်း ကလေးတွေရဲ့ စိတ်ထားအင်မတန်မှ အားတက်စရာ ရှိပါတယ်။ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိတယ်။ သူတို့ သင်ချင်တဲ့ စိတ်ရှိတယ်။ သွက်လက် တယ်၊ ဖြတ်လတ်တယ်၊ ထက်မြက်တယ်။ အထက်တန်းကျတော့ ဘယ်လိုရှိသလဲဆိုတာ ဆရာ၊ဆရာမတွေပိုပြီးတော့ သိမှာပါ။ တက္ကသိုလ်ရောက်တဲ့အခါ ဘယ်လိုရှိသလဲ။ သင်ယူချင်တဲ့ စိတ်တွေရှိရဲ့လားဆိုတာ အရေးကြီးဆုံးပါပဲ။ လူတွေက ကောင်းတယ် ဆိုးတယ် ထက်တယ်၊ တုံးတယ် ကျွန်မခွဲခြားပြီးမမြင်ပါဘူး။ သင်လို့ရတဲ့ ပုဂ္ဂိုလ်နဲ့ သင်လို့မရတဲ့ ပုဂ္ဂိုလ်တွေဆိုတာ အသက်အရွယ်နဲ့လည်းမဆိုင်ပါဘူး။ အချို့တွေ က အသက် ၉၀ ကျော်ပေမယ့် သင်လို့ရပါသေးတယ်။ အချို့တွေက ငယ်ငယ်လေးနဲ့ သင်လို့မရပါဘူး။ သင်လို့ရတဲ့ စိတ်နဲ့ သင်လို့မရတဲ့ စိတ်ကြားမှာ ဘာကွာခြားသလဲဆိုတော့ ကိုယ့်ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုက အင်မတန်မှ အရေးပါတယ်။ ငယ်ငယ်ကတည်းက သင်ချင်တဲ့စိတ်ကို ပြုစုပျိုးထောင်ခြင်း ခံရတဲ့ကလေးတွေဟာ အသစ်လည်း သင်ချင်တဲ့ စိတ်တွေရှိလာတယ်။ ငယ်ငယ်ကတည်းက သင်ချင်တဲ့စိတ်ကို အားပေးတာမဟုတ်ဘဲနဲ့ စူးစမ်းချင်တာ၊ မေးမြန်းချင်တာ သိချင်တာတွေကို စပ်စုရကောင်းလား အပိုတွေမေးရ ကောင်းလားဆိုပြီးတော့ အဲဒီလို တုန်ပြန်မှုတွေနဲ့ ကြုံခဲ့ရတဲ့ ကလေးတွေဟာ ခပ်မြန်မြန် သိချင်တတ်ချင် ထိုးဖောက်ချင်တဲ့စိတ်တွေ တုံးသွားတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ အဆင့် မြင့်ပညာရေးတိုးတက်ဖို့ဆိုရင် သင်ချင်တဲ့စိတ်တွေကို အားပေးစေချင်ပါတယ်။

“နောက်ပြီး ရှုံးနိမ့်ဖို့ကို မကြောက်ပါနဲ့။ ရှုံးနိမ့်တယ်ဆိုတာ ကျွန်မတို့နိုင်ငံမှာ ဘယ်လို ဖြစ်နေလဲဆိုတော့ အထူးသဖြင့် စာမေးပွဲ စနစ်ကြောင့်မို့ ရှုံးနိမ့်တယ်ဆိုတာ သူများနဲ့ ယှဉ်ပြီး ကိုယ့်ကိုမြင်ကြတဲ့ဟာမျိုး၊ သူထက် အမှတ်နည်းလို့ရှိရင် ကိုယ်ကရှုံးတယ်၊ သူကနိုင်တယ်ပေါ့။ ဒီလိုမဟုတ်ဘဲနဲ့ ကိုယ့် ရဲ့အရည်အချင်းနဲ့ပဲ ကိုယ်ပြန်ပြိုင်ပါဆိုတာ ကျွန်မ ခဏခဏပြောပါတယ်။ ကိုယ့်မှာရှိတဲ့ အရည်အချင်း၊ ကိုယ်ထုတ်နိုင်တဲ့စွမ်းရည် အဲဒါတွေနဲ့ပဲ ကိုယ်ပြန်ပြိုင်ပါ။ ကိုယ့်မှာရှိသလောက်အရည်အချင်းတွေကို အပြည့်အဝ သုံးကြပါ။ ကိုယ့်ကိုယ်ကိုယ်အတော်ဆုံးဖြစ် အောင်လုပ်ကြပါ။ ကိုယ်နဲ့ပဲကိုယ်ပြိုင်တာဟာ အကောင်းဆုံးပါပဲ။ ဘေးကလူတွေနဲ့ပြိုင်နေ တာဟာ ကိုယ်ရဲ့အရည်အချင်းတွေကိုလည်း မေ့တတ်တယ်။ ဘေးကလူတွေကိုပဲကြည့်ပြီး သူဘယ်လိုဖြစ်လို့ရှိရင် တို့လည်းဒီလိုဖြစ် ရမယ်။ သူဒီလောက်ရရင် တို့လည်းဒီလိုရရမယ်။ အဲ့ဒီလို စိတ်တွေကို အားမပေးပါနဲ့။ အဲဒီလိုဟာက တစ်ယောက်နဲ့တစ်ယောက်မနာလိုတဲ့ စိတ်တွေကို အားပေးရာရောက်ပါ တယ်။ ဒါဟာ လူအသိုင်းအဝိုင်းတစ်ခုအတွက် အားနည်း ချက်တစ်ခုပါပဲ။ တစ်ဦးနဲ့တစ်ဦး မနာလိုတဲ့စိတ်တွေ ရှိနေရင် တစ်ယောက်ရဲ့ အောင်မြင် မှုတွေကို မုဒိတာမပွားနိုင်ရင် လူ့အသိုင်းအဝိုင်းအပေါ်မှာ သက်ရောက်မှုတွေအများကြီး ရှိပါတယ်။

“ အဆင့်မြင့်ပညာနဲ့ပတ်သက်ပြီး ပညာရေးနဲ့ပတ်သက်ပြီး လူကြီးလူငယ် မခွဲခြားဘဲ မြင်စေချင်ပါတယ်။ တက္ကသိုလ်ကျောင်း တက်နေမှလည်း မဟုတ်ဘူး။ အဆင့်မြင့်ပညာ ဆိုတာ ဆည်းပူးလို့ကုန်နိုင်တဲ့ပညာမျိုး မဟုတ်ဘူးဆိုတာ သတိပေးချင်ပါတယ်။ ကျွန်မတို့ နိုင်ငံမှာ ဘယ်ဘက်မှာ စွမ်းအားတွေ လိုနေသလဲဆိုတော့ အဓိကလိုနေတဲ့ နေရာတစ်ခု ကတော့ အမှန်ပြောရရင် နိုင်ငံ့ဝန်ထမ်း တွေပါပဲ။ နိုင်ငံ့ဝန်ထမ်းတွေဆိုတာ နှစ်ပေါင်းများစွာ အရင်တုန်းက ပညာရေးစနစ်ကနေ ဖြတ်ကျော်ခဲ့ပြီးတော့ အခု နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်နေတဲ့အဆင့်ကိုရောက်လာပြီ။ နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်နေတဲ့အဆင့် ကို ရောက်တဲ့အခါ ပြီးပြည့်စုံမှုရှိရဲ့လားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးသုံးသပ်တဲ့ဝန်ထမ်း တွေလည်း ရှိလာလိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ အဲဒီလို သုံးသပ်ဖို့ဟာလည်း အင်မတန်မှ အရေးကြီးပါတယ်။ အဲဒီလို သုံးသပ်မှလည်း ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး ပြုပြင်နိုင်မှာပါ။ အဆင့်မြင့်ပညာရေးစနစ်ဆိုတာဟာ ကျောင်းမှာနေတဲ့ ကျောင်းသားတွေ သာမဟုတ် တက္ကသိုလ်တွေမှရှိနေတဲ့ ကျောင်းသူ ကျောင်းသားတွေသာမဟုတ်၊ နိုင်ငံမှာ ရှိနေတဲ့ ပြည်သူအားလုံးကို ဦးတည်ပြီးတော့ စဉ်းစားပြီးတော့ အကောင်အထည်ဖော် ပေးစေချင်ပါတယ်။

“ အခု ပညာရေးစနစ်နဲ့ပတ်သက်ပြီး ပိုပြီးတော့ သုံးစွဲလာတာတွေရှိပါတယ်။ ပိုပြီးသုံးစွဲ လာတာထက် မှန်မှန်ကန်ကန်သုံးစွဲတာက ပိုပြီးအရေးကြီးပါတယ်။ ရှိတဲ့ ပိုက်ဆံကို ကျွန်မတို့ နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လိုသုံးစွဲရမလဲ ဆိုတာ စဉ်းစားဖို့ ဟာ အင်မတန်အရေးကြီးပါတယ်။ အခြေခံကောင်းမှ၊ အစကောင်းမှ အနှောင်း သေချာမယ်ဆိုတာ အခြေခံကောင်းဖို့လို့ပါတယ်။ ကျွန်မတို့ရဲ့ ပညာရေးစနစ်အရ ကျွန်မ တို့ရဲ့ စံနှုန်းစံထားတွေအရဆိုရင် တက္ကသိုလ်ဆရာ၊ဆရာမတွေကို မူလတန်းဆရာ ဆရာမ တွေထက် အများကြီးအထင်ကြီးကြတယ်။ ဒီဟာလည်း မှန်တယ်လို့ မယူဆပါဘူး။ မူလတန်းကျောင်းမှာ တော်တဲ့ဆရာဆရာမတွေဟာ ကလေးတွေရဲ့ အနာဂတ်ကို ကောင်း ကောင်းခိုင်ခိုင်မာမာ အုတ်မြစ်ချပေးလိုက်တဲ့ ပုဂ္ဂိုလ်တွေပဲဖြစ်ပါတယ်။ ဒီ အုတ်မြစ်အပေါ် မှာ ဆက်ပြီးတော့ မူလတန်းကျောင်း၊ အထက်တန်းကျောင်း တက္ကသိုလ်ကနေပြီးတော့ အဆောက်အအုံမျိုးတွေကို ဆောက်ပေးရတာပါ။ အဆင့်မြင့်ပညာကဏ္ဍမှာပါဝင်နေတဲ့ ပညာရေးဝန်ထမ်း များ၊ ပညာရေးနဲ့ ပတ်သက်လို့ စိတ်ဝင်စားကြတဲ့ပြည်သူပြည်သားတွေ ဟာ မူလတန်းနဲ့အဆင့်မြင့်ကို ခွဲခြားပြီးမမြင်စေချင်ပါဘူး။ တစ်ဆက်တည်းအဖြစ် မြင်စေ ချင်ပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် တက်သွားတဲ့ ဖြစ်စဉ်တစ်ခုအနေနဲ့ မြင်စေချင်ပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ဆရာ၊ ဆရာမတွေ ကိုယ်တိုင်ကိုယ်က အားနည်းတဲ့ ပညာရေးစနစ်ကနေ ပေါက်ဖွားလာခဲ့ကြတာ များပါတယ်။ ဒါပေမယ့် နောက်မကျသေးပါ ဘူး။ ကိုယ်အရည်အချင်းတွေကို မြှင့်တင်နိုင်ခွင့်ဆိုတာတစ်ချိန်လုံးရှိနေပါတယ်။ အဲဒီတော့ လေ့လာကြပါ၊ မြှင့်တင်ဖို့ကြိုးစားကြပါ။ ကိုယ့်အရည်အချင်းကို မြှင့်တင်ခြင်းအားဖြင့် ကိုယ့် နိုင်ငံရဲ့အရည်အချင်းကို မြှင့်တင်ပေးတယ်ဆိုတဲ့စိတ်နဲ့ ဂုဏ်ယူကြပါ။ ဒါကို အင်မတန် အားပေးချင်ပါတယ်။ နောက်ဆုံးကျတော့ စိတ်ဓာတ်ပါပဲ။ ကျွန်မတို့ ဆရာဆရာမတွေရဲ့ စိတ်ဓာတ်၊ ကျောင်းသူကျောင်းသားတွေရဲ့ စိတ်ဓာတ်က မှန်ကန်တယ်ဆိုရင် အောင်မြင်မှာ သေချာပါတယ်။ အောင်မြင်တယ်ဆိုတဲ့ ယုံကြည်ချက် လည်းရှိစေချင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ညှိနှိုင်းတိုင်ပင်ပြီး သင်ယူသွားမယ်ဆိုရင် မလွဲမသွေ အောင်မြင် မှာပါ။ ကူညီမယ့် မိတ်ဆွေတွေ ကမ္ဘာတစ်ဝန်းမှာရှိပါတယ်။ နောက်ဆုံးတော့ မိမိ ကိုယ်သာ ကိုးကွယ်ရာဖြစ်ပါတယ်။ က်ိုယ့်ကိုယ်က်ိုယ် ကူညီတာလောက် ပြင်ပက ကူညီတာဟာ ဘာမှမထိရောက်နိုင်ပါဘူး။ အဲဒါကြောင့် တစ်ကမ္ဘာလုံးနဲ့လက်တွဲပြီးလုပ်တဲ့အခါ မိတ်ဆွေ သဖွယ်၊ လုပ်ဖော်ကိုင်ဖက် တွေသဖွယ် ညီညီညာညာ ခင်ခင်မင်မင်နဲ့ လုပ်သွားတယ်ဆိုရင် နောက်ဆုံးကြတော့ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမှာဖြစ်ပါတယ်။

“အဆင့်မြင့်ပညာမှာ အရေးကြီးတာက သုတေသနပါပဲ။ သုတေသနလုပ်တယ် ဆိုတာဟာ သုတေသနလုပ်တယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ အသစ်အဆန်း လမ်းတွေ ဖွင့်ပေးဖို့ ပဲဖြစ်ပါတယ်။ သုတေသနဆိုတာ အဆုံးမဟုတ်ပါဘူး။ အသစ်အဆန်းတွေ အတွက် အစပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့နိုင်ငံမှာ သုတေသနကို အားပေးဖို့ဆိုပြီး ပညာရေးမူဝါဒ ထဲမှာထည့်ထားပါတယ်။ နှစ်ပေါင်းများစွာ သုတေသနကို လစ်လျှူရှုခဲ့တဲ့ အခါ ပြည်သူပြည် သားတွေရဲ့ မွေးရာပါ ထွင်ဥာဏ်တွေက တုံးသွားပါတယ်။ ဒါကြောင့် သုတေသနကို ဦးစားပေးချင်တယ်။ အဲဒီလိုဦးစားပေးတဲ့အခါ ကျွန်မတို့နိုင်ငံနဲ့ ကိုက်ညီတဲ့ ဘာသာရပ်တွေနဲ့ ကိုက်ညီတဲ့ ကိစ္စရပ်တွေကို အထူးအလေးပေးပြီး သုတေသနလုပ်ပေး စေချင်ပါတယ်။ ဒါမှလည်း ကျွန်မတို့ လက်တွေ့ကျကျတိုးတက်မယ်။ ကိုယ့်နိုင်ငံရဲ့ အခြေအနေကို တိုးတက်အောင်လုပ်ပေးနိုင်မယ်။ ကမ္ဘာနဲ့ ရင်ပေါင်တန်းပြီး ကျွန်မတို့ ပညာရေးလောကကြီးမှာ ထွန်းပေါက်နိုင်မှာဖြစ်ပါတယ်။ သုတေသနလုပ်တယ်ဆိုတာ သုတေသနလုပ်ဖို့အတွက် အထောက် အကူပစ္စည်း တွေအများကြီး လိုတယ်ဆိုတာ ထူးထူး ထွေထွေပြောဖို့မလိုပါဘူး။ ဒီအချိန်မှာ ဒီကိစ္စမှာ ပုဂ္ဂလိကစီးပွားရေး ပိုင်းကလည်း ပါဝင် ပတ်သက်နိုင်တယ်ဆိုတာ သတိပေးချင်ပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာဆိုရင် သုတေသနနဲ့ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ပံ့ပိုးတာတွေ အများကြီး ရှိပါတယ်။ ဒီလိုပဲပံ့ပိုးမှုတွေ ရအောင်လုပ်ရမယ်။ ကျွန်မတို့ နိုင်ငံအနာဂတ်အတွက် ရုန်းကန်တဲ့အလေ့အကျင့်ကို အုတ်မြစ်ချပေးရမယ်။ ဒါလည်း အဆင့်မြင့်ပညာအတွက် အရေးကြီးတဲ့ကိစ္စရပ်တစ်ခုဖြစ်တယ်။ သုတေသန နဲ့ပတ်သက်ပြီးပြောရရင် စာကြည့်တိုက် တွေအကြောင်း ပြောရမှာဖြစ်တယ်။

“ကျွန်မတို့နိုင်ငံမှာ စာကြည့်တိုက်တွေ ခေါင်းပါးနေတဲ့ ခေတ်ကြီးကနေ အခုမှစပြီး ထွက်လာတာပါ။ စာကြည့်တိုက်တွေ ခေါင်းပါးတယ်။ စာအုပ်ဆိုင်တွေ ခေါင်းပါးတယ်။ ကျွန်မတို့ ပြည်သူပြည်သားတွေဟာ ထုံးတမ်းအစဉ်အလာအရ ကျွန်မတို့ ယဉ်ကျေးမှုအရ စာပေအင်မတန်မြတ်နိုးပါတယ်။ ကျွန်မတို့ရဲ့ ယဉ်ကျေးမှုထဲမှာကို လမ်းဘေးစာအုပ်ဆိုင် တွေသွားပြီး လေ့လာတာ ဟာ အင်မတန်မှ အရေးကြီးတဲ့ စိတ်အပန်းဖြေစရာ အလုပ် တစ်ခုလိုဖြစ်နေပါတယ်။ အခုနောက်ပိုင်း ဒါတွေဟာ တစ်ဖြည်းဖြည်းတိမ်ကောသွားတယ်။ စာအုပ်ဆိုင်တွေ ရှိသင့်သလောက်မရှိဘူး။ နိုင်ငံခြားခရီးထွက်ရင် နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုကို ကျွန်မသိထား တဲ့ အချက်အလက်တွေနဲ့ ယှဉ်ပြီးတော့ သိပ်မကြည့်ဘူး။ အဲဒီနိုင်ငံမှာ စာအုပ်ဆိုင်တွေ ဘယ်လောက်များသလဲ၊ ဘယ်လောက်လွယ်လွယ်နဲ့ ကိုယ်လိုချင်တဲ့စာအုပ်တွေ ဝယ်လို့ရသလဲဆိုတာကို အမြဲကြည့်ပါတယ်။ နိုင်ငံတစ်နိုင်ငံ ဆင်းရဲတာနဲ့ ချမ်းသာတာ မတူပါဘူး။ ဆင်းရဲတယ်လို့ထင်ရတဲ့ နိုင်ငံတွေမှာ စာအုပ် ဝယ်တဲ့နေရာမှာ အင်မတန်လွယ်ပါ တယ်။ ဘယ်နေရာမှာမဆို စာအုပ်ဆိုင်တွေရှိတယ်။ ဘယ်နေရာမှာမဆို မထင်မှတ်ဘဲ စာအုပ်တွေရောင်းနေတာ တွေ့ရတယ်။ အဲဒါဆိုရင် ဒီနိုင်ငံတွေဟာ တကယ်ပဲ ဖွံ့ဖြိုးတိုး တက်တဲ့ နိုင်ငံတွေပဲ၊ ဒီနိုင်ငံတွေရဲ့အလားအလာဟာ အင်မတန်မှကောင်းနေတယ်လို့ ကျွန်မသတ်မှတ်တယ်။

“အဆင့်မြင့် ပညာသင်တဲ့အခါ စာဖတ်ချင်ဖို့ စာဖတ်တတ်ဖို့၊ အားပေးပါဆိုတာကို အမြဲတိုက်တွန်း တာဖြစ်ပါတယ်။ အဆင့်မြင့်ပညာရေးနဲ့ ဆိုင်တဲ့ ဌာနတွေဟာ ပိုပြီးတော့ ကိုယ်ဟာကို လွတ်လွတ်လပ်လပ် ကိုယ်ရဲ့သဘောအရ၊ ကိုယ်ရဲ့ယုံကြည်ချက်အရ ဆက်လက်ပြီး ဆောင်ရွက်သွားနိုင်ဖို့ စဉ်းစားထားတာရှိပါတယ်။ အဲဒီလို စဉ်းစားတဲ့နေရာ မှာ တက္ကသိုလ်များနဲ့တန်းတူ အဆင့်မြင့် ပညာရေးစနစ်မှာ အသက်မွေးဝမ်းကျောင်း ပညာ ကျောင်းတွေကို တန်ဖိုးထားစေချင်ပါတယ်။

အသက်မွေးဝမ်းကျောင်းပညာကျောင်းတွေဟာ ကျွန်မတို့ နိုင်ငံ အတွက် အင်မတန်မှလိုအပ်တယ်။ အင်မတန်တန်ဖိုးရှိပါတယ်။ ကမ္ဘာမှာ ဖွံ့ဖြိုးတိုးတက်ဆုံး နိုင်ငံအချို့ဟာ အသက်မွေးဝမ်းကျောင်းပညာကို အင်မတန်အလေးထား ပါတယ်။ ကျွန်မတို့ နိုင်ငံရဲ့ အားသာချက်က ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းမှာ အသက်မွေး ဝမ်းကျောင်းပညာ ဘက်ကို ကျွန်မတို့ ပြည်သူပြည်သားများ၊ ကျောင်းသူကျောင်းသားတွေ တင်မက ကျောင်းသူကျောင်းသားမိဘတွေဟာ အဲဒီဘက်ကို လှည့်လာပြီး အသက်မွေး ဝမ်းကျောင်းပညာရဲ့တန်ဖိုးကို သိလာတာဟာ ကျွန်မတို့နိုင်ငံအတွက် အင်အားကြီး တစ်ခုပါပဲ။ ဒီအပေါ်မှာ ကျွန်မတို့ ဆောက်တည်ဖို့လိုပါတယ်။

“အာရှတိုက် နိုင်ငံတော်တော်များများမှာ အသက်မွေးဝမ်းကျောင်းပညာကို တက္ကသိုလ်ပညာနဲ့စာရင် အဆင်နိမ့်တယ်၊ ဒုတိယတန်း ဆိုပြီးမြင်တာတွေ ရှိတာကြောင့် တကယ်တော့ မိမိနိုင်ငံရဲ့လိုအပ်ချက်နဲ့ ပညာရေးစနစ် က မွေးထုတ်လိုက်တဲ့ ကျောင်းသူကျောင်းသား တွေဟာ မကိုက်ညီမှု ဖြစ်နေပါတယ်။ ကျွန်မတို့ န်ိုင်ငံမှာ ဒီလို စိတ်ဓာတ်တွေ အင်မတန်နည်းပါတယ်။ အသက်မွေး ဝမ်းကျောင်းပညာကို ပိုပြီးတော့ တန်ဖိုးထားတာ၊ အလေးထားတာ တွေ့ရပါတယ်။ အင်မတန် အားတက်ပါတယ်။ ဒါကို ဆက်ပြီးတော့ ပညာရေးဝန်ကြီးဌာနက အားပေးရုံတင်မက ပုဂ္ဂလိကဘက်ကလည်း ကူညီစေချင်ပါတယ်။ အသက်မွေးဝမ်းကျောင်းပညာ ကျောင်းတွေကို ပုဂ္ဂလိကဘက်က ပိုပြီးတော့ စိတ်ဝင်စားစွာနဲ့ အားပေးတာ တည်ထောင် တာကို ကျွန်မအနေနဲ့ တိုက်တွန်း ချင်ပါတယ်။

“အဝေးသင်ပညာရေးစနစ်နဲ့ပတ်သက်လို့ ရှင်းလင်းစရာတစ်ခုဖြစ်လာပါတယ်။ နှစ်ပေါင်းများစွာ ကျွန်မတို့နိုင်ငံရဲ့ အဝေးသင် ပညာရေးစနစ်ဆိုတာ အလွယ်တကူဘွဲ့ရ ရေးစနစ်ဖြစ်ခဲ့ပါတယ်။ အလွယ်တကူရတဲ့ဘွဲ့ဆိုတာ ခက်ခက်ခဲခဲ ကြိုးစားပြီးရယူတဲ့ ဘွဲ့နဲ့တော့ မတူဘူးပေါ့။ တော်တော်များများက အဝေးသင်ပညာရေးစနစ်က ဘွဲ့ယူတာ ၊ အဲဒါကို အပြစ်ဆိုတာမဟုတ်ပါဘူး။ ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေ ပညာကိုတန်ဖိုးထား တာကို ပြတဲ့ဟာပါပဲ။ ဘွဲ့တစ်ခုရတယ်ဆိုရင် ကိုယ့်ဘဝမှာ အဆင့်တစ်ခုကျော်လွှားသွား နိုင်ပြီ၊ တကယ်ပဲ ပညာပြည့်စုံသွားပြီဆိုတဲ့အမြင်ဟာ ဆိုးဝါးတဲ့အမြင်မဟုတ်ပါဘူး။ ဒါဟာ ပညာကိုတန်ဖိုးထားတာပဲ။ သို့သော် အဝေးသင်ပညာရေးစနစ်ဟာ တကယ်ပဲ ထိထိ ရောက်ရောက် ပညာပေးနိုင်တဲ့စနစ်မဖြစ်ခဲ့ပါဘူး။ အခုအဝေးသင်ပညာရေးစနစ်ဟာ လည်း သာမန်တက္ကသိုလ်တွေမှာလိုပဲ ထိထိရောက်ရောက် ပညာပေးနိုင်တဲ့စနစ်တစ်ခုဖြစ်အောင် ကြိုးစားဆောင်ရွက်နေပါတယ်။ အဲဒီလို ကြိုးစားဆောင်ရွက်တဲ့နေရာမှာ အားလုံးပူးပေါင်း ဆောင်ရွက်ဖို့လိုပါတယ်။

“ဆရာ၊ဆရာမတွေကိုလည်း ပြန်ပြီးအရည်အချင်းမြှင့်ပေးရတဲ့ လုပ်ငန်းကြီးဟာ စိန်ခေါ်မှုကြီးတစ်ခုပါပဲ။ ကျောင်းသူကျောင်းသားတွေရဲ့ ပညာအရည်အချင်းမြှင့်ဖို့ဆိုရင် ဆရာဆရာမတွေရဲ့ အရည်အချင်းကို မြှင့်ပေးဖို့လိုပါတယ်။ အဲဒီမှာလည်းကျွန်မတို့ အင်မတန် ရုန်းကန်နေရပါတယ်။ ဆရာ၊ဆရာမတွေဟာ အများအားဖြင့် ကိုယ့်မိသားစု တာဝန်တွေနဲ့ ဖြစ်နေပြီဆိုတော့ ကျောင်းသူ ကျောင်းသားတွေလို အချိန်ပြည့် ပညာရေးကို အာရုံမစိုက်နိုင်ပါဘူး။ ဒါပေမယ့် နိုင်ငံရဲ့လိုအပ်ချက်အရ တတ်နိုင်သလောက် ကိုယ့်ရဲ့ အရည်အချင်းမြှင့်တင်ရေးအတွက် ဆရာ၊ဆရာမတွေကိုကြိုးစားစေချင်ပါတယ်။ ဒီလိုကြိုး စားချင်း အားဖြင့် က်ိုယ်လည်းကျေနပ်မှု ရမယ်၊ ကိုယ်မွေးထုတ်လိုက်တဲ့ ကျောင်းသူ ကျောင်းသားတွေဟာလည်း ကျွန်မတို့နိုင်ငံရဲ့ အကျိုးကို တစ်သက်ဆောင်ယူ နိုင်ရုံသာမက ကမ္ဘာလူသားများရဲ့အကျိုးကိုဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာနိုင်တယ်ဆို တာကို နှလုံးသွင်းပြီး ကြိုးစားစေချင်ပါတယ်။

“တစ်နေ့နဲ့ တစ်နေ့ ကျွန်မတို့နိုင်ငံရဲ့ အခြေအနေကို ကြည့်လိုက်တဲ့အခါ ကျွန်မအားအရဆုံးကိစ္စတွေထဲမှာ ပညာရေးတိုးတက်မှု ပဲဖြစ်ပါတယ်။ တချို့က ဒါကို သတိထားမိချင်မှ သတိထားမိကြပါမယ်။ ကျွန်မသတိထားမိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မတို့ ကျောင်းရဲ့ကလေးတွေဟာ စိတ်အားထက်သန်မှုမှာ ပိုပြီးတော့ မိမိ ကိုယ်ကို ယုံကြည်မှု အဲဒါတွေကိုကျွန်မတွေ့ရတယ်။ ဒါတွေကို ကျွန်မတို့ ပြုစု ပျိုးထောင်ရမယ်။ ကလေးတွေ အောင်မြင်စေချင်လို့ရှိရင် ငါတို့ဟာ အောင်မြင်နိုင်တဲ့ သူတွေဖြစ်တယ်ဆိုတဲ့ ယုံကြည်မှု ငယ်ငယ်ကတည်းကနေ ကလေးတွေရဲ့ နှလုံးသားမှာ စွဲသွားအောင် လုပ်ပေးဖို့ဖြစ်ပါတယ်။ အစကတည်းက လုပ်နည်းကိုင်နည်းမမှန်ရင် နောင် ပြုပြင်ဖို့ အင်မတန်ခက်ပါတယ်။

“အခုအဆင့်မြင့်ပညာအဆင့်မှာရောက်နေတဲ့ လူငယ်တော်တော် များများဟာ အားနည်းတဲ့ ပညာရေးစနစ်ရဲ့ သားကောင်တွေပဲလို့ တစ်နည်း အားဖြင့် ပြောလို့ရပါတယ်။ ဒီလူငယ်တွေကို အရင်တုန်းက ရထားတဲ့အလေ့အကျင့်တွေကို ပြုပြင်ရမယ်၊ အခုခေတ်နဲ့ ကိုက်ညီတဲ့ မှန်ကန်တဲ့ ပညာရှာနည်းတွေကို သင်ပေးရမယ် ဆိုတာဟာ အဆင့်မြင့် ပညာမှာ တာဝန်ယူနေတဲ့ ဆရာ ဆရာတွေအတွက် အင်မတန်ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပါ တယ်။ ဒီစိန်ခေါ်မှုကို အောင်အောင်မြင်မြင်ကျော်လွှားနိုင်မယ်ဆိုရင် ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်အတွက်အားလုံးစိတ်အေးရမှာပါ။ အခုမှ မူလတန်းကျောင်းမှာစပြီး ပြုစုပျိုး ထောင်နေတဲ့ ကလေးတွေ ကြီးလာတဲ့အထိ စောင့်နေလို့မရပါဘူး။ အခုချက်ချင်း ဒီနေ့ ဒီအချိန်ကနေစပြီး ကျွန်မတို့နိုင်ငံတိုးတက်ရေးအတွက် ဝိုင်းဝန်းကူညီ ပံ့ပိုးနိုင်တဲ့ လူငယ်တွေ ပညာတတ်လူငယ်တွေ မွေးထုတ်ဖို့ဆိုတာ အခုအဆင့်မြင့်ပညာ ရေးစနစ်ရဲ့ အကြီးဆုံး စိန်ခေါ်မှုကြီးဖြစ်လို့ ဒီစိန်ခေါ်မှုကို အောင်အောင်မြင်မြင်ကျော်လွှား ဖို့ဆိုတာ ကျွန်မတို့ အားလုံးမှာ တာဝန်ရှိပါတယ်။ အစိုးရဝန်ထမ်းဖြစ်တဲ့ ဆရာ၊ဆရာမ တွေမှာ လည်းတာဝန်ရှိပါတယ်။ ကျောင်းသူကျောင်းသားတွေမှာလည်း တာဝန်ရှိပါတယ်။ ပုဂ္ဂလိက ဆိုင်ရာ စီးပွားရေးအသိုင်းအဝိုင်းမှာတောင် တာဝန်ရှိပါတယ်။ အရေးကြီးဆုံးက မိဘတွေမှာ တာဝန်ရှိပါတယ်။ မိဘတွေက သားသမီးတွေကို မှန်ကန်တဲ့စိတ်နှလုံးသားတွေ၊ မှန်ကန်တဲ့ တန်ဖိုးထားမှုတွေရှိဖို့ကို ကူညီဆောင်ရွက်ပေးမှ အဆင့်မြင့်ပညာရေး စနစ်မှာ ရုန်းကန် နေရတဲ့ ဆရာ၊ဆရာမတွေအတွက်လည်း အကူအညီရမှာပါ။ အားလုံး ပူးပေါင်း ဆောင်ရွက်မှအောင်မြင်နိုင်မှာပါ။ အောင်မြင်မယ်ဆိုတာလည်း ကျွန်မယုံကြည် ပါတယ်။ အောင်မြင်မယ်ဆိုတာ ယုံကြည်လို့ အောင်မြင်မယ်လို့လည်း ကျွန်မပြောနိုင်ပါ တယ်။ အထက်တန်းပညာ၊ အဆင့်မြင့်ပညာမှာပါဝင်နေတဲ့ ပုဂ္ဂိုလ်အသီးသီးကလည်း အောင်မြင် မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဆက်ပြီးတော့ က်ြိုးစားသွားကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ် ခံရင်း နိဂုံးချုပ်ပါတယ်။

Show More

Related Articles

Leave a Reply

Your email address will not be published.

Back to top button
Close