Speech

ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ားေတြ႕ဆုံပြဲတြင္ ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေျပာၾကားသည့္ မိန္႔ခြန္း

ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ား ေတြ႕ဆုံပြဲတြင္ ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကားသည့္မိန္႔ခြန္း အျပည့္အစုံမွာ ေအာက္ပါအတုိင္း ျဖစ္ပါသည္ –

ပုဂၢလိက စီးပြားေရးလုပ္ငန္းဆိုတာ ကၽြန္မတို႔လို ဖြံ႕ၿဖိဳး တိုးတက္စ ႏုိင္ငံအတြက္ အင္မတန္မွ အေရးပါပါတယ္။ ဒီလိုအင္မတန္မွ အေရးပါတဲ့အတြက္ စီးပြားေရး လုပ္ငန္းရွင္မ်ားအားလံုး ပါ၀င္ပတ္သက္ေရး အထူးဦးစားေပးၿပီး လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။ ဒီလိုလုပ္တဲ့အခါမွာ ဟိုဘက္ဒီဘက္အားလံုးကေတာ့ တာ၀န္သိစိတ္ရွိရ မယ္ဆိုတာကို သတိေပးခ်င္ပါတယ္။

ႏိုင္ငံတစ္ႏုိင္ငံတိုးတက္ဖို႔ဆိုတာ ႏုိင္ငံသူႏုိင္ငံသားတစ္ဦးခ်င္းတစ္ဦးခ်င္းက တာ၀န္သိဖို႔၊ တာ၀န္အရလုပ္ေဆာင္ဖို႔ အင္မတန္မွ အေရးႀကီးပါတယ္။ စီးပြားေရးနဲ႔ ပတ္သက္ရင္ တစ္ခ်ိဳ႕က အစိုးရက ဟိုဟာလုပ္မေပးဘူး။ ဒီဟာလုပ္မေပးဘူးဆိုၿပီး ေျပာၾကပါတယ္။ ဒီလိုေ၀ဖန္တဲ့အခါ လက္ခံရမွာပါ။တစ္ခ်ိန္တည္းမွာ စီးပြားေရးလုပ္ငန္းရွင္ေတြကလည္း ကိုယ့္မွာ တာ၀န္ရွိတယ္ဆိုတာကိုလည္း သတိျပဳေစခ်င္ပါတယ္။ ကၽြန္မတို႔ရဲ႕ ဒီမိုကေရစီစနစ္တစ္ခုမွာ ျပည္သူေတြကလည္း ကိုယ့္မွာ တာ၀န္ရွိတယ္ ကိုယ့္မွာလုပ္ႏုိင္တဲ့ အင္အားရွိတယ္ဆိုတာ ယံုၾကည္မွ ေအာင္ျမင္မွာ ျဖစ္ပါတယ္။ အစိုးရကအားလံုးလုပ္ေပးမယ္၊ အစိုးရကပဲ လုပ္ႏုိင္တယ္ဆိုရင္ ဒါဟာ ဒီမိုကေရစီ မဟုတ္ေတာ့ဘူး။ ဒီမိုကေရစီနဲ႔ ကိုက္ညီတဲ့ စီးပြားေရးစနစ္ဆိုတာမသိရင္ ေအာင္ျမင္ႏိုင္မွာ မဟုတ္ပါဘူး။

ကၽြန္မတို႔အားလံုးပူးေပါင္းၿပီး ေဆာင္ရြက္ဖို႔ ႀကိဳးစားတဲ့ေနရာမွာ ကိုယ္ဘာလုပ္ေပးႏုိင္မလဲ၊ ကိုယ့္မွာ ဘာတာ၀န္ရွိသလဲဆိုတာကိုေတာ့ စဥ္းစားေစခ်င္ပါတယ္။ စီးပြားေရးဆိုတာဟာ အဂတိ လိုက္စားမႈ ျဖစ္ႏုိင္ေခ် အမ်ားဆံုး နယ္ပယ္ျဖစ္ပါတယ္။ ႏုိင္ငံတစ္ႏုိင္ငံရဲ႕ စီးပြားေရးဂုဏ္သိကၡာဆိုတာက အဲဒီႏုိင္ငံမွာ ဘယ္ေလာက္အထိ အဂတိလိုက္စားမႈ ကင္းရွင္းတယ္ဆိုတဲ့ အေပၚမွာ မူတည္ပါတယ္။
အဂတိလိုက္စားမႈနဲ႔ ပတ္သက္ၿပီး ေျပာရမယ္ဆိုရင္ အဂတိလိုက္စား မႈတိုက္ဖ်က္ေရးေကာ္မရွင္နဲ႔ စီးပြားေရးလုပ္ငန္းရွင္ တစ္ခ်ိဳ႕ေတြ႕ဆံုၿပီး ေဆြးေႏြးတာေတြ မၾကာခင္က ရွိခဲ့ပါတယ္။ ဒီလိုေဆြးေႏြးတဲ့အခါမွာ စီးပြားေရးလုပ္ငန္းရွင္ေတြက မိမိတို႔ ရဲ႕ စိုးရိမ္ပူပန္မႈေတြကို တင္ျပၾကပါတယ္။ ဒီလိုတင္ျပတဲ့အခ်က္ေတြကိုလည္း ေကာ္မရွင္ဥကၠ႒ က ကၽြန္မတို႔ကို တင္ျပလာပါတယ္။ ၾကည့္လိုက္တဲ့အခါမွာ လာဘ္ေပးလာဘ္ယူနဲ႔ ပတ္သက္လို႔ စိုးရိမ္ပူပန္မႈေတြ ဆိုတာ ေတြ႕ရ ပါတယ္။ ဒါလည္းေကာင္းပါတယ္။ စီးပြားေရးလုပ္ငန္းရွင္မ်ားဟာ အဂတိလိုက္စားမႈကို မႏွစ္သက္ဘူးဆိုတာ ကၽြန္မတို႔ႏုိင္ငံအတြက္ ေကာင္းတဲ့လကၡဏာပါပဲ။ ဒါေပမယ့္ တစ္ခ်ိဳ႕ကိစၥေတြက စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔လည္း ဆိုင္ပါတယ္။ ဥပမာ အားျဖင့္ လာဘ္ေပးလာဘ္ယူဆိုတာ ယူတဲ့သူပဲ ရွိတာမွ မဟုတ္ဘဲ။ ေပးတဲ့သူေတြ လည္းရွိတာပဲ။ ေပးတဲ့သူေတြက မေပးရင္ ယူတဲ့သူရွိႏုိင္မလား။ တစ္ခ်ိဳ႕က ေျပာတာ ေပါ့ မေပးရင္ အလုပ္မျဖစ္ဘူး။ တကယ္ပဲ မေပးလို႔ အလုပ္မျဖစ္ရင္ ကၽြန္မတိုကို တရား၀င္ ေျပာလို႔ရပါတယ္။ တိုင္လို႔ရပါတယ္။ ကၽြန္မတို႔ အေရးယူမွာပါ။ မသိက်ိဳးကၽြံ လုပ္ေနမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ တိုင္တဲ့သူမရွိရင္ ကၽြန္မတို႔ အေရးယူရတာ ခက္ပါ တယ္။ အမ်ားအားျဖင့္ ေျပာၾကတာက ၀န္ထမ္းေတြ အဂတိလိုက္စားမႈ မ်ားတယ္၊ ဘာလုပ္ေနတယ္ဆိုတာ အစိုးရအေနနဲ႔ အားလံုးသိဖို႔ တကယ္ေတာ့ မျဖစ္ႏုိင္ပါဘူး။ ျပည္သူေတြကေန ၀ိုင္းၿပီးေျပာျပမွ သိရမွာပါ။ စီးပြားေရးလုပ္ငန္းရွင္ေတြ အေနနဲ႔လည္း ဒီအခ်က္နဲ႔ ပတ္သက္လို႔လည္း ကူညီေစခ်င္ပါ တယ္။

ပထမဦးဆံုးကၽြန္မတို႔ႏိုင္ငံဟာ စီးပြားေရးအရ အဂတိလိုက္စားမႈကင္းရွင္းလာမယ္ဆိုရင္ ကမၻာကေနၿပီး ကၽြန္မတို႔ႏုိင္ငံကို ယံုၾကည္စြာနဲ႔ ရင္းႏွီးျမွဳပ္ႏွံ ခ်င္တဲ့စိတ္ေတြ ျဖစ္လာမွာပါ။ တင္ဒါကိစၥနဲ႔ ပတ္သက္လို႔ အထူးသျဖင့္ တိုင္တာေတြ ပါပါတယ္။ တင္ဒါကိစၥနဲ႔ပတ္သက္လို႔ မမွန္မကန္လုပ္တာေတြရွိတယ္။ ဒါကလည္း လာဘ္ေပးလာဘ္ယူနဲ႔ ဆက္ႏြယ္ေနေတာ့ ဒီလိုရွိတယ္ဆိုရင္ ကၽြန္မတို႔ကို အသိေပးေစခ်င္ပါတယ္။ တင္ဒါနဲ႔ ပတ္သက္လို႔ကေတာ့ ကၽြန္မတို႔ရဲ႕ စိန္ေခၚမႈႀကီးတစ္ခုပါပဲ။ ကၽြန္မတို႔ရဲ႕ႏိုင္ငံမွာ စီမံကိန္းေတြ ၿပီးသင့္တဲ့အခ်ိန္မွာ မၿပီးရတဲ့အေၾကာင္းအရင္းကဘာလဲဆိုတာ ျပန္ၾကည့္လိုက္ေတာ့ တင္ဒါကိစၥေတြ ေႏွးေကြးေနျခင္းပဲ ျဖစ္ပါတယ္။
ဒါေၾကာင့္ အစိုးရ၀န္ႀကီးဌာနမ်ား၊ တိုင္းေဒသႀကီး၊ ျပည္နယ္အစိုးရမ်ားဘက္ကေနၿပီး တင္ဒါလုပ္ငန္းေတြကို ျမန္ျမန္ဆန္ဆန္ ၿပီးေျမာက္ေရး ဦးစားေပးၿပီး ေဆာင္ရြက္ေန ပါတယ္။ ဘယ္လိုလုပ္ရမယ္ဆိုတာကို ေသခ်ာခ်ေပးပါတယ္။ ပိုၿပီးေတာ့ က်စ္လ်စ္ခိုင္မာျပည့္စံုေအာင္ညြန္ၾကားခ်က္ေတြ ထုတ္ပါတယ္။ တစ္ဖက္ကလည္း ကၽြန္မတို႔ရဲ႕ စီးပြားေရးလုပ္ငန္းရွင္မ်ားဟာ ၀ိုင္းၿပီး ကူညီေစခ်င္ပါတယ္။ မမွန္မကန္လုပ္ေနတာေတြရွိရင္ မေက်မနပ္ျဖစ္ေနရံုနဲ႔ မၿပီးပါနဲ႔။ ကၽြန္မတို႔ကို အသိေပးပါ။ ဘယ္သူ၊ ဘယ္ဌာန၊ ဘယ္လိုလုပ္ပါတယ္ဆိုတာ တိတိက်က် အသိေပးပါ။ ကၽြန္မတို႔ေစာင့္ၿပီး အေရးယူပါ့မယ္။ ဒီလိုအေရးယူလိုက္ၿပီဆိုရင္ တျဖည္းျဖည္း ေပ်ာက္သြားမွာပါ။ ကၽြန္မကေတာ့ ျမန္ျမန္ေပ်ာက္သြားေစခ်င္ပါတယ္။ တင္ဒါလုပ္ငန္းကို ေျပာရတာက ကၽြန္မတို႔ ႏုိင္ငံရဲ႕ စီးပြားေရး ျမန္ျမန္ဆန္ဆန္ၿပီးေျမာက္ေရးမွာ တင္ဒါေတြေနွးေကြးျခင္းနဲ႔ တင္ဒါေတြနဲ႔ ပတ္သက္လို႔ မမွန္မကန္လုပ္ေနတာေတြ ရွိတယ္ဆိုတာ တိုင္ၾကားတာေတြ မ်ားလြန္းေတာ့ ဒါဟာလည္း အဂတိလိုက္စားမႈနဲ႔ ဆက္ႏြယ္ေနတာ ျဖစ္ပါတယ္။

ေနာက္တစ္ခုက ကၽြန္မတို႔ႏုိင္ငံမွာ မလိုအပ္တဲ့ ႀကိဳးနီစနစ္ေတြရွိတယ္။ လုပ္ရ တဲ့အဆင့္ေတြ သိပ္မ်ားတယ္ဆိုၿပီး UMFCCI ကေန မၾကာခင္က ထြက္လာတဲ့ တင္ျပ ခ်က္ထဲမွာ ဒါလည္းပါပါတယ္။ ဒါေၾကာင့္ ဒီလိုဟာေတြကို ေလ်ာ့ေပးဖို႔ ျမန္ျမန္ဆန္ဆန္ အလုပ္တစ္ခုကို ၿပီးေျမာက္ႏုိင္ေအာင္ လုပ္ေပးဖို႔ တင္ျပတာ ပါပါတယ္။ ဒါေၾကာင့္ စီမံကိန္း နဲ႔ ဘ႑ာေရး၀န္ႀကီးဌာနနဲ႔ MIC ကေန ျမန္ျမန္ဆန္ဆန္ အလုပ္ေတြ ၿပီးႏုိင္ဖို႔ အထူးအေလးထားၿပီး ေဆာင္ရြက္ေနပါတယ္။ အရင္တံုးကလို ကိစၥတစ္ခုၿပီးဖို႔ အႀကာႀကီး ေစာင့္ရတာမ်ိဳးမဟုတ္ဘဲနဲ႔ မလိုအပ္တဲ့အဆင့္ေတြမွာ ပိတ္ဆို႔ေနမႈ မျဖစ္ေအာင္ ကၽြန္မတို႔စီစဥ္ေနပါတယ္။ ဘယ္ေနရာမွာ အတစ္အဆို႔ေတြျဖစ္ေနတယ္ဆိုတာကိုလည္း ကၽြန္မတို႔ကို အသိေပးေသာအားျဖင့္ ကူညီပါလို႔ ေမတၱာရပ္ခံခ်င္ပါတယ္။
ကၽြန္မတို႔ သိမွ တခ်ိဳ႕ကိစၥေတြကို ျပဳျပင္ေပးႏုိင္မွာပါ။ တခ်ိဳ႕ကိစၥေတြကလည္း မသိတာေတြ ရွိပါတယ္။ အားလံုးကိုသိဖို႔ဆိုတာေတာ့ ခက္ပါတယ္။ ကၽြန္မတို႔ႏုိင္ငံမွာ စီးပြားေရးတိုးတက္ဖို႔ကအင္မတန္မွ အေရးႀကီးပါတယ္။ ႏုိင္ငံေရးဘက္ကလည္း အေရးႀကီးပါတယ္။ ကမၻာ့တစ္၀န္းကိုလွည့္ၾကည့္ရင္ တကယ့္အင္အားက အခုေခတ္မွာဆိုရင္ ဓနအင္အားျဖစ္ေနပါတယ္။ ကၽြန္မတို႔ဟာ ကမၻာ့စင္ျမင့္ေပၚမွာ ႏိုင္ငံေရးၾသဇာနည္းပါးျခင္းဟာ ကၽြန္မတို႔ ဓနအင္အားနည္းပါးျခင္းနဲ႔လည္း ဆက္စပ္ေနပါတယ္။ ဒါေၾကာင့္ ကၽြန္မတို႔ႏုိင္ငံရဲ႕ လူ အင္အား၊ ဥာဏ္အင္အား၊ ၾသဇာအင္အား တက္လာဖို႔ ကၽြန္မတို႔စီးပြားေရးလုပ္ငန္းရွင္ မ်ားက ကူညီေပးေစခ်င္ပါတယ္။ ကၽြန္မတို႔ အားလံုးကေနၿပီး ဘယ္လိုကူညီရမလဲဆိုတာ ပိုၿပီး ရွင္းရွင္းလင္းလင္း သိႏိုင္ေအာင္ ေရရွည္တည္တံ့ခိုင္ၿမဲၿပီး ဟန္ခ်က္ညီတဲ့စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈ စီမံခ်က္ကို ၂၀၁၈ ကေနၿပီး ၂၀၃၀အထိ မွန္းထားပါတယ္။ အဲဒီစီမံကိန္းဟာ ကၽြန္မတို႔ႏုိင္ငံ တစ္ႏုိင္ငံလံုး ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ဖို႔ ဟန္ခ်က္ ညီၿပီး တိုးတက္ဖို႔ ျဖစ္ပါတယ္။ ကၽြန္မတို႔စီးပြားေရးေလာကထဲမွာ ပညာရွိေတြ ကမၻာနဲ႔ ရင္ေဘာင္တန္းႏုိင္တဲ့ အရည္အခ်င္းနဲ႔ ျပည့္စံုတဲ့ ပုဂၢိဳလ္ေတြလိုပါတယ္။ အဲဒါက ပညာေရးက႑နဲ႔ပဲဆိုင္ပါတယ္။ ေနာက္ၿပီးေတာ့က်န္းမာေရးက႑မွာ ကၽြန္မတုိ႔ ျပည္သူလူထုကဘယ္ေလာက္ပဲ ဥာဏ္ထက္ထက္၊ ဘယ္ေလာက္ပဲ ပညာေတြ ရွိရွိ မက်န္းမာလို႔ အလုပ္မလုပ္ႏုိင္ရင္လည္း အလကားပါပဲ။ ဒါေၾကာင့္ ကၽြန္မတို႔ဟာ က်န္းမာေရးက႑ကိုလည္း ၾကည့္ရပါတယ္။

ကၽြန္မတို႔ႏိုင္ငံရဲ႕လိုအပ္ခ်က္ေတြဟာ ဘာေတြက ဘယ္ဟာကိုဦးစားေပးရမလဲဆိုတာ ဒါေတြအားလံုးကို Myanmar Sustainable Development Plan ကေနၾကည့္ၿပီး အားလံုး၀ိုင္းကူညီပံပိုးႏုိ္င္ေအာင္ ခ်ထားေပးတဲ့ စီမံကိန္းျဖစ္ပါ တယ္။ ဒီစီမံကိန္းကလည္း မၾကာခင္ စၿပီးအေကာင္အထည္ေဖာ္ဖို႔ ေဆာင္ရြက္ေနတာ ျဖစ္ပါတယ္။ ကၽြန္မတို႔ ဒီစီမံကိန္းထဲမွာဆိုရင္ NECC အေၾကာင္း ေျပာခ်င္ပါတယ္။ NECC ဟာ ကၽြန္မတို႔ အစိုးရတာ၀န္မယူခင္ကတည္းက ၾကားသိရတာဘာလဲဆိုေတာ့ ျမန္မာႏုိင္ငံမွာ စီးပြားေရးတိုးတက္ဖို႔အတြက္ အႀကီးဆံုးအဟန္႔အတားဟာ ဌာနမ်ား အၾကား ၊ တိုင္းေဒသႀကီး၊ ျပည္နယ္အစိုးရနဲ႔ ဗဟိုအၾကား၊ တိုင္းေဒသႀကီးနဲ႔ျပည္နယ္အစိုးရ အခ်င္းခ်င္း အၾကား ပူးေပါင္းေဆာင္ရြက္မႈ အားနည္းခ်င္းပါပဲ။ဒီလိုပူးေပါင္းေဆာင္ရြက္မႈအားနည္း တာေတြေၾကာင့္ စီးပြားေရးဟာ တိုးတက္သင့္သေလာက္မတိုးတက္ဘူးဆိုၿပီး ေတာ္ေတာ္မ်ားမ်ားက ဒီအခ်က္ကိုေ၀ဖန္ ပါတယ္။

ဒါေပမယ့္ ကၽြန္မတို႔အစိုးရ တာ၀န္ ယူၿပီးတာနဲ႔ ခ်က္ခ်င္းပဲ ဒီလိုပူးေပါင္းေဆာင္ရြက္တာကို အားေပးခ်င္တဲ့အတြက္ NECC ကိုဖြဲ႕ လိုက္တာပါ။ဒီလိုဖြဲ႕လိုက္တဲ့ေနာက္မွာ ကၽြန္မတို႔ထင္သေလာက္ ျမန္ျမန္ဆန္ဆန္ တိုးတက္မႈ မရွိေပမယ့္ မၾကာမီကာလကစၿပီး အရွိန္အဟုန္ျမွင့္ၿပီး အလုပ္ျဖစ္လာတာကို သတိျပဳမိပါတယ္။ စီးပြားေရးလုပ္ငန္းရွင္ႀကီးေတြလည္း နည္းနည္းေလ့လာမယ္ ဆိုရင္ သတိျပဳမိမယ္လို႔ထင္ပါတယ္။ ဒီလိုခ်ိတ္ဆက္ပူးေပါင္းေဆာင္ရြက္မႈမရွိဘဲနဲ႔ ကၽြန္မတို႔ႏုိင္ငံက တိုးတက္သင့္သေလာက္ တိုးတက္မွာ မဟုတ္ပါဘူး။ NECC ကေန ဦးေဆာင္ၿပီး အေကာင္အထည္ေဖာ္ၿပီဆိုရင္ အစိုးရက ေခၚတဲ့ စီမံကိန္းေတြလည္း ျဖစ္ႏိုင္တယ္။ အစိုးရကေနၿပီး ဌာနေတ၊ြ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အစိုးရေတြ ကအဆိုျပဳတဲ့ စီမံကိန္းေတြလည္း ျဖစ္ႏုိင္တယ္။ ပုဂၢလိကပိုင္းဆိုင္ ရာ အဆိုျပဳတဲ့စီမံကိန္းေတြလည္း ျဖစ္ႏုိင္တယ္။ ဒါေတြကို ကၽြန္မတို႔ႏုိင္ငံဖြံ႕ၿဖိဳးတိုးတက္ ေရးအတြက္ ဘယ္ဟာေတြက အလိုအပ္ဆံုးလဲဆိုတာကို သံုးသပ္ၿပီးေတာ့အေကာင္ အထည္ေဖာ္မွာပါ။

ကၽြန္မတို႔ရဲ႕ စီးပြားေရးလုပ္ငန္းရွင္ေတြ ခ်မ္းသာလာတာကို ႀကိဳက္ပါ တယ္။ ခ်မ္းသာတဲ့ ပုဂၢိဳလ္ေတြ ကၽြန္မတို႔ႏုိင္ငံမွာ ရွိမွ ေကာင္းမွာပါ။ ကၽြန္မတို႔ႏုိင္ငံ တိုးတက္ဖို႔အတြက္ အားလံုးညီညီညြတ္ညြတ္နဲ႔ လက္တြဲၿပီးေတာ့ လုပ္ဖို႔လိုပါတယ္။ ကြ်န္မတုိ႔ ဒီအခ်ိန္မွာ ေရွ႕ကိုတက္ဖို႔ တစ္ေယာက္နဲ႔တစ္ေယာက္ ယံုယံုၾကည္ၾကည္နဲ႔ တစ္ေယာက္ေပၚတစ္ေယာက္ သစၥာေစာင့္သိဖို႔ပဲ၊ သစၥာေစာင့္တယ္ ဆိုတာ ေနာက္ဆံုးက်ေတာ့ ႏိုင္ငံအေပၚမွာ သစၥာေစာင့္တာျဖစ္ပါတယ္။ သစၥာေစာင့္ၿပီး လက္တြဲလုပ္သြားမယ္ဆိုရင္ မတိုးတက္ႏိုင္စရာ အေၾကာင္းမရွိပါဘူး။ တခ်ိဳ႕ကေတာ့ပြင့္ပြင့္ လင္းလင္းေျပာရရင္ ကြ်န္မတုိ႔ အစိုးရကို မေအာင္ျမင္ေစခ်င္ဘူး။ ဒီလို စိတ္မ်ိဳးေတြ မထားသင့္ပါဘူး။ ကြ်န္မတို႔ အစိုးရေအာင္ျမင္ဖို႔ လုပ္ေနတာမဟုတ္ပါဘူး၊ နိုင္ငံေအာင္ျမင္ဖို႔ လုပ္ေနတာျဖစ္ပါတယ္။ ႏိုင္ငံေအာင္ျမင္ရင္ ကြ်န္မတု႔ိ အစိုးရေအာင္ျမင္တယ္။ ႏုိင္ငံ မေအာင္ျမင္ဘဲနဲ႔ ကြ်န္မတုိ႔အစိုးရေအာင္ျမင္တယ္လို႔ ေျပာလို႔မရပါဘူး။
အစိုးရကို မေအာင္ျမင္ေအာင္လုပ္တယ္ဆိုတာဟာ တစ္နည္းအားျဖင့္ ႏုိင္ငံကို မေအာင္ျမင္ေအာင္လုပ္တာပဲ ျဖစ္ပါတယ္။ ေအာင္ျမင္တယ္ဆိုတာဘာလဲဆိုတာ မွန္မွန္ကန္ကန္သိဖို႔လိုပါတယ္။ ေအာင္ျမင္တယ္ဆိုတာ ကြ်န္မတို႔ အစိုးရအဖြဲ႕၀င္ေတြ ခ်မ္းသာလာေအာင္ ေျပာတာမဟုတ္ပါဘူး။ ျပည္သူလူထုခ်မ္းသာလာေအာင္ေျပာတာျဖစ္ပါတယ္။ ကြ်န္မတို႔အစိုးရအတြက္လုပ္ဖို႔ ကိုင္ဖို႔ မလြယ္ဘူးေျပာတာမဟုတ္ပါဘူး။ ျပည္သူလူထုအတြက္ လုပ္ရကိုင္ရ၊ ေနရထုိင္ရ တာ ေခ်ာေမြ႕ဖို႔ အတြက္ေျပာတာျဖစ္ပါတယ္။ ကြ်န္မတုိ႔ ႏုိင္ငံေအာင္ျမင္ဖို႔အတြက္ ၀ိုင္း၀န္း ၿပီး ေတာ့ကူညီၾကပါ။ အတိတ္ကိုၾကည့္ၿပီးေတာ့ ဘယ္သူကိုေတာ့ ဘယ္လို႔ အညွိးအေတးနဲ႔ ဆက္ဆံမယ္ဆိုတဲ့ စိတ္မရွိပါဘူး။ ကြ်န္မတို႔ အစိုးရဟာ ဘယ္စီးပြားေရးလုပ္ငန္းရွင္ ကိုမွ အတိတ္က ကိစၥေတြနဲ႔တြဲၾကည့္ၿပီးေတာ့ သံုးသပ္တာမရွိပါဘူး။ အတိတ္က အတိတ္ပဲ၊ ပစၥဳပၸန္ကအေရးအႀကီးဆံုးပဲ။ အခု ပစၥဳပၸန္မွာ ဘယ္လိုလုပ္ေနၾကတယ္၊ ဘယ္ကို ဦးတည္ေန ၾကတယ္၊ ႏိုင္ငံတုိးတက္ေရးအတြက္ ဘာေတြေထာက္ပံ့ေနၾကသလဲ၊ အဲဒါကို အဓိက ၾကည့္တာျဖစ္ပါတယ္။

ႏုိင္ငံတုိးတက္ေရးအတြက္ ဘာေတြေထာက္ပံ့ေနၾကသလဲဆိုတဲ့ဟာကို ၾကည့္တဲ့ေနရာမွာ အေရးႀကီးတာက ၿငိမ္းခ်မ္းေရးပဲျဖစ္ပါတယ္။ ၿငိမ္းခ်မ္းေရးနဲ႔ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးပဲျဖစ္ပါတယ္။ အမ်ိဳးသားျပန္လည္သင့္ျမတ္ ေရးဆိုတာ တည္ၿငိမ္ ေရးပဲျဖစ္ပါတယ္။ ကြ်န္မတုိ႔အခ်င္းခ်င္း မတည့္ၾကရင္ ဒီႏုိင္ငံက ဘယ္လိုမွ တည္ၿငိမ္ႏိုင္မွာမဟုတ္ပါဘူး။ ဒါေၾကာင့္ ကြ်န္မတို႔ဟာ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ ေရးကို အဓိက ထားၿပီး ေဆာင္ရြက္တဲ့ေနရာမွာ စီးပြားေရးလုပ္ငန္းရွင္ေတြရဲ႕ အကူအညီေတြကို အမ်ား ႀကီးလိုအပ္ပါတယ္၊
တခ်ိန္တည္းမွာပဲ ေက်းဇူးတင္တယ္လို႔ ေျပာခ်င္ပါတယ္။ ကြ်န္မတို႔ ႏုိင္ငံေရးျဖစ္စဥ္အတြက္ ကြ်န္မတုိ႔ ရခိုင္ျပည္နယ္က ျပႆနာေတြကို ေျဖရွင္းဖုိ႔အတြက္ ကြ်န္မတုိ႔ ျပည္သူျပည္သားေတြအားလံုးကို ေမတၱာရပ္ခံလိုက္တဲ့အခါမွာ စီးပြားေရးလုပ္ငန္းရွင္ႀကီးမ်ားက ေရွ႕ကေနၿပီး၀ိုင္း၀န္းၿပီး ကူညီေထာက္ပံ့တာအတြက္လည္း ေက်းဇူးတင္ပါတယ္။ ဒီလုိ လုပ္တာကို တစ္ခ်ိဳ႕က အံံ့အားသင့္တယ္၊ ကမၻာကအံ့အားသင့္ၾကတယ္။ သူတုိ႔ႏုိင္ငံမွာ စီးပြားေရးုလုပ္ငန္းရွင္ေတြကေရာ သာမန္ျပည္သူေတြကေရာ အားလံုး၀ိုင္း၀န္းၿပီးေတာ့ ကူညီၾကပါလားဆိုတာကို ကမၻာက တအံ့တၾသျဖစ္ၾကတယ္။ ဒါက ကြ်န္မတို႔ႏုိင္ငံရဲ႕ အားသာခ်က္ျဖစ္ပါတယ္။ ကြ်န္မတို႔ NRPC ကိုစၿပီးတည္ေထာင္လိုက္ၿပီး ၿငိမ္းခ်မ္းေရးအတြက္ ၀ိုင္း၀န္းၿပီးေတာ့ ပံံ့ပိုးၾကပါလို႔ ေမတၱာရပ္ခံလိုက္တဲ့အခါမွာ စီးပြားေရး လုပ္ငန္းရွင္ႀကီးေတြသာမက သာမန္ျပည္သူ ေတြကလည္း တတ္ႏုိင္သေလာက္ ကူညီေပးတဲ့အလွဴရွင္ေတြရွိပါတယ္။
အဲဒီလို တတ္ႏုိင္သေလာက္ လာလွဴတဲ့အလွဴရွင္ေတြရဲ႕က႑က သန္းနဲ႔ခ်ီၿပီး လွဴတဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြရဲ႕ က႑ထက္ ပိုၿပီးေတာ့ ေသးငယ္တာမဟုတ္ပါဘူး အတူတူပါပဲ။ ကြ်န္မတုိ႔ ျပည္သူျပည္ သားမ်ားရဲ႕ ေစတနာနဲ႔ ျပည္သူျပည္သားမ်ားတကယ္ ႏိုင္ငံအတြက္ လုပ္ေပးခ်င္တဲ့စိတ္ဓာတ္ဟာ အားလံုးတူညီတာေတြရွိပါတယ္။ တကယ္လက္ေတြ႕ က်က်မွာ စီးပြားေရးလုပ္ငန္းရွင္ေတြ လုပ္ေပးတာကေတာ့ ပိုၿပီးေတာ့ ထိေရာက္တယ္လို႔ ေျပာရမွာပါ၊ ေနာက္ၿပီး ရခိုင္ျပည္နယ္နဲ႔ ပတ္သက္လို႔လည္း ဒီလိုပါပဲ။ ရခိုင္ျပည္နယ္ အေျခအေနပိုၿပီးေကာင္းေအာင္လုပ္တာလည္း ေငြေရးေၾကးေရးအရ လိုအပ္တာေတြရွိ တဲ့အခါက်ေတာ့ ကြ်န္မတို႔ စီးပြားေရး လုပ္ငန္းရွင္ႀကီးေတြကို ေမတၱာရပ္ခံတဲ့အခါမွာ ၀ိုင္း၀န္းၿပီးေတာ့ ကူညီတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ဒီလိုပဲ ဆက္ၿပီးေတာ့ လုပ္သြားမယ္ဆိုရင္ ကြ်န္မတုိ႔ႏုိင္ငံဟာ မလြဲမေသြ တိုးတတ္မွာပါ။ အခုအခ်ိန္မွာ ေတာင္မွ ဒီေလာက္ ျပႆနာေတြရွိေနတဲ့အထဲက ကြ်န္မတို႔ႏုိင္ငံေလာက္ ျပႆနာရႈပ္ ေထြးတဲ့ ႏိုင္ငံကမၻာမွာ သိပ္မမ်ားပါဘူး။ ႏွစ္ေပါင္းမ်ားစြာၾကာလာၿပီျဖစ္တဲ့ ျပည္တြင္းစစ္ကို ၿငိမ္းခ်မ္းေအာင္ ျပည္တြင္းစစ္ေအးခ်မ္းသြားေအာင္ ကြ်န္မတုိ႔ ႀကိဳးစားေနရတယ္။ ရခိုင္ကိစၥမွာလည္း ကမၻာတစ္၀န္းလံုးကေနၿပီး အာရံုစိုက္ေနလို႔ ကြ်န္မတို႔ကလည္း တတ္ႏိုင္သေလာက္ အျမန္ဆံုး ေျပလည္ေအာင္လည္းလုပ္ရပါတယ္။ ဒီလုိ အခက္အခဲ ေတြၾကားထဲကေနၿပီးေတာ့ ေအာင္ျမင္ဖို႔ဆိုတာဟာ ကြ်န္မတို႔အခ်င္းအခ်င္း ညီညြတ္ဖို႔၊ ကြ်န္မတို႔ အားလံုးလက္တြဲၿပီး ပူးေပါင္းေဆာင္ရြက္သြားဖို႔ဆိုတာ အင္မတန္မွ အေရးႀကီး ပါတယ္။

ဒါကေတာ့ကၽြန္မတို႔ ႏိုင္ငံေရးအရပါ။ ေနာက္ကၽြန္မတို႔ စီးပြားေရးအရ သက္သက္ ေျပာရမယ့္ကိစၥတစ္ခုကေတာ့ ကၽြန္မတို႔ရဲ႕ လယ္ယာစိုက္ပ်ဳိးေရးက႑ပါ။ ကၽြန္မတို႔ႏိုင္ငံဟာ အခုထိလယ္ယာစိုက္ပ်ဳိးေရးကို အေျခခံတဲ့ႏိုင္ငံပဲျဖစ္ပါတယ္။ ျပည္သူလူထု ၇၀ ရာခိုင္ႏႈန္းေလာက္ဟာ ေက်းလက္ေတာရြာမွာေနထိုင္သူေတြျဖစ္ပါတယ္။ အခုဆိုရင္ ပို၍ပို၍ ေက်းလက္ေတာရြာက ျပည္သူေတြဟာ ၿမိဳ႕ေတြကို တက္ၿပီးေတာ့ အလုပ္ရွာတဲ့ အေျခအေနေတြျဖစ္လာပါတယ္။ တစ္ဖက္က ၾကည့္လိုက္မယ္ဆိုရင္ ၿမိဳ႕ေတြထဲမွာ အလုပ္ရွိလို႔ အလုပ္လာရွာတာပဲလို႔ ေျပာလို႔ရေပမယ့္ ကၽြန္မတို႔ ေရရွည္ရည္မွန္းခ်က္တစ္ခု ရွိဖို႔ေတာ့ လိုပါတယ္။

ကၽြန္မတို႔ႏိုင္ငံဟာ ဘယ္လိုိုႏိုင္ငံမ်ဳိးျဖစ္ေစခ်င္သလဲဆိုေတာ့ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္တဲ့ ႏိုင္ငံမ်ဳိးျဖစ္ေစခ်င္တယ္။ ကၽြန္မကေတာ့ လက္ေတြ႕က်က် အားလံုးကိုစဥ္းစား ေစခ်င္တယ္။ ကၽြန္မတို႔ျပည္သူလူထုအားလံုး အထူးသျဖင့္ စီးပြားေရး လုပ္ငန္းရွင္ေတြ၊ စီးပြားေရးမွာ ထဲထဲ၀င္၀င္ ေအာင္ျမင္ေနတဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြဟာ ဒီႏိုင္ငံကို ဘယ္လုိႏိုင္ငံမ်ဳိးျဖစ္ေစခ်င္သလဲဆိုတာကို စဥ္းစားဖို႔လိုပါတယ္။ စီးပြားေရးပံုစံအရ ဘယ္လိုပံုစံနဲ႔ ႏိုင္ငံမ်ဳိးျဖစ္ေစခ်င္သလဲဆိုတာကို စဥ္းစားေစခ်င္ပါတယ္။

အဲဒီလို စဥ္းစားတဲ့ေနရာမွာ လက္ေတြ႕က်က်ၾကည့္မယ္ဆိုရင္ ႏိုင္ငံရဲ႕ လယ္ယာကို အေျခခံတဲ့အေနအထားအရ၊ ေနာက္တစ္ခုက ၂၁ရာစုႏွစ္ ေနာက္ပိုင္းမွာ ပို၍ပို၍ စားနပ္ရိကၡာလံုၿခံဳမႈဟာ အေရးႀကီးလာတယ္ဆိုတဲ့ သံုးသပ္ခ်က္အရ ကၽြန္မတို႔ ႏိုင္ငံကို လယ္ယာစို္က္ပ်ဳိးေရးကို အေျခခံတဲ့ ေခတ္မီစက္မႈ ႏိုင္ငံျဖစ္ေအာင္ လုပ္လို႔ မရဘူးလား၊ဒီလိုလုပ္မယ္ဆိုရင္ စီးပြားေရးလုပ္ငန္းရွင္ေတြက အစကတည္းက စီမံကိန္းခ်ၿပီးေတာ့ လုပ္ရမယ္။ လယ္ယာစိုက္ပ်ဳိးေရး တိုးတက္မႈနဲ႔ စက္မႈက႑ တိုးတက္မႈ ဒီလိုခ်ိတ္ဆက္ၿပီးေတာ့လုပ္ရမယ္။ အဲဒီထဲကေနၿပီးေတာ့ စီးပြားေရးေအာင္ျမင္ေအာင္ ဘယ္လိုလုပ္မလဲဆိုတာကို စဥ္းစားေစခ်င္ပါတယ္။

အရင္တုန္းကဆိုရင္ ဒီလိုလုပ္ငန္းေတြ မရွိခဲ့ပါဘူး။ လယ္ယာစိုက္ပ်ဳိးေရးကို အေျခခံၿပီးေတာ့ စီးပြားေရးလုပ္ငန္းရွင္ႀကီးမ်ားဟာ ရင္းႏွီးျမႇဳပ္ႏွံျခင္းအားျဖင့္ လယ္ယာက႑ကို စက္မႈတိုးတက္ေရးက႑နဲ႔ ခ်ိတ္ဆက္တဲ့အစီအစဥ္ေတြ ဆိုတာဟာ အရင္တုန္းကေတာ့ မရွိခဲ့ပါဘူး။ ဒါေပမယ့္လည္း အခုအခ်ိန္မွာ ဒီလိုစဥ္းစား ၿပီးေတာ့ အေကာင္အထည္ေဖာ္ေပးေစခ်င္ပါတယ္။ အဲဒီေတာ့ ဒီလိုအသစ္ အဆန္း တီထြင္မႈေတြ ကိုစဥ္းစားမယ္ဆိုရင္ လူငယ္ေတြကို ကၽြန္မေျပာခ်င္ ပါတယ္။

ဟိုတစ္ေန႔ကဆိုရင္ ကၽြန္မတို႔ အဆင့္ျမင့္ပညာဖြံ႕ၿဖိဳးတိုးတက္ေရး ႏွီးေႏွာဖလွယ္ ပြဲကိုသြားခဲ့ပါတယ္။ သြားခဲ့တဲ့အခါက်ေတာ့ လူငယ္မ်ားဟာ သူတို႔တီထြင္ထားတဲ့ သူတို႔ရဲ႕ ကိုယ္ပိုင္ဥာဏ္နဲ႔ သူတို႔ရဲ႕ သုေတသနလုပ္ထားမႈကေန ၿပီးေတာ့ ထြက္ေပၚလာတဲ့ တီထြင္ထားတဲ့ပစၥည္းေလးေတြ ျပသထားပါတယ္။ အဲဒီဟာေတြကို ေတြ႕ရတဲ့အခါက်ေတာ့ ကၽြန္္မအင္မတန္မွ အားတက္ပါတယ္။ တကယ္ပဲ ကၽြန္မတို႔ရဲ႕ ကေလးေတြဟာမရွိမဲ့ရွိမဲ့ ပစၥည္းေလးေတြနဲ႔ အားနည္းတဲ့ပညာေရးစနစ္ၾကား ထဲကေန ရုန္းကန္ၿပီးေတာ့ ဒီလိုတီထြင္ဥာဏ္ေတြနဲ႔လုပ္တာကိုစီးပြားေရး လုပ္ငန္းရွင္ေတြက အားေပးေစခ်င္တယ္။ ႏွစ္မ်ဳိးအားေပးေစခ်င္ပါတယ္။ သုေတသနလုပ္ငန္းေတြထဲမွာ ရင္းႏွီးျမႇဳပ္ႏွံေပးရမယ္။ ေနာက္ၿပီးေတာ့ ဒီလိုကေလးေတြ လုပ္လိုက္တဲ့၊ တီထြင္လိုက္တဲ့ အရာေလးေတြဟာ စီးပြားျဖစ္ဘယ္လိုသံုးႏိုင္မလဲဆိုတာကို စဥ္းစားရပါမယ္။ အဲဒါမ်ဳိး လုပ္ေစခ်င္ပါတယ္။ ကၽြန္မတို႔သိရသေလာက္တခ်ဳိ႕ဟာေတြက ေတာ္ေတာ္အလားအလာေကာင္းတယ္လို႔ ကၽြန္မထင္ပါတယ္။ သို႔ေသာ္ျငားလည္း မေသသပ္ဘူး။ မေသသပ္တဲ့ အေၾကာင္းကေတာ့ ႏွစ္ေၾကာင္းရွိတယ္။ အေျခခံအားျဖင့္ လိုအပ္တဲ့ပစၥည္းေတြ ကၽြန္မတို႔ကေလးေတြမွာ လံုလံုေလာက္ေလာက္ မရွိဘူး။

ကေလးေတြဟာ ေသေသသပ္သပ္လုပ္ႏုိင္တဲ့အရည္အခ်င္းမရွိေသးေပမယ့္ ဒါကေတာ့ သိပ္ၿပီးစိတ္မပူရဘူး။ကူညီခ်င္တဲ့ မိတ္ေဆြႏုိင္ငံေတြက ကူညီလုိ႔ရပါတယ္။ စီးပြားေရးလုပ္ငန္းရွင္ႀကီးမ်ားဟာ ကေလးေတြရဲ႕ ဥာဏ္စြမ္းအားကုိ ျမႇင့္တင္ေပးၾကပါလုိ႔ တုိက္တြန္းခ်င္ပါတယ္။ ပညာေရး၀န္ႀကီးဌာနနဲ႔ခ်ိတ္ဆက္ၿပီးေတာ့ သက္ဆုိင္ ရာဌာနေတြနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့သုေတသနကုိ အားေပးျခင္းအားျဖင့္ ကုိယ့္ရဲ႕လုပ္ငန္း ေအာင္ျမင္ျခင္းကုိလည္း တုိးတက္ေအာင္လုပ္ၾကပါ။

စီးပြားေရးနဲ႔ပတ္သက္ၿပီးေတာ့ ႏုိင္ငံေတာ္က တတ္ႏုိင္သေလာက္ႀကိဳးစားပါမယ္။ စီးပြားေရးလုပ္ငန္းရွင္ႀကီးမ်ားကလည္း ၀ုိင္းၿပီးေတာ့ႀကိဳးစားေပးၾကပါ။ ပထမကေတာ့ ကၽြန္မတုိ႔ႏုိင္ငံဟာ အဂတိလုိက္စားမႈကင္းရွင္းတဲ့ စီးပြားေရးနယ္ပယ္ျဖစ္ဖုိ႔ သိပ္အေရး ႀကီးပါတယ္။ ဒါမွလည္းျပည္ပကယုံၾကည္မႈရွိမယ္၊ ေလးစားမႈရွိမယ္၊ တကယ္နာမည္ ေကာင္းရွိတဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြဟာလည္း ဒီႏုိင္ငံမွာ၀င္ၿပီးေတာ့ ရင္းႏွီးခ်င္မယ္၊ ဒီႏုိင္ငံက စီးပြားေရး လုပ္ငန္းရွင္ေတြနဲ႔ပူးတြဲၿပီးလုပ္ခ်င္မယ္။ အဲဒီအတြက္ ၀ုိင္းၿပီးေတာ့ ကူညီေပးပါ။ မိမိတုိ႔၀ုိင္းၿပီးေတာ့ ပူးေပါင္းေဆာင္ရြက္ေရးကုိ အားေပးမယ္။ ပူးေပါင္း ေဆာင္ရြက္ေရးဆုိတာ အစုိးရနဲ႔ ပုဂၢလိကက႑၊ ဗဟုိအစုိးရနဲ႔ တုိင္းေဒသႀကီးနဲ႔ျပည္နယ္္ ပူးေပါင္းေဆာင္ရြက္ေရးကုိအားေပးပါ။

NECC ကေနၿပီးေတာ့ ႀကိဳးစားေနတဲ့ လုပ္ငန္းေတြကုိလည္း ၀ုိင္းၿပီးေတာ့ ကူညီေပးပါ။ ဖြံံ႕ၿဖိဳးတုိးတက္တယ္ဆုိတာ တစ္ႏွစ္အတြက္ ႏွစ္ႏွစ္အတြက္ဆုိရင္ေတာ့ အလကားပါပဲ။ ငါးႏွစ္အတြက္ဆုိရင္ေတာင္ သိပ္ၿပီးေတာ့ အဓိပၸါယ္မရွိဘူး။ ေရရွည္ဖြံ႕ၿဖိဳးတုိးတက္ႏုိင္ရမယ္။ ဖြံ႕ၿဖိဳးတိုးတက္မႈကုိ ဆက္လက္ၿပီး ေတာ့ ထိန္းသိမ္းထားရမယ္။ ဆက္လက္ၿပီးေရရွည္ထိန္းသိမ္းထားႏုိင္တဲ့ စီးပြားေရးတုိးတက္ေစတဲ့ စနစ္မ်ဳိးတစ္ခုကုိ ၀ုိင္း၀န္းၿပီးကူညီၿပီးေတာ့ အေကာင္အထည္ ေဖာ္ေပးပါ။ ကၽြန္မ အေနနဲ႔ေမတၱာရပ္ခံခ်င္ပါတယ္။

ကၽြန္မတို႔ကို ပြင့္ပြင့္လင္းလင္း ေစတနာကုိ အရင္းခံၿပီးေတာ့ အႀကံေပးပါ၊ အႀကံျပဳပါ။ သက္ဆုိင္တဲ့၀န္ႀကီးဌာနေတြကုိ တုိက္႐ုိက္ အႀကံျပဳတာ ေတာ့ အေကာင္းဆုံးပါပဲ။ စီမံ/ဘ႑ာနဲ႔ပတ္သက္တာဆုိရင္ စီမံ/ဘ႑ာကုိတုိက္႐ုိက္ အႀကံျပဳရင္ ျမန္ျမန္ဆန္ဆန္ ၿပီးပါတယ္။ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ပတ္သက္တဲ့ ကိစၥဆုိရင္ MIC ဆီကုိ တုိက္႐ုိက္အႀကံျပဳတာက အလုပ္ကုိ ျမန္ျမန္ဆန္ဆန္ၿပီးေစပါတယ္။ စုိက္ပ်ဳိးေရးနဲ႔ ဆုိင္ရင္ စုိက္ပ်ဳိးေရးဌာန၊ စက္မႈနဲ႔ဆုိင္ရင္ စက္မႈ၊ စီးပြား/ကူးသန္းနဲ႔ဆုိ္င္ရင္ စီးပြား/ကူးသန္း၊ သက္ဆုိင္ရာဌာနေတြကုိ တုိက္႐ုိက္ ခ်ိတ္ဆက္ထိေတြ႕ၿပီးေတာ့ အႀကံေပးတာအေကာင္းဆုံးပါပဲ။ ဘဏ္ေတြနဲ႔ပတ္သက္ လုိ႔လည္းစီးပြားေရးလုပ္ငန္းရွင္ေတြက တင္ျပတာရွိပါတယ္။ ဘဏ္ေတြကုိ လုပ္ပုိင္ခြင့္ ေတြပုိၿပီးေတာ့ ေပးေစခ်င္တယ္။

ဘဏ္ေတြဟာ စီးပြားေရးဖြြံ႕ၿဖိဳးတုိးတက္မႈထဲမွာထဲထဲ၀င္၀င္ ပါလာေစခ်င္တယ္ဆုိၿပီးေတာ့ အႀကံျပဳခ်က္ေတြ ရွိပါတယ္။ အားလုံး ၀ုိင္း၀န္းၿပီးေတာ့ ျဖစ္ေျမာက္ေအာင္လုိ႔ႀကိဳးစားပါ့မယ္။ လူတုိင္းလူတုိင္းမွာ လုပ္ေပးႏုိင္တဲ့ အရည္အခ်င္းရွိသလုိ လူတုိင္းလူတုိင္းမွာ လုပ္ေပးရမယ့္တာ၀န္လည္း ရွိပါတယ္။ အေရး ႀကီးတာကေတာ့ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးပဲျဖစ္ပါတယ္။ ႏုိင္ငံမွာ ၿငိမ္းခ်မ္းေရးရဖုိ႔ အတြက္ တည္ၿငိမ္ေရးရဖုိ႔အတြက္ ၀ုိင္းၿပီးေတာ့ကူညီၾကပါ ကူညီျခင္းအားျဖင့္ ႏုိင္ငံ့ရဲ႕ တုိးတက္ေရးအတြက္ ႏုိင္ငံ့ရဲ႕ေအာင္ျမင္ေရး အတြက္ ျဖစ္ပါတယ္။ အစုိးရ တုိးတက္ ေအာင္ျမင္ေရးအတြက္မဟုတ္ပါဘူး။

အေရးႀကီးတာကေတာ့ ႏုိင္ငံ ေအာင္ျမင္ဖုိ႔၊ ႏုိင္ငံတုိးတက္ဖုိ႔ ကၽြန္မတုိ႔ျပည္သူလူထု ပုိၿပီးေတာ့ဘ၀ေတြ ေကာင္းလာဖုိ႔၊ ကမၻာ့ အလယ္မွာတင့္တင့္တယ္တယ္ႏုိင္ငံတစ္ခု အေနနဲ႔ရပ္တည္ႏုိင္ဖို႔၊ အဲဒီလုိ လုပ္ႏုိင္ ဖုိ႔ဆုိတာ ဓနအင္အားလုိကုိလုိပါတယ္။ ဓနအင္အားရွိ သင့္သေလာက္ မရွိေသးတဲ့ အခ်ိန္မွာ စိတ္ဓာတ္အင္အားနဲ႔ ညီညြတ္မႈအင္အားနဲ႔ ရပ္တည္သြားရမွာပါ။ ဒီအခ်ိန္မွာ စီးပြားေရး လုပ္ငန္းရွင္မ်ားအားလုံးဟာ ႏုိင္ငံ့အတြက္ ကုိယ့္မွာရွိတဲ့ ေစတနာနဲ႔ စိတ္ဓာတ္ အင္အားနဲ႔ ညီညြတ္မႈအင္အားနဲ႔တင္မက ဥာဏ္ပညာအင္အားနဲ႔ရပ္တည္ေပးၾကပါလုိ႔ ေမတၱာရပ္ခံခ်င္ပါတယ္။ ဥာဏ္ပညာ အင္အားဆုိတာ ႏုိင္ငံအတြက္ ဖြံ႕ၿဖိဳးတုိးတက္မႈ ေရရွည္တည္တံ့ခုိင္ၿမဲေအာင္၊ ဘယ္လုိလုပ္ရမလဲဆုိတဲ့ အေျဖကုိရေအာင္ဥာဏ္ပညာသုံးၿပီးေတာ့ ကူညီၾကပါလုိ႔ ေမတၱာရပ္ခံရင္းနဲ႔နိဂုံးခ်ဳပ္အပ္ပါတယ္။

(zawgyi version)

——————————————————————————————————————————–

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသည့် မိန့်ခွန်း

နေပြည်တော် သြဂုတ် ၂၇

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့်မိန့်ခွန်း အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းဆိုတာ ကျွန်မတို့လို ဖွံ့ဖြိုး တိုးတက်စ နိုင်ငံအတွက် အင်မတန်မှ အရေးပါပါတယ်။ ဒီလိုအင်မတန်မှ အရေးပါတဲ့အတွက် စီးပွားရေး လုပ်ငန်းရှင်များအားလုံး ပါ၀င်ပတ်သက်ရေး အထူးဦးစားပေးပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ ဟိုဘက်ဒီဘက်အားလုံးကတော့ တာ၀န်သိစိတ်ရှိရ မယ်ဆိုတာကို သတိပေးချင်ပါတယ်။

နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ဆိုတာ နိုင်ငံသူနိုင်ငံသားတစ်ဦးချင်းတစ်ဦးချင်းက တာ၀န်သိဖို့၊ တာ၀န်အရလုပ်ဆောင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ စီးပွားရေးနဲ့ ပတ်သက်ရင် တစ်ချို့က အစိုးရက ဟိုဟာလုပ်မပေးဘူး။ ဒီဟာလုပ်မပေးဘူးဆိုပြီး ပြောကြပါတယ်။ ဒီလေို၀ဖန်တဲ့အခါ လက်ခံရမှာပါ။တစ်ချိန်တည်းမှာ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ကိုယ့်မှာ တာ၀န်ရှိတယ်ဆိုတာကိုလည်း သတိပြုစေချင်ပါတယ်။ ကျွန်မတို့ရဲ့ ဒီမိုကရေစီစနစ်တစ်ခုမှာ ပြည်သူတွေကလည်း ကိုယ့်မှာ တာ၀န်ရှိတယ် ကိုယ့်မှာလုပ်နိုင်တဲ့ အင်အားရှိတယ်ဆိုတာ ယုံကြည်မှ အောင်မြင်မှာ ဖြစ်ပါတယ်။ အစိုးရကအားလုံးလုပ်ပေးမယ်၊ အစိုးရကပဲ လုပ်နိုင်တယ်ဆိုရင် ဒါဟာ ဒီမိုကရေစီ မဟုတ်တော့ဘူး။ ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ စီးပွားရေးစနစ်ဆိုတာမသိရင် အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့အားလုံးပူးပေါင်းပြီး ဆောင်ရွက်ဖို့ ကြိုးစားတဲ့နေရာမှာ ကိုယ်ဘာလုပ်ပေးနိုင်မလဲ၊ ကိုယ့်မှာ ဘာတာ၀န်ရှိသလဲဆိုတာကိုတော့ စဉ်းစားစေချင်ပါတယ်။ စီးပွားရေးဆိုတာဟာ အဂတိ လိုက်စားမှု ဖြစ်နိုင်ချေ အများဆုံး နယ်ပယ်ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဂုဏ်သိက္ခာဆိုတာက အဲဒီနိုင်ငံမှာ ဘယ်လောက်အထိ အဂတိလိုက်စားမှု ကင်းရှင်းတယ်ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။

အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်နဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ချို့တွေ့ဆုံပြီး ဆွေးနွေးတာတွေ မကြာခင်က ရှိခဲ့ပါတယ်။ ဒီလိုဆွေးနွေးတဲ့အခါမှာ စီးပွားရေးလုပ်ငန်းရှင်တွေက မိမိတို့ ရဲ့ စိုးရိမ်ပူပန်မှုတွေကို တင်ပြကြပါတယ်။ ဒီလိုတင်ပြတဲ့အချက်တွေကိုလည်း ကော်မရှင်ဥက္ကဋ္ဌ က ကျွန်မတို့ကို တင်ပြလာပါတယ်။ ကြည့်လိုက်တဲ့အခါမှာ လာဘ်ပေးလာဘ်ယူနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ ဆိုတာ တွေ့ရ ပါတယ်။ ဒါလည်းကောင်းပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များဟာ အဂတိလိုက်စားမှုကို မနှစ်သက်ဘူးဆိုတာ ကျွန်မတို့နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာပါပဲ။ ဒါပေမယ့် တစ်ချို့ကိစ္စတွေက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်း ဆိုင်ပါတယ်။ ဥပမာ အားဖြင့် လာဘ်ပေးလာဘ်ယူဆိုတာ ယူတဲ့သူပဲ ရှိတာမှ မဟုတ်ဘဲ။ ပေးတဲ့သူတွေ လည်းရှိတာပဲ။ ပေးတဲ့သူတွေက မပေးရင် ယူတဲ့သူရှိနိုင်မလား။ တစ်ချို့က ပြောတာ ပေါ့ မပေးရင် အလုပ်မဖြစ်ဘူး။ တကယ်ပဲ မပေးလို့ အလုပ်မဖြစ်ရင် ကျွန်မတိုကို တရား၀င် ပြောလို့ရပါတယ်။ တိုင်လို့ရပါတယ်။ ကျွန်မတို့ အရေးယူမှာပါ။ မသိကျိုးကျွံ လုပ်နေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တိုင်တဲ့သူမရှိရင် ကျွန်မတို့ အရေးယူရတာ ခက်ပါ တယ်။ အများအားဖြင့် ပြောကြတာက ၀န်ထမ်းတွေ အဂတိလိုက်စားမှု များတယ်၊ ဘာလုပ်နေတယ်ဆိုတာ အစိုးရအနေနဲ့ အားလုံးသိဖို့ တကယ်တော့ မဖြစ်နိုင်ပါဘူး။ ပြည်သူတွေကနေ ၀ိုင်းပြီးပြောပြမှ သိရမှာပါ။ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့လည်း ဒီအချက်နဲ့ ပတ်သက်လို့လည်း ကူညီစေချင်ပါ တယ်။

ပထမဦးဆုံးကျွန်မတို့နိုင်ငံဟာ စီးပွားရေးအရ အဂတိလိုက်စားမှုကင်းရှင်းလာမယ်ဆိုရင် ကမ္ဘာကနေပြီး ကျွန်မတို့နိုင်ငံကို ယုံကြည်စွာနဲ့ ရင်းနှီးမြှုပ်နှံ ချင်တဲ့စိတ်တွေ ဖြစ်လာမှာပါ။ တင်ဒါကိစ္စနဲ့ ပတ်သက်လို့ အထူးသဖြင့် တိုင်တာတွေ ပါပါတယ်။ တင်ဒါကိစ္စနဲ့ပတ်သက်လို့ မမှန်မကန်လုပ်တာတွေရှိတယ်။ ဒါကလည်း လာဘ်ပေးလာဘ်ယူနဲ့ ဆက်နွယ်နေတော့ ဒီလိုရှိတယ်ဆိုရင် ကျွန်မတို့ကို အသိပေးစေချင်ပါတယ်။ တင်ဒါနဲ့ ပတ်သက်လို့ကတော့ ကျွန်မတို့ရဲ့ စိန်ခေါ်မှုကြီးတစ်ခုပါပဲ။ ကျွန်မတို့ရဲ့နိုင်ငံမှာ စီမံကိန်းတွေ ပြီးသင့်တဲ့အချိန်မှာ မပြီးရတဲ့အကြောင်းအရင်းကဘာလဲဆိုတာ ပြန်ကြည့်လိုက်တော့ တင်ဒါကိစ္စတွေ နှေးကွေးနေခြင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့် အစိုးရ၀န်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများဘက်ကနေပြီး တင်ဒါလုပ်ငန်းတွေကို မြန်မြန်ဆန်ဆန်ပြီးမြောက်ရေး ဦးစားပေးပြီး ဆောင်ရွက်နေ ပါတယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာကို သေချာချပေးပါတယ်။ ပိုပြီးတော့ ကျစ်လျစ်ခိုင်မာပြည့်စုံအောင်ညွန်ကြားချက်တွေ ထုတ်ပါတယ်။ တစ်ဖက်ကလည်း ကျွန်မတို့ရဲ့ စီးပွားရေးလုပ်ငန်းရှင်များဟာ ၀ိုင်းပြီး ကူညီစေချင်ပါတယ်။ မမှန်မကန်လုပ်နေတာတွေရှိရင် မကျေမနပ်ဖြစ်နေရုံနဲ့ မပြီးပါနဲ့။ ကျွန်မတို့ကို အသိပေးပါ။ ဘယ်သူ၊ ဘယ်ဌာန၊ ဘယ်လိုလုပ်ပါတယ်ဆိုတာ တိတိကျကျ အသိပေးပါ။ ကျွန်မတို့စောင့်ပြီး အရေးယူပါ့မယ်။ ဒီလိုအရေးယူလိုက်ပြီဆိုရင် တဖြည်းဖြည်း ပျောက်သွားမှာပါ။ ကျွန်မကတော့ မြန်မြန်ပျောက်သွားစေချင်ပါတယ်။ တင်ဒါလုပ်ငန်းကို ပြောရတာက ကျွန်မတို့ နိုင်ငံရဲ့ စီးပွားရေး မြန်မြန်ဆန်ဆန်ပြီးမြောက်ရေးမှာ တင်ဒါတွေနှေးကွေးခြင်းနဲ့ တင်ဒါတွေနဲ့ ပတ်သက်လို့ မမှန်မကန်လုပ်နေတာတွေ ရှိတယ်ဆိုတာ တိုင်ကြားတာတွေ များလွန်းတော့ ဒါဟာလည်း အဂတိလိုက်စားမှုနဲ့ ဆက်နွယ်နေတာ ဖြစ်ပါတယ်။

နောက်တစ်ခုက ကျွန်မတို့နိုင်ငံမှာ မလိုအပ်တဲ့ ကြိုးနီစနစ်တွေရှိတယ်။ လုပ်ရ တဲ့အဆင့်တွေ သိပ်များတယ်ဆိုပြီး UMFCCI ကနေ မကြာခင်က ထွက်လာတဲ့ တင်ပြ ချက်ထဲမှာ ဒါလည်းပါပါတယ်။ ဒါကြောင့် ဒီလိုဟာတွေကို လျော့ပေးဖို့ မြန်မြန်ဆန်ဆန် အလုပ်တစ်ခုကို ပြီးမြောက်နိုင်အောင် လုပ်ပေးဖို့ တင်ပြတာ ပါပါတယ်။ ဒါကြောင့် စီမံကိန်း နဲ့ ဘဏ္ဍာရေး၀န်ကြီးဌာနနဲ့ MIC ကနေ မြန်မြန်ဆန်ဆန် အလုပ်တွေ ပြီးနိုင်ဖို့ အထူးအလေးထားပြီး ဆောင်ရွက်နေပါတယ်။ အရင်တုံးကလို ကိစ္စတစ်ခုပြီးဖို့ အကြာကြီး စောင့်ရတာမျိုးမဟုတ်ဘဲနဲ့ မလိုအပ်တဲ့အဆင့်တွေမှာ ပိတ်ဆို့နေမှု မဖြစ်အောင် ကျွန်မတို့စီစဉ်နေပါတယ်။ ဘယ်နေရာမှာ အတစ်အဆို့တွေဖြစ်နေတယ်ဆိုတာကိုလည်း ကျွန်မတို့ကို အသိပေးသောအားဖြင့် ကူညီပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

ကျွန်မတို့ သိမှ တချို့ကိစ္စတွေကို ပြုပြင်ပေးနိုင်မှာပါ။ တချို့ကိစ္စတွေကလည်း မသိတာတွေ ရှိပါတယ်။ အားလုံးကိုသိဖို့ဆိုတာတော့ ခက်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ စီးပွားရေးတိုးတက်ဖို့ကအင်မတန်မှ အရေးကြီးပါတယ်။ နိုင်ငံရေးဘက်ကလည်း အရေးကြီးပါတယ်။ ကမ္ဘာ့တစ်၀န်းကိုလှည့်ကြည့်ရင် တကယ့်အင်အားက အခုခေတ်မှာဆိုရင် ဓနအင်အားဖြစ်နေပါတယ်။ ကျွန်မတို့ဟာ ကမ္ဘာ့စင်မြင့်ပေါ်မှာ နိုင်ငံရေးသြဇာနည်းပါးခြင်းဟာ ကျွန်မတို့ ဓနအင်အားနည်းပါးခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါကြောင့် ကျွန်မတို့နိုင်ငံရဲ့ လူ အင်အား၊ ဥာဏ်အင်အား၊ သြဇာအင်အား တက်လာဖို့ ကျွန်မတို့စီးပွားရေးလုပ်ငန်းရှင် များက ကူညီပေးစေချင်ပါတယ်။ ကျွန်မတို့အားလုံးကနေပြီး ဘယ်လိုကူညီရမလဲဆိုတာ ပိုပြီး ရှင်းရှင်းလင်းလင်း သိနိုင်အောင် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စီမံချက်ကို ၂၀၁၈ ကနေပြီး ၂၀၃၀အထိ မှန်းထားပါတယ်။

အဲဒီစီမံကိန်းဟာ ကျွန်မတို့နိုင်ငံ တစ်နိုင်ငံလုံး ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ ဟန်ချက် ညီပြီး တိုးတက်ဖို့ ဖြစ်ပါတယ်။ ကျွန်မတို့စီးပွားရေးလောကထဲမှာ ပညာရှိတွေ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေလိုပါတယ်။ အဲဒါက ပညာရေးကဏ္ဍနဲ့ပဲဆိုင်ပါတယ်။ နောက်ပြီးတော့ကျန်းမာရေးကဏ္ဍမှာ ကျွန်မတို့ ပြည်သူလူထုကဘယ်လောက်ပဲ ဥာဏ်ထက်ထက်၊ ဘယ်လောက်ပဲ ပညာတွေ ရှိရှိ မကျန်းမာလို့ အလုပ်မလုပ်နိုင်ရင်လည်း အလကားပါပဲ။ ဒါကြောင့် ကျွန်မတို့ဟာ ကျန်းမာရေးကဏ္ဍကိုလည်း ကြည့်ရပါတယ်။

ကျွန်မတို့နိုင်ငံရဲ့လိုအပ်ချက်တွေဟာ ဘာတွေက ဘယ်ဟာကိုဦးစားပေးရမလဲဆိုတာ ဒါတွေအားလုံးကို Myanmar Sustainable Development Plan ကနေကြည့်ပြီး အားလုံး၀ိုင်းကူညီပံပိုးနိ်ုင်အောင် ချထားပေးတဲ့ စီမံကိန်းဖြစ်ပါ တယ်။ ဒီစီမံကိန်းကလည်း မကြာခင် စပြီးအကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျွန်မတို့ ဒီစီမံကိန်းထဲမှာဆိုရင် NECC အကြောင်း ပြောချင်ပါတယ်။ NECC ဟာ ကျွန်မတို့ အစိုးရတာ၀န်မယူခင်ကတည်းက ကြားသိရတာဘာလဲဆိုတော့ မြန်မာနိုင်ငံမှာ စီးပွားရေးတိုးတက်ဖို့အတွက် အကြီးဆုံးအဟန့်အတားဟာ ဌာနများ အကြား ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရနဲ့ ဗဟိုအကြား၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရအချင်းချင်း အကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းချင်းပါပဲ။ဒီလိုပူးပေါင်းဆောင်ရွက်မှုအားနည်း တာတွေကြောင့် စီးပွားရေးဟာ တိုးတက်သင့်သလောက်မတိုးတက်ဘူးဆိုပြီး တော်တော်များများက ဒီအချက်ကေို၀ဖန် ပါတယ်။

ဒါပေမယ့် ကျွန်မတို့အစိုးရ တာ၀န် ယူပြီးတာနဲ့ ချက်ချင်းပဲ ဒီလိုပူးပေါင်းဆောင်ရွက်တာကို အားပေးချင်တဲ့အတွက် NECC ကိုဖွဲ့ လိုက်တာပါ။ဒီလိုဖွဲ့လိုက်တဲ့နောက်မှာ ကျွန်မတို့ထင်သလောက် မြန်မြန်ဆန်ဆန် တိုးတက်မှု မရှိပေမယ့် မကြာမီကာလကစပြီး အရှိန်အဟုန်မြှင့်ပြီး အလုပ်ဖြစ်လာတာကို သတိပြုမိပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေလည်း နည်းနည်းလေ့လာမယ် ဆိုရင် သတိပြုမိမယ်လို့ထင်ပါတယ်။ ဒီလိုချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုမရှိဘဲနဲ့ ကျွန်မတို့နိုင်ငံက တိုးတက်သင့်သလောက် တိုးတက်မှာ မဟုတ်ပါဘူး။ NECC ကနေ ဦးဆောင်ပြီး အကောင်အထည်ဖော်ပြီဆိုရင် အစိုးရက ခေါ်တဲ့ စီမံကိန်းတွေလည်း ဖြစ်နိုင်တယ်။ အစိုးရကနေပြီး ဌာနတေ၊ွ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေ ကအဆိုပြုတဲ့ စီမံကိန်းတွေလည်း ဖြစ်နိုင်တယ်။ ပုဂ္ဂလိကပိုင်းဆိုင် ရာ အဆိုပြုတဲ့စီမံကိန်းတွေလည်း ဖြစ်နိုင်တယ်။ ဒါတွေကို ကျွန်မတို့နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် ဘယ်ဟာတွေက အလိုအပ်ဆုံးလဲဆိုတာကို သုံးသပ်ပြီးတော့အကောင် အထည်ဖော်မှာပါ။

ကျွန်မတို့ရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ချမ်းသာလာတာကို ကြိုက်ပါ တယ်။ ချမ်းသာတဲ့ ပုဂ္ဂိုလ်တွေ ကျွန်မတို့နိုင်ငံမှာ ရှိမှ ကောင်းမှာပါ။ ကျွန်မတို့နိုင်ငံ တိုးတက်ဖို့အတွက် အားလုံးညီညီညွတ်ညွတ်နဲ့ လက်တွဲပြီးတော့ လုပ်ဖို့လိုပါတယ်။

ကျွန်မတို့ ဒီအချိန်မှာ ရှေ့ကိုတက်ဖို့ တစ်ယောက်နဲ့တစ်ယောက် ယုံယုံကြည်ကြည်နဲ့ တစ်ယောက်ပေါ်တစ်ယောက် သစ္စာစောင့်သိဖို့ပဲ၊ သစ္စာစောင့်တယ် ဆိုတာ နောက်ဆုံးကျတော့ နိုင်ငံအပေါ်မှာ သစ္စာစောင့်တာဖြစ်ပါတယ်။ သစ္စာစောင့်ပြီး လက်တွဲလုပ်သွားမယ်ဆိုရင် မတိုးတက်နိုင်စရာအကြောင်းမရှိပါဘူး။ တချို့ကတော့ပွင့်ပွင့် လင်းလင်းပြောရရင် ကျွန်မတို့ အစိုးရကို မအောင်မြင်စေချင်ဘူး။ ဒီလို စိတ်မျိုးတွေ မထားသင့်ပါဘူး။ ကျွန်မတို့ အစိုးရအောင်မြင်ဖို့ လုပ်နေတာမဟုတ်ပါဘူး၊ နိုင်ငံအောင်မြင်ဖို့ လုပ်နေတာဖြစ်ပါတယ်။ နိုင်ငံအောင်မြင်ရင် ကျွန်မတို့ အစိုးရအောင်မြင်တယ်။ နိုင်ငံ မအောင်မြင်ဘဲနဲ့ ကျွန်မတို့အစိုးရအောင်မြင်တယ်လို့ ပြောလို့မရပါဘူး။

အစိုးရကို မအောင်မြင်အောင်လုပ်တယ်ဆိုတာဟာ တစ်နည်းအားဖြင့် နိုင်ငံကို မအောင်မြင်အောင်လုပ်တာပဲ ဖြစ်ပါတယ်။ အောင်မြင်တယ်ဆိုတာဘာလဲဆိုတာ မှန်မှန်ကန်ကန်သိဖို့လိုပါတယ်။ အောင်မြင်တယ်ဆိုတာ ကျွန်မတို့ အစိုးရအဖွဲ့၀င်တွေ ချမ်းသာလာအောင် ပြောတာမဟုတ်ပါဘူး။ ပြည်သူလူထုချမ်းသာလာအောင်ပြောတာဖြစ်ပါတယ်။ ကျွန်မတို့အစိုးရအတွက်လုပ်ဖို့ ကိုင်ဖို့ မလွယ်ဘူးပြောတာမဟုတ်ပါဘူး။ ပြည်သူလူထုအတွက် လုပ်ရကိုင်ရ၊ နေရထိုင်ရ တာ ချောမွေ့ဖို့ အတွက်ပြောတာဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံအောင်မြင်ဖို့အတွက် ၀ိုင်း၀န်း ပြီး တော့ကူညီကြပါ။ အတိတ်ကိုကြည့်ပြီးတော့ ဘယ်သူကိုတော့ ဘယ်လို့ အညှိးအတေးနဲ့ ဆက်ဆံမယ်ဆိုတဲ့ စိတ်မရှိပါဘူး။ ကျွန်မတို့ အစိုးရဟာ ဘယ်စီးပွားရေးလုပ်ငန်းရှင် ကိုမှ အတိတ်က ကိစ္စတွေနဲ့တွဲကြည့်ပြီးတော့ သုံးသပ်တာမရှိပါဘူး။ အတိတ်က အတိတ်ပဲ၊ ပစ္စုပ္ပန်ကအရေးအကြီးဆုံးပဲ။ အခု ပစ္စုပ္ပန်မှာ ဘယ်လိုလုပ်နေကြတယ်၊ ဘယ်ကို ဦးတည်နေ ကြတယ်၊ နိုင်ငံတိုးတက်ရေးအတွက် ဘာတွေထောက်ပံ့နေကြသလဲ၊ အဲဒါကို အဓိက ကြည့်တာဖြစ်ပါတယ်။

နိုင်ငံတိုးတက်ရေးအတွက် ဘာတွေထောက်ပံ့နေကြသလဲဆိုတဲ့ဟာကို ကြည့်တဲ့နေရာမှာ အရေးကြီးတာက ငြိမ်းချမ်းရေးပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးပဲဖြစ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ် ရေးဆိုတာ တည်ငြိမ် ရေးပဲဖြစ်ပါတယ်။ ကျွန်မတို့အချင်းချင်း မတည့်ကြရင် ဒီနိုင်ငံက ဘယ်လိုမှ တည်ငြိမ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ် ရေးကို အဓိက ထားပြီး ဆောင်ရွက်တဲ့နေရာမှာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကူအညီတွေကို အများ ကြီးလိုအပ်ပါတယ်၊

တချိန်တည်းမှာပဲ ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ကျွန်မတို့ နိုင်ငံရေးဖြစ်စဉ်အတွက် ကျွန်မတို့ ရခိုင်ပြည်နယ်က ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ကျွန်မတို့ ပြည်သူပြည်သားတွေအားလုံးကို မေတ္တာရပ်ခံလိုက်တဲ့အခါမှာ စီးပွားရေးလုပ်ငန်းရှင်ကြီးများက ရှေ့ကနေပြီး၀ိုင်း၀န်းပြီး ကူညီထောက်ပံ့တာအတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒီလို လုပ်တာကို တစ်ချို့က အံံ့အားသင့်တယ်၊ ကမ္ဘာကအံ့အားသင့်ကြတယ်။ သူတို့နိုင်ငံမှာ စီးပွားရေးုလုပ်ငန်းရှင်တွေကရော သာမန်ပြည်သူတွေကရော အားလုံး၀ိုင်း၀န်းပြီးတော့ ကူညီကြပါလားဆိုတာကို ကမ္ဘာက တအံ့တသြဖြစ်ကြတယ်။ ဒါက ကျွန်မတို့နိုင်ငံရဲ့ အားသာချက်ဖြစ်ပါတယ်။ ကျွန်မတို့ NRPC ကိုစပြီးတည်ထောင်လိုက်ပြီး ငြိမ်းချမ်းရေးအတွက် ၀ိုင်း၀န်းပြီးတော့ ပံံ့ပိုးကြပါလို့ မေတ္တာရပ်ခံလိုက်တဲ့အခါမှာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေသာမက သာမန်ပြည်သူ တွေကလည်း တတ်နိုင်သလောက် ကူညီပေးတဲ့အလှူရှင်တွေရှိပါတယ်။

အဲဒီလို တတ်နိုင်သလောက် လာလှူတဲ့အလှူရှင်တွေရဲ့ကဏ္ဍက သန်းနဲ့ချီပြီး လှူတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ကဏ္ဍထက် ပိုပြီးတော့ သေးငယ်တာမဟုတ်ပါဘူး အတူတူပါပဲ။ ကျွန်မတို့ ပြည်သူပြည် သားများရဲ့ စေတနာနဲ့ ပြည်သူပြည်သားများတကယ် နိုင်ငံအတွက် လုပ်ပေးချင်တဲ့စိတ်ဓာတ်ဟာ အားလုံးတူညီတာတွေရှိပါတယ်။ တကယ်လက်တွေ့ ကျကျမှာ စီးပွားရေးလုပ်ငန်းရှင်တွေ လုပ်ပေးတာကတော့ ပိုပြီးတော့ ထိရောက်တယ်လို့ ပြောရမှာပါ၊

နောက်ပြီး ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့လည်း ဒီလိုပါပဲ။ ရခိုင်ပြည်နယ် အခြေအနေပိုပြီးကောင်းအောင်လုပ်တာလည်း ငွေရေးကြေးရေးအရ လိုအပ်တာတွေရှိ တဲ့အခါကျတော့ ကျွန်မတို့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို မေတ္တာရပ်ခံတဲ့အခါမှာ ၀ိုင်း၀န်းပြီးတော့ ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီလိုပဲ ဆက်ပြီးတော့ လုပ်သွားမယ်ဆိုရင် ကျွန်မတို့နိုင်ငံဟာ မလွဲမသွေ တိုးတတ်မှာပါ။ အခုအချိန်မှာ တောင်မှ ဒီလောက် ပြဿနာတွေရှိနေတဲ့အထဲက ကျွန်မတို့နိုင်ငံလောက် ပြဿနာရှုပ် ထွေးတဲ့ နိုင်ငံကမ္ဘာမှာ သိပ်မများပါဘူး။ နှစ်ပေါင်းများစွာကြာလာပြီဖြစ်တဲ့ ပြည်တွင်းစစ်ကို ငြိမ်းချမ်းအောင် ပြည်တွင်းစစ်အေးချမ်းသွားအောင် ကျွန်မတို့ ကြိုးစားနေရတယ်။ ရခိုင်ကိစ္စမှာလည်း ကမ္ဘာတစ်၀န်းလုံးကနေပြီး အာရုံစိုက်နေလို့ ကျွန်မတို့ကလည်း တတ်နိုင်သလောက် အမြန်ဆုံး ပြေလည်အောင်လည်းလုပ်ရပါတယ်။ ဒီလို အခက်အခဲ တွေကြားထဲကနေပြီးတော့ အောင်မြင်ဖို့ဆိုတာဟာ ကျွန်မတို့အချင်းအချင်း ညီညွတ်ဖို့၊ ကျွန်မတို့ အားလုံးလက်တွဲပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ဆိုတာ အင်မတန်မှ အရေးကြီး ပါတယ်။

ဒါကတော့ကျွန်မတို့ နိုင်ငံရေးအရပါ။ နောက်ကျွန်မတို့ စီးပွားရေးအရ သက်သက် ပြောရမယ့်ကိစ္စတစ်ခုကတော့ ကျွန်မတို့ရဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍပါ။ ကျွန်မတို့နိုင်ငံဟာ အခုထိလယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံပဲဖြစ်ပါတယ်။ ပြည်သူလူထု ၇၀ ရာခိုင်နှုန်းလောက်ဟာ ကျေးလက်တောရွာမှာနေထိုင်သူတွေဖြစ်ပါတယ်။ အခုဆိုရင် ပို၍ပို၍ ကျေးလက်တောရွာက ပြည်သူတွေဟာ မြို့တွေကို တက်ပြီးတော့ အလုပ်ရှာတဲ့ အခြေအနေတွေဖြစ်လာပါတယ်။ တစ်ဖက်က ကြည့်လိုက်မယ်ဆိုရင် မြို့တွေထဲမှာ အလုပ်ရှိလို့ အလုပ်လာရှာတာပဲလို့ ပြောလို့ရပေမယ့် ကျွန်မတို့ ရေရှည်ရည်မှန်းချက်တစ်ခု ရှိဖို့တော့ လိုပါတယ်။

ကျွန်မတို့နိုင်ငံဟာ ဘယ်လိိုုနိုင်ငံမျိုးဖြစ်စေချင်သလဲဆိုတော့ ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံမျိုးဖြစ်စေချင်တယ်။ ကျွန်မကတော့ လက်တွေ့ကျကျ အားလုံးကိုစဉ်းစား စေချင်တယ်။ ကျွန်မတို့ပြည်သူလူထုအားလုံး အထူးသဖြင့် စီးပွားရေး လုပ်ငန်းရှင်တွေ၊ စီးပွားရေးမှာ ထဲထဲ၀င်၀င် အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ဒီနိုင်ငံကို ဘယ်လိုနိုင်ငံမျိုးဖြစ်စေချင်သလဲဆိုတာကို စဉ်းစားဖို့လိုပါတယ်။ စီးပွားရေးပုံစံအရ ဘယ်လိုပုံစံနဲ့ နိုင်ငံမျိုးဖြစ်စေချင်သလဲဆိုတာကို စဉ်းစားစေချင်ပါတယ်။

အဲဒီလို စဉ်းစားတဲ့နေရာမှာ လက်တွေ့ကျကျကြည့်မယ်ဆိုရင် နိုင်ငံရဲ့ လယ်ယာကို အခြေခံတဲ့အနေအထားအရ၊ နောက်တစ်ခုက ၂၁ရာစုနှစ် နောက်ပိုင်းမှာ ပို၍ပို၍ စားနပ်ရိက္ခာလုံခြုံမှုဟာ အရေးကြီးလာတယ်ဆိုတဲ့ သုံးသပ်ချက်အရ ကျွန်မတို့ နိုင်ငံကို လယ်ယာစိ်ုက်ပျိုးရေးကို အခြေခံတဲ့ ခေတ်မီစက်မှု နိုင်ငံဖြစ်အောင် လုပ်လို့ မရဘူးလား၊ဒီလိုလုပ်မယ်ဆိုရင် စီးပွားရေးလုပ်ငန်းရှင်တွေက အစကတည်းက စီမံကိန်းချပြီးတော့ လုပ်ရမယ်။ လယ်ယာစိုက်ပျိုးရေး တိုးတက်မှုနဲ့ စက်မှုကဏ္ဍ တိုးတက်မှု ဒီလိုချိတ်ဆက်ပြီးတော့လုပ်ရမယ်။ အဲဒီထဲကနေပြီးတော့ စီးပွားရေးအောင်မြင်အောင် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားစေချင်ပါတယ်။

အရင်တုန်းကဆိုရင် ဒီလိုလုပ်ငန်းတွေ မရှိခဲ့ပါဘူး။ လယ်ယာစိုက်ပျိုးရေးကို အခြေခံပြီးတော့ စီးပွားရေးလုပ်ငန်းရှင်ကြီးများဟာ ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် လယ်ယာကဏ္ဍကို စက်မှုတိုးတက်ရေးကဏ္ဍနဲ့ ချိတ်ဆက်တဲ့အစီအစဉ်တွေ ဆိုတာဟာ အရင်တုန်းကတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း အခုအချိန်မှာ ဒီလိုစဉ်းစား ပြီးတော့ အကောင်အထည်ဖော်ပေးစေချင်ပါတယ်။ အဲဒီတော့ ဒီလိုအသစ် အဆန်း တီထွင်မှုတွေ ကိုစဉ်းစားမယ်ဆိုရင် လူငယ်တွေကို ကျွန်မပြောချင် ပါတယ်။

ဟိုတစ်နေ့ကဆိုရင် ကျွန်မတို့ အဆင့်မြင့်ပညာဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ် ပွဲကိုသွားခဲ့ပါတယ်။ သွားခဲ့တဲ့အခါကျတော့ လူငယ်များဟာ သူတို့တီထွင်ထားတဲ့ သူတို့ရဲ့ ကိုယ်ပိုင်ဥာဏ်နဲ့ သူတို့ရဲ့ သုတေသနလုပ်ထားမှုကနေ ပြီးတော့ ထွက်ပေါ်လာတဲ့ တီထွင်ထားတဲ့ပစ္စည်းလေးတွေ ပြသထားပါတယ်။ အဲဒီဟာတွေကို တွေ့ရတဲ့အခါကျတော့ ကျွန််မအင်မတန်မှ အားတက်ပါတယ်။ တကယ်ပဲ ကျွန်မတို့ရဲ့ ကလေးတွေဟာမရှိမဲ့ရှိမဲ့ ပစ္စည်းလေးတွေနဲ့ အားနည်းတဲ့ပညာရေးစနစ်ကြား ထဲကနေ ရုန်းကန်ပြီးတော့ ဒီလိုတီထွင်ဥာဏ်တွေနဲ့လုပ်တာကိုစီးပွားရေး လုပ်ငန်းရှင်တွေက အားပေးစေချင်တယ်။ နှစ်မျိုးအားပေးစေချင်ပါတယ်။ သုတေသနလုပ်ငန်းတွေထဲမှာ ရင်းနှီးမြှုပ်နှံပေးရမယ်။ နောက်ပြီးတော့ ဒီလိုကလေးတွေ လုပ်လိုက်တဲ့၊ တီထွင်လိုက်တဲ့ အရာလေးတွေဟာ စီးပွားဖြစ်ဘယ်လိုသုံးနိုင်မလဲဆိုတာကို စဉ်းစားရပါမယ်။ အဲဒါမျိုး လုပ်စေချင်ပါတယ်။ ကျွန်မတို့သိရသလောက်တချို့ဟာတွေက တော်တော်အလားအလာကောင်းတယ်လို့ ကျွန်မထင်ပါတယ်။ သို့သော်ငြားလည်း မသေသပ်ဘူး။ မသေသပ်တဲ့ အကြောင်းကတော့ နှစ်ကြောင်းရှိတယ်။ အခြေခံအားဖြင့် လိုအပ်တဲ့ပစ္စည်းတွေ ကျွန်မတို့ကလေးတွေမှာ လုံလုံလောက်လောက် မရှိဘူး။

ကလေးတွေဟာ သေသေသပ်သပ်လုပ်နိုင်တဲ့အရည်အချင်းမရှိသေးပေမယ့် ဒါကတော့ သိပ်ပြီးစိတ်မပူရဘူး။ကူညီချင်တဲ့ မိတ်ဆွေနိုင်ငံတွေက ကူညီလို့ရပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးများဟာ ကလေးတွေရဲ့ ဥာဏ်စွမ်းအားကို မြှင့်တင်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။ ပညာရေး၀န်ကြီးဌာနနဲ့ချိတ်ဆက်ပြီးတော့ သက်ဆိုင် ရာဌာနတွေနဲ့ ချိတ်ဆက်ပြီးတော့သုတေသနကို အားပေးခြင်းအားဖြင့် ကိုယ့်ရဲ့လုပ်ငန်း အောင်မြင်ခြင်းကိုလည်း တိုးတက်အောင်လုပ်ကြပါ။

စီးပွားရေးနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်က တတ်နိုင်သလောက်ကြိုးစားပါမယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးများကလည်း ၀ိုင်းပြီးတော့ကြိုးစားပေးကြပါ။ ပထမကတော့ ကျွန်မတို့နိုင်ငံဟာ အဂတိလိုက်စားမှုကင်းရှင်းတဲ့ စီးပွားရေးနယ်ပယ်ဖြစ်ဖို့ သိပ်အရေး ကြီးပါတယ်။ ဒါမှလည်းပြည်ပကယုံကြည်မှုရှိမယ်၊ လေးစားမှုရှိမယ်၊ တကယ်နာမည် ကောင်းရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာလည်း ဒီနိုင်ငံမှာ၀င်ပြီးတော့ ရင်းနှီးချင်မယ်၊ ဒီနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ပူးတွဲပြီးလုပ်ချင်မယ်။ အဲဒီအတွက် ၀ိုင်းပြီးတော့ ကူညီပေးပါ။ မိမိတို့၀ိုင်းပြီးတော့ ပူးပေါင်းဆောင်ရွက်ရေးကို အားပေးမယ်။ ပူးပေါင်း ဆောင်ရွက်ရေးဆိုတာ အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ၊ ဗဟိုအစိုးရနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်် ပူးပေါင်းဆောင်ရွက်ရေးကိုအားပေးပါ။

NECC ကနေပြီးတော့ ကြိုးစားနေတဲ့ လုပ်ငန်းတွေကိုလည်း ၀ိုင်းပြီးတော့ ကူညီပေးပါ။ ဖွံံ့ဖြိုးတိုးတက်တယ်ဆိုတာ တစ်နှစ်အတွက် နှစ်နှစ်အတွက်ဆိုရင်တော့ အလကားပါပဲ။ ငါးနှစ်အတွက်ဆိုရင်တောင် သိပ်ပြီးတော့ အဓိပ္ပါယ်မရှိဘူး။ ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ရမယ်။ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ပြီး တော့ ထိန်းသိမ်းထားရမယ်။ ဆက်လက်ပြီးရေရှည်ထိန်းသိမ်းထားနိုင်တဲ့ စီးပွားရေးတိုးတက်စေတဲ့စနစ်မျိုးတစ်ခုကို ၀ိုင်း၀န်းပြီးကူညီပြီးတော့ အကောင်အထည် ဖော်ပေးပါ။ ကျွန်မ အနေနဲ့မေတ္တာရပ်ခံချင်ပါတယ်။

ကျွန်မတို့ကို ပွင့်ပွင့်လင်းလင်း စေတနာကို အရင်းခံပြီးတော့ အကြံပေးပါ၊ အကြံပြုပါ။ သက်ဆိုင်တဲ့၀န်ကြီးဌာနတွေကို တိုက်ရိုက်အကြံပြုတာ တော့ အကောင်းဆုံးပါပဲ။ စီမံ/ဘဏ္ဍာနဲ့ပတ်သက်တာဆိုရင် စီမံ/ဘဏ္ဍာကိုတိုက်ရိုက် အကြံပြုရင် မြန်မြန်ဆန်ဆန်ပြီးပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ ကိစ္စဆိုရင် MIC ဆီကို တိုက်ရိုက်အကြံပြုတာက အလုပ်ကို မြန်မြန်ဆန်ဆန်ပြီးစေပါတယ်။ စိုက်ပျိုးရေးနဲ့ ဆိုင်ရင် စိုက်ပျိုးရေးဌာန၊ စက်မှုနဲ့ဆိုင်ရင် စက်မှု၊ စီးပွား/ကူးသန်းနဲ့ဆိ်ုင်ရင် စီးပွား/ကူးသန်း၊ သက်ဆိုင်ရာဌာနတွေကို တိုက်ရိုက် ချိတ်ဆက်ထိတွေ့ပြီးတော့ အကြံပေးတာအကောင်းဆုံးပါပဲ။ ဘဏ်တွေနဲ့ပတ်သက် လို့လည်းစီးပွားရေးလုပ်ငန်းရှင်တွေက တင်ပြတာရှိပါတယ်။ ဘဏ်တွေကို လုပ်ပိုင်ခွင့် တွေပိုပြီးတော့ ပေးစေချင်တယ်။

ဘဏ်တွေဟာ စီးပွားရေးဖွွံ့ဖြိုးတိုးတက်မှုထဲမှာထဲထဲ၀င်၀င် ပါလာစေချင်တယ်ဆိုပြီးတော့ အကြံပြုချက်တွေ ရှိပါတယ်။ အားလုံး ၀ိုင်း၀န်းပြီးတော့ ဖြစ်မြောက်အောင်လို့ကြိုးစားပါ့မယ်။ လူတိုင်းလူတိုင်းမှာ လုပ်ပေးနိုင်တဲ့ အရည်အချင်းရှိသလို လူတိုင်းလူတိုင်းမှာ လုပ်ပေးရမယ့်တာ၀န်လည်း ရှိပါတယ်။ အရေး ကြီးတာကတော့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးပဲဖြစ်ပါတယ်။ နိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ အတွက် တည်ငြိမ်ရေးရဖို့အတွက် ၀ိုင်းပြီးတော့ကူညီကြပါ ကူညီခြင်းအားဖြင့် နိုင်ငံ့ရဲ့ တိုးတက်ရေးအတွက် နိုင်ငံ့ရဲ့အောင်မြင်ရေးအတွက် ဖြစ်ပါတယ်။ အစိုးရ တိုးတက် အောင်မြင်ရေးအတွက်မဟုတ်ပါဘူး။

အရေးကြီးတာကတော့ နိုင်ငံ အောင်မြင်ဖို့၊ နိုင်ငံတိုးတက်ဖို့ ကျွန်မတို့ပြည်သူလူထု ပိုပြီးတော့ဘ၀တွေ ကောင်းလာဖို့၊ ကမ္ဘာ့ အလယ်မှာတင့်တင့်တယ်တယ်နိုင်ငံတစ်ခု အနေနဲ့ရပ်တည်နိုင်ဖို့၊ အဲဒီလို လုပ်နိုင် ဖို့ဆိုတာ ဓနအင်အားလိုကိုလိုပါတယ်။ ဓနအင်အားရှိ သင့်သလောက် မရှိသေးတဲ့ အချိန်မှာ စိတ်ဓာတ်အင်အားနဲ့ ညီညွတ်မှုအင်အားနဲ့ ရပ်တည်သွားရမှာပါ။ ဒီအချိန်မှာ စီးပွားရေးလုပ်ငန်းရှင်များအားလုံးဟာ နိုင်ငံ့အတွက် ကိုယ့်မှာရှိတဲ့ စေတနာနဲ့ စိတ်ဓာတ် အင်အားနဲ့ ညီညွတ်မှုအင်အားနဲ့တင်မက ဥာဏ်ပညာအင်အားနဲ့ရပ်တည်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ဥာဏ်ပညာ အင်အားဆိုတာ နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့ခိုင်မြဲအောင်၊ ဘယ်လိုလုပ်ရမလဲဆိုတဲ့ အဖြေကိုရအောင်ဥာဏ်ပညာသုံးပြီးတော့ ကူညီကြပါလို့ မေတ္တာရပ်ခံရင်းနဲ့နိဂုံးချုပ်အပ်ပါတယ်။

Show More

Related Articles

Leave a Reply

Your email address will not be published.

Back to top button
Close