Speech

ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ျမန္မာႏုိင္ငံ၏ ကေလးတုိင္းအတြက္ ဖြံ႔ၿဖိဳးမႈေမွ်ာ္မွန္းခ်က္ျပည့္မီေရး အဆင့္ျမင့္ဖုိရမ္ဖြင့္ပြဲအခမ္းအနားသို႔ တက္ေရာက္ေျပာၾကားသည့္ မိန္႔ခြန္းအမွာစကား

ျမန္မာႏုိင္ငံ၏ ကေလးတုိင္းအတြက္ ဖြံ႔ၿဖိဳးမႈ ေမွ်ာ္မွန္းခ်က္ ျပည့္မီေရးအဆင့္ျမင့္ ဖုိရမ္ဖြင့္ပြဲအခမ္းအနားကို ယေန႔မြန္းလြဲ ၂ နာရီတြင္ ေနျပည္ေတာ္ရွိ Park Royal Hotel ၌ က်င္းပရာ ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္အမွာစကား ေျပာၾကားသည္။

ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္က ကေလးမ်ားသည္ မိမိတို႔ႏိုင္ငံ၏ အနာဂတ္ ျဖစ္ပါေၾကာင္း၊ ႏိုင္ငံတိုင္း၏ အနာဂတ္အတြက္ ကေလးသူငယ္မ်ား ႐ုပ္ပိုင္းႏွင့္ စိတ္ပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးမႈႏွင့္ ဉာဏ္ရည္ ဉာဏ္ေသြးျပည့္မီေရး အေလးေပး ေဆာင္႐ြက္ရန္ အမ်ားႀကီး လိုအပ္ပါေၾကာင္း၊ ကေလးသူငယ္မ်ား၏ ဘဝအစ ဖြံ႕ၿဖိဳးမႈကို ေဆာင္႐ြက္ျခင္းသည္ မိမိတို႔ ႏိုင္ငံေတာ္အတြက္ အေရးအႀကီးဆုံး၊ တန္ဖိုးအရွိဆုံး အရင္းအျမစ္ျဖစ္သည့္ လူသားအရင္းအျမစ္ကို ေကာင္းစြာ တန္ဖိုး ရွိေအာင္ႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ျပဳစုပ်ိဳးေထာင္ေပးရာ ေရာက္ပါေၾကာင္း၊ တစ္နည္း အားျဖင့္ ထိုသို႕ ေဆာင္႐ြက္မႈမ်ားသည္ သုံးျဖဳန္းျခင္းမ်ိဳး မဟုတ္ဘဲ အနာဂတ္အတြက္ မဟာဗ်ဴဟာက်က် ရင္းႏွီးျမႇဳပ္ႏွံျခင္းပင္ ျဖစ္ပါေၾကာင္း စသည္ျဖင့္ ေျပာၾကားသည္။

ဒီေန႔အခမ္းအနားကို တက္ေရာက္လာၾကတဲ့ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ လႊတ္ေတာ္က ဖြဲ႕စည္းထားတဲ့ အမ်ိဳးသမီးနဲ႔ ကေလးသူငယ္ဆိုင္ရာေကာ္မတီ/ ေကာ္မရွင္မ်ားမွ ဥကၠ႒မ်ား၊ ဒုတိယဝန္ႀကီးမ်ား၊ တိုင္းေဒသႀကီး/ ျပည္နယ္ လူမႈေရးဝန္ႀကီးမ်ား၊ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးမ်ား၊ အစိုးရမဟုတ္တဲ့ အဖြဲ႕ အစည္းမ်ား၊ လူမႈေရးႏွင့္ အရပ္ဖက္အဖြဲ႕အစည္းမ်ားမွ တာဝန္ရွိသူမ်ား၊ ဖြံ႕ၿဖိဳးမႈ ဆိုင္ရာ မိတ္ဖက္အဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ားႏွင့္ တက္ေရာက္လာၾက တဲ့ ပုဂၢိဳလ္မ်ားအားလုံး မဂၤလာပါ။ ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာ႐ႊင္လန္းပါေစလို႔ ဦးစြာပထမ ႏႈတ္ခြန္းဆက္သအပ္ပါတယ္။

ယေန႔က်င္းပတဲ့ အခမ္းအနားကေတာ့ ျမန္မာႏိုင္ငံရဲ႕ ကေလးတိုင္း အတြက္ ဖြံ႕ၿဖိဳးမႈေမၽွာ္မွန္းခ်က္ျပည့္မီေရးဆိုင္ရာ အဆင့္ျမင့္ဖိုရမ္ျဖစ္ၿပီး ဒီဖိုရမ္မွာ လမ္းၫႊန္ေျပာျပခ်င္တဲ့ အေၾကာင္းအရာမ်ားစြာ ရွိပါတယ္။ ပထမအခ်က္ ကေတာ့ ကေလးေတြက ကၽြန္မတို႔ႏိုင္ငံရဲ႕ အနာဂတ္ပါ။ ႏိုင္ငံတိုင္းရဲ႕ အနာဂတ္ အတြက္ ကေလးသူငယ္မ်ား ႐ုပ္ပိုင္းႏွင့္ စိတ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးမႈနဲ႔ ဉာဏ္ရည္ ဉာဏ္ေသြးျပည့္မီေရး အေလးေပးေဆာင္႐ြက္ဖို႔ အမ်ားႀကီးလိုအပ္ပါတယ္။ ကေလးသူငယ္ေတြရဲ႕ ဘဝအစ ဖြံ႕ၿဖိဳးမႈကို ေဆာင္႐ြက္ျခင္းဟာ ကၽြန္မတို႔ ႏိုင္ငံေတာ္အတြက္ အေရးအႀကီးဆုံး၊ တန္ဖိုးအရွိဆုံး အရင္းအျမစ္ျဖစ္တဲ့ လူသားအရင္းအျမစ္ကို ေကာင္းစြာတန္ဖိုးရွိ ေအာင္နဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ျပဳစုပ်ိဳးေထာင္ေပးရာ ေရာက္ပါတယ္။ တစ္နည္းအားျဖင့္ ဒီလိုေဆာင္႐ြက္မႈ ေတြဟာ သုံးျဖဳန္းတာမ်ိဳးမဟုတ္ဘဲ အနာဂတ္အတြက္ မဟာဗ်ဴဟာက်က် ရင္းႏွီးျမႇဳပ္ႏွံျခင္းပဲ ျဖစ္ပါတယ္။

အထူးသျဖင့္ ကၽြန္မတို႔ႏိုင္ငံရဲ႕ အနာဂတ္ကို ဆက္လက္ထုဆစ္ ပုံေဖာ္ ၾကမယ့္ ယေန႔ကေလးသူငယ္မ်ား ျပဳစုပ်ိဳးေထာင္ေရးဟာ အလြန္ အေရးႀကီးတာမို႔ ျမန္မာ့ေရွးဦးအ႐ြယ္ ကေလးသူငယ္ျပဳစုပ်ိဳးေထာင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးဆိုင္ရာ မဟာဗ်ဴဟာကိုလည္း လက္ေတြ႕က်က် ေရးဆြဲခဲ့ၿပီး ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလထဲမွာ ျပည္သူေတြကို မိတ္ဆက္ျဖန္႔ခ်ိေပးႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။ မဟာဗ်ဴဟာပါ လုပ္ငန္းစဥ္မ်ားကို ေအာင္ေအာင္ျမင္ျမင္ အေကာင္အထည္ ေဖာ္ႏိုင္ဖို႔အတြက္ မိဘမ်ား၊ ဆရာ ဆရာမမ်ားသာမက သက္ဆိုင္ရာ ဌာနစုံမ်ားက ေပါင္းစပ္ေဆာင္႐ြက္သြားၾကရမွာ ျဖစ္ပါတယ္။

ဒုတိယအခ်က္ကေတာ့ ဒီကေန႔ဖိုရမ္မွာ က႑ဆိုင္ရာစီမံခ်က္ေတြကို ျပန္လည္သုံးသပ္ေဆာင္႐ြက္ဖို႔၊ အခ်ိန္နဲ႔တေျပးညီ ဦးစားေပးလုပ္ငန္းစီမံခ်က္ေတြ ခြဲျခမ္းေဆာင္႐ြက္ႏိုင္ေရး ကိစၥရပ္မ်ားကို ေဆြးေႏြးဖို႔ အခ်ိန္ေကာင္းတစ္ရပ္ ျဖစ္ပါတယ္။ အားလုံးသိရွိၾကတဲ့အတိုင္း ကမၻာ့ႏိုင္ငံေတြမွာလည္း ေရရွည္တည္တံ့ ဖြံ႕ၿဖိဳးေရးအတြက္ Sustainable Development Goals (SDGs) ေတြကို အေကာင္အထည္ေဖာ္ေဆာင္ေနၾကသလို ကၽြန္မတို႔ႏိုင္ငံမွာလည္း ျမန္မာႏိုင္ငံရဲ႕ ေရရွည္တည္တံ့ခိုင္ၿမဲၿပီး ဟန္ခ်က္ညီတဲ့ ဖြံ႕ၿဖိဳးတိုးတက္မႈစီမံကိန္း (Myanmar Sustainable Development Plan – MSDP) ကို လြန္ခဲ့တဲ့လ အနည္းငယ္က အတည္ျပဳခဲ့ၿပီး ျဖစ္ပါတယ္။ MSDP မွာ မ႑ိဳင္ႀကီး ၃ ရပ္ ၊ ပန္းတိုင္ ၅ ခု၊ မဟာဗ်ဴဟာ ၂၈ ခုနဲ႔ အဆိုပါ မဟာဗ်ဴဟာ တစ္ခုခ်င္းစီေအာက္မွာ စီမံကိန္း အေကာင္အထည္ေဖာ္ေရးအစီအစဥ္မ်ား ေဖာ္ထုတ္သတ္မွတ္ထားၿပီး လုပ္ငန္း စဥ္ေပါင္း ၂၅၁ ခု ပါဝင္ ေရးဆြဲထားပါတယ္။ MSDP လုပ္ငန္းစဥ္ေတြဟာ ရွင္သန္ အသက္ဝင္ေနတဲ့ ျပဳစုစာတမ္း Living Document တစ္ခုအျဖစ္ ပုံေဖာ္ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။

MSDP ကို ေရးဆြဲရာမွာလည္း ကုလသမဂၢရဲ႕ စဥ္ဆက္မျပတ္ဖြံ႕ၿဖိဳးမႈ ပန္းတိုင္ေတြ၊ ကၽြန္မတို႔ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးမူဝါဒ (၁၂) ခ်က္၊ အာဆီယံ စီးပြားေရးအသိုက္အဝန္း၊ မဟာမဲေခါင္ေဒသခြဲ မဟာဗ်ဴဟာမူေဘာင္ အပါအဝင္ ႏိုင္ငံေတာ္အစိုးရက ေပးအပ္ထားတဲ့ အမ်ိဳးမ်ိဳးေသာ ေဒသတြင္းနဲ႔ ႏိုင္ငံတကာ ကတိကဝတ္ေတြကို အေကာင္အထည္ေဖာ္ႏိုင္ေစရန္ ခ်ိန္ၫွိေရးဆြဲခဲ့ပါတယ္။ တစ္နည္းဆိုရရင္ ကၽြန္မတို႔ႏိုင္ငံရဲ႕ လိုအပ္ခ်က္အေပၚမူတည္ၿပီး ေရရွည္ ဖြံ႕ၿဖိဳးမႈအတြက္ အေကာင္အထည္ေဖာ္ႏိုင္ေစဖို႔ ဦးစားေပးေဆာင္႐ြက္မႈမ်ားနဲ႔အတူ ႏိုင္ငံရဲ႕ အေျခအေနနဲ႔ကိုက္ညီတဲ့ ေရရွည္တည္တံ့ခိုင္ၿမဲၿပီး ဟန္ခ်က္ညီတဲ့ ဖြံ႕ၿဖိဳး တိုးတက္မႈရည္မွန္းခ်က္မ်ား အျဖစ္ ေဆာင္႐ြက္တာလည္း ျဖစ္ပါတယ္။

MSDP ရဲ႕ ‘မ႑ိဳင္(၃) ျပည္သူမ်ားႏွင့္ ကမၻာေျမ’ဆိုတဲ့ မ႑ိဳင္ေအာက္မွာ ပါရွိတဲ့ ပန္းတိုင္(၄) အျဖစ္ ‘၂၁ ရာစု လူမႈအဖြဲ႕အစည္းအတြက္ လူ႕စြမ္းအား အရင္းအျမစ္မ်ားႏွင့္ လူမႈဘဝဖြံ႕ၿဖိဳးတိုးတက္ေရး’ ဆိုတဲ့ ရည္မွန္းခ်က္ပန္းတိုင္ကို ျပ႒ာန္းထားပါတယ္။ အဲဒီပန္းတိုင္ကိုေရာက္ရွိဖို႔ မဟာဗ်ဴဟာမ်ား ခ်မွတ္ထား ရာမွာလည္း ကၽြန္မတို႔ႏိုင္ငံမွာရွိတဲ့ ကေလးတိုင္း ကေလးတိုင္းကို ႏိုင္ငံရဲ႕ အနာဂတ္အတြက္ တန္ဖိုးျမင့္မားတဲ့ လူသားအရင္းအျမစ္ေတြ ျဖစ္လာေစဖို႔ အတြက္ ပညာေရးနဲ႔ က်န္းမာေရး ကဲ့သို႔ေသာ လူမႈေရးဝန္ေဆာင္မႈက႑မ်ား အရည္အေသြးျမင့္မားေစေရး၊ အစားအစာႏွင့္ အာဟာရအရည္အေသြး ျမင့္မားေစေရးဆိုင္ရာ မဟာဗ်ဴဟာလုပ္ငန္းစဥ္မ်ားကို ဦးစားေပးေဆာင္႐ြက္ရန္ ရွိပါတယ္။

ယခုအခါမွာ ဝန္ႀကီးဌာနမ်ားနဲ႔ အဖြဲ႕အစည္းမ်ား စြမ္းေဆာင္ရည္ရွိရွိနဲ႔ ထိထိမိမိ အေကာင္အထည္ေဖာ္ႏိုင္ေအာင္ စီမံခ်က္ေတြကို စီမံကိန္းဘဏ္ (Project Bank) ထဲ ထည့္သြင္းေဆာင္႐ြက္ဖို႔ စီစဥ္ေဆာင္႐ြက္ေနတဲ့ အခ်ိန္ပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ပညာေရး၊ က်န္းမာေရး၊ လူမႈအကာအကြယ္ေပးေရး စတာေတြနဲ႔ သက္ဆိုင္တဲ့ ဝန္ႀကီးဌာနအသီးသီးရဲ႕ လူမႈေရးက႑ (၅)ႏွစ္ မဟာဗ်ဴဟာစီမံကိန္း အသီးသီးကို ၂၀၁၆ ခုႏွစ္ကတည္းက စတင္မိတ္ဆက္ ေဆာင္႐ြက္ခဲ့ၿပီး ျဖစ္ပါတယ္။ (၂)ႏွစ္တာအခ်ိန္အတြင္း မိမိတို႔ရဲ႕ အေကာင္အထည္ ေဖာ္ေဆာင္မႈေတြကို ျပန္လည္သုံးသပ္ၿပီး အခ်ိန္နဲ႔တေျပးညီ ဦးစားေပး လုပ္ငန္းစီမံခ်က္ေတြကို ခြဲျခမ္းေဆာင္႐ြက္ႏိုင္ေရးအတြက္ ယခုဖိုရမ္မွာ လူမႈေရးမ႑ိဳင္အေနနဲ႔ ေဆြးေႏြးေပးၾကဖို႔ ျဖစ္ပါတယ္။

MSDP နဲ႔စပ္လ်ဥ္းၿပီး သက္ဆိုင္ရာက႑မ်ားအလိုက္ ဆက္စပ္စီမံကိန္း မ်ားကို စီမံခ်က္မ်ားအျဖစ္ အေကာင္အထည္ေဖာ္ရာမွာ “မည္သူမွ က်န္ေနခဲ့ျခင္း မရွိေစရ” ဆိုတဲ့ SDGs စည္းမ်ဥ္း၊ လုပ္ငန္းစဥ္မ်ားနဲ႔အညီ ျမန္မာႏိုင္ငံရွိ ကေလးမ်ားအားလုံး ဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ အရွိန္အဟုန္ျမႇင့္ေဆာင္႐ြက္ ႏိုင္မယ့္ နယ္ပယ္မ်ားကို သတ္မွတ္ေဖာ္ထုတ္ၾကဖို႔ လိုအပ္ေၾကာင္း ေျပာလို ပါတယ္။

တတိယအခ်က္ကေတာ့ ပူးေပါင္းေဆာင္႐ြက္မႈရဲ႕ အေရးပါပုံကို ေျပာခ်င္ပါတယ္။ MSDP ရဲ႕ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရး၊ သာယာဝေျပာမႈနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈ၊ လူသားမ်ားနဲ႔ ကမၻာေျမ စတဲ့ မ႑ိဳင္ (၃) ရပ္လုံးဟာ အျပန္အလွန္ ညီၫြတ္မၽွတစြာနဲ႔ ဆက္စပ္အက်ိဳးျပဳလ်က္ရွိတာေၾကာင့္ ဒီမ႑ိဳင္(၃) ရပ္လုံးရဲ႕ ပန္းတိုင္ေတြ၊ မဟာဗ်ဴဟာေတြကို အေကာင္အထည္ေဖာ္ တဲ့အခါ ကိစၥရပ္ခ်ဥ္းကပ္မႈ (Thematic Approach) နဲ႔ အေကာင္အထည္ ေဖာ္တာမို႔ ဆက္စပ္ခ်ိတ္ဆက္တဲ့ကိစၥရပ္ေတြမွာ ဝန္ႀကီးဌာနတစ္ခုမက ေပါင္းစပ္အေကာင္အထည္ေဖာ္ရတဲ့ ကိစၥမ်ိဳးေတြမွာ ထိေရာက္စြာ ပူးေပါင္း ေဆာင္႐ြက္ၾကဖို႔ အေရးႀကီးေၾကာင္း မွာၾကားလိုပါတယ္။ မိမိႏိုင္ငံအတြက္ ေကာင္းမြန္တဲ့ အေ႐ြ႕တစ္ခုကို ဖန္တီးရာမွာ မဟာဗ်ဴဟာရဲ႕ လားရာကို သေဘာေပါက္နားလည္ဖို႔ လိုအပ္သလို ၿပိဳင္တူတြန္းႏိုင္ဖို႔လည္း လိုအပ္ပါတယ္။

ဒီေန႔ မနက္ပိုင္းက ျမန္မာအျပည္ျပည္ဆိုင္ရာ ကြန္ဗင္းရွင္းဗဟိုဌာန (၂) မွာ ေဆာင္႐ြက္ေနတဲ့ Invest Myanmar Summit ကလည္း စီးပြားေရးမ႑ိဳင္ ကေန စီမံခ်က္ေတြကို စီမံကိန္းဘဏ္ထဲ ထည့္သြင္းေဆာင္႐ြက္ဖို႔ ပုဂၢလိက က႑ေတြနဲ႔ ေဆြးေႏြးေနၾကတာျဖစ္ပါတယ္။ စီမံခ်က္ေတြကို အေကာင္အထည္ ေဖာ္ရာမွာ ႏိုင္ငံေတာ္ဘတ္ဂ်က္၊ ေဒသဆိုင္ရာႏွင့္ အျပည္ျပည္ဆိုင္ရာ ဖြံ႕ၿဖိဳးမႈ အကူအညီမ်ား၊ ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံမႈမ်ား၊ အစိုးရ-ပုဂၢလိက ပူးေပါင္း ေဆာင္႐ြက္မႈဆိုင္ရာ လုပ္ငန္းမ်ား၊ အေျခခံအေဆာက္အအုံဆိုင္ရာ ေငြတိုက္ စာခ်ဳပ္မ်ားျဖင့္ သစ္ဆန္းေသာ ဘ႑ာရံပုံေငြရွာနည္းစီမံကိန္းေတြကို တီထြင္ဖန္တီးႏိုင္ဖို႔ လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ MSDP ရဲ႕ မ႑ိဳင္မ်ားအၾကား လည္း ညီၫြတ္မၽွတၿပီး ခိုင္မာအားေကာင္းေစဖို႔ ႀကိဳးပမ္းၾကရမွာ ျဖစ္ပါတယ္။

အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရာမွာ ဌာနအဖြဲ႕အစည္းတစ္ခုတည္းသာ လုပ္ေဆာင္ျခင္းမ်ိဳးမဟုတ္ဘဲ အစိုးရ၊ လႊတ္ေတာ္၊ ပုဂၢလိကက႑၊ ႏိုင္ငံတကာ ဖြံ႕ၿဖိဳးမႈမိတ္ဖက္ အဖြဲ႕အစည္းမ်ားနဲ႔ အက်ိဳးသက္ဆိုင္သူ အားလုံးတို႔မွ အသီးသီး သက္ဆိုင္ရာအလိုက္ တာဝန္ခြဲေဝယူၿပီး ပူးေပါင္းေဆာင္႐ြက္ရမွာ ျဖစ္ပါတယ္။ မိမိလုပ္ငန္းတာဝန္အရ ေဆာင္႐ြက္တယ္ဆိုတာထက္ ေစတနာနဲ႔ ႏိုင္ငံ့အက်ိဳး အတြက္ ေမၽွာ္ကိုးေဆာင္႐ြက္ႏိုင္မႈမ်ား အင္မတန္လိုအပ္ေနတဲ့ အခ်ိန္အခါ ျဖစ္ပါတယ္။ ဖြံ႕ၿဖိဳးမႈမိတ္ဖက္အဖြဲ႕အစည္းမ်ားနဲ႔ အျပည္ျပည္ဆိုင္ရာအဖြဲ႕အစည္း မ်ားအေနနဲ႔ မိမိတို႔ႏိုင္ငံအတြက္ ႏိုင္ငံဆိုင္ရာ အစီအစဥ္ေတြဟာ MSDP ပါ ပန္းတိုင္မ်ား၊ မဟာဗ်ဴဟာမ်ားနဲ႔ ကိုက္ညီေစဖို႔၊ ထိေရာက္တဲ့ အကူအညီမ်ား ျဖစ္ေစဖို႔ ေဆာင္႐ြက္ေပးရန္ အထူးပန္ၾကားလိုပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြကို ထိထိေရာက္ေရာက္ အေကာင္အထည္ေဖာ္ရာမွာ ပုဂၢလိကလုပ္ငန္းက႑အပါအဝင္ ဖြံ႕ၿဖိဳးမႈမိတ္ဖက္ အဖြဲ႕အစည္းမ်ားနဲ႔ အျပည္ျပည္ဆိုင္ရာအဖြဲ႕အစည္းေတြရဲ႕ ပါဝင္ေဆာင္႐ြက္မႈမ်ားနဲ႔ ကတိကဝတ္ ေတြကလည္း မရွိမျဖစ္ လိုအပ္ခ်က္မ်ားျဖစ္ၿပီး လြန္စြာအေရးႀကီးပါတယ္။

စတုတၳအခ်က္ကေတာ့ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္မယ့္ စီမံခ်က္ လုပ္ငန္းစဥ္မ်ားနဲ႔ အခ်ိန္ကာလေတြဟာ အစီအစဥ္တက်ျဖစ္ရန္ လိုအပ္လ်က္ရွိ ပါတယ္။ ဒါ့ေၾကာင့္ က႑ဆိုင္ရာစီမံကိန္းနဲ႔ ေဒသႏၲရစီမံကိန္းေတြ ေရးဆြဲတဲ့အခါ စီမံခ်က္ေတြဟာ လိုအပ္ခ်က္တစ္ခုတည္းကိုသာ စဥ္းစားေဆာင္႐ြက္ရတာမ်ိဳး မဟုတ္ဘဲ အေကာင္အထည္ေဖာ္ဖို႔ ျဖစ္ႏိုင္ေခ်ရွိတဲ့ လက္ေတြ႕က် အေကာင္ အထည္ေဖာ္ႏိုင္တဲ့ စီမံခ်က္ေတြ (Implementable) ျဖစ္ဖို႔ လိုအပ္ပါတယ္။ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ား၊ သက္ဆိုင္ရာတိုင္းေဒသႀကီးနဲ႔ ျပည္နယ္အစိုးရ မ်ားအေနနဲ႔ ႏွစ္စဥ္စီမံကိန္းေတြမွာ ထည့္သြင္းဖို႔၊ အခ်ိတ္အဆက္မိဖို႔ ဆက္စပ္စဥ္းစားေဆာင္႐ြက္ၾကဖို႔ အလြန္ပဲအေရးႀကီးပါတယ္။

ပၪၥမအခ်က္ကေတာ့ စီမံခ်က္ေတြကို အေကာင္အထည္ေဖာ္တဲ့အခါမွာ ေစာင့္ၾကပ္ၾကည့္႐ႈအကဲျဖတ္ျခင္း အခန္းက႑ဟာ အလြန္အေရးႀကီးပါတယ္။ အစဥ္အလာအရ စီမံခ်က္ေတြကို အေကာင္အထည္ေဖာ္႐ုံနဲ႔မၿပီးဘဲ ဘယ္ေလာက္အတိုင္းအတာအထိ အက်ိဳးေက်းဇူးရွိသလဲ၊ စီမံခ်က္ေတြအတြက္ ေငြေၾကးကုန္က်ခံ ရင္းႏွီးျမႇဳပ္ႏွံရက်ိဳးနပ္ဖို႔ လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ စီမံကိန္းေရး ဆြဲစဥ္ကတည္းက မွန္ကန္တဲ့စာရင္းအင္းနဲ႔ ကိန္းဂဏန္း အခ်က္အလက္ေတြအေပၚ အေျခခံၿပီး ေရးဆြဲမွသာ လက္ေတြ႕က်ၿပီး လူထုကို အက်ိဳးျပဳေစတဲ့ စီမံကိန္းမ်ိဳးေတြ ျဖစ္လာမွာျဖစ္ပါတယ္။ အလားတူပဲ စီမံကိန္းေတြကို အေကာင္အထည္ေဖာ္ရာမွာ ေစာင့္ၾကပ္ၾကည့္႐ႈႏိုင္ဖို႔ စီမံခ်က္ ယူနစ္ေတြဖြဲ႕စည္းၿပီး တိုးတက္မႈအေျခအေနကို တိုင္းတာဖို႔အတြက္ စာရင္းအင္းအခ်က္အလက္ေတြ ျပဳစုထားရွိရမွာ ျဖစ္ပါတယ္။ MSDP ကို အေကာင္အထည္ေဖာ္ေဆာင္ရာမွာ က႑အသီးသီးအတြက္ တိုင္းတာႏိုင္ဖို႔ “အမ်ိဳးသားၫႊန္းကိန္းမူေဘာင္” သတ္မွတ္ေဆာင္႐ြက္တိုင္းတာမွာ ျဖစ္ပါ တယ္။ ယခုဆိုရင္ စီမံကိန္းနဲ႔ဘ႑ာေရးဝန္ႀကီးဌာန ဗဟိုစာရင္းအင္းအဖြဲ႕ အေနနဲ႔ အမ်ိဳးသားၫႊန္းကိန္းမူေဘာင္ သတ္မွတ္ေရးကိစၥရပ္ကို ဌာန အဖြဲ႕အစည္းေပါင္း (၁၀၀) ေက်ာ္နဲ႔ ၫွိႏႈိင္းေဆြးေႏြးမႈေတြ ေဆာင္႐ြက္ခဲ့တာဟာ ၫႊန္းကိန္းေပါင္း(၃၀၀) နီးပါးရွိမွာ ျဖစ္ပါတယ္။ အမ်ိဳးသားၫႊန္းကိန္း မူေဘာင္ဟာ စီမံကိန္းေရးဆြဲျခင္း၊ က႑မ်ားအၾကား ဘတ္ဂ်က္ခြဲေဝမႈမ်ား၊ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ စီမံခ်က္မ်ားဆိုင္ရာ ဆုံးျဖတ္ခ်က္မ်ား ခ်မွတ္ျခင္း၊ ေစာင့္ၾကည့္အကဲျဖတ္ျခင္း စတာေတြအတြက္ အခ်က္အလက္ေတြ ပံ့ပိုးေပး ႏိုင္မွာ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ “ျမန္မာႏိုင္ငံ၏ ကေလးတိုင္းအတြက္ ဖြံ႕ၿဖိဳးမႈေမၽွာ္မွန္းခ်က္ ျပည့္မီေရးဆိုင္ရာ အဆင့္ျမင့္ဖိုရမ္” မွာ ျမန္မာ့ကေလးသူငယ္မ်ားရဲ႕ အနာဂတ္ ကို က႑ေပါင္းစုံ၊ ႐ႈေထာင့္ေပါင္းစုံမွ ေလ့လာသုံးသပ္ ေဆြးေႏြးမႈမ်ားျပဳၿပီး ကေလးသူငယ္ ေသဆုံးမႈေလ်ာ့ပါးေရး၊ ကေလးသူငယ္မ်ားရဲ႕ ေမြးဖြားမႈ မွတ္ပုံတင္ထုတ္ေပးႏိုင္ေရး၊ က်န္းမာၿပီး ဘဝေႏြးေထြးလုံၿခဳံမႈရွိေစေရး၊ ပညာသင္ၾကားခြင့္ သာတူညီမၽွရရွိေစေရး၊ ေက်ာင္းေနသက္တမ္း ပိုမိုတိုးျမႇင့္ ေစႏိုင္ေရး၊ အ႐ြယ္မေရာက္ေသးသူမ်ားအား စစ္မႈထမ္းျခင္းမွ ကာကြယ္ တားဆီးေရး၊ ကေလးသူငယ္မ်ားကို လူကုန္ကူးမႈမွ အကာအကြယ္ေပးေရး၊ ကေလးေတြရဲ႕ အနာဂတ္ဘဝ လုံၿခဳံေရးနဲ႔ သာယာဝေျပာမႈရွိေစေရးတို႔အတြက္ အစိုးရနဲ႔ပုဂၢလိက က႑အသီးသီးမွာ အားလုံးပါဝင္ၿပီး က႑တစ္ခုခ်င္းစီရဲ႕ အားနည္းခ်က္ေတြကို အတူတကြ ေျဖရွင္းၾကၿပီး အားသာခ်က္ကို ေပါင္းစပ္ ေဆာင္႐ြက္သြားၾကဖို႔ကိုလည္း မွာၾကားလိုပါတယ္။

လက္ရွိ UNICEF ရဲ႕ ႏိုင္ငံဆိုင္ရာ လုပ္ငန္းစဥ္အရ က်န္းမာေရးနဲ႔ အာဟာရ၊ ေရႏွင့္သန္႔ရွင္းေရးနဲ႔ တစ္ကိုယ္ေရသန္႔ရွင္းမႈ၊ ပညာေရး၊ ကေလး သူငယ္ကာကြယ္ေစာင့္ေရွာက္ေရး၊ လူမႈေရးမူဝါဒနဲ႔ ကေလးသူငယ္အခြင့္အေရး ေစာင့္ၾကပ္ၾကည့္႐ႈေရး စတဲ့နယ္ပယ္ေတြမွာ ခ်ဥ္းကပ္ေဆာင္႐ြက္ေနတာ ေတြ႕ရွိ ရပါတယ္။ ကိုယ္ဝန္ေဆာင္မိခင္နဲ႔ ကေလးငယ္မ်ားအား အာဟာရအတြက္ ေငြေၾကးေထာက္ပံ့တဲ့ အစီအစဥ္၊ ေက်ာင္းေတြမွာ တစ္ကိုယ္ေရ သန္႔ရွင္းေရး ဆိုင္ရာ အစီအစဥ္၊ ကေလးေမြးဖြားမႈ မွတ္ပုံတင္ျခင္းအစရွိတဲ့ လုပ္ငန္းစဥ္ေတြ မွာ တိုးတက္မႈေတြကိုေတြ႕ရွိေနရၿပီး၊ တစ္ႏိုင္ငံလုံး အတိုင္းအတာအေနနဲ႔ ျပန္႔ႏွံ႔ ထိေရာက္စြာ ေဆာင္႐ြက္ႏိုင္ဖို႔ တိုက္တြန္းေျပာၾကားလိုပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ကာကြယ္ေရးဝန္ႀကီးဌာနနဲ႔ ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံ ဆိုင္ရာ ေစာင့္ၾကည့္ေလ့လာေရးႏွင့္ အစီရင္ခံတင္ျပေရး လုပ္ငန္းအဖြဲ႕ (Country Task Force on Monitoring and Reporting-CTFMR) တို႔အၾကား ပူးေပါင္းေဆာင္႐ြက္ေနတဲ့ အ႐ြယ္မေရာက္ေသးသူမ်ားအား စစ္မႈထမ္းျခင္းမွ ကာကြယ္တားဆီးေရးကိစၥမွာ UNICEF ဟာ ပူးတြဲဥကၠဌ အျဖစ္ တာဝန္ယူေဆာင္႐ြက္လ်က္ရွိပါတယ္။ အ႐ြယ္မေရာက္ေသးေသာသူမ်ား အား စစ္မႈထမ္းျခင္းမွ ကာကြယ္တားဆီးေရး၊ စုေဆာင္းခံခဲ့ရသူမ်ားအား ႏႈတ္ထြက္ခြင့္ရရွိေရး၊ ႏႈတ္ထြက္ခြင့္ရရွိၿပီးသူမ်ား လူမႈအသိုက္အဝန္းအတြင္း ျပန္လည္ဝင္ဆံ့ႏိုင္ေရးအတြက္ UNICEF က ကူညီေဆာင္႐ြက္ေပးေနတာေတြ ကို ေက်းဇူးအထူးတင္ရွိပါတယ္။ ဆက္လက္ၿပီး အျပဳသေဘာ ပူးေပါင္း ေဆာင္႐ြက္သြားဖို႔နဲ႔ ျမန္မာႏိုင္ငံအေနနဲ႔လည္း အဆိုပါကိစၥကို ႏိုင္ငံေရးအရ ဆႏၵျပင္းျပစြာ ကိုင္တြယ္ေဆာင္႐ြက္ေနေၾကာင္းကို ထပ္ေလာင္းေျပာၾကားလို ပါတယ္။

နိဂုံးခ်ဳပ္အေနနဲ႔ မိမိတို႔ႏိုင္ငံရဲ႕ ကေလးသူငယ္ေတြရဲ႕ဖြံ႕ၿဖိဳးမႈအတြက္ ၂၀၁၆ ခုႏွစ္ကတည္းက “ျမန္မာ့ကေလးမ်ား ဖြံ႕ၿဖိဳးဖို႔ ေမၽွာ္မွန္းခ်က္သစ္ႏွင့္ ရလဒ္သစ္မ်ားျဖင့္ အားထုတ္စို႔” ေဆာင္ပုဒ္နဲ႔ က်င္းပခဲ့တဲ့၊ 1st High Level Conference on “New Vision, New Results for Children in Myanmar” အဆင့္ျမင့္ညီလာခံပြဲကတည္းက ဒီနယ္ပယ္ကို ကူညီေဆာင္႐ြက္ ေပးခဲ့တဲ့ UNICEF Country Office မွ တာဝန္ရွိသူေတြနဲ႔ UNICEF Executive Director Ms. Hennetta H. Fore တို႔ကို ေက်းဇူးတင္ပါတယ္။ က်န္ရွိတဲ့ ဖြံ႕ၿဖိဳးမႈမိတ္ဖက္ေတြကလည္း ဝိုင္းဝန္းပံ့ပိုးေပးႏိုင္ဖို႔ ေမၽွာ္လင့္ပါတယ္။ တက္ေရာက္ေဆြးေႏြးေရး အစီအစဥ္မ်ားတြင္ ပါဝင္သူမ်ားနဲ႔ ဖိုရမ္ကို ဦးစီးဦးေဆာင္က်င္းပေပးတဲ့ စီမံကိန္းနဲ႔ဘ႑ာေရးဝန္ႀကီးဌာနတို႔ကိုလည္း ေက်းဇူးတင္ပါတယ္။ ဒီကေန႔ အဆင့္ျမင့္ဖိုရမ္ရဲ႕ ေဆြးေႏြးခ်က္ေတြဟာ ျမန္မာကေလးငယ္ေတြအတြက္ MSDP ပါ မဟာဗ်ဴဟာလုပ္ငန္းစဥ္ေတြနဲ႔ ခ်ိန္ၫွိၿပီး ထိေရာက္အက်ိဳးရွိတဲ့ အစီအစဥ္ေတြ၊ စီမံခ်က္ေတြ ေပၚေပါက္လာ မယ္လို႔ ေမၽွာ္လင့္ပါတယ္။

အားလုံးကို ေက်းဇူးတင္ပါတယ္။

အခမ္းအနားသုိ႔ ျပည္ေထာင္စု၀န္ႀကီးမ်ား၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ ဒုတိယ၀န္ႀကီးမ်ား၊ လႊတ္ေတာ္မွ ဖြဲ႔စည္းတာ၀န္ေပးအပ္ထားသည့္ အမ်ိဳးသမီးႏွင့္ကေလးသူငယ္ဆုိင္ရာ ေကာ္မတီမ်ားမွ ဥကၠ႒မ်ား၊ တုိင္း ေဒသႀကီး၊ ျပည္နယ္အစုိးရအဖြဲ႔မ်ားမွ လူမႈေရး၀န္ႀကီးမ်ား၊ စီမံကိန္းႏွင့္ဘ႑ာေရး ၀န္ႀကီးမ်ား၊ အစုိးရမဟုတ္ေသာ အဖြဲ႔အစည္းမ်ား၊ ႏုိင္ငံတကာအသုိက္အ၀န္းမွ ကေလးသူငယ္ဆုိင္ရာ ကုိယ္စားလွယ္မ်ားႏွင့္ ဖြံ႔ၿဖိဳးမႈမိတ္ဖက္ အဖြဲ႔အစည္းမ်ားမွ ကိုယ္စားလွယ္မ်ား တက္ေရာက္ ၾကသည္။

ဖြင့္ပြဲအခမ္းအနားအၿပီးတြင္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္သည္ အခမ္းအနား သို႕ တက္ ေရာက္လာၾကသူမ်ားႏွင့္အတူ မွတ္တမ္းတင္ ဓာတ္ပံုရိုက္သည္။

ယင္းေနာက္ ျမန္မာႏုိင္ငံ၏ ကေလးတုိင္းအတြက္ ဖြံ႔ၿဖိဳးမႈ ေမွ်ာ္မွန္းခ်က္ ျပည့္မီေရး အဆင့္ျမင့္ဖုိရမ္ဆက္လက္က်င္းပရာ စီမံကိန္းႏွင့္ဘ႑ာေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးစုိး၀င္းႏွင့္ UNICEF Executive Director Ms Henrietta H. Fore တုိ႔က ႀကိဳဆုိ ႏႈတ္ခြန္း ဆက္စကားေျပာၾကားၾကသည္။

ဖုိရမ္တြင္ ပါေမာကၡေဒါက္တာေအာင္ထြန္းသက္က “ကေလးတုိင္းအတြက္ တိုးတက္မႈမ်ား ရရွိေအာင္ အရွိန္အဟုန္ျမွင့္ေဆာင္ရြက္ေရးအတြက္ မူ၀ါဒဆုိင္ရာ သံုးသပ္ခ်က္မ်ား အေပၚ ႐ႈေဒါင့္အျမင္” ေခါင္းစဥ္ျဖင့္ ဦးေဆာင္ေဆြးေႏြးခဲ့ၿပီး က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန အၿမဲတမ္းအတြင္း၀န္ ေဒါက္တာသာထြန္းေက်ာ္က “ကေလးတုိင္းအတြက္ ဘ၀ကို အေကာင္းဆံုး နည္းလမ္းျဖင့္ စတင္ႏုိင္ေအာင္ ေဆာင္ရြက္ေပးေရး” ေခါင္းစဥ္ျဖင့္လည္းေကာင္း၊ အေျခခံ ပညာဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးကိုေလး၀င္းက “ကေလးတုိင္းအတြက္ အရည္အေသြးမီ ပညာသင္ၾကားခြင့္ရရွိေစေရး” ေခါင္းစဥ္ျဖင့္လည္းေကာင္း၊ လူမႈ၀န္ထမ္းဦးစီးဌာန ညႊန္ၾကားေရး မွဴးခ်ဳပ္ ေဒါက္တာစန္းစန္းေအးက “ကေလးမ်ား၏ ဆင္းရဲမႈႏွင့္ သဘာ၀ ေဘးအႏၱရာယ္မ်ား က်ေရာက္မႈေၾကာင့္ ထိခုိက္ဆံုးရံႈးႏုိင္ေျခ ေလ်ာ႔ခ်ေပးေရးႏွင့္ ကေလးသူငယ္ကာကြယ္ ေစာင့္ေရွာက္ေပးေရး” ေခါင္းစဥ္ျဖင့္လည္းေကာင္း၊ လူကုန္ကူးမႈတားဆီးနွိမ္နင္းေရး ရဲတပ္ဖြဲ႔ ရဲမွဴးႀကီး ဦးသက္ေနာင္က “ကေလးမ်ားအား အၾကမ္းဖက္မႈ၊ လူကုန္ကူးမႈႏွင့္ ေခါင္းပံုျဖတ္ အျမတ္ထုတ္မႈမ်ားမွ ကာကြယ္ ေစာင့္ေရွာက္ေပးေရး” ေခါင္းစဥ္ျဖင့္လည္းေကာင္း၊ ရသံုးမွန္းေျခေငြ စာရင္း ဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ႏုိင္က “ထိေရာက္ေသာ စီမံခ်က္မ်ား ျဖစ္ေစေရးႏွင့္ ရန္ပံုေငြခြဲေ၀ခ်ထားေပးေရး” ေခါင္းစဥ္ျဖင့္လည္းေကာင္း ေဆြးေႏြးၾကသည္။

ဆက္လက္၍ ပါေမာကၡေဒါက္တာေအာင္ထြန္းသက္က တုိးတက္မႈမ်ား ရရွိေအာင္ အရွိန္ အဟုန္ျမွင့္ ေဆာင္ရြက္ႏုိင္ေရးအတြက္ လုိအပ္သည့္ တြန္းအားေပးေဆြးေႏြးမႈႏွင့္ မိတ္ဖက္ျပဳ ပူးေပါင္းမႈမ်ား ေခါင္းစဥ္ျဖင့္ ဦးေဆာင္ေဆြးေႏြးခဲ့ၿပီး အမ်ိဳးသားလႊတ္ေတာ္ ျမန္မာႏုိင္ငံလံုးဆုိင္ရာ အမ်ိဳးသမီးေရးရာ လုပ္ငန္းေကာ္မတီမွ ေဒါက္တာတင္တင္၀င္း၊ ျမန္မာႏုိင္ငံ လူငယ္စြန္႔ဦးတီထြင္ လုပ္ငန္းရွင္မ်ားအသင္းမွ ဦးေက်ာ္ေက်ာ္မင္းထြဋ္၊ ျမန္မာႏုိင္ငံ အမ်ိဳးသမီးစြမ္းေဆာင္ရွင္မ်ား အသင္းမွ ေဒၚလွလွမ်ိဳးတုိ႔က သက္ဆုိင္ရာက႑အလုိက္ ေခါင္းစဥ္မ်ားျဖင့္လည္းေကာင္း၊ GAVI Vaccine Alliance ၏ အမႈေဆာင္အရာရွိခ်ဳပ္ Dr. Seth Berkley က ႏုိင္ငံတကာမိတ္ဖက္ျပဳ ပူးေပါင္းေဆာင္ရြက္မႈမ်ားမွ ရရွိမည့္ အက်ိဳးေက်းဇူးမ်ား ေခါင္းစဥ္ျဖင့္လည္းေကာင္း၊ လူသားခ်င္း စာနာေထာက္ထားမႈဆုိင္ရာ ညွိႏိႈင္းေရးမွဴး Mr. Knut Ostby က ကေလးမ်ားအတြက္ ရင္းႏွီး ျမွဳပ္ႏွံမႈတြင္ UN ၏ အခန္းက႑ႏွင့္ ပါ၀င္ကူညီမႈမ်ားေခါင္းစဥ္ျဖင့္လည္းေကာင္း ေဆြးေႏြး ၾကသည္။

ထုိ႔ေနာက္ UNICEF မွ ဌာေနကုိယ္စားလွယ္ Ms. June Kunugi ႏွင့္ စီမံကိန္းႏွင့္ဘ႑ာေရး ၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ဦးဆက္ေအာင္တုိ႔က နိဂံုးခ်ဳပ္အမွာစကားေျပာၾကားၾကသည္။

အဆိုပါဖုိရမ္ကို ျမန္မာႏုိင္ငံရွိ ကေလးမ်ားအတြက္ ၂၀၁၆ ခုႏွစ္ မွ စတင္၍ ရရွိထားေသာ အဓိကတုိးတက္မႈရလဒ္မ်ားကို ေဖာ္ထုတ္ရန္၊ ျမန္မာႏုိင္ငံ၏ေရရွည္တည္တံ့ခုိင္ၿမဲၿပီး ဟန္ခ်က္ ညီေသာ ဖြံ႔ၿဖိဳးတိုးတက္မႈ စီမံကိန္း (MSDP) မဟာဗ်ဴဟာမ်ားႏွင့္ ကုိက္ညီမႈ ရွိ၊ မရွိ သံုးသပ္ ေဆြးေႏြးရန္၊ MSDP ႏွင့္သက္ဆုိင္ရာက႑အလုိက္ ဆက္စပ္စီမံကိန္းမ်ားကို အေကာင္အထည္ ေဖာ္မႈသည္ ကမာၻလံုးဆုိင္ရာ စဥ္ဆက္မျပတ္ ဖြံ႔ၿဖိဳးမႈပန္းတိုင္မ်ား (SDGs) သေဘာတရား ႏွင့္အညီ ျမန္မာႏုိင္ငံရွိ ကေလးတိုင္းဖြံ႔ၿဖိဳးတိုးတက္ေအာင္ အရွိန္အဟုန္ျမွင့္ ေဆာင္ရြက္ႏုိင္မည့္ နယ္ပယ္မ်ား သတ္မွတ္ေဖာ္ထုတ္ရန္ ရည္ရြယ္က်င္းပျခင္းျဖစ္သည္။

(zawgyi version)

——————————————————————————————————————————-

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  မြန်မာနိုင်ငံ၏ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှုမျှော်မှန်းချက်ပြည့်မီရေး  အဆင့်မြင့်ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဇန်န၀ါရီ ၂၈

မြန်မာနိုင်ငံ၏ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှု မျှော်မှန်းချက် ပြည့်မီရေးအဆင့်မြင့် ဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကလေးများသည် မိမိတို့နိုင်ငံ၏ အနာဂတ် ဖြစ်ပါကြောင်း၊ နိုင်ငံတိုင်း၏ အနာဂတ်အတွက် ကလေးသူငယ်များ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် ဉာဏ်ရည် ဉာဏ်သွေးပြည့်မီရေး အလေးပေး ဆောင်ရွက်ရန် အများကြီး လိုအပ်ပါကြောင်း၊ ကလေးသူငယ်များ၏ ဘဝအစ ဖွံ့ဖြိုးမှုကို ဆောင်ရွက်ခြင်းသည် မိမိတို့ နိုင်ငံတော်အတွက် အရေးအကြီးဆုံး၊ တန်ဖိုးအရှိဆုံး အရင်းအမြစ်ဖြစ်သည့် လူသားအရင်းအမြစ်ကို ကောင်းစွာ တန်ဖိုး ရှိအောင်နှင့် ဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင်ပေးရာ ရောက်ပါကြောင်း၊ တစ်နည်း အားဖြင့် ထိုသို့ ဆောင်ရွက်မှုများသည် သုံးဖြုန်းခြင်းမျိုး မဟုတ်ဘဲ အနာဂတ်အတွက် မဟာဗျူဟာကျကျ ရင်းနှီးမြှုပ်နှံခြင်းပင် ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ဒီနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်က ဖွဲ့စည်းထားတဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာကော်မတီ/ ကော်မရှင်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် လူမှုရေးဝန်ကြီးများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးများ၊ အစိုးရမဟုတ်တဲ့ အဖွဲ့ အစည်းများ၊ လူမှုရေးနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှု ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တက်ရောက်လာကြ တဲ့ ပုဂ္ဂိုလ်များအားလုံး မင်္ဂလာပါ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပါစေလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။

ယနေ့ကျင်းပတဲ့ အခမ်းအနားကတော့ မြန်မာနိုင်ငံရဲ့ ကလေးတိုင်း အတွက် ဖွံ့ဖြိုးမှုမျှော်မှန်းချက်ပြည့်မီရေးဆိုင်ရာ အဆင့်မြင့်ဖိုရမ်ဖြစ်ပြီး ဒီဖိုရမ်မှာ လမ်းညွှန်ပြောပြချင်တဲ့ အကြောင်းအရာများစွာ ရှိပါတယ်။ ပထမအချက် ကတော့ ကလေးတွေက ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ပါ။ နိုင်ငံတိုင်းရဲ့ အနာဂတ် အတွက် ကလေးသူငယ်များ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည် ဉာဏ်သွေးပြည့်မီရေး အလေးပေးဆောင်ရွက်ဖို့ အများကြီးလိုအပ်ပါတယ်။ ကလေးသူငယ်တွေရဲ့ ဘဝအစ ဖွံ့ဖြိုးမှုကို ဆောင်ရွက်ခြင်းဟာ ကျွန်မတို့ နိုင်ငံတော်အတွက် အရေးအကြီးဆုံး၊ တန်ဖိုးအရှိဆုံး အရင်းအမြစ်ဖြစ်တဲ့ လူသားအရင်းအမြစ်ကို ကောင်းစွာတန်ဖိုးရှိ အောင်နဲ့ ဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင်ပေးရာ ရောက်ပါတယ်။ တစ်နည်းအားဖြင့် ဒီလိုဆောင်ရွက်မှု တွေဟာ သုံးဖြုန်းတာမျိုးမဟုတ်ဘဲ အနာဂတ်အတွက် မဟာဗျူဟာကျကျ ရင်းနှီးမြှုပ်နှံခြင်းပဲ ဖြစ်ပါတယ်။

အထူးသဖြင့် ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ကို ဆက်လက်ထုဆစ် ပုံဖော် ကြမယ့် ယနေ့ကလေးသူငယ်များ ပြုစုပျိုးထောင်ရေးဟာ အလွန် အရေးကြီးတာမို့ မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာကိုလည်း လက်တွေ့ကျကျ ရေးဆွဲခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလထဲမှာ ပြည်သူတွေကို မိတ်ဆက်ဖြန့်ချိပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ မဟာဗျူဟာပါ လုပ်ငန်းစဉ်များကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ဖို့အတွက် မိဘများ၊ ဆရာ ဆရာမများသာမက သက်ဆိုင်ရာ ဌာနစုံများက ပေါင်းစပ်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ ဒီကနေ့ဖိုရမ်မှာ ကဏ္ဍဆိုင်ရာစီမံချက်တွေကို ပြန်လည်သုံးသပ်ဆောင်ရွက်ဖို့၊ အချိန်နဲ့တပြေးညီ ဦးစားပေးလုပ်ငန်းစီမံချက်တွေ ခွဲခြမ်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးဖို့ အချိန်ကောင်းတစ်ရပ် ဖြစ်ပါတယ်။ အားလုံးသိရှိကြတဲ့အတိုင်း ကမ္ဘာ့နိုင်ငံတွေမှာလည်း ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးအတွက် Sustainable Development Goals (SDGs) တွေကို အကောင်အထည်ဖော်ဆောင်နေကြသလို ကျွန်မတို့နိုင်ငံမှာလည်း မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan – MSDP) ကို လွန်ခဲ့တဲ့လ အနည်းငယ်က အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ MSDP မှာ မဏ္ဍိုင်ကြီး ၃ ရပ် ၊ ပန်းတိုင် ၅ ခု၊ မဟာဗျူဟာ ၂၈ ခုနဲ့ အဆိုပါ မဟာဗျူဟာ တစ်ခုချင်းစီအောက်မှာ စီမံကိန်း အကောင်အထည်ဖော်ရေးအစီအစဉ်များ ဖော်ထုတ်သတ်မှတ်ထားပြီး လုပ်ငန်း စဉ်ပေါင်း ၂၅၁ ခု ပါဝင် ရေးဆွဲထားပါတယ်။ MSDP လုပ်ငန်းစဉ်တွေဟာ ရှင်သန် အသက်ဝင်နေတဲ့ ပြုစုစာတမ်း Living Document တစ်ခုအဖြစ် ပုံဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

MSDP ကို ရေးဆွဲရာမှာလည်း ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်တွေ၊ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ စီးပွားရေးမူဝါဒ (၁၂) ချက်၊ အာဆီယံ စီးပွားရေးအသိုက်အဝန်း၊ မဟာမဲခေါင်ဒေသခွဲ မဟာဗျူဟာမူဘောင် အပါအဝင် နိုင်ငံတော်အစိုးရက ပေးအပ်ထားတဲ့ အမျိုးမျိုးသော ဒေသတွင်းနဲ့ နိုင်ငံတကာ ကတိကဝတ်တွေကို အကောင်အထည်ဖော်နိုင်စေရန် ချိန်ညှိရေးဆွဲခဲ့ပါတယ်။ တစ်နည်းဆိုရရင် ကျွန်မတို့နိုင်ငံရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး ရေရှည် ဖွံ့ဖြိုးမှုအတွက် အကောင်အထည်ဖော်နိုင်စေဖို့ ဦးစားပေးဆောင်ရွက်မှုများနဲ့အတူ နိုင်ငံရဲ့ အခြေအနေနဲ့ကိုက်ညီတဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုး တိုးတက်မှုရည်မှန်းချက်များ အဖြစ် ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။

MSDP ရဲ့ ‘မဏ္ဍိုင်(၃) ပြည်သူများနှင့် ကမ္ဘာမြေ’ဆိုတဲ့ မဏ္ဍိုင်အောက်မှာ ပါရှိတဲ့ ပန်းတိုင်(၄) အဖြစ် ‘၂၁ ရာစု လူမှုအဖွဲ့အစည်းအတွက် လူ့စွမ်းအား အရင်းအမြစ်များနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး’ ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ပြဋ္ဌာန်းထားပါတယ်။ အဲဒီပန်းတိုင်ကိုရောက်ရှိဖို့ မဟာဗျူဟာများ ချမှတ်ထား ရာမှာလည်း ကျွန်မတို့နိုင်ငံမှာရှိတဲ့ ကလေးတိုင်း ကလေးတိုင်းကို နိုင်ငံရဲ့ အနာဂတ်အတွက် တန်ဖိုးမြင့်မားတဲ့ လူသားအရင်းအမြစ်တွေ ဖြစ်လာစေဖို့ အတွက် ပညာရေးနဲ့ ကျန်းမာရေး ကဲ့သို့သော လူမှုရေးဝန်ဆောင်မှုကဏ္ဍများ အရည်အသွေးမြင့်မားစေရေး၊ အစားအစာနှင့် အာဟာရအရည်အသွေး မြင့်မားစေရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်များကို ဦးစားပေးဆောင်ရွက်ရန် ရှိပါတယ်။

ယခုအခါမှာ ဝန်ကြီးဌာနများနဲ့ အဖွဲ့အစည်းများ စွမ်းဆောင်ရည်ရှိရှိနဲ့ ထိထိမိမိ အကောင်အထည်ဖော်နိုင်အောင် စီမံချက်တွေကို စီမံကိန်းဘဏ် (Project Bank) ထဲ ထည့်သွင်းဆောင်ရွက်ဖို့ စီစဉ်ဆောင်ရွက်နေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုအကာအကွယ်ပေးရေး စတာတွေနဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာနအသီးသီးရဲ့ လူမှုရေးကဏ္ဍ (၅)နှစ် မဟာဗျူဟာစီမံကိန်း အသီးသီးကို ၂၀၁၆ ခုနှစ်ကတည်းက စတင်မိတ်ဆက် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ (၂)နှစ်တာအချိန်အတွင်း မိမိတို့ရဲ့ အကောင်အထည် ဖော်ဆောင်မှုတွေကို ပြန်လည်သုံးသပ်ပြီး အချိန်နဲ့တပြေးညီ ဦးစားပေး လုပ်ငန်းစီမံချက်တွေကို ခွဲခြမ်းဆောင်ရွက်နိုင်ရေးအတွက် ယခုဖိုရမ်မှာ လူမှုရေးမဏ္ဍိုင်အနေနဲ့ ဆွေးနွေးပေးကြဖို့ ဖြစ်ပါတယ်။

MSDP နဲ့စပ်လျဉ်းပြီး သက်ဆိုင်ရာကဏ္ဍများအလိုက် ဆက်စပ်စီမံကိန်း များကို စီမံချက်များအဖြစ် အကောင်အထည်ဖော်ရာမှာ “မည်သူမှ ကျန်နေခဲ့ခြင်း မရှိစေရ” ဆိုတဲ့ SDGs စည်းမျဉ်း၊ လုပ်ငန်းစဉ်များနဲ့အညီ မြန်မာနိုင်ငံရှိ ကလေးများအားလုံး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက် နိုင်မယ့် နယ်ပယ်များကို သတ်မှတ်ဖော်ထုတ်ကြဖို့ လိုအပ်ကြောင်း ပြောလို ပါတယ်။

တတိယအချက်ကတော့ ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးပါပုံကို ပြောချင်ပါတယ်။ MSDP ရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး၊ သာယာဝပြောမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ လူသားများနဲ့ ကမ္ဘာမြေ စတဲ့ မဏ္ဍိုင် (၃) ရပ်လုံးဟာ အပြန်အလှန် ညီညွတ်မျှတစွာနဲ့ ဆက်စပ်အကျိုးပြုလျက်ရှိတာကြောင့် ဒီမဏ္ဍိုင်(၃) ရပ်လုံးရဲ့ ပန်းတိုင်တွေ၊ မဟာဗျူဟာတွေကို အကောင်အထည်ဖော် တဲ့အခါ ကိစ္စရပ်ချဉ်းကပ်မှု (Thematic Approach) နဲ့ အကောင်အထည် ဖော်တာမို့ ဆက်စပ်ချိတ်ဆက်တဲ့ကိစ္စရပ်တွေမှာ ဝန်ကြီးဌာနတစ်ခုမက ပေါင်းစပ်အကောင်အထည်ဖော်ရတဲ့ ကိစ္စမျိုးတွေမှာ ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ကြဖို့ အရေးကြီးကြောင်း မှာကြားလိုပါတယ်။ မိမိနိုင်ငံအတွက် ကောင်းမွန်တဲ့ အရွေ့တစ်ခုကို ဖန်တီးရာမှာ မဟာဗျူဟာရဲ့ လားရာကို သဘောပေါက်နားလည်ဖို့ လိုအပ်သလို ပြိုင်တူတွန်းနိုင်ဖို့လည်း လိုအပ်ပါတယ်။

ဒီနေ့ မနက်ပိုင်းက မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) မှာ ဆောင်ရွက်နေတဲ့ Invest Myanmar Summit ကလည်း စီးပွားရေးမဏ္ဍိုင် ကနေ စီမံချက်တွေကို စီမံကိန်းဘဏ်ထဲ ထည့်သွင်းဆောင်ရွက်ဖို့ ပုဂ္ဂလိက ကဏ္ဍတွေနဲ့ ဆွေးနွေးနေကြတာဖြစ်ပါတယ်။ စီမံချက်တွေကို အကောင်အထည် ဖော်ရာမှာ နိုင်ငံတော်ဘတ်ဂျက်၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှု အကူအညီများ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းများ၊ အခြေခံအဆောက်အအုံဆိုင်ရာ ငွေတိုက် စာချုပ်များဖြင့် သစ်ဆန်းသော ဘဏ္ဍာရံပုံငွေရှာနည်းစီမံကိန်းတွေကို တီထွင်ဖန်တီးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် MSDP ရဲ့ မဏ္ဍိုင်များအကြား လည်း ညီညွတ်မျှတပြီး ခိုင်မာအားကောင်းစေဖို့ ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ဌာနအဖွဲ့အစည်းတစ်ခုတည်းသာ လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ အစိုးရ၊ လွှတ်တော်၊ ပုဂ္ဂလိကကဏ္ဍ၊ နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနဲ့ အကျိုးသက်ဆိုင်သူ အားလုံးတို့မှ အသီးသီး သက်ဆိုင်ရာအလိုက် တာဝန်ခွဲဝေယူပြီး ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မိမိလုပ်ငန်းတာဝန်အရ ဆောင်ရွက်တယ်ဆိုတာထက် စေတနာနဲ့ နိုင်ငံ့အကျိုး အတွက် မျှော်ကိုးဆောင်ရွက်နိုင်မှုများ အင်မတန်လိုအပ်နေတဲ့ အချိန်အခါ ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း များအနေနဲ့ မိမိတို့နိုင်ငံအတွက် နိုင်ငံဆိုင်ရာ အစီအစဉ်တွေဟာ MSDP ပါ ပန်းတိုင်များ၊ မဟာဗျူဟာများနဲ့ ကိုက်ညီစေဖို့၊ ထိရောက်တဲ့ အကူအညီများ ဖြစ်စေဖို့ ဆောင်ရွက်ပေးရန် အထူးပန်ကြားလိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရာမှာ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍအပါအဝင် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ပါဝင်ဆောင်ရွက်မှုများနဲ့ ကတိကဝတ် တွေကလည်း မရှိမဖြစ် လိုအပ်ချက်များဖြစ်ပြီး လွန်စွာအရေးကြီးပါတယ်။

စတုတ္ထအချက်ကတော့ အကောင်အထည်ဖော် ဆောင်ရွက်မယ့် စီမံချက် လုပ်ငန်းစဉ်များနဲ့ အချိန်ကာလတွေဟာ အစီအစဉ်တကျဖြစ်ရန် လိုအပ်လျက်ရှိ ပါတယ်။ ဒါ့ကြောင့် ကဏ္ဍဆိုင်ရာစီမံကိန်းနဲ့ ဒေသန္တရစီမံကိန်းတွေ ရေးဆွဲတဲ့အခါ စီမံချက်တွေဟာ လိုအပ်ချက်တစ်ခုတည်းကိုသာ စဉ်းစားဆောင်ရွက်ရတာမျိုး မဟုတ်ဘဲ အကောင်အထည်ဖော်ဖို့ ဖြစ်နိုင်ချေရှိတဲ့ လက်တွေ့ကျ အကောင် အထည်ဖော်နိုင်တဲ့ စီမံချက်တွေ (Implementable) ဖြစ်ဖို့ လိုအပ်ပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ များအနေနဲ့ နှစ်စဉ်စီမံကိန်းတွေမှာ ထည့်သွင်းဖို့၊ အချိတ်အဆက်မိဖို့ ဆက်စပ်စဉ်းစားဆောင်ရွက်ကြဖို့ အလွန်ပဲအရေးကြီးပါတယ်။

ပဉ္စမအချက်ကတော့ စီမံချက်တွေကို အကောင်အထည်ဖော်တဲ့အခါမှာ စောင့်ကြပ်ကြည့်ရှုအကဲဖြတ်ခြင်း အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ အစဉ်အလာအရ စီမံချက်တွေကို အကောင်အထည်ဖော်ရုံနဲ့မပြီးဘဲ ဘယ်လောက်အတိုင်းအတာအထိ အကျိုးကျေးဇူးရှိသလဲ၊ စီမံချက်တွေအတွက် ငွေကြေးကုန်ကျခံ ရင်းနှီးမြှုပ်နှံရကျိုးနပ်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် စီမံကိန်းရေး ဆွဲစဉ်ကတည်းက မှန်ကန်တဲ့စာရင်းအင်းနဲ့ ကိန်းဂဏန်း အချက်အလက်တွေအပေါ် အခြေခံပြီး ရေးဆွဲမှသာ လက်တွေ့ကျပြီး လူထုကို အကျိုးပြုစေတဲ့ စီမံကိန်းမျိုးတွေ ဖြစ်လာမှာဖြစ်ပါတယ်။ အလားတူပဲ စီမံကိန်းတွေကို အကောင်အထည်ဖော်ရာမှာ စောင့်ကြပ်ကြည့်ရှုနိုင်ဖို့ စီမံချက် ယူနစ်တွေဖွဲ့စည်းပြီး တိုးတက်မှုအခြေအနေကို တိုင်းတာဖို့အတွက် စာရင်းအင်းအချက်အလက်တွေ ပြုစုထားရှိရမှာ ဖြစ်ပါတယ်။ MSDP ကို အကောင်အထည်ဖော်ဆောင်ရာမှာ ကဏ္ဍအသီးသီးအတွက် တိုင်းတာနိုင်ဖို့ “အမျိုးသားညွှန်းကိန်းမူဘောင်” သတ်မှတ်ဆောင်ရွက်တိုင်းတာမှာ ဖြစ်ပါ တယ်။ ယခုဆိုရင် စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့ အနေနဲ့ အမျိုးသားညွှန်းကိန်းမူဘောင် သတ်မှတ်ရေးကိစ္စရပ်ကို ဌာန အဖွဲ့အစည်းပေါင်း (၁၀၀) ကျော်နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ဆောင်ရွက်ခဲ့တာဟာ ညွှန်းကိန်းပေါင်း(၃၀၀) နီးပါးရှိမှာ ဖြစ်ပါတယ်။ အမျိုးသားညွှန်းကိန်း မူဘောင်ဟာ စီမံကိန်းရေးဆွဲခြင်း၊ ကဏ္ဍများအကြား ဘတ်ဂျက်ခွဲဝေမှုများ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စီမံချက်များဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ စောင့်ကြည့်အကဲဖြတ်ခြင်း စတာတွေအတွက် အချက်အလက်တွေ ပံ့ပိုးပေး နိုင်မှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် “မြန်မာနိုင်ငံ၏ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှုမျှော်မှန်းချက် ပြည့်မီရေးဆိုင်ရာ အဆင့်မြင့်ဖိုရမ်” မှာ မြန်မာ့ကလေးသူငယ်များရဲ့ အနာဂတ် ကို ကဏ္ဍပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ လေ့လာသုံးသပ် ဆွေးနွေးမှုများပြုပြီး ကလေးသူငယ် သေဆုံးမှုလျော့ပါးရေး၊ ကလေးသူငယ်များရဲ့ မွေးဖွားမှု မှတ်ပုံတင်ထုတ်ပေးနိုင်ရေး၊ ကျန်းမာပြီး ဘဝနွေးထွေးလုံခြုံမှုရှိစေရေး၊ ပညာသင်ကြားခွင့် သာတူညီမျှရရှိစေရေး၊ ကျောင်းနေသက်တမ်း ပိုမိုတိုးမြှင့် စေနိုင်ရေး၊ အရွယ်မရောက်သေးသူများအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးရေး၊ ကလေးသူငယ်များကို လူကုန်ကူးမှုမှ အကာအကွယ်ပေးရေး၊ ကလေးတွေရဲ့ အနာဂတ်ဘဝ လုံခြုံရေးနဲ့ သာယာဝပြောမှုရှိစေရေးတို့အတွက် အစိုးရနဲ့ပုဂ္ဂလိက ကဏ္ဍအသီးသီးမှာ အားလုံးပါဝင်ပြီး ကဏ္ဍတစ်ခုချင်းစီရဲ့ အားနည်းချက်တွေကို အတူတကွ ဖြေရှင်းကြပြီး အားသာချက်ကို ပေါင်းစပ် ဆောင်ရွက်သွားကြဖို့ကိုလည်း မှာကြားလိုပါတယ်။

လက်ရှိ UNICEF ရဲ့ နိုင်ငံဆိုင်ရာ လုပ်ငန်းစဉ်အရ ကျန်းမာရေးနဲ့ အာဟာရ၊ ရေနှင့်သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ပညာရေး၊ ကလေး သူငယ်ကာကွယ်စောင့်ရှောက်ရေး၊ လူမှုရေးမူဝါဒနဲ့ ကလေးသူငယ်အခွင့်အရေး စောင့်ကြပ်ကြည့်ရှုရေး စတဲ့နယ်ပယ်တွေမှာ ချဉ်းကပ်ဆောင်ရွက်နေတာ တွေ့ရှိ ရပါတယ်။ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်များအား အာဟာရအတွက် ငွေကြေးထောက်ပံ့တဲ့ အစီအစဉ်၊ ကျောင်းတွေမှာ တစ်ကိုယ်ရေ သန့်ရှင်းရေး ဆိုင်ရာ အစီအစဉ်၊ ကလေးမွေးဖွားမှု မှတ်ပုံတင်ခြင်းအစရှိတဲ့ လုပ်ငန်းစဉ်တွေ မှာ တိုးတက်မှုတွေကိုတွေ့ရှိနေရပြီး၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ပြန့်နှံ့ ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး လုပ်ငန်းအဖွဲ့ (Country Task Force on Monitoring and Reporting-CTFMR) တို့အကြား ပူးပေါင်းဆောင်ရွက်နေတဲ့ အရွယ်မရောက်သေးသူများအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေးကိစ္စမှာ UNICEF ဟာ ပူးတွဲဥက္ကဌ အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ အရွယ်မရောက်သေးသောသူများ အား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး၊ စုဆောင်းခံခဲ့ရသူများအား နှုတ်ထွက်ခွင့်ရရှိရေး၊ နှုတ်ထွက်ခွင့်ရရှိပြီးသူများ လူမှုအသိုက်အဝန်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် UNICEF က ကူညီဆောင်ရွက်ပေးနေတာတွေ ကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဆက်လက်ပြီး အပြုသဘော ပူးပေါင်း ဆောင်ရွက်သွားဖို့နဲ့ မြန်မာနိုင်ငံအနေနဲ့လည်း အဆိုပါကိစ္စကို နိုင်ငံရေးအရ ဆန္ဒပြင်းပြစွာ ကိုင်တွယ်ဆောင်ရွက်နေကြောင်းကို ထပ်လောင်းပြောကြားလို ပါတယ်။

နိဂုံးချုပ်အနေနဲ့ မိမိတို့နိုင်ငံရဲ့ ကလေးသူငယ်တွေရဲ့ဖွံ့ဖြိုးမှုအတွက် ၂၀၁၆ ခုနှစ်ကတည်းက “မြန်မာ့ကလေးများ ဖွံ့ဖြိုးဖို့ မျှော်မှန်းချက်သစ်နှင့် ရလဒ်သစ်များဖြင့် အားထုတ်စို့” ဆောင်ပုဒ်နဲ့ ကျင်းပခဲ့တဲ့၊ 1st High Level Conference on “New Vision, New Results for Children in Myanmar” အဆင့်မြင့်ညီလာခံပွဲကတည်းက ဒီနယ်ပယ်ကို ကူညီဆောင်ရွက် ပေးခဲ့တဲ့ UNICEF Country Office မှ တာဝန်ရှိသူတွေနဲ့ UNICEF Executive Director Ms. Hennetta H. Fore တို့ကို ကျေးဇူးတင်ပါတယ်။ ကျန်ရှိတဲ့ ဖွံ့ဖြိုးမှုမိတ်ဖက်တွေကလည်း ဝိုင်းဝန်းပံ့ပိုးပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ တက်ရောက်ဆွေးနွေးရေး အစီအစဉ်များတွင် ပါဝင်သူများနဲ့ ဖိုရမ်ကို ဦးစီးဦးဆောင်ကျင်းပပေးတဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီကနေ့ အဆင့်မြင့်ဖိုရမ်ရဲ့ ဆွေးနွေးချက်တွေဟာ မြန်မာကလေးငယ်တွေအတွက် MSDP ပါ မဟာဗျူဟာလုပ်ငန်းစဉ်တွေနဲ့ ချိန်ညှိပြီး ထိရောက်အကျိုးရှိတဲ့ အစီအစဉ်တွေ၊ စီမံချက်တွေ ပေါ်ပေါက်လာ မယ်လို့ မျှော်လင့်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

အခမ်းအနားသို့ ပြည်ထောင်စု၀န်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယ၀န်ကြီးများ၊ လွှတ်တော်မှ ဖွဲ့စည်းတာ၀န်ပေးအပ်ထားသည့် အမျိုးသမီးနှင့်ကလေးသူငယ်ဆိုင်ရာ ကော်မတီများမှ ဥက္ကဋ္ဌများ၊ တိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ လူမှုရေး၀န်ကြီးများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာအသိုက်အ၀န်းမှ ကလေးသူငယ်ဆိုင်ရာ ကိုယ်စားလှယ်များနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက် ကြသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အခမ်းအနား သို့ တက် ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ယင်းနောက် မြန်မာနိုင်ငံ၏ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှု မျှော်မှန်းချက် ပြည့်မီရေး အဆင့်မြင့်ဖိုရမ်ဆက်လက်ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးစိုး၀င်းနှင့် UNICEF Executive Director Ms Henrietta H. Fore တို့က ကြိုဆို နှုတ်ခွန်း ဆက်စကားပြောကြားကြသည်။

ဖိုရမ်တွင် ပါမောက္ခဒေါက်တာအောင်ထွန်းသက်က “ကလေးတိုင်းအတွက် တိုးတက်မှုများ ရရှိအောင် အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေးအတွက် မူ၀ါဒဆိုင်ရာ သုံးသပ်ချက်များ အပေါ် ရှုဒေါင့်အမြင်” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန အမြဲတမ်းအတွင်း၀န် ဒေါက်တာသာထွန်းကျော်က “ကလေးတိုင်းအတွက် ဘ၀ကို အကောင်းဆုံး နည်းလမ်းဖြင့် စတင်နိုင်အောင် ဆောင်ရွက်ပေးရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အခြေခံ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေး၀င်းက “ကလေးတိုင်းအတွက် အရည်အသွေးမီ ပညာသင်ကြားခွင့်ရရှိစေရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူမှု၀န်ထမ်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာစန်းစန်းအေးက “ကလေးများ၏ ဆင်းရဲမှုနှင့် သဘာ၀ ဘေးအန္တရာယ်များ ကျရောက်မှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချပေးရေးနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ပေးရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ရဲမှူးကြီး ဦးသက်နောင်က “ကလေးများအား အကြမ်းဖက်မှု၊ လူကုန်ကူးမှုနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများမှ ကာကွယ် စောင့်ရှောက်ပေးရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရသုံးမှန်းခြေငွေ စာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က “ထိရောက်သော စီမံချက်များ ဖြစ်စေရေးနှင့် ရန်ပုံငွေခွေဲ၀ချထားပေးရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြသည်။

ဆက်လက်၍ ပါမောက္ခဒေါက်တာအောင်ထွန်းသက်က တိုးတက်မှုများ ရရှိအောင် အရှိန် အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် တွန်းအားပေးဆွေးနွေးမှုနှင့် မိတ်ဖက်ပြု ပူးပေါင်းမှုများ ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး အမျိုးသားလွှတ်တော် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ လုပ်ငန်းကော်မတီမှ ဒေါက်တာတင်တင်၀င်း၊ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းမှ ဦးကျော်ကျော်မင်းထွဋ်၊ မြန်မာနိုင်ငံ အမျိုးသမီးစွမ်းဆောင်ရှင်များ အသင်းမှ ဒေါ်လှလှမျိုးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ခေါင်းစဉ်များဖြင့်လည်းကောင်း၊ GAVI Vaccine Alliance ၏ အမှုဆောင်အရာရှိချုပ် Dr. Seth Berkley က နိုင်ငံတကာမိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှုများမှ ရရှိမည့် အကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Knut Ostby က ကလေးများအတွက် ရင်းနှီး မြှုပ်နှံမှုတွင် UN ၏ အခန်းကဏ္ဍနှင့် ပါ၀င်ကူညီမှုများခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေး ကြသည်။

ထို့နောက် UNICEF မှ ဌာနေကိုယ်စားလှယ် Ms. June Kunugi နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်တို့က နိဂုံးချုပ်အမှာစကားပြောကြားကြသည်။

အဆိုပါဖိုရမ်ကို မြန်မာနိုင်ငံရှိ ကလေးများအတွက် ၂၀၁၆ ခုနှစ် မှ စတင်၍ ရရှိထားသော အဓိကတိုးတက်မှုရလဒ်များကို ဖော်ထုတ်ရန်၊ မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) မဟာဗျူဟာများနှင့် ကိုက်ညီမှု ရှိ၊ မရှိ သုံးသပ် ဆွေးနွေးရန်၊ MSDP နှင့်သက်ဆိုင်ရာကဏ္ဍအလိုက် ဆက်စပ်စီမံကိန်းများကို အကောင်အထည် ဖော်မှုသည် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ (SDGs) သဘောတရား နှင့်အညီ မြန်မာနိုင်ငံရှိ ကလေးတိုင်းဖွံ့ဖြိုးတိုးတက်အောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မည့် နယ်ပယ်များ သတ်မှတ်ဖော်ထုတ်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

Show More

Related Articles

Back to top button
Close