Headline News

၂၀၁၉ ခုနွစ္ တိုင္းေဒသၾကီးနွင့္ျပည္နယ္ အသက္(၂၅)နွစ္ေအာက္ အမိ်ဳးသမီးေဘာလံုးျပိဳင္ပဲြ ဗိုလ္လုပဲြသို႔ အမိ်ဳးသားလႊတ္ေတာ္ဥကၠ႒ မန္းဝင္းခိုင္သန္း နွင့္ ဇနီး တက္ေရာက္

 

၂၀၁၉ခုနွစ္ တိုင္းေဒသၾကီးနွင့္ျပည္နယ္ အသက္(၂၅)နွစ္ေအာက္ အမို်းသမီးေဘာလံုးျပိုင္ပဲြ ဗိုလ္လုပဲြကို (၃.၄.၂၀၁၉)ရက္ေန့ (၁၆၀၀)နာရီတြင္ ေနျပည္ေတာ္ ဝဏၰသိဒၶိေဘာလံုး အားကစားကြင္း၌ က်င္းပရာ အမို်းသားလွြတ္ေတာ္ဥကၠ႒ မန္းဝင္းခိုင္သန္းနွင့္ဇနီး နန့္ၾကင္ၾကည္ တို့ တက္ေရာက္ၾကည့္ရႈအားေပးသည္။

ထို့ျပင္ ဗိုလ္လုပဲြသို့ ျမန္မာနိုင္ငံအိုလံပစ္ေကာ္မတီ ဒုတိယဥကၠ႒ က်န္းမာေရးနွင့္အားကစား ဝန္ၾကီးဌာန ဒုတိယဝန္ၾကီး ေဒါက္တာျမေလးစိန္နွင့္ တာဝန္ရိွသူမ်ား၊ ရန္ကုန္တိုင္းေဒသၾကီး လူမႈေရးဝန္ၾကီး ဦးနိုင္ငံလင္း၊ ကရင္ျပည္နယ္ ဗမာတိုင္းရင္းသားလူမို်းေရးရာဝန္ၾကီး ဦးေတဇထြဋ္လိွုင္ေထြး၊ အားကစားနွင့္ ကာယပညာဦးစီးဌာန ညွြန္ၾကားေရးမႉးခု်ပ္ ဦးမို်းလိွုင္၊ က်န္းမာေရးနွင့္အားကစားဝန္ၾကီးဌာန အားကစားနွင့္ ကာယပညာဦးစီးဌာနမွ ဒုတိယညွြန္ၾကားေရးမႉးခု်ပ္မ်ားနွင့္ တာဝန္ရိွသူမ်ား၊ ျမန္မာ့အားကစားကို ကူညီေထာက္ပံ့ေပးနိုင္ေရး တရုတ္နိုင္ငံဆိုင္ရာ ကြင္းဆင္းေလ့လာေရး ကိုယ္စားလွယ္အဖဲြ့၊ ျမန္မာနိုင္ငံေဘာလံုးအဖဲြ့ခု်ပ္မွ တာဝန္ရိွသူမ်ား၊ ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ားနွင့္ ေဘာလံုးဝါသနာရွင္ ပရိသတ္မ်ား တက္ေရာက္ၾကည့္ရႈအားေပးၾကသည္။

တိုင္းေဒသၾကီးနွင့္ ျပည္နယ္အသက္(၂၅)နွစ္ေအာက္ အမို်းသမီးေဘာလံုးျပိုင္ပဲြကို က်န္းမာေရး နွင့္ အားကစားဝန္ၾကီးဌာန၊ အားကစားနွင့္ ကာယပညာဦးစီးဌာနနွင့္ ျမန္မာနိုင္ငံေဘာလံုးအဖဲြ့ခု်ပ္တို့ ပူးေပါင္းက်င္းပျခင္းျဖစ္ျပီး မတ္ ၂၁ ရက္မွ ဧျပီ ၃ ရက္အထိ ယွဉ္ျပိုင္ကစားခဲ့ၾကပါသည္။ တတိယေနရာလုပဲြစဉ္ကို (၃.၄.၂၀၁၉)ရက္ေန့ (၁၉၀၀)နာရီတြင္ ရွမ္းျပည္နယ္အသင္းနွင့္ မြန္ျပည္နယ္အသင္းတို့ ယွဉ္ျပိုင္ကစားခဲ့ၾကျပီး ရွမ္းျပည္နယ္အသင္းက မြန္ျပည္နယ္အသင္းကို နွစ္ဂိုး-တစ္ဂိုးျဖင့္လည္းေကာင္း၊ ဗိုလ္လုပဲြကို (၃.၄.၂၀၁၉)ရက္ေန့ (၁၆၀၀)နာရီတြင္ ရန္ကုန္တိုင္းေဒသၾကီးအသင္းနွင့္ ၂၀၁၉ ခုနွစ္ တိုင္းေဒသၾကီးနွင့္ျပည္နယ္ အသက္(၂၅)နွစ္ေအာက္ အမို်းသမီးေဘာလံုးျပိုင္ပဲြ ဗိုလ္လုပဲြသို့ အမို်းသားလွြတ္ေတာ္ဥကၠ႒ မန္းဝင္းခိုင္သန္း နွင့္ ဇနီး တက္ေရာက္

ကရင္ျပည္နယ္အသင္းတို့ ယွဉ္ျပိုင္ကစားၾကရာ ရန္ကုန္တိုင္းေဒသၾကီးအသင္းက ကရင္ျပည္နယ္အသင္းကို သံုးဂိုး-တစ္ဂိုးျဖင့္လည္းေကာင္း အနိုင္ရကာ တံခြန္စိုက္ဒိုင္းကို ရရိွခဲ့သည္။

ျပိုင္ပဲြအျပီး ဆုေပးပဲြအခမ္းအနားကို က်င္းပရာ တက္ေရာက္လာၾကေသာ ဌာနဆိုင္ရာအၾကီးအကဲမ်ားနွင့္ တာဝန္ရိွပုဂၢိုလ္မ်ားက အေကာင္းဆံုးဆုမ်ားရရိွခဲ့ၾကသည့္ အားကစားသမားမ်ားအား ေငြသားဆုမ်ား ေပးအပ္ခီ်းျမွင့္ခဲ့ၾကျပီး တတိယဆုနွင့္ ဒုတိယဆု ရရိွခဲ့သည့္ အသင္းမ်ားအား ေငြသားဆုမ်ားနွင့္ တစ္ဦးခ်င္း ဆုတံဆိပ္မ်ားကို လည္းေကာင္း ေပးအပ္ခီ်းျမွင့္သည္။

ယင္းေနာက္ အမို်းသားလွြတ္ေတာ္ ဥကၠ႒ မန္းဝင္းခိုင္သန္းက ပထမဆုရရိွသည့္ ရန္ကုန္တိုင္းေဒသၾကီးအသင္းအား ေငြသားဆု ၁၅ သိန္း၊ တစ္ဦးခ်င္း ဆုတံဆိပ္မ်ားနွင့္ ၂၀၁၉ခုနွစ္ တိုင္းေဒသၾကီးနွင့္ ျပည္နယ္ အသက္(၂၅)နွစ္ေအာက္ အမို်းသမီးေဘာလံုးျပိုင္ပဲြ တံခြန္စိုက္ဆုဖလားတို့ကို ေပးအပ္ခီ်းျမွင့္သည္။

zawgyi version

—————————————————————————————

၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို (၃.၄.၂၀၁၉)ရက်နေ့ (၁၆၀၀)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး နန့်ကြင်ကြည် တို့ တက်ရောက်ကြည့်ရှုအားပေးသည်။

ထို့ပြင် ဗိုလ်လုပွဲသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ကရင်ပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာ့အားကစားကို ကူညီထောက်ပံ့ပေးနိုင်ရေး တရုတ်နိုင်ငံဆိုင်ရာ ကွင်းဆင်းလေ့လာရေး ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဘောလုံးဝါသနာရှင် ပရိသတ်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး မတ် ၂၁ ရက်မှ ဧပြီ ၃ ရက်အထိ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ တတိယနေရာလုပွဲစဉ်ကို (၃.၄.၂၀၁၉)ရက်နေ့ (၁၉၀၀)နာရီတွင် ရှမ်းပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရှမ်းပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲကို (၃.၄.၂၀၁၉)ရက်နေ့ (၁၆၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နှင့် ဇနီး တက်ရောက်

ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့်လည်းကောင်း အနိုင်ရကာ တံခွန်စိုက်ဒိုင်းကို ရရှိခဲ့သည်။

ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အကောင်းဆုံးဆုများရရှိခဲ့ကြသည့် အားကစားသမားများအား ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တတိယဆုနှင့် ဒုတိယဆု ရရှိခဲ့သည့် အသင်းများအား ငွေသားဆုများနှင့် တစ်ဦးချင်း ဆုတံဆိပ်များကို လည်းကောင်း ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းအား ငွေသားဆု ၁၅ သိန်း၊ တစ်ဦးချင်း ဆုတံဆိပ်များနှင့် ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်သည်။

unicode version

Show More

Related Articles

Back to top button
Close