Headline News

နိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ လာအိုျပည္သူ့ဒီမိုကရက္တစ္သမၼတနိုင္ငံ ျပည္သူ႔လံုျခံဳရးဝန္ၾကီးဌာန ဝန္ၾကီး ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖဲြ႔အား လက္ခံေတြ့ဆံု

နိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ လာအိုျပည္သူ့ဒီမိုကရက္တစ္သမၼတနိုင္ငံ ျပည္သူ့လံုျခံုေရးဝန္ၾကီးဌာန ဝန္ၾကီး ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖဲြ့အား လက္ခံေတြ့ဆ
ေနျပည္ေတာ္ မတ္ ၂၅

နိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္သည္ လာအိုျပည္သူ့ဒီမိုကရက္တစ္သမၼတနိုင္ငံ ျပည္သူ့လံုျခံုေရးဝန္ၾကီးဌာန ဝန္ၾကီး H.E. Pol. Lt. Gen. Vilay Larkhamfong ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖဲြ့အား ယေန့ ညေန ၄ နာရီတြင္ နိုင္ငံေတာ္သမၼတ အိမ္ေတာ္ သံတမန္ေဆာင္ဧည့္ခန္းမ၌ လက္ခံေတြ့ဆံုသည္။

ေတြ့ဆံုစဉ္ နွစ္နိုင္ငံ ခ်စ္ၾကည္ေရးနွင့္ ပူးေပါင္းေဆာင္ရြက္မႈျမွင့္တင္ေရး၊ ေဒသတြင္းနွင့္ အျပည္ျပည္ဆိုင္ရာ ကိစၥရပ္မ်ားတြင္ ပူးေပါင္းေဆာင္ရြက္ေရး၊ နယ္စပ္ျဖတ္ေက်ာ္ မႈခင္းမ်ား၊ တရားမဝင္ လက္နက္ေရာင္းဝယ္မႈ၊ မူးယစ္ေဆးဝါးေရာင္းဝယ္မႈနွင့္ လူကုန္ကူးမႈ တိုက္ဖ်က္ေရး၊ မဲေခါင္ျမစ္ေၾကာင္းတစ္ေလွ်ာက္ တရားဥပေဒ စိုးမိုးေရး စသည့္ လုပ္ငန္းစဉ္မ်ားတြင္ နွစ္နိုင္ငံ ပူးေပါင္းေဆာင္ရြက္ေရး၊ လူ့စြမ္းအား အရင္းအျမစ္ ဖံြ့ျဖိုးတိုးတက္ေရး၊ နွစ္နိုင္ငံ ျပည္ထဲေရးဝန္ၾကီးဌာနမ်ားအၾကား ျမန္မာနွင့္လာအို ဘာသာစကားမ်ား သင္ၾကားေရး၊ ျမန္မာ-လာအို ခ်စ္ၾကည္ေရးတံတားကို အျပည္ျပည္ ဆိုင္ရာဝင္ထြက္ဂိတ္အျဖစ္ အဆင့္တိုးျမွင့္ဖြင့္လွစ္နိုင္ေရးအတြက္ ညိွနိွုင္းေဆာင္ရြက္ေရး၊ ကို်င္းလပ္ နယ္စပ္ဂိတ္ကို အျပည္ျပည္ဆိုင္ရာ နယ္စပ္ဝင္ထြက္ဂိတ္အျဖစ္ ဖြင့္လွစ္ နိုင္ေရး၊ နွစ္နိုင္ငံအၾကား ရင္းနီွးျမႈပ္နံွမႈနွင့္ ကုန္သြယ္မႈျမွင့္တင္ေရးဆိုင္ရာ ကိစၥရပ္မ်ား နွင့္စပ္လ်ဉ္း၍ ရင္းနီွးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ ေဆြးေနြးၾကသည္။

ေတြ့ဆံုပဲြသို့ ျပည္ေထာင္စုဝန္ၾကီးမ်ား ျဖစ္ၾကသည့္ ဒုတိယဗိုလ္ခု်ပ္ၾကီး ေက်ာ္ေဆြ၊ ဦးမင္းသူနွင့္ တာဝန္ရိွသူမ်ား တက္ေရာက္ၾကသည္။

zawgyi version

————————————————————————————————————————

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆ
နေပြည်တော် မတ် ၂၅

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး H.E. Pol. Lt. Gen. Vilay Larkhamfong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဖြတ်ကျော် မှုခင်းများ၊ တရားမဝင် လက်နက်ရောင်းဝယ်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး၊ မဲခေါင်မြစ်ကြောင်းတစ်လျှောက် တရားဥပဒေ စိုးမိုးရေး စသည့် လုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနများအကြား မြန်မာနှင့်လာအို ဘာသာစကားများ သင်ကြားရေး၊ မြန်မာ-လာအို ချစ်ကြည်ရေးတံတားကို အပြည်ပြည် ဆိုင်ရာဝင်ထွက်ဂိတ်အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရေး၊ ကျိုင်းလပ် နယ်စပ်ဂိတ်ကို အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ထွက်ဂိတ်အဖြစ် ဖွင့်လှစ် နိုင်ရေး၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

unicode version

Tags
Show More

Related Articles

Back to top button
Close