Headline News

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဓာတ္အားခြဲ႐ုံဖြင့္ပြဲသို႔တက္ေရာက္၊ သထံုၿမိဳ႕ေဒသခံျပည္သူလူထုႏွင့္ ေတြ႕ဆံု

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ေမာ္လၿမိဳင္-သံျဖဴဇရပ္ ဓာတ္အားလုိင္းႏွင့္ သံျဖဴဇရပ္ဓာတ္အားခြဲ႐ုံဖြင့္ပြဲ အခမ္းအနားႏွင့္ သထံုၿမိဳ႕ သဘာဝဓာတ္ေငြ႔သုံး ဓာတ္အားေပးစက္႐ုံဖြင့္ပြဲ အခမ္းအနားတုိ႔သို႔ တက္ေရာက္အမွာစကားေျပာၾကား သထံုၿမိဳ႕ေဒသခံျပည္သူလူထုႏွင့္ ေတြ႕ဆံု

ေမာ္လၿမိဳင္ ဧၿပီ ၅

မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕၌ ေရာက္ရွိေနသည့္ နယ္စပ္ေဒသႏွင့္ တိုင္းရင္းသား လူမ်ိဳးမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး ဗဟိုေကာ္မတီ ဥကၠ႒ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ယေန႔နံနက္ပိုင္းတြင္ ၆၆ ေကဗြီ ေမာ္လၿမိဳင္-သံျဖဴဇရပ္ ဓာတ္အားလိုင္း ၄ဝ ဒသမ ၄၈ မိုင္ႏွင့္ ၆၆/၃၃ ေကဗြီ၊ ၂ဝ အမ္ဗြီေအ သံျဖဴဇရပ္ ဓာတ္အားခြဲ႐ုံ ဖြင့္ပြဲအခမ္းအနားသို႔ တက္ေရာက္ အမွာစကား ေျပာၾကားသည္။

အခမ္းအနားသို႔ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရဲေအာင္၊ ဦးမင္းသူ၊ ေဒါက္တာေအာင္သူ၊ ဦးအုန္းဝင္း၊ ဦးဝင္းခုိင္၊ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံ၊ ျပည္နယ္လႊတ္ေတာ္ဥကၠ႒ ေဒၚတင္အိ၊ မြန္ျပည္နယ္အစိုးရအဖြဲ႕ ဝန္ႀကီးမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဌာန ဆုိင္ရာအႀကီးအကဲမ်ားႏွင့္ ေဒသခံျပည္သူမ်ား တက္ေရာက္ၾကသည္။

အခမ္းအနားတြင္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္က လွ်ပ္စစ္ဓာတ္အားသည္ မိမိတို႔ႏိုင္ငံတစ္ႏိုင္ငံလံုးအတြက္ လိုအပ္ခ်က္ျဖစ္ပါ ေၾကာင္း၊ ယခုအခ်ိန္အထိလိုအပ္ခ်က္၏ ၅ဝ ရာခိုင္ႏႈန္းမျပည့္ေသးပါေၾကာင္း၊ သို႔ေသာ္ မိမိတို႔၏အိမ္နီးနားခ်င္းႏိုင္ငံေတာ္ေတာ္မ်ားမ်ားတြင္ ၈ဝ ရာခိုင္ႏႈန္းေက်ာ္၊ ၉ဝ ရာခိုင္ႏႈန္း ေက်ာ္၊ ၁ဝဝ ရာႏႈန္းျပည့္ စသည္ျဖင့္ လွ်ပ္စစ္ဓာတ္အားလံုေလာက္ေနသည္ကိုေတြ႕ ရပါေၾကာင္း၊ ထို႔ေၾကာင့္ မိမိတို႔ႏိုင္ငံသည္ပို၍ႀကိဳးစားရန္လိုအပ္ၿပီး မိမိတို႔အတြက္ လွ်ပ္စစ္ဓာတ္အားသည္ အင္မတန္အေရးႀကီးသည့္ကိစၥရပ္ တစ္ခုျဖစ္ေနပါေၾကာင္း။

ယခုဆိုလွ်င္ လွ်ပ္စစ္ဓာတ္အားလိုင္းအသစ္မ်ားဖြင့္လွစ္ျခင္း၊ ဓာတ္အား ခြဲရံုအသစ္မ်ား ဖြင့္လွစ္ျခင္းသည္ ျပည္သူလူထု၏ဘဝတိုးတက္ေရးအတြက္ျဖစ္သည္ဟု ယူဆပါေၾကာင္း၊ ဘဝတိုးတက္ေရးအတြက္ဆိုသည္မွာ စီးပြားေရးသာမဟုတ္ဘဲ လမ္းပန္းဆက္ သြယ္ေရးႏွင့္လွ်ပ္စစ္ဓာတ္အားရရွိေရးပါဝင္ပါေၾကာင္း၊ လွ်ပ္စစ္ ဓာတ္အားရရွိမႈသည္ စီးပြားေရး၊ က်န္းမာေရးႏွင့္ပညာေရးစသည္တို႔ကို အေထာက္ အကူျပဳပါေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ ေရွ႕သို႔ တစ္လွမ္းခ်င္း သြားေနသည္ ဆိုသည္ကို ျပသေနျခင္းျဖစ္ပါေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ လွ်ပ္စစ္ဓာတ္အား ရရွိမႈမွာ တစ္ႏိုင္ငံလံုး၏ ၅ဝ ရာခိုင္ႏႈန္းပင္ မျပည့္ေသးပါေၾကာင္း၊ သို႔ေသာ္ ယခုႏွစ္ မကုန္မီ ၅ဝ ရာခိုင္ႏႈန္း လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္မည္ ဟု မိမိတို႔ေမွ်ာ္လင့္ပါေၾကာင္း။

ယေန႔ဓာတ္အားခြဲရံုႏွင့္ ဓာတ္အားလိုင္းဖြင့္လွစ္ၿပီးေနာက္ မြန္ျပည္နယ္ အတြင္း လွ်ပ္စစ္မီးရရွိလာမည့္အိမ္ေထာင္စုေပါင္း ၂၂ဝဝဝဝ ရွိ လာမည္ျဖစ္ပါေၾကာင္း၊ မြန္ျပည္နယ္အတြင္းတြင္ လွ်ပ္စစ္ဓာတ္အားလံုလံုေလာက္ေလာက္ ျဖန္႔ျဖဴးႏိုင္ေရး အတြက္ ၂၃ဝ ေကဗြီ ေမာ္လၿမိဳင္-ခရံုဂူ ဓာတ္အားလိုင္းႏွင့္ ဓာတ္အားခြဲရံုတိုးခ်ဲ႕ ျခင္းလုပ္ငန္း၊ ၅ဝဝ ေကဗြီ ဘုရားႀကီး-ကန္ေပါက္-ေမာ္လၿမိဳင္ ဓာတ္အားလိုင္းႏွင့္ ဓာတ္အားခြဲရံုစီမံကိန္းလုပ္ငန္း၊ ၂၃ဝ ေကဗြီ ေမာ္လၿမိဳင္-ေရး-ထားဝယ္ဓာတ္အား လိုင္းႏွင့္ ဓာတ္အားခြဲရံုစီမံကိန္းလုပ္ငန္း ၊ ၂၃ဝ ေကဗြီ ထားဝယ္-ၿမိတ္ ဓာတ္ အားလိုင္း ႏွင့္ ဓာတ္အားခြဲရံုစီမံကိန္းလုပ္ငန္း ၊ ၆၆ ေကဗြီ ၿမိတ္-တနသၤာရီ ဓာတ္အားလိုင္းႏွင့္ ဓာတ္အားခြဲရံုစီမံကိန္းလုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္ေနသည္ကို ျပည္သူမ်ားသိရွိ မည္ဆိုပါက ဝမ္းသာလိမ့္မည္ဟုေမွ်ာ္လင့္ပါေၾကာင္း။

မိမိတို႔အေနျဖင့္ တစ္ႏိုင္ငံလံုးတြင္ ျဖန္႔၍လုပ္ကိုင္ေနရျခင္းျဖစ္ပါေၾကာင္း၊ တစ္ေနရာတည္းတြင္လုပ္ေနျခင္းမဟုတ္ပါေၾကာင္း၊ ထို႔ေၾကာင့္ မိမိတို႔ႏိုင္ငံတြင္ တစ္ေန ရာတည္းတြင္ေအာင္ျမင္မႈျဖစ္ေသာ္လည္းတစ္တိုင္းျပည္လံုးအတြက္ ေအာင္ျမင္မႈျဖစ္ သည္ဟု ယူဆေစခ်င္ပါေၾကာင္း၊ ေမာ္လၿမိဳင္၊ သထံု၊ သံျဖဴဇရပ္ ေနရာမ်ားတြင္ တိုင္းရင္းသားေပါင္းစံုေနထိုင္ ပါေၾကာင္း၊ မြန္တိုင္းရင္းသားမ်ားသာမက ကရင္တိုင္းရင္း သားမ်ား၊ ပအိုဝ္းတိုင္းရင္းသားမ်ား၊ ဗမာတိုုင္းရင္းသားမ်ားရွိပါေၾကာင္း၊ ေနရာတစ္ ေနရာတြင္ ဓာတ္အားခြဲရံုတစ္ခု၊ လိုင္းတစ္ခုဖြင့္လိုက္ျခင္းသည္ မိမိတို႔ ျပည္ေထာင္စု သားအားလံုးအတြက္ တိုးတက္မႈ တစ္ခုဟုယူဆပါေၾကာင္း၊ ထိုသို႔ ႐ုပ္ပိုင္းဆိုင္ရာ တိုးတက္လာသည္ႏွင့္အတူ စိတ္ပိုင္းဆိ္ုင္ရာ တိုးတက္မႈမ်ားကိုလည္းေမွ်ာ္လင့္ပါ ေၾကာင္း၊ စိတ္ပိုင္းဆိုင္ရာဆိုသည္မွာ ပထမအေနျဖင့္ ျပည္ေထာင္စု စိတ္ဓာတ္ကို ဆိုလိုျခင္းျဖစ္ပါေၾကာင္း၊ ဒုတိယအေနျဖင့္ အခ်င္းခ်င္းေမတၱာေစတနာ ထားႏိုင္သည့္ စိတ္ဓာတ္မ်ားကို ဆိုလိုျခင္းျဖစ္ပါေၾကာင္း။

ယခု ဓာတ္အားလိုင္းသည္ ေမာ္လၿမိဳင္၊ သံျဖဴဇရပ္ ဓာတ္အားလိုင္းျဖစ္ပါ ေၾကာင္း၊ သံျဖဴဇရပ္သည္ ဒုတိယကမၻာစစ္ႏွင့္ ပတ္သက္၍နာမည္ႀကီးသည့္ ေနရာ တစ္ခုျဖစ္ပါေၾကာင္း၊ သံျဖဴဇရပ္သည္ ဒုတိယ ကမၻာစစ္အတြင္းအနိ႒ာ ရံုမ်ား၏ သေကၤတေနရာ တစ္ခုကဲ့သို႔ျဖစ္ေနပါေၾကာင္း၊ ဒုတိယကမၻာစစ္က က်ဆံုးခဲ့ သည့္ မဟာမိတ္တပ္သားမ်ား၏ စစ္သခ်ႋဳင္းရွိပါေၾကာင္း၊ အခ်ိဳ႕စစ္သည္မ်ား၏ ဂူဗိမာန္ မ်ားကို ၄င္းတို႔၏မိသားစုမ်ားက ပံုမွန္ထိန္းသိမ္း သည့္သူမ်ားသို႔ ႏွစ္စဥ္ႏွစ္တိုင္း ေငြေၾကး ေပးပို႔ၿပီး မိမိတို႔၏သား၊ ခင္ပြန္း၊ ညီအစ္ကို ေမာင္ႏွမမ်ား၏ ဂူသခ်ႋဳင္းမ်ား ေပၚတြင္ သတိရေသာအားျဖင့္ ပန္းမ်ား၊ ပန္းကုံးမ်ား အမွတ္တရခ်ေပးျခင္း စသည္ျဖင့္ ဆက္လက္ေဆာင္ရြက္ေနသည္ကို ေတြ႕ရပါေၾကာင္း၊ လူသားမ်ား၏ ေမတၱာ ေစတနာ မ်ားကို ျပသျခင္းျဖစ္ပါေၾကာင္း၊ လူသားမ်ား၏ ေလာဘ၊ ေဒါသ၊ ေမာဟမ်ားေၾကာင့္ စစ္မ်ား ျဖစ္ခဲ့ၿပီးစစ္မီးမ်ားလည္းပြားခဲ့ပါေၾကာင္း၊ လူသားမ်ား၏ ေမတၱာေစတနာမ်ားျဖင့္ စစ္မီးမ်ားကို ၿငိမ္းေအာင္လုပ္ႏိုင္ပါေၾကာင္း။

မိမိတို႔ ႏိုင္ငံသည္ လြတ္လပ္ေရးရစဥ္ကတည္းက လံုးဝ စစ္မီးၿငိမ္းသည္ဟု မရွိခဲ့ပါေၾကာင္း၊ ျပည္တြင္းစစ္ႏွင့္ လြတ္လပ္ေရးသည္ တစ္ေန႔တည္းကဲ့သို႔ ေပါက္ဖြား လာခဲ့ပါေၾကာင္း၊ သို႔ေသာ္ ယခုတြင္ တစ္ႏိုင္ငံလံုး ၿငိမ္းခ်မ္းရန္အတြက္ ျပည္သူ ျပည္သားမ်ားသည္ မည္သည့္ေနရာတြင္ ေရာက္သည္ျဖစ္ေစ၊ မည္သည့္ အလုပ္လုပ္ သည္ျဖစ္ေစ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းႏွင့္ လုပ္ႏိုင္သည္ဆိုသည့္ ယံုၾကည္မႈရွိရန္ ႀကိဳးစားေနပါ ေၾကာင္း၊ ထိုသို႔ ႀကိဳးစားရာတြင္ စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာ အဘက္ဘက္မွ လုပ္ရပါေၾကာင္း၊ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ တစ္ခုသည္ ၿငိမ္းခ်မ္းေရးတစ္ခု တည္း ဦးတည္၍ မရပါေၾကာင္း၊ ဖြံ႔ၿဖိဳးတိုးတက္ေရးကို လည္း ဦးတည္ရပါေၾကာင္း၊ ဖြံ႕ၿဖိဳးတိုးတက္ေရး ရွိမွသာ ၿငိမ္းခ်မ္းေရးကို ခိုင္မာေအာင္ လုပ္ႏိုင္မည္ျဖစ္ပါေၾကာင္း။

ယမန္ႏွစ္က မြန္ျပည္သစ္ပါတီက NCA ကို လက္မွတ္ ေရးထိုးသည့္အတြက္ ဝမ္းေျမာက္ရပါေၾကာင္း၊ အဖြဲ႕တစ္ဖြဲ႕တိုးတိုးလာသည္ႏွင့္အမွ်ၿငိမ္း ခ်မ္းေရး ရႏိုင္ကိန္း သည္ တိုးတိုးလာသည္ဟုသတ္မွတ္ပါေၾကာင္း၊ ထို႔ေၾကာင့္ ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္း ဆိုင္ရာ အားလံုးတိုးတက္ေအာင္လုပ္သည့္ေနရာတြင္ လွ်ပ္စစ္ဓာတ္အား ရရွိေရးသည္ လည္း သူ႔က႑ႏွင့္သူ အလြန္အေရးႀကီးပါေၾကာင္း၊ ႐ုပ္ပိုင္းဆိုင္ရာအရ အေမွာင္ထဲမွ အလင္းကို လြယ္လြယ္ကူကူေရာက္ႏိုင္သည့္ အေနအထားျဖစ္ပါ ေၾကာင္း၊ စိတ္ပိုင္း ဆိုင္ရာလည္း ထိုသို႔ ျဖစ္ေစလိုပါေၾကာင္း၊ အေမွာင္ထဲမွ အလင္းသို႔ ေရာက္ရန္အတြက္ ျပည္ေထာင္စုသား သမီးအားလံုး တစ္ဦးခ်င္းတြင္ တာဝန္ရွိပါ ေၾကာင္း၊ စိတ္ဓာတ္ ထားတတ္မွသာ အေမွာင္ထဲမွ အလင္းသို႔ ေရာက္ရွိ မည္ျဖစ္ပါ ေၾကာင္း၊ အေမွာင္ထဲမွ အလင္းကို တစ္ေယာက္ခ်င္းက ေရာက္လိုသည့္ စိတ္ဓာတ္ ရွိမွသာ ေရာက္မည္ျဖစ္ ပါေၾကာင္း၊ အားလံုးပူးေပါင္းေဆာင္ရြက္ အတူလက္တြဲၿပီး တိုးတက္သည့္ လမ္းကို ေလွ်ာက္ရန္ သိႏၷိ႒ာန္ခ်ရန္ အလြန္အေရးႀကီးပါေၾကာင္း၊ ခြဲျခားစိတ္၊ ၿပိဳင္လိုသည့္ စိတ္မဟုတ္ဘဲ တစ္ဦးအေပၚတစ္ဦး အာဃာတစိတ္၊ ေဒါသစိတ္မထားဘဲ ေစတနာ၊ ေမတၱာစိတ္ျဖင့္ အတူတူ တိုးတက္ၾကမည္ အတူတူ ဆက္လက္ခ်ီတက္ၾကမည့္ အတူတူျပည္ေထာင္စုကို ထူေထာင္သြားၾက မည္ဆိုသည့္ စိတ္ဓာတ္ကို ခိုင္မာ ေအာင္လုပ္ႏိုင္မည္ဆိုပါက စိတ္ခ်င္းဆက္သြယ္ထားသည့္ အလင္းေရာင္လိႈင္းႀကီး ျဖစ္သြားမည္ျဖစ္ပါေၾကာင္း။

ထို႔ေၾကာင့္ မြန္ျပည္နယ္တြင္ စက္ရံုတစ္ခု ဖြင့္သည့္အခါ တိုင္းရင္းသားတစ္စု တစ္ဖဲြ႕ အတြက္ မဟုတ္ဘဲ တိုင္းရင္းသားအမ်ားစု အတြက္ဆိုသည့္ အသိစိတ္ျဖင့္ အင္မတန္ဝမ္းသာရပါေၾကာင္း၊ မိမိတို႔ေခတ္တြင္ မိမိတို႔မ်ဳိးဆက္မ်ား တာဝန္ေက်ပါက ေနာင္ေခတ္တြင္ ေနာင္မ်ဳိး ဆက္သစ္မ်ား၏ အေျခအေနသည္ မိမိတို႔ထက္မ်ားစြာ တိုးတက္သည့္အေျခအေနတြင္ ရွိရန္လိုပါေၾကာင္း၊ အနာဂတ္အတြက္ လုပ္ရန္ဆိုပါက အားလံုးကပူးေပါင္းေဆာင္ရြက္ရမည္ျဖစ္ပါေၾကာင္း၊ ျပည္သူလူထု၊ အုပ္ခ်ဳပ္ေရးပိုင္း ဆိုင္ရာ အစိုးရ၊ ဥပေဒျပဳေရးဆိုင္ရာ လႊတ္ေတာ္၊ တရားေရးဆိုင္ရာ တရာေရးမ႑ိဳင္ စသည့္ မ႑ိဳင္ႀကီး ၃ ရပ္ႏွင့္ ျပည္သူလူထုသည္အတူ လက္တြဲ၍ တက္ညီလက္ညီ လုပ္မွသာ မိမိတို႔ႏိုင္ငံသည္ ျမန္ျမန္ဆန္ဆန္တိုးတက္ လာမည္ ျဖစ္ပါေၾကာင္း။

မိမိတို႔ႏိုင္ငံ၏ ႐ုပ္ပိုင္းဆိုင္ရာ တိုးတက္ေရးသည္ စိတ္ပိုင္းဆိုင္ရာအတြက္ အလြန္အေရးႀကီးပါေၾကာင္း၊ ထိုႏွစ္ခုကို ခြဲျခားရႈျမင္၍မရပါေၾကာင္း၊ ႐ုပ္ပိုင္းဆိုင္ရာ တိုးတက္မႈတစ္ခုအတြက္ အားလံုးဝိုင္းဝန္းၿပီး အခမ္း အနားျဖင့္ႀကိဳဆိုသည့္ အခ်ိန္တြင္ စိတ္ပိုင္းဆိုင္ရာပို၍ တိုးတက္ရန္အတြက္ တစ္ေယာက္အေပၚ တစ္ေယာက္ ေစတနာ ထားတတ္ရန္၊ ပူးေပါင္းေဆာင္ရြက္ ႏိုင္သည့္စိတ္ဓာတ္မ်ား အင္အားျမင့္လာရန္ လုပ္ေဆာင္ၾကပါစို႔ဟု တိုက္တြန္းပါေၾကာင္း ေျပာၾကားသည္။

ထုိ႔ေနာက္ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းခုိင္က ဓာတ္အားလုိင္းႏွင့္ ဓာတ္အားခြဲ႐ံုစီမံကိန္းလုပ္ငန္းမ်ား ေဆာင္ရြက္ခဲ့မႈအေျခအေနကို ရွင္းလင္းတင္ျပသည္။

ယင္းေနာက္ ေဒသခံျပည္သူမ်ားကိုယ္စား သံျဖဴဇရပ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ ေတာ္ကိုယ္စားလွယ္ ဦးဉာဏ္ဟိန္းက ေက်းဇူးတင္စကား ေျပာၾကားသည္။

ထုိ႔ေနာက္ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံ၊ မြန္ျပည္နယ္လႊတ္ေတာ္ ဥကၠ႒ ေဒၚတင္အိ၊ ျပည္နယ္အဖြဲ႕ဝန္ႀကီး ဦးဝဏၰေက်ာ္၊ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးႏုိင္ေသာင္းညြန္႔၊ ဦးဉာဏ္ဟိန္း၊ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚႏြယ္ႏြယ္ေအာင္ႏွင့္ ေဒၚျမတ္သီတာထြန္းတုိ႔က ၆၆ ေကဗြီ ေမာ္လၿမိဳင္-သံျဖဴဇရပ္ ဓာတ္အားလိုင္းႏွင့္ ၆၆/၃၃ ေကဗြီ၊ ၂ဝ အမ္ဗြီေအ သံျဖဴဇရပ္ဓာတ္အားခြဲ႐ုံကိုိ ဖဲႀကိဳး ျဖတ္ ဖြင့္လွစ္ေပးၾကသည္။

ယင္းေနာက္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္သည္ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ဥကၠ႒၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ေဒသခံ တုိင္းရင္းသားမ်ားႏွင့္အတူ စုေပါင္းမွတ္တမ္းတင္ ဓာတ္ပံု႐ိုက္သည္။

ထို႔ေနာက္ ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ႏွင့္ ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းခုိင္ တုိ႔သည္ စက္ခလုပ္ႏွိပ္၍ သံျဖဴဇရပ္ဓာတ္အားခြဲ႐ုံသို႔ ဓာတ္အားပို႔လႊတ္ေပးသည္။

ယင္းေနာက္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္သည္ လွ်ပ္စစ္ဝန္ထမ္းမ်ားအား ရင္းရင္းႏွီးႏွီး ေတြ႕ဆံုႏႈတ္ဆက္စကားေျပာၾကားၿပီး စက္႐ံုအတြင္း ဓာတ္အားေပးေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေနမႈကို ၾကည့္႐ႈသည္။

ထုိ႔ေနာက္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ႏွင့္အဖြဲ႕သည္ ရဟတ္ယာဥ္မ်ားျဖင့္ သထံုၿမိဳသို႔ ေရာက္ရွိၿပီး ၁၁၈ ဒသမ ၉ မဂၢါဝပ္ သဘာဝဓာတ္ေငြ႕သုံး ဓာတ္အားေပး စက္႐ုံဖြင့္ပြဲ အခမ္းအနားသို႔ တက္ေရာက္သည္။

အခမ္းအနားတြင္ ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္က အဖြင့္အမွာစကား ေျပာ ၾကားရာတြင္ ျပည္သူလူထုအတြက္ လွ်ပ္စစ္ဓာတ္အားရရိွၿပီ ဆိုပါက ခလုပ္တစ္ခုဖြင့္လိုက္ သည္ႏွင့္ အေမွာင္ထဲမွအလင္းဘက္သို႔ ကူးေျပာင္း၍ရပါေၾကာင္း၊ ခလုပ္ႏွိပ္လိုက္သည္ႏွင့္ လွ်ပ္စစ္မီးရရိွေရး အတြက္ ဝိုင္းဝန္းလုပ္ေဆာင္ၾကရျခင္းျဖစ္ပါေၾကာင္း၊ ကြ်မ္းက်င္မႈ၊ ေငြေရး၊ေၾကးေရးႏွင့္ ပူးေပါင္း ေဆာင္ရြက္မႈလိုအပ္ပါေၾကာင္း၊ ပူးေပါင္းေဆာင္ရြက္မႈသည္ အဓိကအေရးႀကီးသည္ဟု ေျပာလိုပါ ေၾကာင္း၊ မိမိတို႔ ႏိုင္ငံသည္ လြတ္လပ္ေရးရၿပိီးသည့္အခ်ိန္မွစ၍ ႏိ္ုင္ငံျခားေရးမူဝါဒအျဖစ္ တစ္ကမၻာ လံုးတြင္ရွိသည့္ ႏိုင္ငံအားလံုးႏွင့္ ခင္ခင္မင္မင္၊ ရင္းရင္းႏွီးႏွီး ေအးေအးခ်မ္းခ်မ္းေနထိုင္ေရးကို အထူး သတိျပဳၿပီး အားေပးခဲ့ပါေၾကာင္း၊ ဆက္လက္လုပ္ေဆာင္သြားရန္လည္းရည္ရြယ္ခ်က္ရွိပါေၾကာင္း၊ မိမိတို႔ ႏိုင္ငံသည္ ကမၻာႀကီးေအးခ်မ္းသာယာေရးႏွင့္ ကမၻာ့တိုးတက္ေရးအတြက္ တစ္ေထာင့္ တစ္ေနရာမွ ပံ့ပိုးေပးႏိုင္သည့္ ႏိုင္ငံျဖစ္ေစလိုပါေၾကာင္း၊ မိမိတို႔ႏိုင္ငံသူႏိုင္ငံသားမ်ားကလည္း ထိုနည္း၎ ျဖစ္ေစခ်င္ၾကပါေၾကာင္း။

ႏိုင္ငံတစ္ႏိုင္ငံ တည္ၿငိမ္ေအးခ်မ္းရန္ ဖြံ႕ၿဖိဳးတိုးတက္မႈသည္ အင္မတန္အေရးႀကီးပါေၾကာင္း၊ မိိမိတို႔ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ ဝိုင္းဝန္းပံ့ပိုးေပးသည့္ အဖြဲ႕အစည္းမ်ားႏွင့္ မိတ္ေဆြႏိုင္ငံမ်ားကို ေက်းဇူတင္ရွိပါေၾကာင္း၊ ေက်းဇူးဆိုသည္မွာ လူတိုင္းလူတိုင္းမွာရွိသင့္သည့္ ခံစားခ်က္တစ္ခုျဖစ္ပါ ေၾကာင္း၊ ေက်းဇူးတရားရွိမွသာလွ်င္ ကမၻာ၏ တန္ဖိုးမိမိတန္ဖိုးကိုသိရိွမည္ျဖစ္ပါေၾကာင္း၊ တစ္ေယာက္ႏွင့္တစ္ေယာက္၏တန္ဖိုးကို နားလည္မွသာ မိမိတန္ဖိုးကို ျမႇင့္တင္ႏိုင္မည္ အေျခအေန ျဖစ္ပါေၾကာင္း။

စီမံကိန္းတစ္ခုကို ေအာင္ေအာင္ျမင္ျမင္ မိမိတို႔အေကာင္အထည္ေဖာ္ႏိုင္လိုက္ၿပီဆိုလွ်င္ ေနာင္ စီမံကိန္းမ်ားထပ္မံအေကာင္အထည္ေဖာ္ႏိုင္ရန္ အင္အားျဖည့္ေပးရာ ေရာက္ပါေၾကာင္း၊ လွ်ပ္စစ္ ဓာတ္အားေပး စက္ရံုမ်ား၊ လွ်ပ္စစ္မီး ရရွိေရးလုပ္ငန္းေျခလွမ္းမ်ားသည္ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ား၏ အရည္အခ်င္းမ်ားကို ျမႇင့္တင္ေပးရန္ ဦးတည္လုပ္ေဆာင္ေနျခင္းျဖစ္ပါေၾကာင္း၊ ထိုသို႔ဦးတည္ လုပ္ေဆာင္ရာတြင္ အစိုးရပါဝင္ရမည္ျဖစ္ၿပီး အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရး၊ ဥပေဒျပဳေရး မ႑ိဳင္ႀကီး ၃ ခုသာမက ျပည္သူျပည္သားမ်ား ပူးေပါင္းေဆာင္ရြက္မွသာျမန္ျမန္ဆန္ဆန္ႏွင့္ထိထိေရာက္ေရာက္ တိုးတက္ႏိုင္မည္ျဖစ္ပါေၾကာင္း။

မြန္ျပည္နယ္ သထံုတြင္ လွ်ပ္စစ္ဓာတ္အား ရရွိျခင္းသည္ တစ္ႏိုင္ငံလံုး အတြက္ ဝမ္းသာစရာ ျဖစ္ပါေၾကာင္း၊ လွ်ပ္စစ္ဓာတ္အားမရေသးသည့္ေနရာမ်ားတြင္ လွ်ပ္စစ္ဓာတ္အားရရိွေရး ေမွ်ာ္လင့္ ခ်က္မ်ားနီးလာၿပီဆိုသည့္ စိတ္ဓာတ္မ်ား ျဖစ္ပြားေစမည္ ျဖစ္ပါေၾကာင္း၊ တစ္ေနရာတိုးတက္မႈ ရွိျခင္းသည္ တစ္တိုင္းျပည္လံုး၏ တိုးတက္မႈပင္ျဖစ္ပါေၾကာင္း၊ တစ္တိုင္းျပည္လံုး တိုးတက္မႈရွိမွာသာ ေနရာတိုင္းေနရာတိုင္းတြင္ တိုးတက္မႈရွိမည္ျဖစ္ပါေၾကာင္း၊ ျပည္သူလူထုအေနျဖင့္လည္း မိမိႏိုင္ငံ တိုးတက္မႈအတြက္ မိမိတို႔ကိုယ္တိုင္ႀကိဳးစားအားထုတ္ရန္ အဓိကျဖစ္သည္ကို သတိေပးလိုပါ ေၾကာင္း၊ အျခားသူကိုအားကိုးျခင္းထက္ မိမိကိုယ္ကိုယ္အားကိုျခင္းသည္ အေကာင္းဆံုးျဖစ္ပါ ေၾကာင္း၊ မိမိတို႔၏စြမ္းရည္မ်ားကို မိမိတို႔ကိုုယ္တိုင္ ေသေသခ်ာခ်ာထိထိေရာက္ေရာက္ သံုးႏိုင္ပါမွ အျခားမွစြမ္းရည္မ်ားလည္း မိမိတို႔ဆီသို႔ ေရာက္လာမည္ဟု ယံုၾကည္ပါေၾကာင္း။

ႏိုင္ငံ၏ အဓိကလိုအပ္ခ်က္မ်ားျဖစ္သည့္ လမ္းပန္းဆက္သြယ္ေရးႏွင့္ လွ်ပ္စစ္မီးရရွိေရးကို အစိုးရအေနျဖင့္အထူးဂ႐ုျပဳ ေဆာင္ရြက္ေနပါေၾကာင္း၊ ျပည္သူလူထု၏ အရည္အခ်င္းမ်ား တစ္ေန႔ထက္တစ္ေန႔ပိုၿပီး တက္လာလိမ့္မည္ဟုယံုၾကည္သကဲ့သို႔ ႏိုင္ငံ၏ဖြံ႕ၿဖိဳးေရးအင္အားသည္ လည္း တစ္ေန႔ထက္တစ္ေန႔ တက္လာမည္ဟု ယံုၾကည္ပါေၾကာင္း၊ ယံုၾကည္ခ်က္အတိုင္း ဝိုင္းဝန္း ပူးေပါင္းလက္တြဲ၍ ထမ္းေဆာင္ေပးမည္ဟုမိမိအေနျဖင့္ေမွ်ာ္လင့္ပါေၾကာင္းေျပာၾကားသည္။

ယင္းေနာက္ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းခုိင္က ၁၁၈ ဒသမ ၉ မဂၢါဝပ္ သဘာဝဓာတ္ေငြ႕သုံး ဓာတ္အားေပး စက္႐ုံစီမံကိန္း ေပၚေပါက္ လာပံု၊ တည္ေဆာက္ေရးလုပ္ငန္းမ်ားႏွင့္ ဓာတ္အားေပးစက္႐ံု စမ္းသပ္ေမာင္းႏွင္ခဲ့ သည့္ အေျခအေနမ်ားကို ရွင္းလင္းတင္ျပသည္။

ထုိ႔ေနာက္ ေဒသခံျပည္သူမ်ားကိုယ္စား သထံုၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္ စားလွယ္ ေဒၚမာမာခုိင္က ေက်းဇူးတင္စကား ေျပာၾကားသည္။

ယင္းေနာက္ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံ၊ ဒုတိယဝန္ႀကီး ေဒါက္တာထြန္းႏုိင္၊ ျပည္နယ္အဖြဲ႕ဝန္ႀကီး ဦးဝဏၰေက်ာ္၊ သထံုၿမိဳ႕နယ္ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚမာမာခုိင္ႏွင့္ အမ်ဳိးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာေဇာ္လင္းထြဋ္တုိ႔က ၁၁၈ ဒသမ ၉ မဂၢါဝပ္ သဘာဝဓာတ္ေငြ႕သုံး ဓာတ္အား ေပးစက္႐ုံကို ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၾကသည္။

ထုိ႔ေနာက္ ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္သည္ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္အစိုးရအဖြဲ႕ဝန္ႀကီးမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ေဒသခံတုိင္းရင္းသား လူငယ္မ်ားႏွင့္အတူ စုေပါင္းမွတ္တမ္းတင္ ဓာတ္ပံု႐ိုက္သည္။

ယင္းေနာက္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ျပည္ေထာင္စု ဝန္ႀကီး ဦးဝင္းခုိင္ႏွင့္ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံတုိ႔က သဘာဝ ဓာတ္ေငြ႕သုံး ဓာတ္အားေပးစက္႐ုံ ကမၺည္းေက်ာက္စာကို စက္ခလုတ္ႏွိပ္ဖြင့္လွစ္ေပး ၾကၿပီး အေမြးန႔ံသာရည္ ပက္ဖ်န္းေပးၾကသည္။

ထုိ႔ေနာက္ ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ႏွင့္အဖြဲ႕သည္ သဘာဝဓာတ္ေငြ႕သုံး ဓာတ္အားေပးစက္႐ုံ တည္ေဆာက္ထားမႈအား ေမာ္ေတာ္ယာဥ္ျဖင့္ လွည့္လည္ၾကည့္႐ႈ ၾကသည္။

ယင္းေနာက္ ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္သည္ သထံုၿမိဳ႕ သုဝဏၰခန္းမ၌ ေဒသခံျပည္သူလူထုႏွင့္ ေတြ႕ဆံုသည္။

ေတြ႕ဆံုစဥ္ ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္က အဖြင့္အမွာစကား ေျပာၾကားရာတြင္ မြန္ျပည္နယ္ကိုလာေရာက္ရသည့္အေၾကာင္းရင္း ၂ ရပ္ရွိပါေၾကာင္း၊ ပထမ တစ္ခုအေနျဖင့္ လွ်ပ္စစ္ဓာတ္အားေပးေရးႏွင့္ပတ္သက္သည့္စီမံကိန္းဖြင့္ပြဲမ်ားသို႔ တက္ေရာက္ရန္ျဖစ္ပါေၾကာင္း၊ ဒုတိယအေနျဖင့္ ျပည္သူလူထုႏွင့္ ေတြ႕ဆံုရန္ ျဖစ္ပါေၾကာင္း၊ လွ်ပ္စစ္ဓာတ္အားရရွိေရးကို အေလးထားသည္ဆိုသည္မွာ ျပည္သူက အေလးထားသည့္ကိစၥရပ္ျဖစ္၍ ျဖစ္ပါေၾကာင္း၊ ခရီးသြားပါက တတ္ႏိုင္သမွ်ေသာ ကိစၥ မ်ားကို စုပါင္းလုုပ္ေဆာင္ရန္ ႀကိဳးစားပါေၾကာင္း၊ ထိုသို႔ေသာကိစၥရပ္မ်ားကို အေလးထား သည္ဆိုသည္မွာ ႏိုင္ငံဖြ႕ံၿဖိဳးတိုးတက္ေရးအတြက္ ေရွ႕သို႔ေျခလွမ္း တစ္လွမ္းေလွ်ာက္သည္ဆိုသည့္ပံုစံျဖင့္ အေလးထားျခင္းျဖစ္ပါေၾကာင္း။

ႏိုင္ငံ၏ဖြံ႕ၿဖိဳးတိုးတက္မႈႏႈန္းသည္ ေကာင္းမြန္ေနပါေၾကာင္း၊ ကုန္သြယ္မႈ ကြာဟမႈက်လာပါေၾကာင္း၊ မူလက သြင္းကုန္တြင္သံုးသည့္ ေငြေၾကးသည္မ်ားၿပီး ထုတ္ကုန္ပို႔သည့္ တန္ဖိုးသည္နည္းေနပါေၾကာင္း၊ ယခု ထုတ္ကုန္တန္ဖိုးသည္ တက္လာၿပီး သြင္းကုန္၏ တန္ဖိုးႏွင့္ ပို၍ နီးကပ္လာသည္ကို ေတြ႕ရပါေၾကာင္း၊ ႏိုင္ငံ၏တိုးတက္မႈ ကိုျပေနျခင္းျဖစ္ပါေၾကာင္း၊ ထို တိုးတက္မႈသည္ ေန႔စဥ္ႏွင့္အမွ် ျဖစ္ေနေသာ္လည္း ျပည္သူလူထုအားလံုးက ခ်က္ခ်င္း ခံစား၍ ရမည္မဟုတ္ပါေၾကာင္း၊ တျဖည္းျဖည္းျဖင့္ သာခံစားရမည္ျဖစ္ပါေၾကာင္း။

လွ်ပ္စစ္ဓာတ္အားရရွိေရးကိစၥသည္ သာမန္ျပည္သူမ်ားအားလံုး တစ္ၿပိဳင္နက္ ခံစားႏိုင္သည့္ အခြင့္အေရးရွိပါေၾကာင္း၊ အိမ္တိုင္းတြင္ ခလုတ္ႏွိပ္လိုက္ရံုျဖင့္ မီးလင္းလာႏိုင္သည့္အေျခအေနကို ခံစားႏိုင္ပါေၾကာင္း၊ ထို႔ေၾကာင့္ အမ်ားႏွင့္ဆိုင္သည့္ စီမံကိန္းမ်ားကို အထူးအေလးေပးေဆာင္ရြက္ေန ပါေၾကာင္း၊ လမ္းပန္းဆက္သြယ္ေရး သည္လည္း ထိုကဲ့သို႔ ျဖစ္ပါေၾကာင္း၊ လမ္း၊ တံတားသည္ အစုအဖဲြ႕တစ္ခု တည္းႏွင့္မဆိုင္ဘဲ ျပည္သူအားလံုးႏွင့္ ဆိုင္ပါေၾကာင္း၊ ေဒသတြင္ရွိသည့္ ျပည္သူမ်ား အားလံုးအတြက္ လမ္းေကာင္းျခင္း၊ တံတား ေကာင္းျခင္းသည္ မ်ားစြာအရာ ေရာက္ပါေၾကာင္း၊ အမ်ားအတြက္ ေကာင္းက်ဳိးကို ဦးစားေပးရမည္ျဖစ္ပါေၾကာင္း၊ လူနည္းစုအတြက္ မစဥ္းစားျခင္း မဟုတ္ပါေၾကာင္း၊ သိုု႔ေသာ္ အမ်ားစုအတြက္ ပထမဦး ဆံုးဦးစားေပးလုပ္ေဆာင္ျခင္းျဖင့္ အမ်ားတိုးတက္မွသာ အနည္းစုကိုလည္း ေခၚသြား၍ ရမည္ျဖစ္ပါေၾကာင္း။

အားလံုးကို မုဒိတာပြားႏိုင္မည္္ဆိုပါက ႏိုင္ငံစည္းလံုးညီညြတ္ေရးႏွင့္ ျပည္ေထာင္စု ထူေထာင္ေရးသည္ ပူပင္စရာ အခက္အခဲမရိွပါေၾကာင္း၊ အမ်ားအက်ိဳး သည္ မိမိအက်ိဳး ၊ မိမိအက်ိဳးသည္ အမ်ားအက်ိဳး ဆိုသည့္ စိတ္ဓာတ္မ်ားခိုင္မာလာ မည္ျဖစ္ပါေၾကာင္း၊ တိုင္းရင္းသားေပါင္းစံုျဖင့္ စုဖဲြ႕ထားသည့္ ႏိုင္ငံတြင္မည့္သည့္ တိုင္းရင္းသားမ်ား တိုးတက္တိုးတက္ အားလံုးအတြက္ စိတ္ခ်မ္းသာသည္ဆို သည့္ စိတ္ဓာတ္ရွိပါက ျပည္ေထာင္စု စိတ္ဓာတ္သည္ ခိုင္ၿမဲသြားမည္ျဖစ္ပါေၾကာင္း၊ မြန္ျပည္နယ္အပါအဝင္ ဆက္စပ္ေနသည့္ ကရင္ျပည္နယ္၊ တနသၤာရီတိုင္းေဒသႀကီး စသည္တို႔တြင္ လွ်ပ္စစ္ဓာတ္အားရရွိမႈမ်ား ပြားမ်ားသြားမည္ကို ယခုတိုင္းႏွင့္ ျပည္နယ္ မ်ားတြင္ ေနထိုင္သည့္ ျပည္သူလူထုမ်ား သာမက အျခားတိုုင္းႏွင့္ ျပည္နယ္မ်ားက ျပည္သူလူထုမ်ားက မုဒိတာပြားမ်ား ဝမ္းသာႏိုင္မည္ဆိုပါက မိမိတို႔ႏိုင္ငံ၏ တိုးတက္မႈ သည္ အဆေပါင္းမ်ားစြာ ပိုမိုျမန္ဆန္ လာမည္ဟုယူဆပါေၾကာင္း။

ႏိုင္ငံတစ္ႏိုင္ငံ၏ ဂုဏ္သိကၡာသည္ အခ်င္းခ်င္းတြင္ မွန္မွန္ကန္ကန္ ဆက္ဆံ မႈႏွင့္ ႏိုင္ငံျပင္ပမွ အျခားကမၻာသူ ကမၻာသားမ်ားအေပၚတြင္ မွ်မွ်တတ ေကာင္းေကာင္း မြန္မြန္ ဆက္ဆံမႈအေပၚတြင္အေျခခံပါေၾကာင္း၊ အခ်ဳိ႕က ႏိုင္ငံတစ္ႏိုင္ငံ၏ ဂုဏ္သိကၡာ သည္ ခ်မ္းသာႂကြယ္ဝမႈအေပၚတြင္ မူတည္သည္ဟု ထင္ၾကပါေၾကာင္း၊ ဂုဏ္သိကၡာ မဟုတ္ဘဲ အရွိန္အဝါသည္ ခ်မ္းသာႂကြယ္ဝမႈအေပၚတြင္ မူတည္သည္ကို လက္ေတြ႕ က်က် လက္ခံရမည္ ျဖစ္ပါေၾကာင္း၊ ႐ုပ္ပိုင္းဆိုုင္ရာအင္အားသည္ မည္သူမွ် ျငင္းပယ္၍ မရႏိုင္ပါေၾကာင္း၊ မိမိတို႔၏ ဂုဏ္သိကၡာအတြက္ အခ်င္းခ်င္းအၾကားတြင္ မုဒိတာေမတၱာပြားရန္ အေရးႀကီး သကဲ့သို႔ အရွိန္အဝါအတြက္ ႀကိဳးစား၍ လံု႔လဝီရိယ ရွိၿပီးႏိုင္ငံ တိုးတက္ဖြံ႕ၿဖိဳး ေအာင္လုပ္ရမည္ျဖစ္ပါေၾကာင္း၊ တိုးတက္ဖြံ႕ၿဖိဳးမႈရွိမွသာ မိမိတို႔ႏိုုင္ငံ တည္ၿငိမ္ေရးႏွင့္ ေအးခ်မ္းေရးကို ထိန္းသိမ္းထား ႏိုင္မည္ျဖစ္ပါေၾကာင္း။

တိုးတက္ဖံြ႕ၿဖိဳးမႈ မရွိသည့္ ႏိုင္ငံမ်ားႏွင့္ လူ႔အသိုင္းအဝိုင္းမ်ားတြင္ ေရရွည္တြင္ တည္ၿငိမ္မႈကို ထိန္းသိမ္းရန္ အလြန္ခက္ခဲပါေၾကာင္း၊ ဖံြ႕ၿဖိဳးတိုးတက္မႈႏွင့္ ၿငိမ္းခ်မ္း သာယာမႈ ႏွစ္ခုလံုးကို ဒြန္တြဲ၍ ျဖစ္ေျမာက္ေအာင္ ေဆာင္ရြက္ရမည္ဟု အစိုးရက လက္ခံထားပါေၾကာင္း၊ တိုးတက္မႈအတြက္ ဝိုင္းဝန္းကူ ညီေပးသည့္ ျပည္သူလူထုမ်ား၊ ဝန္ထမ္းမ်ားႏွင့္ အဖဲြ႕အစည္းအားလံုးကိုလည္း တန္ဖိုးထားပါေၾကာင္း၊ မိမိတို႔၏ အရင္း အျမစ္မ်ား၊ ရတနာမ်ားသည္ ျပည္သူလူထုျဖစ္ပါေၾကာင္း၊ ျပည္သူလူထုအေနျဖင့္ တစ္ေန႔ထက္တစ္ေန႔ မိမိကိုယ္ကို တန္ဖိုးရွိၿပီး၊ ဂုဏ္သိကၡာရွိေအာင္ ေနၾကပါဟု တိုက္တြန္း လိုပါေၾကာင္း။

လူူတိုင္းသည္ မိမိကိုယ္ကို အားကိုးႏိုင္ၿပီး မိမိအစြမ္းအစကို အားကိုးကာ တိုးတက္ေအာင္ လုပ္ႏိုင္ရမည္ျဖစ္ပါ ေၾကာင္း၊ မိမိတို႔သည္ မိမိႏိုင္ငံသူ ႏိုင္ငံသားမ်ားကို အားကိုးလိုပါေၾကာင္း၊ ျပည္ပမွ မိတ္ေဆြမ်ား၏ အကူအညီမ်ားကို တန္ဖိုးထားႀကိဳဆို ပါေၾကာင္း၊ သု႔ိေသာ္ ေနာက္ဆံုး တြင္ မိမိအင္အားကိုသာ အားကိုးရမည္ျဖစ္ပါေၾကာင္း၊ ထို႔ေၾကာင့္ မိဘဆရာမ်ားသည္ ကေလးမ်ားကို တိုးတက္ေအာင္၊ ပညာရွာတတ္ေအာင္၊ ပညာရွာခ်င္ေအာင္ အားေပး ေစလိုပါေၾကာင္း၊ မိဘမ်ားကိုယ္တိုင္ကလည္း အသက္ ထက္ဆံုး ပညာရွာတတ္သည့္ အမူအက်င့္မ်ားကို ျပၾကပါဟု ေမတၱာရပ္ခံလိုပါ ေၾကာင္း၊ ပညာရွာျခင္းသည္ ေက်ာင္းတြင္ သင္ယူျခင္းကို ဆိုလိုျခင္းမဟုတ္ပါေၾကာင္း၊ ေလာကတြင္ ရင္ဆိုင္ရမည့္ ျပႆနာ၊ စိန္ေခၚမႈမ်ားကို ေက်ာ္လႊားသည့္ေနရာတြင္ မွန္မွန္ကန္ကန္ သိကၡာရွိရွိျဖင့္ ေက်ာ္လႊားႏိုင္ရန္ နည္းလမ္းမ်ားရွာျခင္းကို ဆိုလို ျခင္းျဖစ္ပါေၾကာင္း၊ မိမိအေနျဖင့္ ျပည္သူမ်ားႏွင့္ ေတြ႕ဆံုသည့္အခါ ျပည္သူမ်ား ထံမွ သင္ယူရသည္မ်ားလည္းရွိပါေၾကာင္း၊ ျပည္သူမ်ား၏ လုပ္ပံု၊ ကိုင္ပံု၊ ေျပာပံု၊ ဆိုပံုမ်ားကို သင္ခန္းစာယူရပါေၾကာင္း ေျပာၾကားသည္။

ယင္းေနာက္ ေဒသခံျပည္သူမ်ားက စာျဖင့္ႀကိဳတင္ တင္ျပထားသည့္ က်ဳိက္ထို ၿမိဳ႕ေရွာင္လမ္း တည္ေဆာက္ၿပီးစီးမည့္အခ်ိန္ႏွင့္ သံုးစြဲမည့္ရန္ပံုေငြကို သိရွိလုိျခင္း၊ သထံုႏွင့္ ဘီးလင္းၿမိဳ႕နယ္မ်ားတြင္ ေႏြစပါး ပိုမိုတိုးတက္ စိုက္ပ်ဳိးႏုိင္ေရးအတြက္ ေဆာင္ရြက္ေပးမည့္အစီအမံမ်ားကို သိရွိလုိုျခင္း၊ က်ဳိက္မေရာ၊ ေခ်ာင္းဆံု၊ ဘီးလင္းၿမိဳ႕ နယ္မ်ားတြင္ Telemedicine, Teleradiology ဌာနမ်ားဖြင့္လွစ္ထားၿပီး ေခတ္မီ ဒစ္ဂ်စ္ တယ္ X-Ray ဓာတ္မွန္စက္ႀကီးမ်ားျဖင့္ ေဆာင္ရြက္ေပးေနသည့္အတြက္ အေျဖမ်ားကို လြယ္ကူလ်င္ျမန္စြာရရွိၿပီး ကုန္က်စရိတ္မ်ားသက္သာသျဖင့္ က်န္ၿမိဳ႕နယ္မ်ားတြင္ လည္း ထုိဌာနမ်ားကို ဆက္လက္ေဆာင္ရြက္ေပးရန္ ရွိ/မရွိ သိရွိလုိျခင္း၊ သထံုခ႐ိုင္ ခုတင္ ၁ဝဝ ဆံ့ ေဆး႐ံုႀကီးအား ခုတင္ ၂ဝဝ ဆံ့ ေဆး႐ံုႀကီးအျဖစ္ အဆင့္တုိးျမႇင့္ေပး ရန္ႏွင့္ ပိႏၷဲေတာ ေက်းလက္က်န္းမာေရးဌာနအား တုိက္နယ္ေဆး႐ံုအျဖစ္ အဆင့္ျမႇင့္ တင္ေပးရန္၊ သထံုၿမိဳ႕နယ္တြင္ ဓာတ္အားခြဲ႐ံုႀကီး မၾကာမီဖြင့္လွစ္မည္ ဆုိသည္ကို သိရွိရသည့္အတြက္ ယေန႔အခ်ိန္အထိ လွ်ပ္စစ္မီးမရရွိေသးသည့္ သထံုၿမိဳ႕နယ္၏ အေရွ႕ဘက္ျခမ္း ေက်းရြာမ်ားျဖစ္ေသာ ေနာင္ကုတ္ ေက်းရြာအုပ္စု၊ ဝီေယာ္ေက်းရြာ အုပ္စု၊ မတ္ခ်ေက်းရြာအုပ္စု၊ ဝင္းဖုန္းေက်းရြာအုပ္စု၊ ပိႏၷဲေတာ ေက်းရြာအုပ္စု၊ ေကာ့လႈိင္ေက်းရြာအုပ္စု၊ ေခ်ာင္းေဇာင့္ေက်းရြာအုပ္စုတုိ႔ကို လွ်ပ္စစ္မီး ရရွိေရးကူညီ ေဆာင္ရြက္ေပးရန္၊ ေညာင္ကုန္းႀကီး-ထန္းတပင္-ေခ်ာင္ေလး-ျမေလးေခ်ာင္-ရင္းၿငိမ္ ေျမာက္လမ္းသည္ ၁၁ မုိင္ ရွည္လ်ားၿပီး ၇ မုိင္ကို ကတၱရာခင္းၿပီးျဖစ္သည့္အတြက္ က်န္ ၄ မုိင္အား လာမည့္ဘ႑ာႏွစ္တြင္ ကတၱရာလမ္းအျဖစ္ ဆက္လက္ေဆာင္ရြက္ ေပးရန္၊ ကၽြဲျခံ-ေကာ့ကရင္-ေဒးကင္းလမ္းသည္ ၄/ ၃ ဒသမ ၄၅ မုိင္မွ ၂/ဝ မုိင္ခန္႔ သည္ ကတၱရာလမ္း အမ်ဳိးအစားျဖစ္ၿပီး က်န္ ၂ မုိင္ ၃ ဖာလံုကိုကတၱရာလမ္းအျဖစ္ လက္ေဆာင္ရြက္ေပးရန္၊ ဇင္းက်ဳိက္-တပ္မွဴးေခ်ာင္း-ဘုိင္ေလာင္းလမ္းသည္ စုစုေပါင္း ၆ မုိင္ ၆ ဒသမ ၅ ဖာလံုရွိေသာ ေျမသားလမ္းျဖစ္ၿပီး လာမည့္ဘ႑ာေရးႏွစ္တြင္ ေက်ာက္ေခ်ာလမ္းအျဖစ္ အဆင့္ျမႇင့္တင္ ေဆာင္ရြက္ေပးရန္ စသည့္တင္ျပခ်က္မ်ား ႏွင့္စပ္လ်ဥ္း၍ လည္းေကာင္း၊ ခန္းမအျပင္ဘက္ရွိ ေဒသခံျပည္သူ (၃)ဦးတင္ျပသည့္ ယာယီလာေရာက္ေနထုိင္သည့္ေျမေနရာတြင္ တရားဝင္ေနထုိင္ခြင့္ရရွိေရး၊ သုႆန္ ေျမအား ရြာသူရြာသားမ်ား၏ဆႏၵမပါဘဲ စီမံကိန္းအေကာင္အထည္ေဖာ္ရန္ ေဆာင္ ရြက္ေနမႈႏွင့္ ေက်းရြာမ်ား လွ်ပ္စစ္မီးရရွိေရးဆုိင္ရာ တင္ျပခ်က္မ်ားႏွင့္ စပ္လ်ဥ္း၍ လည္းေကာင္း၊ ခန္းမအတြင္းရွိ ေဒသခံျပည္သူ(၅)ဦးတင္ျပသည့္ သထံုၿမိဳ႕ ေအာက္က်င္း ရပ္ကြက္ ကန္ညီေနာင္ ေသာက္သံုးေရလံုေလာက္စြာရရွိေရးအတြက္ ေဆာင္ရြက္ေပး ရန္၊ မီးလင္းေရးေကာ္မတီ အေျပာင္းအလဲျဖစ္မႈႏွင့္ ေငြစာရွင္းတမ္းကိစၥ၊ ေရွးေဟာင္း ဘုရားေစတီျပဳျပင္ျခင္းကိစၥ၊ သိမ္ဇရပ္ၿမိဳ႕ ပလပ္ေျမေနရာမ်ားတြင္ ဆုိင္ခန္းမ်ား၊ အေဆာက္အဦမ်ား ဝင္ေရာက္တည္ေဆာက္ျခင္းကိစၥ၊ ေက်းရြာဖယ္ရွားေျပာင္းေရႊ႕ခံရမႈ ႏွင့္ နစ္နာေၾကးမရမႈဆုိင္ရာ တင္ျပခ်က္မ်ား ႏွင့္စပ္လ်ဥ္း၍ လည္းေကာင္း မြန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ ဌာနဆုိင္ရာ တာဝန္ရွိသူမ်ားက ျပန္လည္ ရွင္းလင္း ေျဖၾကားၾကၿပီး ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က ျဖည့္စြက္ရွင္းလင္းသည္။

ယင္းေနာက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က နိဂုံးခ်ဳပ္ အမွာစကားေျပာၾကား ရာတြင္ အခ်င္းခ်င္း မေၾကလည္မႈမ်ားရွိပါက ညိႇႏႈိင္းတိုင္ပင္ ေဆြးေႏြးရန္ လိုအပ္ပါ ေၾကာင္း၊ ထြက္ေပါက္တစ္ခုကို ႏွစ္ဦးႏွစ္ဖက္စဥ္းစားၿပီး ရွာရန္လိုအပ္ပါေၾကာင္း၊ မိမိ ျဖစ္ေစခ်င္သည့္အတိုင္းျဖစ္မွ အဆင္ေျပမည္ဆိုပါက အလုပ္ျဖစ္မည္မဟုတ္ပါေၾကာင္း၊ ေဆြးေႏြးပြဲတြင္ ပါဝင္ၾကသည့္ ျပည္သူလူထုကို ေက်းဇူးတင္ရွိပါေၾကာင္း၊ မြန္ျပည္နယ္ အတြင္းရွိ ျပည္သူလူထု ရင္ဆိုင္ေနရသည့္ ျပႆနာမ်ားကို အတိုင္းအတာတစ္ခုထိ သိခြင့္ရခဲ့ပါေၾကာင္း၊ ေနာက္ပိုင္းတြင္ ယင္းျပႆနာမ်ားကို ျမန္ျမန္ဆန္ဆန္ႏွင့္ အမ်ား ထင္သာျမင္သာရွိေအာင္ ေျဖရွင္းေပးႏုိင္မည္ဟု ယံုၾကည္ပါေၾကာင္း ေျပာၾကားသည္။

ေတြ႕ဆံုပြဲအၿပီးတြင္ ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္သည္ ေဒသခံတုိင္းရင္းသား လူငယ္မ်ားႏွင့္ စုေပါင္းမွတ္တမ္းတင္႐ိုက္ၿပီး အခမ္းအနားသို႔ တက္ေရာက္လာၾကသူ မ်ားအား ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္သည္။

မြန္းလြဲပိုင္းတြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ သထံုၿမိဳ႕မွ ရဟတ္ယာဥ္မ်ားျဖင့္ ျပန္လည္ထြက္ခြာၾကရာ ေမာ္လၿမိဳင္သို႔ ေရာက္ရွိၾကၿပီး ေမာင္လၿမိဳင္ ေလဆိပ္ ဧည့္ခန္းမေဆာင္၌ မြန္ျပည္နယ္အစိုးရအဖြဲ႕ဝင္မ်ားႏွင့္ ေတြ႕ဆံု၍ လုိအပ္သည္ မ်ားကို လမ္းညႊန္မွာၾကားသည္။

ထုိ႔ေနာက္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ႏွင့္အဖြဲ႕သည္ ေမာ္လၿမိဳင္ၿမိဳ႕မွ အထူး ေလယာဥ္ျဖင့္ ျပန္လည္ထြက္ခြာၾကရာ ေနျပည္ေတာ္သို႔ ညေနပိုင္းတြင္ ျပန္လည္ ေရာက္ရွိၾကသည္။

ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္အား ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြ၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ဳိးေအာင္ႏွင့္ဇနီးႏွင့္ ဌာနဆုိင္ရာ အႀကီးအကဲ မ်ားက ေနျပည္ေတာ္ေလဆိပ္၌ ႀကိဳဆုိၾကသည္။

သထုံ ၁၁၈ ဒသမ ၉ မဂၢါဝပ္ဓာတ္အားေပးစက္႐ုံစီမံကိန္းကို အတိုးႏႈန္း သက္သာေသာ ကမၻာ့ဘဏ္ IDA ေခ်းေငြျဖင့္ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ တည္ ေဆာက္ေရးကာလ (၃၆)လႏွင့္ အၿပီးတည္ေဆာက္ခဲ့ၿပီး ယခု ၂ဝ၁၉ ခုႏွစ္တြင္ ႏိုင္ငံေတာ္ဓာတ္အားစနစ္သို႔ ပို႔လႊတ္ႏိုင္ၿပီျဖစ္ေၾကာင္း၊ သထုံစက္႐ုံ ပတ္ဝန္းက်င္ အနီးရွိ ေက်းရြာမ်ားမွ အိမ္ေျခ ၁၂၂ဝ အထိ လွ်ပ္စစ္မီး တိုးတက္သုံးစြဲႏိုင္ခဲ့ေၾကာင္း။

ေနာင္တိုးတက္သုံးစြဲလာမည့္ မြန္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္၏ ဓာတ္အား သုံးစြဲမႈမ်ားကို ျဖည့္ဆည္းႏိုင္ရန္ သထုံေဒသတြင္ ၁ဝ၆ မဂၢါဝပ္ Combined Cycle Power Plant စီမံကိန္းကို ထပ္မံအေကာင္အထည္ေဖာ္ရန္ စီမံေဆာင္ရြက္လ်က္ ရွိေၾကာင္း၊ ယခုအခ်ိန္တြင္ မြန္ျပည္နယ္အေနျဖင့္ ၿမိဳ႕(၁၄)ၿမိဳ႕၊ ေက်းရြာေပါင္း(၈၃ဝ)၊ အိမ္ေထာင္စုေပါင္း(၂၁၆၂၈၃)၊ ၅၁ ဒသမ ၁၈ ရာခိုင္ႏႈန္း လွ်ပ္စစ္ဓာတ္အားရရွိၿပီျဖစ္ ေၾကာင္း၊ ၂ဝ၁၉ ခုႏွစ္ ႏိုဝင္ဘာလတြင္ ၅၅ ရာခိုင္ႏႈန္း အထက္သို႔လည္းေကာင္း၊ NEP Phase -I အရ (၆၇)ရြာ ဓာတ္အားတိုးတက္ရရွိလာမည္ျဖစ္၍ ၂ဝ၂ဝ-၂ဝ၂၁ ခုႏွစ္တြင္ ၇၅ ရာခိုင္ႏႈန္း အထက္သို႔လည္းေကာင္း ဓာတ္အားစနစ္မွ လွ်ပ္စစ္ဓာတ္အားရရွိရန္ စီမံေဆာင္ရြက္ထားရွိၿပီး ျဖစ္ေၾကာင္း၊ ျပည္သူမ်ား ဓာတ္အားရရွိသုံးစြဲႏိုင္ေရးအတြက္ ယေန႔အထိ ႏိုင္ငံေတာ္မွ မြန္ျပည္နယ္တစ္ခုလုံးအတြက္ ေငြက်ပ္ ၇၇ ဒသမ ၇ ဘီလီယံ အကုန္အက်ခံ ေဆာင္ရြက္ေပးခဲ့ၿပီးျဖစ္ေၾကာင္း။

ႏိုင္ငံေတာ္၏ ဓာတ္အားလိုအပ္ခ်က္သည္ တစ္ႏွစ္လွ်င္ ၁၉ ရာခိုင္ႏႈန္းခန္႔ တိုးတက္လ်က္ရွိၿပီး မဂၢါဝပ္အားျဖင့္ တစ္ႏွစ္လွ်င္ ၃ဝဝ မွ ၅ဝဝ ၾကား တိုးတက္လိုအပ္ လ်က္ရွိေၾကာင္း၊ လက္ရွိအေျခအေနတြင္ ဓာတ္အားထုတ္လုပ္ႏိုင္မႈမွာ မဂၢါဝပ္ (၃၈ဝဝ)ခန္႔ရွိေသာ္လည္း ေနာက္(၃)ႏွစ္ခန္႔အတြင္းတြင္ တိုးတက္လာမည့္ ဓာတ္အား လိုအပ္ခ်က္အရ ေနာက္ထပ္မဂၢါဝပ္(၃ဝဝဝ)ခန္႔ တိုးျမႇင့္ထုတ္လုပ္ႏိုင္ရန္ စီစဥ္ေဆာင္ ရြက္လ်က္ရွိေၾကာင္း။

ဓာတ္အားမ်ားကို တစ္ႏိုင္ငံလုံးပို႔ေဆာင္ရာတြင္ ေတာင့္တင္းေသာဓာတ္အား ကြန္ယက္ျဖင့္ သယ္ေဆာင္ႏိုင္ရန္ ၂၃ဝ ေကဗြီ မဟာဓာတ္အားလိုင္းမ်ားႏွင့္ ၅ဝဝ ေကဗြီ ျပည္ေထာင္စုမဟာဓာတ္အားလိုင္းမ်ား တည္ေဆာက္ႏိုင္ေရး အစီအစဥ္မ်ားေရး ဆြဲ ေဆာင္ရြက္သြားရန္ စီစဥ္လ်က္ရွိေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ အိမ္ေထာင္စုေပါင္း ၁ဝ ဒသမ ၈ သန္းေက်ာ္ရွိေၾကာင္း၊ ၂ဝ၁၉ ခုႏွစ္ မတ္လအထိ အိမ္ေထာင္စုေပါင္း ၄ ဒသမ ၇ သန္းေက်ာ္ ဓာတ္အားစနစ္မွ လွ်ပ္စစ္ဓာတ္အား ရရွိခဲ့ၿပီးျဖစ္ေၾကာင္း၊ ၆ ဒသမ ၁ သန္းေက်ာ္ ဓာတ္အားစနစ္မွ လွ်ပ္စစ္ဓာတ္အားရရွိရန္ က်န္ရွိေနေၾကာင္း၊ ၂ဝ၁၉ ခုႏွစ္အကုန္တြင္ တစ္ႏိုင္ငံလံုးရွိ ၅ဝ ရာခိုင္ႏႈန္းေသာ အိမ္ေထာင္စုမ်ား လွ်ပ္စစ္မီး ရရွိရန္ ရည္မွန္းေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ၂ဝ၂၁ ခုႏွစ္ မတ္လတြင္ တစ္ႏိုင္ငံလုံး အိမ္ေထာင္စုအားလုံး၏ ၅၅ ရာခိုင္ႏႈန္းေက်ာ္အား ဓာတ္အားစနစ္မွ လွ်ပ္စစ္ဓာတ္အား ရရွိေရးကိုလည္း စီမံေဆာင္ရြက္လ်က္ရွိပါေၾကာင္း၊ ၂ဝ၂၁ ခုႏွစ္တြင္ ၅၅ ရာခိုင္ႏႈန္း၊ ၂ဝ၂၆ ခုႏွစ္တြင္ ၇၅ ရာခိုင္ႏႈန္းအထက္ႏွင့္ ၂ဝ၃ဝ ျပည့္ႏွစ္တြင္ တစ္ႏိုင္ငံလုံး လွ်ပ္စစ္ဓာတ္အားရရွိေရးႏွင့္ ျပည့္ဝစြာသုံးစြဲႏိုင္ေရးကို အေလးထားေဆာင္ရြက္လ်က္ ရွိေၾကာင္း သိရသည္။

Zawgyi version

—————————————————————————————————-

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မော်လမြိုင်-သံဖြူဇရပ် ဓာတ်အားလိုင်းနှင့်သံဖြူဇရပ်ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားနှင့် သထုံမြို့ သဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေး စက်ရုံဖွင့်ပွဲအခမ်းအနားတို့သို့ တက်ရောက်အမှာစကားပြောကြား သထုံမြို့ ဒေသခံပြည်သူလူထုနှ င့်တွေ့ဆုံ

မော်လမြိုင် ဧပြီ ၅

မွန်ပြည်နယ် မော်လမြိုင်မြို့၌ ရောက်ရှိနေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် ၆၆ ကေဗွီ မော်လမြိုင်-သံဖြူဇရပ် ဓာတ်အားလိုင်း ၄ဝ ဒသမ ၄၈ မိုင်နှင့် ၆၆/၃၃ ကေဗွီ၊ ၂ဝ အမ်ဗွီအေ သံဖြူဇရပ် ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာအကြီးအကဲများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လျှပ်စစ်ဓာတ်အားသည် မိမိတို့နိုင်ငံတစ်နိုင်ငံလုံးအတွက် လိုအပ်ချက်ဖြစ်ပါ ကြောင်း၊ ယခုအချိန်အထိလိုအပ်ချက်၏ ၅ဝ ရာခိုင်နှုန်းမပြည့်သေးပါကြောင်း၊ သို့သော် မိမိတို့၏အိမ်နီးနားချင်းနိုင်ငံတော်တော်များများတွင် ၈ဝ ရာခိုင်နှုန်းကျော်၊ ၉ဝ ရာခိုင်နှုန်း ကျော်၊ ၁ဝဝ ရာနှုန်းပြည့် စသည်ဖြင့် လျှပ်စစ်ဓာတ်အားလုံလောက်နေသည်ကိုတွေ့ ရပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံသည်ပို၍ကြိုးစားရန်လိုအပ်ပြီး မိမိတို့အတွက် လျှပ်စစ်ဓာတ်အားသည် အင်မတန်အရေးကြီးသည့်ကိစ္စရပ် တစ်ခုဖြစ်နေပါကြောင်း။

ယခုဆိုလျှင် လျှပ်စစ်ဓာတ်အားလိုင်းအသစ်များဖွင့်လှစ်ခြင်း၊ ဓာတ်အား ခွဲရုံအသစ်များ ဖွင့်လှစ်ခြင်းသည် ပြည်သူလူထု၏ဘဝတိုးတက်ရေးအတွက်ဖြစ်သည်ဟု ယူဆပါကြောင်း၊ ဘဝတိုးတက်ရေးအတွက်ဆိုသည်မှာ စီးပွားရေးသာမဟုတ်ဘဲ လမ်းပန်းဆက် သွယ်ရေးနှင့်လျှပ်စစ်ဓာတ်အားရရှိရေးပါဝင်ပါကြောင်း၊ လျှပ်စစ် ဓာတ်အားရရှိမှုသည် စီးပွားရေး၊ ကျန်းမာရေးနှင့်ပညာရေးစသည်တို့ကို အထောက် အကူပြုပါကြောင်း၊ မိမိတို့နိုင်ငံသည် ရှေ့သို့ တစ်လှမ်းချင်း သွားနေသည် ဆိုသည်ကို ပြသနေခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အား ရရှိမှုမှာ တစ်နိုင်ငံလုံး၏ ၅ဝ ရာခိုင်နှုန်းပင် မပြည့်သေးပါကြောင်း၊ သို့သော် ယခုနှစ် မကုန်မီ ၅ဝ ရာခိုင်နှုန်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဟု မိမိတို့မျှော်လင့်ပါကြောင်း။

ယနေ့ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းဖွင့်လှစ်ပြီးနောက် မွန်ပြည်နယ် အတွင်း လျှပ်စစ်မီးရရှိလာမည့်အိမ်ထောင်စုပေါင်း ၂၂ဝဝဝဝ ရှိ လာမည်ဖြစ်ပါကြောင်း၊ မွန်ပြည်နယ်အတွင်းတွင် လျှပ်စစ်ဓာတ်အားလုံလုံလောက်လောက် ဖြန့်ဖြူးနိုင်ရေး အတွက် ၂၃ဝ ကေဗွီ မော်လမြိုင်-ခရုံဂူ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတိုးချဲ့ ခြင်းလုပ်ငန်း၊ ၅ဝဝ ကေဗွီ ဘုရားကြီး-ကန်ပေါက်-မော်လမြိုင် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်း၊ ၂၃ဝ ကေဗွီ မော်လမြိုင်-ရေး-ထားဝယ်ဓာတ်အား လိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်း ၊ ၂၃ဝ ကေဗွီ ထားဝယ်-မြိတ် ဓာတ် အားလိုင်း နှင့် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်း ၊ ၆၆ ကေဗွီ မြိတ်-တနင်္သာရီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေသည်ကို ပြည်သူများသိရှိ မည်ဆိုပါက ဝမ်းသာလိမ့်မည်ဟုမျှော်လင့်ပါကြောင်း။

မိမိတို့အနေဖြင့် တစ်နိုင်ငံလုံးတွင် ဖြန့်၍လုပ်ကိုင်နေရခြင်းဖြစ်ပါကြောင်း၊ တစ်နေရာတည်းတွင်လုပ်နေခြင်းမဟုတ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် တစ်နေ ရာတည်းတွင်အောင်မြင်မှုဖြစ်သော်လည်းတစ်တိုင်းပြည်လုံးအတွက် အောင်မြင်မှုဖြစ် သည်ဟု ယူဆစေချင်ပါကြောင်း၊ မော်လမြိုင်၊ သထုံ၊ သံဖြူဇရပ် နေရာများတွင် တိုင်းရင်းသားပေါင်းစုံနေထိုင် ပါကြောင်း၊ မွန်တိုင်းရင်းသားများသာမက ကရင်တိုင်းရင်း သားများ၊ ပအိုဝ်းတိုင်းရင်းသားများ၊ ဗမာတိုုင်းရင်းသားများရှိပါကြောင်း၊ နေရာတစ် နေရာတွင် ဓာတ်အားခွဲရုံတစ်ခု၊ လိုင်းတစ်ခုဖွင့်လိုက်ခြင်းသည် မိမိတို့ ပြည်ထောင်စု သားအားလုံးအတွက် တိုးတက်မှု တစ်ခုဟုယူဆပါကြောင်း၊ ထိုသို့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာသည်နှင့်အတူ စိတ်ပိုင်းဆိ်ုင်ရာ တိုးတက်မှုများကိုလည်းမျှော်လင့်ပါ ကြောင်း၊ စိတ်ပိုင်းဆိုင်ရာဆိုသည်မှာ ပထမအနေဖြင့် ပြည်ထောင်စု စိတ်ဓာတ်ကို ဆိုလိုခြင်းဖြစ်ပါကြောင်း၊ ဒုတိယအနေဖြင့် အချင်းချင်းမေတ္တာစေတနာ ထားနိုင်သည့် စိတ်ဓာတ်များကို ဆိုလိုခြင်းဖြစ်ပါကြောင်း။

ယခု ဓာတ်အားလိုင်းသည် မော်လမြိုင်၊ သံဖြူဇရပ် ဓာတ်အားလိုင်းဖြစ်ပါ ကြောင်း၊ သံဖြူဇရပ်သည် ဒုတိယကမ္ဘာစစ်နှင့် ပတ်သက်၍နာမည်ကြီးသည့် နေရာ တစ်ခုဖြစ်ပါကြောင်း၊ သံဖြူဇရပ်သည် ဒုတိယ ကမ္ဘာစစ်အတွင်းအနိဋ္ဌာ ရုံများ၏ သငေ်္ကတနေရာ တစ်ခုကဲ့သို့ဖြစ်နေပါကြောင်း၊ ဒုတိယကမ္ဘာစစ်က ကျဆုံးခဲ့ သည့် မဟာမိတ်တပ်သားများ၏ စစ်သင်္ချိုင်းရှိပါကြောင်း၊ အချို့စစ်သည်များ၏ ဂူဗိမာန် များကို ၄င်းတို့၏မိသားစုများက ပုံမှန်ထိန်းသိမ်း သည့်သူများသို့ နှစ်စဉ်နှစ်တိုင်း ငွေကြေး ပေးပို့ပြီး မိမိတို့၏သား၊ ခင်ပွန်း၊ ညီအစ်ကို မောင်နှမများ၏ ဂူသင်္ချိုင်းများ ပေါ်တွင် သတိရသောအားဖြင့် ပန်းများ၊ ပန်းကုံးများ အမှတ်တရချပေးခြင်း စသည်ဖြင့် ဆက်လက်ဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ လူသားများ၏ မေတ္တာ စေတနာ များကို ပြသခြင်းဖြစ်ပါကြောင်း၊ လူသားများ၏ လောဘ၊ ဒေါသ၊ မောဟများကြောင့် စစ်များ ဖြစ်ခဲ့ပြီးစစ်မီးများလည်းပွားခဲ့ပါကြောင်း၊ လူသားများ၏ မေတ္တာစေတနာများဖြင့် စစ်မီးများကို ငြိမ်းအောင်လုပ်နိုင်ပါကြောင်း။

မိမိတို့ နိုင်ငံသည် လွတ်လပ်ရေးရစဉ်ကတည်းက လုံးဝ စစ်မီးငြိမ်းသည်ဟု မရှိခဲ့ပါကြောင်း၊ ပြည်တွင်းစစ်နှင့် လွတ်လပ်ရေးသည် တစ်နေ့တည်းကဲ့သို့ ပေါက်ဖွား လာခဲ့ပါကြောင်း၊ သို့သော် ယခုတွင် တစ်နိုင်ငံလုံး ငြိမ်းချမ်းရန်အတွက် ပြည်သူ ပြည်သားများသည် မည်သည့်နေရာတွင် ရောက်သည်ဖြစ်စေ၊ မည်သည့် အလုပ်လုပ် သည်ဖြစ်စေ ငြိမ်းငြိမ်းချမ်းချမ်းနှင့် လုပ်နိုင်သည်ဆိုသည့် ယုံကြည်မှုရှိရန် ကြိုးစားနေပါ ကြောင်း၊ ထိုသို့ ကြိုးစားရာတွင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အဘက်ဘက်မှ လုပ်ရပါကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခုသည် ငြိမ်းချမ်းရေးတစ်ခု တည်း ဦးတည်၍ မရပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးကို လည်း ဦးတည်ရပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး ရှိမှသာ ငြိမ်းချမ်းရေးကို ခိုင်မာအောင် လုပ်နိုင်မည်ဖြစ်ပါကြောင်း။

ယမန်နှစ်က မွန်ပြည်သစ်ပါတီက NCA ကို လက်မှတ် ရေးထိုးသည့်အတွက် ဝမ်းမြောက်ရပါကြောင်း၊ အဖွဲ့တစ်ဖွဲ့တိုးတိုးလာသည်နှင့်အမျှငြိမ်း ချမ်းရေး ရနိုင်ကိန်း သည် တိုးတိုးလာသည်ဟုသတ်မှတ်ပါကြောင်း၊ ထို့ကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ အားလုံးတိုးတက်အောင်လုပ်သည့်နေရာတွင် လျှပ်စစ်ဓာတ်အား ရရှိရေးသည် လည်း သူ့ကဏ္ဍနှင့်သူ အလွန်အရေးကြီးပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာအရ အမှောင်ထဲမှ အလင်းကို လွယ်လွယ်ကူကူရောက်နိုင်သည့် အနေအထားဖြစ်ပါ ကြောင်း၊ စိတ်ပိုင်း ဆိုင်ရာလည်း ထိုသို့ ဖြစ်စေလိုပါကြောင်း၊ အမှောင်ထဲမှ အလင်းသို့ ရောက်ရန်အတွက် ပြည်ထောင်စုသား သမီးအားလုံး တစ်ဦးချင်းတွင် တာဝန်ရှိပါ ကြောင်း၊ စိတ်ဓာတ် ထားတတ်မှသာ အမှောင်ထဲမှ အလင်းသို့ ရောက်ရှိ မည်ဖြစ်ပါ ကြောင်း၊ အမှောင်ထဲမှ အလင်းကို တစ်ယောက်ချင်းက ရောက်လိုသည့် စိတ်ဓာတ် ရှိမှသာ ရောက်မည်ဖြစ် ပါကြောင်း၊ အားလုံးပူးပေါင်းဆောင်ရွက် အတူလက်တွဲပြီး တိုးတက်သည့် လမ်းကို လျှောက်ရန် သိန္နိဋ္ဌာန်ချရန် အလွန်အရေးကြီးပါကြောင်း၊ ခွဲခြားစိတ်၊ ပြိုင်လိုသည့် စိတ်မဟုတ်ဘဲ တစ်ဦးအပေါ်တစ်ဦး အာဃာတစိတ်၊ ဒေါသစိတ်မထားဘဲ စေတနာ၊ မေတ္တာစိတ်ဖြင့် အတူတူ တိုးတက်ကြမည် အတူတူ ဆက်လက်ချီတက်ကြမည့် အတူတူပြည်ထောင်စုကို ထူထောင်သွားကြ မည်ဆိုသည့် စိတ်ဓာတ်ကို ခိုင်မာ အောင်လုပ်နိုင်မည်ဆိုပါက စိတ်ချင်းဆက်သွယ်ထားသည့် အလင်းရောင်လှိုင်းကြီး ဖြစ်သွားမည်ဖြစ်ပါကြောင်း။

ထို့ကြောင့် မွန်ပြည်နယ်တွင် စက်ရုံတစ်ခု ဖွင့်သည့်အခါ တိုင်းရင်းသားတစ်စု တစ်ဖွဲ့ အတွက် မဟုတ်ဘဲ တိုင်းရင်းသားအများစု အတွက်ဆိုသည့် အသိစိတ်ဖြင့် အင်မတန်ဝမ်းသာရပါကြောင်း၊ မိမိတို့ခေတ်တွင် မိမိတို့မျိုးဆက်များ တာဝန်ကျေပါက နောင်ခေတ်တွင် နောင်မျိုး ဆက်သစ်များ၏ အခြေအနေသည် မိမိတို့ထက်များစွာ တိုးတက်သည့်အခြေအနေတွင် ရှိရန်လိုပါကြောင်း၊ အနာဂတ်အတွက် လုပ်ရန်ဆိုပါက အားလုံးကပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထု၊ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ အစိုးရ၊ ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်၊ တရားရေးဆိုင်ရာ တရာရေးမဏ္ဍိုင် စသည့် မဏ္ဍိုင်ကြီး ၃ ရပ်နှင့် ပြည်သူလူထုသည်အတူ လက်တွဲ၍ တက်ညီလက်ညီ လုပ်မှသာ မိမိတို့နိုင်ငံသည် မြန်မြန်ဆန်ဆန်တိုးတက် လာမည် ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံ၏ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ရေးသည် စိတ်ပိုင်းဆိုင်ရာအတွက် အလွန်အရေးကြီးပါကြောင်း၊ ထိုနှစ်ခုကို ခွဲခြားရှုမြင်၍မရပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတစ်ခုအတွက် အားလုံးဝိုင်းဝန်းပြီး အခမ်း အနားဖြင့်ကြိုဆိုသည့် အချိန်တွင် စိတ်ပိုင်းဆိုင်ရာပို၍ တိုးတက်ရန်အတွက် တစ်ယောက်အပေါ် တစ်ယောက် စေတနာ ထားတတ်ရန်၊ ပူးပေါင်းဆောင်ရွက် နိုင်သည့်စိတ်ဓာတ်များ အင်အားမြင့်လာရန် လုပ်ဆောင်ကြပါစို့ဟု တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒေသခံပြည်သူများကိုယ်စား သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ၊ ပြည်နယ်အဖွဲ့ဝန်ကြီး ဦးဝဏ္ဏကျော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်သောင်းညွန့်၊ ဦးဉာဏ်ဟိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်နှင့် ဒေါ်မြတ်သီတာထွန်းတို့က ၆၆ ကေဗွီ မော်လမြိုင်-သံဖြူဇရပ် ဓာတ်အားလိုင်းနှင့် ၆၆/၃၃ ကေဗွီ၊ ၂ဝ အမ်ဗွီအေ သံဖြူဇရပ်ဓာတ်အားခွဲရုံကိို ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံ တိုင်းရင်းသားများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တို့သည် စက်ခလုပ်နှိပ်၍ သံဖြူဇရပ်ဓာတ်အားခွဲရုံသို့ ဓာတ်အားပို့လွှတ်ပေးသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် လျှပ်စစ်ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကားပြောကြားပြီး စက်ရုံအတွင်း ဓာတ်အားပေးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် သထုံမြိုသို့ ရောက်ရှိပြီး ၁၁၈ ဒသမ ၉ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်အမှာစကား ပြော ကြားရာတွင် ပြည်သူလူထုအတွက် လျှပ်စစ်ဓာတ်အားရရှိပြီ ဆိုပါက ခလုပ်တစ်ခုဖွင့်လိုက် သည်နှင့် အမှောင်ထဲမှအလင်းဘက်သို့ ကူးပြောင်း၍ရပါကြောင်း၊ ခလုပ်နှိပ်လိုက်သည်နှင့် လျှပ်စစ်မီးရရှိရေး အတွက် ဝိုင်းဝန်းလုပ်ဆောင်ကြရခြင်းဖြစ်ပါကြောင်း၊ ကျွမ်းကျင်မှု၊ ငွေရေး၊ကြေးရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုလိုအပ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုသည် အဓိကအရေးကြီးသည်ဟု ပြောလိုပါ ကြောင်း၊ မိမိတို့ နိုင်ငံသည် လွတ်လပ်ရေးရပြိီးသည့်အချိန်မှစ၍ နိ်ုင်ငံခြားရေးမူဝါဒအဖြစ် တစ်ကမ္ဘာ လုံးတွင်ရှိသည့် နိုင်ငံအားလုံးနှင့် ခင်ခင်မင်မင်၊ ရင်းရင်းနှီးနှီး အေးအေးချမ်းချမ်းနေထိုင်ရေးကို အထူး သတိပြုပြီး အားပေးခဲ့ပါကြောင်း၊ ဆက်လက်လုပ်ဆောင်သွားရန်လည်းရည်ရွယ်ချက်ရှိပါကြောင်း၊ မိမိတို့ နိုင်ငံသည် ကမ္ဘာကြီးအေးချမ်းသာယာရေးနှင့် ကမ္ဘာ့တိုးတက်ရေးအတွက် တစ်ထောင့် တစ်နေရာမှ ပံ့ပိုးပေးနိုင်သည့် နိုင်ငံဖြစ်စေလိုပါကြောင်း၊ မိမိတို့နိုင်ငံသူနိုင်ငံသားများကလည်း ထိုနည်း၎င်း ဖြစ်စေချင်ကြပါကြောင်း။

နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းရန် ဖွံ့ဖြိုးတိုးတက်မှုသည် အင်မတန်အရေးကြီးပါကြောင်း၊ မိိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ဝိုင်းဝန်းပံ့ပိုးပေးသည့် အဖွဲ့အစည်းများနှင့် မိတ်ဆွေနိုင်ငံများကို ကျေးဇူတင်ရှိပါကြောင်း၊ ကျေးဇူးဆိုသည်မှာ လူတိုင်းလူတိုင်းမှာရှိသင့်သည့် ခံစားချက်တစ်ခုဖြစ်ပါ ကြောင်း၊ ကျေးဇူးတရားရှိမှသာလျှင် ကမ္ဘာ၏ တန်ဖိုးမိမိတန်ဖိုးကိုသိရှိမည်ဖြစ်ပါကြောင်း၊ တစ်ယောက်နှင့်တစ်ယောက်၏တန်ဖိုးကို နားလည်မှသာ မိမိတန်ဖိုးကို မြှင့်တင်နိုင်မည် အခြေအနေ ဖြစ်ပါကြောင်း။

စီမံကိန်းတစ်ခုကို အောင်အောင်မြင်မြင် မိမိတို့အကောင်အထည်ဖော်နိုင်လိုက်ပြီဆိုလျှင် နောင် စီမံကိန်းများထပ်မံအကောင်အထည်ဖော်နိုင်ရန် အင်အားဖြည့်ပေးရာ ရောက်ပါကြောင်း၊ လျှပ်စစ် ဓာတ်အားပေး စက်ရုံများ၊ လျှပ်စစ်မီး ရရှိရေးလုပ်ငန်းခြေလှမ်းများသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ အရည်အချင်းများကို မြှင့်တင်ပေးရန် ဦးတည်လုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း၊ ထိုသို့ဦးတည် လုပ်ဆောင်ရာတွင် အစိုးရပါဝင်ရမည်ဖြစ်ပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်ကြီး ၃ ခုသာမက ပြည်သူပြည်သားများ ပူးပေါင်းဆောင်ရွက်မှသာမြန်မြန်ဆန်ဆန်နှင့်ထိထိရောက်ရောက် တိုးတက်နိုင်မည်ဖြစ်ပါကြောင်း။

မွန်ပြည်နယ် သထုံတွင် လျှပ်စစ်ဓာတ်အား ရရှိခြင်းသည် တစ်နိုင်ငံလုံး အတွက် ဝမ်းသာစရာ ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားမရသေးသည့်နေရာများတွင် လျှပ်စစ်ဓာတ်အားရရှိရေး မျှော်လင့် ချက်များနီးလာပြီဆိုသည့် စိတ်ဓာတ်များ ဖြစ်ပွားစေမည် ဖြစ်ပါကြောင်း၊ တစ်နေရာတိုးတက်မှု ရှိခြင်းသည် တစ်တိုင်းပြည်လုံး၏ တိုးတက်မှုပင်ဖြစ်ပါကြောင်း၊ တစ်တိုင်းပြည်လုံး တိုးတက်မှုရှိမှာသာ နေရာတိုင်းနေရာတိုင်းတွင် တိုးတက်မှုရှိမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း မိမိနိုင်ငံ တိုးတက်မှုအတွက် မိမိတို့ကိုယ်တိုင်ကြိုးစားအားထုတ်ရန် အဓိကဖြစ်သည်ကို သတိပေးလိုပါ ကြောင်း၊ အခြားသူကိုအားကိုးခြင်းထက် မိမိကိုယ်ကိုယ်အားကိုခြင်းသည် အကောင်းဆုံးဖြစ်ပါ ကြောင်း၊ မိမိတို့၏စွမ်းရည်များကို မိမိတို့ကိုုယ်တိုင် သေသေချာချာထိထိရောက်ရောက် သုံးနိုင်ပါမှ အခြားမှစွမ်းရည်များလည်း မိမိတို့ဆီသို့ ရောက်လာမည်ဟု ယုံကြည်ပါကြောင်း။

နိုင်ငံ၏ အဓိကလိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးကို အစိုးရအနေဖြင့်အထူးဂရုပြု ဆောင်ရွက်နေပါကြောင်း၊ ပြည်သူလူထု၏ အရည်အချင်းများ တစ်နေ့ထက်တစ်နေ့ပိုပြီး တက်လာလိမ့်မည်ဟုယုံကြည်သကဲ့သို့ နိုင်ငံ၏ဖွံ့ဖြိုးရေးအင်အားသည် လည်း တစ်နေ့ထက်တစ်နေ့ တက်လာမည်ဟု ယုံကြည်ပါကြောင်း၊ ယုံကြည်ချက်အတိုင်း ဝိုင်းဝန်း ပူးပေါင်းလက်တွဲ၍ ထမ်းဆောင်ပေးမည်ဟုမိမိအနေဖြင့်မျှော်လင့်ပါကြောင်းပြောကြားသည်။

ယင်းနောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ၁၁၈ ဒသမ ၉ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံစီမံကိန်း ပေါ်ပေါက် လာပုံ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ဓာတ်အားပေးစက်ရုံ စမ်းသပ်မောင်းနှင်ခဲ့ သည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒေသခံပြည်သူများကိုယ်စား သထုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်မာမာခိုင်က ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ပြည်နယ်အဖွဲ့ဝန်ကြီး ဦးဝဏ္ဏကျော်၊ သထုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်တို့က ၁၁၈ ဒသမ ၉ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံတိုင်းရင်းသား လူငယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့က သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ကမ္ဗည်းကျောက်စာကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး ကြပြီး အမွေးနံ့သာရည် ပက်ဖျန်းပေးကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ထားမှုအား မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှု ကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သထုံမြို့ သုဝဏ္ဏခန်းမ၌ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်အမှာစကား ပြောကြားရာတွင် မွန်ပြည်နယ်ကိုလာရောက်ရသည့်အကြောင်းရင်း ၂ ရပ်ရှိပါကြောင်း၊ ပထမ တစ်ခုအနေဖြင့် လျှပ်စစ်ဓာတ်အားပေးရေးနှင့်ပတ်သက်သည့်စီမံကိန်းဖွင့်ပွဲများသို့ တက်ရောက်ရန်ဖြစ်ပါကြောင်း၊ ဒုတိယအနေဖြင့် ပြည်သူလူထုနှင့် တွေ့ဆုံရန် ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိရေးကို အလေးထားသည်ဆိုသည်မှာ ပြည်သူက အလေးထားသည့်ကိစ္စရပ်ဖြစ်၍ ဖြစ်ပါကြောင်း၊ ခရီးသွားပါက တတ်နိုင်သမျှသော ကိစ္စ များကို စုပါင်းလုုပ်ဆောင်ရန် ကြိုးစားပါကြောင်း၊ ထိုသို့သောကိစ္စရပ်များကို အလေးထား သည်ဆိုသည်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့သို့ခြေလှမ်း တစ်လှမ်းလျှောက်သည်ဆိုသည့်ပုံစံဖြင့် အလေးထားခြင်းဖြစ်ပါကြောင်း။

နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ကောင်းမွန်နေပါကြောင်း၊ ကုန်သွယ်မှု ကွာဟမှုကျလာပါကြောင်း၊ မူလက သွင်းကုန်တွင်သုံးသည့် ငွေကြေးသည်များပြီး ထုတ်ကုန်ပို့သည့် တန်ဖိုးသည်နည်းနေပါကြောင်း၊ ယခု ထုတ်ကုန်တန်ဖိုးသည် တက်လာပြီး သွင်းကုန်၏ တန်ဖိုးနှင့် ပို၍ နီးကပ်လာသည်ကို တွေ့ရပါကြောင်း၊ နိုင်ငံ၏တိုးတက်မှု ကိုပြနေခြင်းဖြစ်ပါကြောင်း၊ ထို တိုးတက်မှုသည် နေ့စဉ်နှင့်အမျှ ဖြစ်နေသော်လည်း ပြည်သူလူထုအားလုံးက ချက်ချင်း ခံစား၍ ရမည်မဟုတ်ပါကြောင်း၊ တဖြည်းဖြည်းဖြင့် သာခံစားရမည်ဖြစ်ပါကြောင်း။

လျှပ်စစ်ဓာတ်အားရရှိရေးကိစ္စသည် သာမန်ပြည်သူများအားလုံး တစ်ပြိုင်နက် ခံစားနိုင်သည့် အခွင့်အရေးရှိပါကြောင်း၊ အိမ်တိုင်းတွင် ခလုတ်နှိပ်လိုက်ရုံဖြင့် မီးလင်းလာနိုင်သည့်အခြေအနေကို ခံစားနိုင်ပါကြောင်း၊ ထို့ကြောင့် အများနှင့်ဆိုင်သည့် စီမံကိန်းများကို အထူးအလေးပေးဆောင်ရွက်နေ ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး သည်လည်း ထိုကဲ့သို့ ဖြစ်ပါကြောင်း၊ လမ်း၊ တံတားသည် အစုအဖွဲ့တစ်ခု တည်းနှင့်မဆိုင်ဘဲ ပြည်သူအားလုံးနှင့် ဆိုင်ပါကြောင်း၊ ဒေသတွင်ရှိသည့် ပြည်သူများ အားလုံးအတွက် လမ်းကောင်းခြင်း၊ တံတား ကောင်းခြင်းသည် များစွာအရာ ရောက်ပါကြောင်း၊ အများအတွက် ကောင်းကျိုးကို ဦးစားပေးရမည်ဖြစ်ပါကြောင်း၊ လူနည်းစုအတွက် မစဉ်းစားခြင်း မဟုတ်ပါကြောင်း၊ သိုု့သော် အများစုအတွက် ပထမဦး ဆုံးဦးစားပေးလုပ်ဆောင်ခြင်းဖြင့် အများတိုးတက်မှသာ အနည်းစုကိုလည်း ခေါ်သွား၍ ရမည်ဖြစ်ပါကြောင်း။

အားလုံးကို မုဒိတာပွားနိုင်မည််ဆိုပါက နိုင်ငံစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စု ထူထောင်ရေးသည် ပူပင်စရာ အခက်အခဲမရှိပါကြောင်း၊ အများအကျိုး သည် မိမိအကျိုး ၊ မိမိအကျိုးသည် အများအကျိုး ဆိုသည့် စိတ်ဓာတ်များခိုင်မာလာ မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားပေါင်းစုံဖြင့် စုဖွဲ့ထားသည့် နိုင်ငံတွင်မည့်သည့် တိုင်းရင်းသားများ တိုးတက်တိုးတက် အားလုံးအတွက် စိတ်ချမ်းသာသည်ဆို သည့် စိတ်ဓာတ်ရှိပါက ပြည်ထောင်စု စိတ်ဓာတ်သည် ခိုင်မြဲသွားမည်ဖြစ်ပါကြောင်း၊ မွန်ပြည်နယ်အပါအဝင် ဆက်စပ်နေသည့် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး စသည်တို့တွင် လျှပ်စစ်ဓာတ်အားရရှိမှုများ ပွားများသွားမည်ကို ယခုတိုင်းနှင့် ပြည်နယ် များတွင် နေထိုင်သည့် ပြည်သူလူထုများ သာမက အခြားတိုုင်းနှင့် ပြည်နယ်များက ပြည်သူလူထုများက မုဒိတာပွားများ ဝမ်းသာနိုင်မည်ဆိုပါက မိမိတို့နိုင်ငံ၏ တိုးတက်မှု သည် အဆပေါင်းများစွာ ပိုမိုမြန်ဆန် လာမည်ဟုယူဆပါကြောင်း။

နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာသည် အချင်းချင်းတွင် မှန်မှန်ကန်ကန် ဆက်ဆံ မှုနှင့် နိုင်ငံပြင်ပမှ အခြားကမ္ဘာသူ ကမ္ဘာသားများအပေါ်တွင် မျှမျှတတ ကောင်းကောင်း မွန်မွန် ဆက်ဆံမှုအပေါ်တွင်အခြေခံပါကြောင်း၊ အချို့က နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာ သည် ချမ်းသာကြွယ်ဝမှုအပေါ်တွင် မူတည်သည်ဟု ထင်ကြပါကြောင်း၊ ဂုဏ်သိက္ခာ မဟုတ်ဘဲ အရှိန်အဝါသည် ချမ်းသာကြွယ်ဝမှုအပေါ်တွင် မူတည်သည်ကို လက်တွေ့ ကျကျ လက်ခံရမည် ဖြစ်ပါကြောင်း၊ ရုပ်ပိုင်းဆိုုင်ရာအင်အားသည် မည်သူမျှ ငြင်းပယ်၍ မရနိုင်ပါကြောင်း၊ မိမိတို့၏ ဂုဏ်သိက္ခာအတွက် အချင်းချင်းအကြားတွင် မုဒိတာမေတ္တာပွားရန် အရေးကြီး သကဲ့သို့ အရှိန်အဝါအတွက် ကြိုးစား၍ လုံ့လဝီရိယ ရှိပြီးနိုင်ငံ တိုးတက်ဖွံ့ဖြိုး အောင်လုပ်ရမည်ဖြစ်ပါကြောင်း၊ တိုးတက်ဖွံ့ဖြိုးမှုရှိမှသာ မိမိတို့နိုုင်ငံ တည်ငြိမ်ရေးနှင့် အေးချမ်းရေးကို ထိန်းသိမ်းထား နိုင်မည်ဖြစ်ပါကြောင်း။

တိုးတက်ဖွံ့ဖြိုးမှု မရှိသည့် နိုင်ငံများနှင့် လူ့အသိုင်းအဝိုင်းများတွင် ရေရှည်တွင် တည်ငြိမ်မှုကို ထိန်းသိမ်းရန် အလွန်ခက်ခဲပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်း သာယာမှု နှစ်ခုလုံးကို ဒွန်တွဲ၍ ဖြစ်မြောက်အောင် ဆောင်ရွက်ရမည်ဟု အစိုးရက လက်ခံထားပါကြောင်း၊ တိုးတက်မှုအတွက် ဝိုင်းဝန်းကူ ညီပေးသည့် ပြည်သူလူထုများ၊ ဝန်ထမ်းများနှင့် အဖွဲ့အစည်းအားလုံးကိုလည်း တန်ဖိုးထားပါကြောင်း၊ မိမိတို့၏ အရင်း အမြစ်များ၊ ရတနာများသည် ပြည်သူလူထုဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် တစ်နေ့ထက်တစ်နေ့ မိမိကိုယ်ကို တန်ဖိုးရှိပြီး၊ ဂုဏ်သိက္ခာရှိအောင် နေကြပါဟု တိုက်တွန်း လိုပါကြောင်း။

လူူတိုင်းသည် မိမိကိုယ်ကို အားကိုးနိုင်ပြီး မိမိအစွမ်းအစကို အားကိုးကာ တိုးတက်အောင် လုပ်နိုင်ရမည်ဖြစ်ပါ ကြောင်း၊ မိမိတို့သည် မိမိနိုင်ငံသူ နိုင်ငံသားများကို အားကိုးလိုပါကြောင်း၊ ပြည်ပမှ မိတ်ဆွေများ၏ အကူအညီများကို တန်ဖိုးထားကြိုဆို ပါကြောင်း၊ သို့သော် နောက်ဆုံး တွင် မိမိအင်အားကိုသာ အားကိုးရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိဘဆရာများသည် ကလေးများကို တိုးတက်အောင်၊ ပညာရှာတတ်အောင်၊ ပညာရှာချင်အောင် အားပေး စေလိုပါကြောင်း၊ မိဘများကိုယ်တိုင်ကလည်း အသက် ထက်ဆုံး ပညာရှာတတ်သည့် အမူအကျင့်များကို ပြကြပါဟု မေတ္တာရပ်ခံလိုပါ ကြောင်း၊ ပညာရှာခြင်းသည် ကျောင်းတွင် သင်ယူခြင်းကို ဆိုလိုခြင်းမဟုတ်ပါကြောင်း၊ လောကတွင် ရင်ဆိုင်ရမည့် ပြဿနာ၊ စိန်ခေါ်မှုများကို ကျော်လွှားသည့်နေရာတွင် မှန်မှန်ကန်ကန် သိက္ခာရှိရှိဖြင့် ကျော်လွှားနိုင်ရန် နည်းလမ်းများရှာခြင်းကို ဆိုလို ခြင်းဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ပြည်သူများနှင့် တွေ့ဆုံသည့်အခါ ပြည်သူများ ထံမှ သင်ယူရသည်များလည်းရှိပါကြောင်း၊ ပြည်သူများ၏ လုပ်ပုံ၊ ကိုင်ပုံ၊ ပြောပုံ၊ ဆိုပုံများကို သင်ခန်းစာယူရပါကြောင်း ပြောကြားသည်။

ယင်းနောက် ဒေသခံပြည်သူများက စာဖြင့်ကြိုတင် တင်ပြထားသည့် ကျိုက်ထို မြို့ရှောင်လမ်း တည်ဆောက်ပြီးစီးမည့်အချိန်နှင့် သုံးစွဲမည့်ရန်ပုံငွေကို သိရှိလိုခြင်း၊ သထုံနှင့် ဘီးလင်းမြို့နယ်များတွင် နွေစပါး ပိုမိုတိုးတက် စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ပေးမည့်အစီအမံများကို သိရှိလိုုခြင်း၊ ကျိုက်မရော၊ ချောင်းဆုံ၊ ဘီးလင်းမြို့ နယ်များတွင် Telemedicine, Teleradiology ဌာနများဖွင့်လှစ်ထားပြီး ခေတ်မီ ဒစ်ဂျစ် တယ် X-Ray ဓာတ်မှန်စက်ကြီးများဖြင့် ဆောင်ရွက်ပေးနေသည့်အတွက် အဖြေများကို လွယ်ကူလျင်မြန်စွာရရှိပြီး ကုန်ကျစရိတ်များသက်သာသဖြင့် ကျန်မြို့နယ်များတွင် လည်း ထိုဌာနများကို ဆက်လက်ဆောင်ရွက်ပေးရန် ရှိ/မရှိ သိရှိလိုခြင်း၊ သထုံခရိုင် ခုတင် ၁ဝဝ ဆံ့ ဆေးရုံကြီးအား ခုတင် ၂ဝဝ ဆံ့ ဆေးရုံကြီးအဖြစ် အဆင့်တိုးမြှင့်ပေး ရန်နှင့် ပိန္နဲတော ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင့် တင်ပေးရန်၊ သထုံမြို့နယ်တွင် ဓာတ်အားခွဲရုံကြီး မကြာမီဖွင့်လှစ်မည် ဆိုသည်ကို သိရှိရသည့်အတွက် ယနေ့အချိန်အထိ လျှပ်စစ်မီးမရရှိသေးသည့် သထုံမြို့နယ်၏ အရှေ့ဘက်ခြမ်း ကျေးရွာများဖြစ်သော နောင်ကုတ် ကျေးရွာအုပ်စု၊ ဝီယော်ကျေးရွာ အုပ်စု၊ မတ်ချကျေးရွာအုပ်စု၊ ဝင်းဖုန်းကျေးရွာအုပ်စု၊ ပိန္နဲတော ကျေးရွာအုပ်စု၊ ကော့လှိုင်ကျေးရွာအုပ်စု၊ ချောင်းဇောင့်ကျေးရွာအုပ်စုတို့ကို လျှပ်စစ်မီး ရရှိရေးကူညီ ဆောင်ရွက်ပေးရန်၊ ညောင်ကုန်းကြီး-ထန်းတပင်-ချောင်လေး-မြလေးချောင်-ရင်းငြိမ် မြောက်လမ်းသည် ၁၁ မိုင် ရှည်လျားပြီး ၇ မိုင်ကို ကတ္တရာခင်းပြီးဖြစ်သည့်အတွက် ကျန် ၄ မိုင်အား လာမည့်ဘဏ္ဍာနှစ်တွင် ကတ္တရာလမ်းအဖြစ် ဆက်လက်ဆောင်ရွက် ပေးရန်၊ ကျွဲခြံ-ကော့ကရင်-ဒေးကင်းလမ်းသည် ၄/ ၃ ဒသမ ၄၅ မိုင်မှ ၂/ဝ မိုင်ခန့် သည် ကတ္တရာလမ်း အမျိုးအစားဖြစ်ပြီး ကျန် ၂ မိုင် ၃ ဖာလုံကိုကတ္တရာလမ်းအဖြစ် လက်ဆောင်ရွက်ပေးရန်၊ ဇင်းကျိုက်-တပ်မှူးချောင်း-ဘိုင်လောင်းလမ်းသည် စုစုပေါင်း ၆ မိုင် ၆ ဒသမ ၅ ဖာလုံရှိသော မြေသားလမ်းဖြစ်ပြီး လာမည့်ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် စသည့်တင်ပြချက်များ နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ခန်းမအပြင်ဘက်ရှိ ဒေသခံပြည်သူ (၃)ဦးတင်ပြသည့် ယာယီလာရောက်နေထိုင်သည့်မြေနေရာတွင် တရားဝင်နေထိုင်ခွင့်ရရှိရေး၊ သုဿန် မြေအား ရွာသူရွာသားများ၏ဆန္ဒမပါဘဲ စီမံကိန်းအကောင်အထည်ဖော်ရန် ဆောင် ရွက်နေမှုနှင့် ကျေးရွာများ လျှပ်စစ်မီးရရှိရေးဆိုင်ရာ တင်ပြချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ခန်းမအတွင်းရှိ ဒေသခံပြည်သူ(၅)ဦးတင်ပြသည့် သထုံမြို့ အောက်ကျင်း ရပ်ကွက် ကန်ညီနောင် သောက်သုံးရေလုံလောက်စွာရရှိရေးအတွက် ဆောင်ရွက်ပေး ရန်၊ မီးလင်းရေးကော်မတီ အပြောင်းအလဲဖြစ်မှုနှင့် ငွေစာရှင်းတမ်းကိစ္စ၊ ရှေးဟောင်း ဘုရားစေတီပြုပြင်ခြင်းကိစ္စ၊ သိမ်ဇရပ်မြို့ ပလပ်မြေနေရာများတွင် ဆိုင်ခန်းများ၊ အဆောက်အဦများ ဝင်ရောက်တည်ဆောက်ခြင်းကိစ္စ၊ ကျေးရွာဖယ်ရှားပြောင်းရွှေ့ခံရမှု နှင့် နစ်နာကြေးမရမှုဆိုင်ရာ တင်ပြချက်များ နှင့်စပ်လျဉ်း၍ လည်းကောင်း မွန်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြည့်စွက်ရှင်းလင်းသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ် အမှာစကားပြောကြား ရာတွင် အချင်းချင်း မကြေလည်မှုများရှိပါက ညှိနှိုင်းတိုင်ပင် ဆွေးနွေးရန် လိုအပ်ပါ ကြောင်း၊ ထွက်ပေါက်တစ်ခုကို နှစ်ဦးနှစ်ဖက်စဉ်းစားပြီး ရှာရန်လိုအပ်ပါကြောင်း၊ မိမိ ဖြစ်စေချင်သည့်အတိုင်းဖြစ်မှ အဆင်ပြေမည်ဆိုပါက အလုပ်ဖြစ်မည်မဟုတ်ပါကြောင်း၊ ဆွေးနွေးပွဲတွင် ပါဝင်ကြသည့် ပြည်သူလူထုကို ကျေးဇူးတင်ရှိပါကြောင်း၊ မွန်ပြည်နယ် အတွင်းရှိ ပြည်သူလူထု ရင်ဆိုင်နေရသည့် ပြဿနာများကို အတိုင်းအတာတစ်ခုထိ သိခွင့်ရခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် ယင်းပြဿနာများကို မြန်မြန်ဆန်ဆန်နှင့် အများ ထင်သာမြင်သာရှိအောင် ဖြေရှင်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသခံတိုင်းရင်းသား လူငယ်များနှင့် စုပေါင်းမှတ်တမ်းတင်ရိုက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် သထုံမြို့မှ ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာကြရာ မော်လမြိုင်သို့ ရောက်ရှိကြပြီး မောင်လမြိုင် လေဆိပ် ဧည့်ခန်းမဆောင်၌ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ လိုအပ်သည် များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့မှ အထူး လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြရာ နေပြည်တော်သို့ ညနေပိုင်းတွင် ပြန်လည် ရောက်ရှိကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီးနှင့် ဌာနဆိုင်ရာ အကြီးအကဲ များက နေပြည်တော်လေဆိပ်၌ ကြိုဆိုကြသည်။

သထုံ ၁၁၈ ဒသမ ၉ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို အတိုးနှုန်း သက်သာသော ကမ္ဘာ့ဘဏ် IDA ချေးငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တည် ဆောက်ရေးကာလ (၃၆)လနှင့် အပြီးတည်ဆောက်ခဲ့ပြီး ယခု ၂ဝ၁၉ ခုနှစ်တွင် နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်နိုင်ပြီဖြစ်ကြောင်း၊ သထုံစက်ရုံ ပတ်ဝန်းကျင် အနီးရှိ ကျေးရွာများမှ အိမ်ခြေ ၁၂၂ဝ အထိ လျှပ်စစ်မီး တိုးတက်သုံးစွဲနိုင်ခဲ့ကြောင်း။

နောင်တိုးတက်သုံးစွဲလာမည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်၏ ဓာတ်အား သုံးစွဲမှုများကို ဖြည့်ဆည်းနိုင်ရန် သထုံဒေသတွင် ၁ဝ၆ မဂ္ဂါဝပ် Combined Cycle Power Plant စီမံကိန်းကို ထပ်မံအကောင်အထည်ဖော်ရန် စီမံဆောင်ရွက်လျက် ရှိကြောင်း၊ ယခုအချိန်တွင် မွန်ပြည်နယ်အနေဖြင့် မြို့(၁၄)မြို့၊ ကျေးရွာပေါင်း(၈၃ဝ)၊ အိမ်ထောင်စုပေါင်း(၂၁၆၂၈၃)၊ ၅၁ ဒသမ ၁၈ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားရရှိပြီဖြစ် ကြောင်း၊ ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလတွင် ၅၅ ရာခိုင်နှုန်း အထက်သို့လည်းကောင်း၊ NEP Phase -I အရ (၆၇)ရွာ ဓာတ်အားတိုးတက်ရရှိလာမည်ဖြစ်၍ ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်း အထက်သို့လည်းကောင်း ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရန် စီမံဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း၊ ပြည်သူများ ဓာတ်အားရရှိသုံးစွဲနိုင်ရေးအတွက် ယနေ့အထိ နိုင်ငံတော်မှ မွန်ပြည်နယ်တစ်ခုလုံးအတွက် ငွေကျပ် ၇၇ ဒသမ ၇ ဘီလီယံ အကုန်အကျခံ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း။

နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်သည် တစ်နှစ်လျှင် ၁၉ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိပြီး မဂ္ဂါဝပ်အားဖြင့် တစ်နှစ်လျှင် ၃ဝဝ မှ ၅ဝဝ ကြား တိုးတက်လိုအပ် လျက်ရှိကြောင်း၊ လက်ရှိအခြေအနေတွင် ဓာတ်အားထုတ်လုပ်နိုင်မှုမှာ မဂ္ဂါဝပ် (၃၈ဝဝ)ခန့်ရှိသော်လည်း နောက်(၃)နှစ်ခန့်အတွင်းတွင် တိုးတက်လာမည့် ဓာတ်အား လိုအပ်ချက်အရ နောက်ထပ်မဂ္ဂါဝပ်(၃ဝဝဝ)ခန့် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း။

ဓာတ်အားများကို တစ်နိုင်ငံလုံးပို့ဆောင်ရာတွင် တောင့်တင်းသောဓာတ်အား ကွန်ယက်ဖြင့် သယ်ဆောင်နိုင်ရန် ၂၃ဝ ကေဗွီ မဟာဓာတ်အားလိုင်းများနှင့် ၅ဝဝ ကေဗွီ ပြည်ထောင်စုမဟာဓာတ်အားလိုင်းများ တည်ဆောက်နိုင်ရေး အစီအစဉ်များရေး ဆွဲ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁ဝ ဒသမ ၈ သန်းကျော်ရှိကြောင်း၊ ၂ဝ၁၉ ခုနှစ် မတ်လအထိ အိမ်ထောင်စုပေါင်း ၄ ဒသမ ၇ သန်းကျော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိခဲ့ပြီးဖြစ်ကြောင်း၊ ၆ ဒသမ ၁ သန်းကျော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရန် ကျန်ရှိနေကြောင်း၊ ၂ဝ၁၉ ခုနှစ်အကုန်တွင် တစ်နိုင်ငံလုံးရှိ ၅ဝ ရာခိုင်နှုန်းသော အိမ်ထောင်စုများ လျှပ်စစ်မီး ရရှိရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂ဝ၂၁ ခုနှစ် မတ်လတွင် တစ်နိုင်ငံလုံး အိမ်ထောင်စုအားလုံး၏ ၅၅ ရာခိုင်နှုန်းကျော်အား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂ဝ၂၁ ခုနှစ်တွင် ၅၅ ရာခိုင်နှုန်း၊ ၂ဝ၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထက်နှင့် ၂ဝ၃ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ပြည့်ဝစွာသုံးစွဲနိုင်ရေးကို အလေးထားဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

unicode version

Tags
Show More

Related Articles

Back to top button
Close