NewsRegion

တိုင္း/ခရိုင္/ၿမိဳ႕နယ္ သတင္းျပန္ၾကားေရး စုံညီ (၂/၂၀၁၉) အစည္းအေဝး

13/05/2019 (10:00am)

ယေန႕နံက္ပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီးအမ်ိဳးးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္႐ုံး၌ တိုင္းအလုပ္အမႈေဆာင္အဖြဲ႕ႏွင့္ ခရိုင္(၄)ခရိုင္ႏွင့္ ၿမိဳ႕နယ္အသီးသီးရွိ သတင္းျပန္ၾကားေရး တာဝန္ခံမ်ားစုံညီ အစည္းအေဝးျပဳလုပ္ခဲ့ပါ
သည္။ ေရွးဦးစြာ တိုင္းဥကၠဌ ဦးျမင့္ေဌးမွ အဖြင့္အမွာစကားေျပာ ၾကားခဲ့ပါသည္။

ထို႔ေနာက္ ရန္ကုန္တိုင္းအလုပ္အမႈေဆာင္ လိႈင္သာယာတိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္
တိုင္းျပန္ၾကားေရးတာဝန္ခံျဖစ္ေသာ ဦးဝင္းေမာင္၊ တိုင္းအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ဦးေဇာ္ေဇာ္တို႔မွ
ရန္ကုန္တိုင္းအတြင္းရွိ အမ်ားျပည္သူအက်ိဴးစီးပြားအလို႔ငွာ သတင္းအခ်က္အလက္မ်ား လွ်င္ျမန္တိက်သြက္လက္ႏိုင္ေရး အတြက္ Website တည္ေထာင္၍ လုပ္ငန္းစဥ္မ်ား အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာတြင္ ၿမိဳ႕နယ္မ်ားရွိ ျပန္ၾကားေရးတာဝန္ခံမ်ားႏွင့္ ေကာ္မတီဝင္မ်ားမွ ပူးေပါင္းေဆာင္႐ြက္ေပးၾကေစရန္ ေဆြးေႏြေျပာၾကားခဲ့ပါသည္။

ဆက္လက္၍ (အဖဲြ႕ခ်ဳပ္ဗဟိုမွ သတင္းအခ်က္အလက္နည္းပညာရွင္) ဦးေက်ာ္သီဟမွ လုပ္ငန္းစဥ္မ်ားအား
ရွင္းလင္းေျပာၾကားခဲ႔ျပီး အစည္းအေဝးတက္ေရာက္လာေသာ ျမိဳ႕နယ္မ်ား၏ သတင္းျပန္ႀကားေရး တာဝန္ခံမ်ားမွ မရွင္းလင္းသည့္ အခ်က္အလက္မ်ားႏွင့္ သိလိုသည္မ်ားကို ျပန္လည္ေမးျမန္းေဆြးေႏြး၍ တိုင္းအလုပ္အမႈေဆာင္ႏွင့္ နည္းပညာရွင္မွ ျပန္လည္ေျဖႀကားေပးခဲ႕ျပီး အစည္းအေဝးအား မြန္းလြဲပိုင္းတြင္ေအာင္ျမင္စြာ ရုတ္သိမ္းခဲ့ပါသည္။

သတင္းျပန္ႀကားေရး(တာဝန္ခံ)
အမ်ိဳးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္၊ အင္းစိန္ၿမိဳ႕နယ္။

[Zawgyi]

—————————————————————————————————————————
တိုင်း/ခရိုင်/မြို့နယ် သတင်းပြန်ကြားရေးစုံညီ (၂/၂၀၁၉) အစည်းအဝေး

13/05/2019 (10:00am)

ယနေ့နံက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအမျိုးးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တိုင်းအလုပ်အမှုဆောင်အဖွဲ့နှင့် ခရိုင်(၄)ခရိုင်နှင့် မြို့နယ်အသီးသီးရှိ သတင်းပြန်ကြားရေး တာဝန်ခံများစုံညီ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ တိုင်းဥက္ကဌ ဦးမြင့်ဌေးမှ အဖွင့်အမှာစကားပြော ကြားခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းအလုပ်အမှုဆောင် လှိုင်သာယာတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းပြန်ကြားရေးတာဝန်ခံဖြစ်သော ဦးဝင်းမောင်၊ တိုင်းအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဇော်ဇော်တို့မှ ရန်ကုန်တိုင်းအတွင်းရှိ အများပြည်သူအကျိူးစီးပွားအလို့ငှာ သတင်းအချက်အလက်များ လျှင်မြန်တိကျသွက်လက်နိုင်ရေး အတွက် Website တည်ထောင်၍ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့နယ်များရှိ ပြန်ကြားရေးတာဝန်ခံများနှင့် ကော်မတီဝင်များမှ ပူးပေါင်းဆောင်ရွက်ပေးကြစေရန် ဆွေးနွေပြောကြား ခဲ့ပါသည်။

ဆက်လက်၍ (အဖွဲ့ချုပ်ဗဟိုမှ သတင်းအချက်အလက်နည်းပညာရှင်) ဦးကျော်သီဟမှ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေးတက်ရောက်လာသော မြို့နယ်များ၏ သတင်းပြန်ကြားရေး တာဝန်ခံများမှ မရှင်းလင်းသည့် အချက်အလက်များနှင့် သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေး၍ တိုင်းအလုပ်အမှုဆောင်နှင့် နည်းပညာရှင်မှ ပြန်လည်ဖြေကြားပေးခဲ့ပြီး အစည်းအဝေးအား မွန်းလွဲပိုင်းတွင်အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

သတင်းပြန်ကြားရေး(တာဝန်ခံ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အင်းစိန်မြို့နယ်။

[Unicode]
Show More

Related Articles

Leave a Reply

Your email address will not be published.

Back to top button
Close