District & TownshipNews

ပါတီ၊အစိုးရ၊စည်ပင်သာယာရေးကော်မတီများ တွေ့ဆုံပွဲပြုလုပ်ခြင်း 

၂၀၁၉ခု၊မေ ၁၁ ရက်

ယနေ့ မွန်းလွဲ ၁ နာရီက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဌာနချုပ်ရုံး၌ ပါတီ၊အစိုးရ၊မြို့တ်ာစည်ပင်သာယာရေးကော်မတီများတွေ့ဆုံပွဲပြုလုပ်ခဲ့သည်။ တွေ့ ဆုံပွဲတွင် အဖွဲ့ ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ရန်ကုန်တိုင်းဒေသကြီးအဖွဲ့ ချုပ်အလုပ်အမှုဆောင်ဥက္ကဌ ဦးမြင့်ဌေး၊ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး တို့ကအမှာစကားများအသီးသီးပြောကြားခဲ့ကြသည်။ ဝန်ကြီးချုပ်၊တိုင်းအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌနှင့် မြို့ တော်ဝန်တို့က စည်ပင်သာယာရေးလုပ်ငန်းများအတွက် မူဝါဒပိုင်းဆိုင်ရာများ၊တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊အစိုးရမှ ကူညီပံ့ပိုးပေးရမည့်အစီအစဉ်များ၊ ရှင်းလင်း အစိုးရ၊ပါတီ နှင့် စည်ပင်သာယာရေးကော်မတီများပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ တွေ့ဆုံပွဲသို့တက်ရောက်လာကြသော မြို့တော်စည်ပင်ကော်မတီဝင်များ၊မြို့နယ်ကော်မတီ တာဝန်ရှိသူများက လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် စည်ပင်သာယာရေးလုပ်ငန်းများတွင် ကြုံတွေ့နေရသော အခက်အခဲများ၊အစိုးရမှ ကူညီဖြေရှင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ၊မူဝါဒများ၊ပြည်သူလူထုနှင့် သက်ဆိုင်ရာဝန်ထမ်းများ နှင့် ထိတွေ့ဆက်ဆံမှု ကို မြို့နယ်အလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး ဝန်ကြီးချုပ်၊တိုင်းဥက္ကဌနှင့် မြို့ တော်ဝန် တို့က လိုအပ်လျက်ရှိသည့် ကူညီပံ့ပိုးမှုအစီအစဉ်များနှင့် ဆောင်ရန်ရှောင်ရန်ကိစ္စများကို ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ တွေ့ ဆုံပွဲသို့ အဖွဲ့ ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ရန်ကုန်တိုင်းဒေသကြီးအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ ဦးမြင့်ဌေးနှင့်အလုပ်အမှုဆောင်အဖွဲ့ ဝင်များ၊မြို့တော်ဝန် ဦးမောင်မောင်စိုး၊ဒုတိယမြို့တော်ဝန်နှင့် မြို့တော်စည်ပင်ကော်မတီဝင်များ၊မြို့နယ်စည်ပင်သာယာရေးဥက္ကဌများနှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။ NLD CIC Unicode Version

Show More

Related Articles

Leave a Reply

Your email address will not be published.

Back to top button
Close