NewsRegion

လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကျောက်တန်းမြို့နယ် အတွင်း ကွင်းဆင်းကြည့်ရှု

 

ဇွန်လ(၉)ရက်၊ ၂၀၁၉ ခုနှစ် (တနင်္ဂနွေနေ့)
ယနေ့ညနေပိုင်းတွင် လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်သည်
ကျောက်တန်းမြို့နယ် တိုင်းဒေသကြီးအမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူ၊ ကျောက်တန်းမြို့နယ်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်များ၊ မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့တာဝန်ခံ၊ ခရိုင်/မြို့နယ် လမ်း/တံတားမှတာဝန်ရှိသူများနှင့်အတူ ခနောင် တံတား၊ ကဒပ္ပန လမ်းပိုင်းနှင့် မြိုင်သာယာ၊ကျုံကန်၊ ဝဲကြီးတာဆုံလမ်းပိုင်း များခင်းနေမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ဝန်ကြီးသည်မြို့နယ်ထွေအုပ်ရုံးခန်းမတွင်တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးလွင်၊တိုင်းဒေသကြီး အမှတ်(၂)လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်မူ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လိုအပ်သည်များကိုဆွေးနွေးမှာကြားခဲ့ပါသည်။

Show More

Related Articles

Leave a Reply

Your email address will not be published.

Back to top button
Close