Speech

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ မွေးနေ့အတွက် ပြန်လည်ပြောကြားချက်

 

‘ကျမကို မွေးနေ့ဆုတောင်းတွေ မွေးနေ့လက်ဆောင်တွေ ပို့သသူများထဲမှ မိမိတို့မေတ္တာ စေတနာနဲ့ ပို့သတာတွေကို ကျမ သိမှသိပါ့လေစလို့ စဉ်းစားတာ ရှိပါလိမ့်မယ်။ အမှန်ပြောရရင် အမည်တိုင်း၊ အမည်တိုင်းကို ကျမ မသိပါဘူး။ ဒါပေမယ့် ပို့သတဲ့ မေတ္တာတွေကိုတော့ အနည်းလေးမှ မကျန် ခံစားရပါတယ်။ ဒါဟာ ကျမရဲ့ ယုံကြည်ချက်ပါပဲ။ မေတ္တာနဲ့ ပေးတဲ့ဆုတိုင်းဟာ ထိရောက်ပါတယ်။ ကောင်းကင်က ကျလာတဲ့ မိုးပေါက်တိုင်းကို မသိနိုင်ပေမယ့် ဒီမိုးပေါက်များရဲ့ စုပေါင်းအားနဲ့ … ကမ္ဘာမြေကြီး စိမ်းလန်းစိုပြေသလိုပါပဲ။ များပြားလှသော မေတ္တာ၊ စေတနာရှင်များရဲ့ အားနဲ့ ရှင်သန်နေတယ်လို့ ပြောရင် မမှားပါဘူး။ မချမ်းသာတဲ့ ကျမတို့နိုင်ငံသူ၊ နိုင်ငံသားတွေဟာ ကျမအပေါ်မှာ ရက်ရောကြပါတယ်။ စေတနာက အဓိကမို့ ပေးတဲ့ လက်ဆောင် အသေးအကြီး တန်ဖိုးရှိ မရှိကို ကျမ ခွဲခြား မကြည့်ပါဘူး။’

#ဒေါ်အောင်ဆန်းစုကြည်

Show More

Related Articles

Leave a Reply

Your email address will not be published.

Back to top button
Close