NewsWorkshop

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်ရုံဆွေးနွေးပွဲဆိုင်ရာ ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

၂၀၁၉ ခုနှစ်၊ ဇွန်လ(၂၄)ရက် တနင်္လာနေ့

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ၌ ရန်ကုန်တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့မှ စီစဉ်ဆောင်ရွက် ခဲ့သော (၃)လကြာကျင်းပပြုလုပ်ခဲ့သည့် ပါတီတွင်းအလုပ်ရုံ ဆွေးနွေးပွဲ ဂုဏ်ပြုအခမ်းအနားကို ယနေ့ နေ့လည်(၁၂)နာရီအချိန် တွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် အလုပ်ရုံဆွေးနွေးပွဲဖြစ် မြောက်ရေးအတွက် ပိုင်းဝန်းကူညီပါဝင် ဆောင်ရွက်ပေးခဲ့ကြသော အဖွဲ့ချုပ်အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် အဖွဲ့ချုပ်လူငယ်မောင်/မယ်များအား ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးမြင့်ဌေး ဒုတိယ ဥက္ကဌ ဒေါက်တာစိုးဝင်းဦးတို့မှ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး  အလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက် ရေးအတွက် ၀ိုင်းဝန်းကူညီခဲ့ကြသည့် အလှူရှင်များအား မှတ်တမ်းတင် ဂုဏ်ပြုလွှာ များပေးအပ်၍ အခမ်းအနားကို နေ့လည်(၁း၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

 

Show More

Related Articles

Back to top button
Close