NewsRegion

လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါ်မိုးမိုးစုကြည်အား လွှတ်တော်တွင် အတည်ပြု

၂၀၁၉ခု ဇူလိုင် ၂ ရက်

ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမည်စာရင်း တင်သွင်းခဲ့သည့် မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်အား ယနေ့ နံနက် (၁၀)နာရီတွင် ကျင်းပသည့် န၀မပုံမှန်အစည်းအဝေး၊ အဌမနေ့ လွှတ်တော် အစည်းအဝေး၌ အတည် ပြုခဲ့သည်။

ဒေါ်မိုးမိုးစုကြည်သည် (အဘ) ဦးဥာဏ်သောင်း၊ နိုင်ငံသားစိစစ်ရေးအမှတ် ၁၂/မရက(နိုင်) ၁၃၁၉၈၀ ဖြစ်ပြီး ယင်းအမည်စာရင်း တင်သွင်းမှုနှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၁၊ ပုဒ်မခွဲ (က) ပါ သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်စုံမှု မရှိပါက ကန့်ကွက်လိုသည့် လွှတ်တော် ကိုယ်စား လှယ်များ လွှတ်တော်သို့ အမည်စာရင်း ပေးသွင်းရန် ဒုတိယအကြိမ် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် နဝမပုံမှန် အစည်းအဝေး၏ သတ္တမနေ့တွင် ကြေညာခဲ့သော်လည်း ကန့်ကွက်မည့် လွှတ်တော် ကိုယ်စားလှယ်များ မရှိသဖြင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၅၂)နှင့်အညီ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က လွှတ်တော်က သဘောတူ ကြောင်း ကြေညာခဲ့သည်။

Show More

Related Articles

Back to top button
Close