NewsRegion

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် တက်ရောက်သည့် မြန်မာ အမျိုးသမီးများနေ့ အခမ်းအနား

 

ဇူလိုင် ၃၊ ၂၀၁၉

နှစ်စဉ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျင်းပလေ့ ရှိသည့် မြန်မာ အမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ MICC – 2 တွင် ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။

အမျိုးသမီး ပါဝင်မှု ၃၀ ရာခိုင်နှုန်း ရှိလာစေရေး၊ အမျိုးသမီးများ၏ ဘဝ မြင့်တင်ရေး၊ ဘဝလုံခြုံမှုရှိရေးနှင့် ဘက်စုံဖွံ့ ဖြိုး တိုးတက် ရေး၊ ကဏ္ဍစုံတွင် အမျိုးသမီးများ၏ စွမ်းအားကို အသုံးချနိုင်ရေးနှင့် အမျိုးသမီးများ ခွဲခြားဆက်ဆံခံရမှု မရှိစေရေးအတွက် အစိုးရ က ဆောင်ရွက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ပြောသည်။

ယနေ့ အခမ်းအနားသို့ သမ္မတကတော် ဒေါ်ချိုချို၊ သမ္မတဟောင်းကတော် ဒေါ်စုစုလွင်နှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ဒေါက်တာ ဝင်းမြတ်အေး၊ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရ အရာရှိများ တက်ရောက်ကြသည်။

Show More

Related Articles

Leave a Reply

Your email address will not be published.

Back to top button
Close