NewsRegion

အမျိုးသားကျန်းမာရေးကွန်ရက် သုံးခွမြို့ နယ်ပြည်သူများအား အခမဲ့ ကျန်းမာရေး စောင့်ရှောက် ဆေးကုသမှုပေး

ဇူလိုင်‌ ၇ ရက်

အမျိုးသားဒီမိုက‌ရေစီ အဖွဲ့ချုပ်‌ အမျိုးသားကျန်းမာ‌ရေး ကွန်ရက် ဥက္ကဋ္ဌ ‌ဒေါက်‌တာတင်မျိုးဝင်း ဦး‌ဆောင်‌‌သော နယ်‌လှည့်‌‌ဆေး ကုသမှုအဖွဲ့သည် ယနေ့ နံနက် ၈ နာရီတွင် ရန်‌ကုန်‌တိုင်း‌ဒေသကြီး သုံးခွမြို့နယ်‌၊ အမှတ်‌ (၃) ရပ်‌ကွက်‌ရှိ လောကမာရဇိန် ကျောင်းသစ် ကျောင်းတိုက် ဘုန်း‌တော်‌ကြီး သင်ပညာ‌ရေး‌ကျောင်း၌ သုံးခွမြို့နယ် ပြည်သူများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက် ဆေးကုသမှု ကို ကွင်းဆင်း‌ဆောင်‌ရွက်‌ခဲ့သည် ။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့  ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး ၊သစ်တော နှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း တို့သည် အဆိုပါ ကျန်းမာရေးစောင့်ရှောက် ဆေးကုသမှု ပေးရာသို့ သွားရောက်ပြီး လာရောက်ဆေးကုသသည့် လူနာ များကို တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။
သုံးခွမြို့နယ်‌အတွင်းရှိ အလန်းကုန်း တိုက်နယ်ကျေးရွာအုပ်စု ၊ လက်ပံနန်းခလဲကျေး ရွာအုပ်စု ၊ ကတုံးပေါ်ကျေးရွာအုပ်စု နှင့်အခြား ကျေးရွာပေါင်း ၇၆ ရွာမှ ပြည်‌သူများ လာရောက်၍ ဆေးကုသမှု ခံယူခဲ့ကြကြောင်း သိရှိရပါသည်။

Show More

Related Articles

Back to top button
Close