District & TownshipNews

ကတိသစ္စာမပြုရသေးသော တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁)ဦး ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း

ရန်ကုန်၊ ဇူလိုင်လ၊ ၉ ရက်၊ ၂၀၁၉

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၅၊ ပုဒ်မခွဲ(ခ) အရ ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်မှာ ဦးသန်းထိုက်အောင် ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို ကြေညာချက်အမှတ် (၁၀၄/၂၀၁၉) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၏ ကိုယ်စားလှယ် အသိအမှတ်ပြုလွှာနှင့် ကိုယ်ရေးအကျဉ်း တို့ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ လွှတ်တော်ဥက္ကဋ္ဌ ထံသို့ ၈.၇.၂၀၁၉ ရက်နေ့တွင် ပေးပို့လာပါကြောင်း၊ အဆိုပါ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်သည် ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ) အရ ယနေ့ကျင်းပသော လွှတ်တော် အစည်း အဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်၌ ကတိသစ္စာပြုပြီး လက်မှတ်ရေးထိုးခဲ့ပါသည်။

Show More

Related Articles

Leave a Reply

Your email address will not be published.

Back to top button
Close