District & TownshipNews

ရန်ကင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှု

 

ဇူလိုင်လ(၁၀)ရက် ၂၀၁၉ ခုနှစ်

ရန်ကင်းမြို့ နယ် တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်သည် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ လိုက်ပါလျက် အမှတ်(၉)ရပ်ကွက် ထင်းရှုးမြိုင်လမ်းပေါ် ရေလျှံသည့် ကိစ္စအားသွားရောက် ကြည့်ရှု၍ ရေမြောင်းပေါ်အိမ်သာ ဆောက်လုပ်ခြင်း၊ ရေမြောင်းအားပိတ်ဆို့ထားခြင်းများ တွေ့ရှိ၍ သက်ဆိုင်သူ အိမ်ရှင်များအား နောက်နောင်မလုပ်ရန် ရှင်းပြ  ပြောဆိုပြီး သန့်ရှင်းရေးပြုလုပ်နေသူများအား အားပေးစကား ပြောကြားခဲ့ပါသည်။

Show More

Related Articles

Back to top button
Close