District & TownshipNews

သန်​လျင်​မြို့နယ်​ NLD လူငယ်​လုပ်ငန်းအဖွဲ့ မှ ဆံ​​တော်ရှင်ကျိုက်ေ​​​ခါက်​​စေတီ​​တော်​မြတ်တွင်​ ​စု​ပေါင်း သစ်​ပင်​စိုက်​ပျိုးပွဲကျင်းပ

၁၃ ဇူလိုင် ၂၀၁၉ခုနှစ် စနေနေ့

အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ သန်​လျင်​မြို့နယ်​ မြို့နယ်​အလုပ်​အမှူ​ဆောင်​အဖွဲ့ဝင်များ၊ အမျိုးသမီး​ ကော်​မတီဝင်များ၊ လူငယ် လုပ်ငန်းအဖွဲ့ဝင်များ၊ မုဒိတာပညာ​ရေးကွန်​ရက်​၊ သန်​လျင်​လူမှူကွန်​ရက်​၊ အိုး​ဝေပညာဒါန​ကျောင်းမှ ​ကျောင်းသူ/သားများ ပူး​ပေါင်း၍ သန်​လျင်​မြို့​ရှေး​ဟောင်းသမိုင်းဝင်​ ဆံ​တော်​ရှင်​ကျိုက်​​ခေါက်​​စေတီ​တော်​မြတ်​ ပတ်​ဝန်းကျင်​စိမ်းလန်းစို​ပြေ​ရေးနှင့်​ သဘာဝပတ်​ဝန်း ကျင်​ထိန်းသိမ်း​ရေး လှုပ်​ရှားမှုအဖြစ်​ အ​ရှေ့ဘက်​မုဒ်​ လမ်း​ဘေးဝဲ/ယာ နှင့်​ ဘုရားဝတ္တက​မြေအတွင်း အရိပ်​ရပင်​များ ဖြစ်​​သော      မန်​ဂျန်​ရှား၊ ခ​ရေ၊ ​ရေတမာ၊ အ​သောကပင်​များ စု​ပေါင်းစိုက်​ပျိုးခဲ့ကြသည်​။

သစ်​ပင်​စိုက်​ပွဲသို့ ရန်​ကုန်​တိုင်း လူဝင်​မှု ကြီးကြပ်​​ရေးနှင့်​ လူ့စွမ်းအားအရင်းအမြစ်​ ဝန်​ကြီးဌာန ဝန်​ကြီး​ ဒေါ်မိုးမိုးစုကြည်​နှင့်​ အစိုးရ အဖွဲ့ဝင်​များ၊ သန်​လျင်​မြို့နယ်​ လွှတ်​​တော်​ကိုယ်​စားလှယ်​များ၊ ရန်ကုန်တိုင်း လူငယ်လုပ်ငန်းအဖွဲ့ တာဝန်ခံနှင့် အဖွဲ့ ဝင်များ၊ေ​​​​​​တာင် ပိုင်း ခရိုင်လူငယ်များ၊​​​​ ရန်​ကုန်​တိုင်းသဘာဝပတ်​ဝန်းကျင်​ထိန်းသိမ်း​ရေး ကော်​မတီဝင်​များနှင့်​ ​တောင်​ပိုင်းခရိုင်​ ပြန်​ကြား​ရေးကော် မတီများမှ ပူး​ပေါင်း စိုက်​ပျိုးခဲ့ကြသည်။

Show More

Related Articles

Leave a Reply

Your email address will not be published.

Back to top button
Close