Headline NewsNewsRegion

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကော့မှူးမြို့နယ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်

၁၈ ဇူလိုင် ၂၀၁၉ ကြာသပတေးနေ့ ။
______________________
ကော့မှူးမြို့နယ် ပိန္နဲကုန်းကျေးရွာအုပ်စု ဆင်ခြံကျေးရွာ အောင်ဇမ္ဗူလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(RC နှစ်ထပ် ကျောင်းဆောင်သစ်)လွဲပြောင်းပေးအပ်ပွဲ မင်္ဂလာ အခမ်းအနား သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။ ကျောင်းဆောင်သစ်အား ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ ဒု- ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ဗည်းမော်ကွန်း ကျောက်စာတိုင်အား အမွေးနံ့သာရည်များပက်ဖြန်းပေး ခဲ့ကြသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျောင်းသူကျောင်းသားများ၊ ဆရာ/ဆရာမများ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

Show More

Related Articles

Leave a Reply

Your email address will not be published.

Back to top button
Close