NewsRegion

အိမ်ရာပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပွဲ အခမ်းအနားကျင်းပ

ရန်ကုန် သြဂုတ် ၉ ရက် ၊ ၂၀၁၉

ယနေ့ နံနက်(၁၁း၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး ပုလဲခန်းမ၌ ရန်ကင်းမြို့နယ် ရန်ကင်းအိမ်ရာ၊ ဒဂုံမြို့နယ် ဦးဝိစာရအိမ်ရာနှင့် အင်းစိမ်မြို့နယ် ကြို့ကုန်းအိမ်ရာ စသည့် အိမ်ရာ ပြန်လည် ဖွံ့ဖြိုးရေးစီမံကိန်းနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြပွဲ အခမ်းအနားကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကင်း မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာ (ခ)ဒေါ်သီတာမောင်၊ ရန်ကင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၊ အင်းစိန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်၊ အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ လွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သီသီနွယ်နှင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Show More

Related Articles

Leave a Reply

Your email address will not be published.

Back to top button
Close