NewsRegion

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း လူရွှင်တော်အသင်း(ရန်ကုန်) တာဝန်ရှိသူများနှင့် တွေ့ဆုံ

သြဂုတ် ၁၄ ရက်

ယနေ့ မွန်းလွဲ (၁)နာရီအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် လူရွှင်တော်အသင်း (ရန်ကုန်) မှတာဝန်ရှိသူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးခန်းမ(၄)၌ လက်ခံ တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ်တွင် ဝန်ကြီးချုပ်အား အဆိုပါအသင်းမှ တာဝန်ရှိသူများက သက်ကြီးလူရွှင်တော်ကြီး များအား ပူဇော်ကန်တော့ရန် အတွက် ချစ်ကြည်ရေးဘောလုံးပွဲနှင့် ဖျော်ဖြေပွဲ ကျင်းပရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြ ခဲ့သည်။

တွေ့ဆုံရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်​​ရောက်​ခဲ့ကြသည်​။

Show More

Related Articles

Leave a Reply

Your email address will not be published.

Back to top button
Close