NewsRegion

ရန်ကုန်တိုင်း ၀န်ကြီးချုပ် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၃/၂၀၁၉)  သို့တက်ရောက်

သြဂုတ် ၁၃ ရက်

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ယနေ့ မွန်းလွဲ (၁)နာရီခွဲတွင်​ ရန်ကင်းမြို့နယ် စိမ်းလဲ့မေလမ်းသွယ်ရှိ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁၃/၂၀၁၉) သို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌက မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ဥပဒေနှင့်အညီ ရန်ကုန် တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၈)ခုနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁)ခုတို့ကို အတည်ပြုပေးခဲ့သည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၀.၂၃၉သန်း နှင့် ၁၆၇၅ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၅၉၆၇)ဦးအတွက် ဖန်တီးပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဝန်ကြီးချုပ်က သတင်းမီဒီယာများ၏ မေးမြန်းချက်များအား ပြန်လည်ရှင်းလင်း ဖြေကြား ခဲ့သည်။ အစည်းအ​ဝေးသို့  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ကရင် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်ဌေးနှင့်​ ဌာနဆိုင်​ရာ တာဝန်​ရှိသူများ တက်​​ရောက်​ခဲ့ကြသည်​။

Show More

Related Articles

Back to top button
Close