NewsRegion

200th Anniversary of the Founding of Singapore Music Concert အခမ်းအနား ပြုလုပ်

သြဂုတ် ၁၃ ရက်

ယနေ့ ည ၆ နာရီတွင် ကမ္ဘာအေး ဘုရားလမ်းရှိ SEDONA HOTEL ၌ 200th Anniversary of the Founding of Singapore Music Concert အခမ်းအနား ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံးခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင် သံအရာရှိများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံအမတ်ကြီး H.E.MS VANESSA CHAN က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ သည်။ ထို့နောက် စင်္ကာပူ မြန်မာ ဂီတပညာရှင်များက ဧည့်ခံဖျော်ဖြေပြီး ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

Show More

Related Articles

Leave a Reply

Your email address will not be published.

Back to top button
Close