
၂၆ သြဂုတ် ၂၀၁၉
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအမျိုးသမီး လုပ်ငန်းကော်မတီ ဥက္ကဌဒေါက်တာမေဝင်းမြင့်သည် (သြဂုတ် ၂၆ ၂၀၁၉)နေ့တွင် အမျိုးသမီးလုပ်ငန်းကော်မတီ၏ အမျိုးသမီးနှင့် နိုင်ငံရေး သင်ရိုးညွှန်းတမ်းနှင့် စွမ်းရည်မြှင့် သင်တန်း ပထမနေ့ စတင်သည့် အခမ်းအနားသို့ တက်ရောက်၍ အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။အဆိုပါ သင်တန်းသို့ ပြည်နယ်နှင့်တိုင်းအသီးသီးမှ အမျိုးသမီးလုပ်ငန်း ကော်မတီဝင်အမျိုးသမီး (၄၀) ဦး တက်ရောက် လျက်ရှိပြီး သင်တန်းကာလ(၆)ရက် ကြာမြင့်မှာဖြစ်ပါတယ်။