Headline NewsNewsRegion

ဒေါ်အောင်ဆန်းစုကြည်နှင့် Nikkei Asia Review အင်တာဗျုး အပြည့်အစုံ

Q: အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရ ကို ပဲ့ကိုင်လာတာ အခုဆိုရင် သုံးနှစ်ခွဲ ရှိလာပြီဆိုတော့ ယခုအချိန်ထိ နိူင်ငံရေးအရ
အောင်မြင်မှုတွေ အပေါ် ဘယ်လို ရှုမြင်ပါသလဲ၊ ပြီးတော့ မြန်မာနိူင်ငံမှာ ဒီမိုကရေစီအကောင်အထည်ဖေါ်နေမှု နဲ့ စပ်လျင်းပြီး
တော့ကော။

A: နိူင်ငံရေးအရ အောင်မြင်မှု ဆိုတာနဲ့ ပါတ်သက်ပြီး နည်းလမ်းအမျိုးမျိုးနဲ့ တော့ ကြည့်ရမှာပါ၊ ကျမတို့ နိူင်ငံက ရှင်တို့ သိတဲ့အတိုင်း
တိုင်းရင်းသား လူမျိုး ပေါင်းစုံနဲ့ ဖွဲ့စည်းထားတာ ဖြစ်တော့ ကျမတို့ နိူင်ငံအတွင်းမှာ ငြိမ်းချမ်းရေး ရအောင် ကြိုးစားနေဆဲ ဖြစ်တယ်
လို့ပဲ ပြောရမှာပါ၊ ကျမတို့ လွတ်လပ်ရေး ရပြီးကတည်းက လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေဆဲ ဖြစ်နေတာမို့ပါ၊ ဒီတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်နဲ့ ပါတ်သက်ပြီး ပြောရရင် ကျမတို့မှာ ၂၁ ရာစု ပင်လုံ ရှိပါတယ်၊ တိုးတက်မှုတွေလည်း ရနေပါတယ်၊ သုံးကြိမ်တိုင်တိုင်လည်း စည်းဝေးခဲ့ကြပြီးပါပြီ၊ ဆွေးနွေးကြတဲ့ အခါတိုင်း အခက်အခဲ တွေ ရှိနေပေမယ့် ရှေ့ကို ဆက်သွားနိူင်ခဲ့တာခြည်းပါပဲ။ နဲနဲလေး ဖြစ်ဖြစ်ပေါ့၊ နောက်ဆုံးအကြိမ်ကတော့ အတော်လေးခက်ခက်ခဲခဲ ရှိတယ်လို့ ပြောရမှာ ဖြစ်ပေမယ့်ကျမတို့ တိုးတက်မှုတွေ ရှိအောင် ကြံဆောင်နိူင်ခဲ့ကြပါတယ်။

ဒီတော့ ပြောရမယ်ဆိုရင် ကျမတို့ရဲ့ နိူင်ငံရေးအစီအစဥ်တွေထဲမှာ အရေးအကြီးဆုံးက ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွေပဲ ဖြစ်ပြီး ဒါကလည်း တိုးတက်မှုတွေ ရနေပါတယ်။ ကျမတို့ဆန္ဒရှိသလိုတော့ မမြန်ဖူးပေါ့ရှင်၊ ဒါပေမယ့်မျှော်လင့်ထားတာထက်တော့ နှေးကွေးသွား
သလား ဆိုတော့လည်း မဟုတ်ပါဖူး၊ နှစ်ပေါင်း၇၀ ကျော်လောက် ဖြစ်လာနေတဲ့ ပြဿာနာတခုကို သုံးနှစ် အတွင်း ဖြေရှင်းလို့ ရမယ်လို့မျှော်လင့်နေပြန်ရင်လည်း သိတ်ကို အကောင်းမြင်လွန်းနေသလို ဖြစ်သွားမှာပါ။

Q: အန်အယ်ဒီက ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အဆိုပြုတာတွေ ရှိနေတာ တွေ့ရပါတယ်၊ မြန်မာနိူင်ငံမှာ ဒီမိုကရေစီ ရှေ့လျောက် ဖြစ်ထွန်းဖို့ ဘယ်လို ဖွဲ့စည်းပုံအပြောင်းအလဲ မျိုးကို ခင်ဗျား အနေနဲ့ ထောက်ခံပါလဲ၊ နိူင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ အတွက်ကော ဘယ်လို ရည်မှန်းချက်မျိုးတွေရှိနေပါသလဲ။

A: လွတ်တော်ထဲမှာ ဒီကိစ္စအတွက် အခြေအတင် ဆွေးနွေးနေကြတာတွေကို စောင့်ကြည့်နေဖြစ်တယ် ဆိုရင်တော့ ပြောင်းဖို့ ကျမတို့
အကြံပြုထားတာတွေ အများကြီး ရှိတယ်ဆိုတာ သိပြီးဖြစ်မှာပါ၊ အခြေခံအားဖြင့်တော့ပြီးပြည့်စုံတဲ့ ဒီမိုကရေစီရရှိဖို့ အတွက် ရည်ရွယ်ပြီး ပြောင်းလဲဖို့ လုပ်နေတာ ဖြစ်ပါတယ်၊ လောလောဆယ်တော့ သိကြတဲ့ အတိုင်းပဲ ကျမတို့ ဒီမိုကရေစီက ပြည့်စုံတဲ့ အဆင့်မရောက်သေးပါဖူး၊ ဒီနေရာမှာ အတော်လေးကို သိသာထင်ရှားလွန်းတဲ့ ဥပမာ ပေးရမယ် ဆိုရင်တော့ လွှတ်တော်ထဲက ကိုယ်စားလှယ် ၂၅% က ရွေးကောက်တင်မြှောက်ခံရသူတွေ မဟုတ်ကြပါဖူး၊ ပြီးပြည့်စုံတဲ့ ဒီမိုကရေစီ ဖြစ်ဖို့ဆိုတာက လွတ်တော်ကိုယ်စားလှယ် အားလုံး ရွေးကောက်တင်မြှောက်ခံရမယ်လို့ ကျမတို့ ယုံကြည်ထားပါတယ်၊ ဒါကလည်း အခြေခံ ကျတဲ့ အချက်ပါ၊ဒါအပြင် နိူင်ငံရဲ့ အချုပ်အခြာ အာဏာကပြည်သူတွေထဲ မှာပဲ ရှိနေတယ် ဆိုတာကိုတကယ်တမ်း သေချာစေမယ့် အခြား ပြင်ဆင်မှုတွေလဲ လုပ်ဖို့ လိုအပ်နေပါတယ်။

Q: ဖွဲ့စည်းပုံ ​ပိုင်း အပြောင်းအလဲ လုပ်နိူင်မယ့် အလားအလာကကော။

A: အပြောင်းအလဲတွေ ဖြစ်လာမှာပဲ ဆိုတာကျမတို့ ယုံကြည်ထားပါတယ်၊ ဘယ်လောက်မြန်မြန် ဖြစ်လာမလဲဆိုတာသာ ကျမတို့ ခန့်
မှန်းဖို့ ခက်နေတာပါ၊ လူက ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို မပြောင်းနိူင်စရာ မရှိဖူးလို့ ကျမတို့ မြင်ပါတယ်၊ ရှင်လည်း သိကောင်းသိနေ
မှာပါပဲ၊ ဆန့်ကျင်မှူတွေ ရှိနေတယ်ဆိုတာ၊ဒါကို ကျော်လွှားရမှာ ဖြစ်ပါတယ်၊ ဒီလို ကျော်လွှားဖို့ လုပ်တဲ့နေရာမှာ နိူင်ငံရဲ့ စည်းလုံးညီ
ညွတ်မှု နဲ့ တည်ငြိမ်မှု ကို အနှောက်အယှက်မပေးနိူင်တဲ့ နည်းမျိုးနဲ့ လုပ်ရမှာလည်း ဖြစ်ပါတယ်။

A: ခုထိကော တုန့်ပြန်လာတဲ့ အနေအထားက

Q: ခုထိတော့ လွှတ်တော်ထဲမှာ အခြေအတင်ဆွေးနွေးနေကြတုန်းပါပဲ၊ ကျမ သတိပြုမိသလောက်တော့ စစ်တပ်က ကျမတို့ အကြံပြုထားတဲ့ ပြောင်းလဲရေးတွေ အပေါ် သိသိသာသာ အားတက်သရော မရှိလှဖူးဆိုတာပါပဲ၊

Q: အပေးအယူ လုပ်လို့ ရနိူင်စရာ ရှိတယ်လို့ မြင်ပါသလား။

A: ပြည်သူတွေက ကျမတို့ နောက်မှာ ရှိနေပါတယ်၊ အဲ့တာက အရေးအကြီးဆုံးပဲလို့ ကျမယူဆပါတယ်၊ ဒီမိုကရေစီ မှာ ပြည်သူတွေရဲ့
ဆန္ဒသာ လွှမ်းမိုး အောင်ပွဲခံရမယ်လို့ ကျမယုံကြည်ထားပါတယ်၊ ဒါကလည်း အနှေးနဲ့အမြန်ဆိုသလို အမြဲတမ်း ဖြစ်လာနေကျပါပဲ။

Q: နိူင်ငံတွင်းမှာ နိူင်ငံရေး နဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေက အန်အယ်ဒီ အစိုးရလက်ထက်မှာ အတော်လေး နှေးကွေးနေတယ်လို့ အချို့က​ ပြောနေကျတာတွေ ကြားနေရပါတယ်၊ အချို့ အာရှ နိူင်ငံတွေမှာအာဏာရှင် ဆန်ဆန် အစိုးရတွေက စီးပွားရေးကို ဒီမိုကရေစီ အစိုးရတွေထက် ပိုပြီးကောင်းအောင် လုပ်နိူင်နေတာ တွေ့နေရပါတယ်၊ ဒါကိုကော ဘာပြောချင်ပါသလဲ။

A: ဒါနဲ့ ပါတ်သက်ပြီး ရေရှည်တည်တံ့မှု ရှိမရှိကို ကြည့်ရပါမယ်၊ မြန်တာနဲ့ ရေရှည်တည်တံမှု ဆိုရင် ရေရှည် တည်တံ့နိူင်ဖို့က ပိုပြီး လို
လားကြမှာပါပဲ၊ ကျမတို့ အဖို့ကလည်း ရေရှည်ထိမ်းထားနိူင်မယ့် အပြောင်းအလဲမျိုးကိုပဲလုပ်ချင်ပါတယ်၊ ဒါကိုလည်း ကျမ စောစောက ပြောသလို ညီညွတ်မှု နဲ့ တည်ငြိမ်မှု ကိုမထိခိုက်စေတဲ့ နည်းမျိုးနဲ့ပဲ လုပ်ချင်ပါတယ်။ ဒီအတွက် နှေးဘို့ လိုအပ်လာရင် နှေးနှေးလုပ်သွားမှာပါပဲ၊ ကျမတို့ လိုချင်တဲ့ ရေရှည်တိုးတက်မှုမျိုးကို ထိခိုက်စေမယ် ဆိုရင်တော့အတင်းတွန်းလုပ်နေလဲ အသုံးမ၀င်လှပါဖူး။

Q: နိူင်ငံတွင်းမှာ အကွဲအပြဲတွေ ဖြစ်နေတဲ့အကြောင်း မေးရမယ်ဆိုရင်၊ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးမျိုး ဘယ်အချိန်မှာ ရလာ
နိူင်လဲလို့ ထင်ပါသလဲ။

A: ငြိမ်းချမ်းရေး… ငြိမ်းချမ်းရေးက လွယ်လွယ်နဲ့ မရနိူင်ပါဖူး၊ နိူင်ငံရေး နည်းလမ်းနဲ့ အပြောင်းအလဲ တွေကို ဖေါ်ဆောင်ခြင်တယ်
ဆိုရင် နဂိုကတည်းက လက်နက်မကိုင်သင့်ဖူး ရှင်လည်း သိပြီးတဲ့ အတိုင်းပဲ အန်အယ်ဒီကဒီမိုကရေစီ အတွက် နှစ်ပေါင်း ၃၀ လောက်
လုပ်လာခဲ့ပြီးပြီ၊ ဒီလို လုပ်တဲ့နေရာမှာလဲ အကြမ်းမဖက်ရေး ဆိုတာ ကျမတို့ တင်းတင်းကျပ်ကျပ် ကို လိုက်နာခဲ့ကြပါတယ်၊ ဒီအတွက်
လည်း ကျမတို့ လိုချင်တဲ့ခရီးရောက်အောင် ပိုကြာကောင်း ကြာသွားနိူင်ပါတယ်၊ ဒါပေမယ့်ကျမတို့က “အကြမ်းမဖက်ရေးဖက်က ရပ်
တည်ခဲ့တယ်လို့” မားမားရပ်ပြီး ပြောနိူင်ခဲ့တယ်ဆိုတဲ့ အပြု သဘောဆောင်တဲ့ ရလာဒ်တွေ ရှိခဲ့တယ်လို့ ထင်ပါတယ်၊ ကျမတို့ ပြည်
သူတွေကလည်း ကျမတို့ အကြမ်းမဖက်ရေးကို ယုံကြည်တဲ့ အတွက် ကျမတို့ကို အားလည်းကိုးတယ်၊ ယုံလည်း ယုံကြည်ကြတယ်
လို့ ထင်ပါတယ်။

Q: စီးပွားရေးကို ဖက်ကို လှည့်ရမယ်ဆိုရင်အန်အယ်ဒီ အာဏာရလာပြီးကတဲက စီးပွားရေး တိုးတက်နှုန်းကို ၆% ကျော် ထိ အောင်
အောင် မြင်မြင် ထိမ်းထားနိူင်ခဲ့တာ တွေ့ရပါတယ်၊ ဒါပေမယ့် မြန်မာ စီးပွားရေးက တရုတ်ကို အတော်လေး အမှီသဟဲ ပြုနေတယ်လို့
အချို့က ထောက်ပြကြပါတယ်၊ တရုတ်နဲ့ ကုန်သွယ်ရေးက စုစုပေါင်း ပမာဏရဲ့ ၃၀% ရှိနေပြီး ​ပြည်ပကြွေးမြီ မှာလည်း ၄၀% လောက် ရှိနေတယ်ဆိုတော့ တရုတ်နဲ့ ဆက်ဆံရေး အပေါ် ဘယ်လို ရှု့မြင်ပါလဲ၊ အခြားနိူင်ငံတွေနဲ့ကော စီးပွားရေးမှာ ပိုပြီး မျှမျှတတ ဆက်ဆံ
သွားဖို့ လိုအပ်တယ်လို့ ထင်ပါသလား။

A: ကျမတို့က တရုတ်နဲ့ ဆက်ဆံရေးကောင်းနေပြီး အခြားနိူင်ငံများနဲ့လည်း ဆက်ဆံရေးကောင်းအောင် ထိမ်းသိမ်းချင်ပါတယ်၊ ရှင့်
အနေနဲ့ အခြားပုံစံမျိုး ရင်းနှီးမြုပ်နှံတာမျိုးမြင်ချင်တယ်ဆိုရင်တော့ ဂျပန် စီးပွားရေးသမားတွေ ကျမတို့ဆီ လာပြီး ရင်းနှီးမြုပ်နှံကြ အောင် တိုက်တွန်းပေးပေတော့။

Q: တရုတ် က ပြည်တွင်းမှာ စီးပွားရေးအရသြဇာ ကြီးထွားလာနေတာကိုကော။

A: ကျမတို့က တရုတ်ကို မိတ်ဆွေလိုပဲ မြင်သလို ဂျပန်ကိုလည်း ဒီအတိုင်းပါပဲ၊ မိတ်ဆွေ တွေ ကြားထဲမှာ တယောက်ယောက်ကို ရွေးပါလို့ လုပ်ခိုင်းဖို့ မကောင်းဖူးလို့ ကျမထင်ပါတယ်၊ ကျမတို့နိူင်ငံက အတော်လေးကို ကြားနေပါတယ်၊ ဒါကလည်း လွတ်လပ်ရေးရပြီး
ကထဲက ဒီလိုမျိုး နိူင်ငံခြားရေး ဝါဒကို မှန်ကန် တယ်လို့ ဆုံးဖြတ်ပြီး တောက်လျောက် ကျင့်သုံးလာခဲ့ကြတယ်လို့ ကျမ ယူဆပါတယ်၊ ကျမတို့က နိူင်ငံငယ်လေးလည်း ဖြစ်တယ် အခုလိုပဲ မဖွံ့ဖြိုးသေးဖူးဆိုတော့လည်း စင်ပေါ်တက်ပြီး ဆရာကြီး လုပ်လို့ မရသေးဖူးပေါ့ရှင်။ ကျမတို့ရဲ့ နိူင်ငံခြားရေးဝါဒကိုလည်း နိူင်ငံအအားလုံးနဲ့ ချစ်ကြည်ရင်းနှီးမှု ရှိအောင်တက်ကြွ ပြီး လွတ်လပ်မှု ရှိအောင်လည်း ဆက်လက်ထိမ်းသိမ်းသွားမှာလည်း ဖြစ်ပါတယ်၊ ဒီအတွက် ကျမတို့နဲ့ ပျော်ပျော်ကြီးပူးပေါင်းဆောင်ရွက်လိုစိတ်ရှိတဲ့ နိူင်ငံတွေကို
အမြဲ ကြိုဆိုနေမှာပါ။ ကျမတို့ နိူင်ငံအတွက်နဲ့ အခြားအုပ်စုနိူင်ငံတွေ အပြိုင်အဆိုင် အငြင်းပွားစရာ ဖြစ်ရမယ့် အနေအထားမျိုး မရောက်စေချင်ပါဖူး။

Q: ဂျပန်နဲ့ ဆက်ဆံရေးအကြောင်း မပြောမီအမေရိကန်၊ ဥရောပ အစိုးရတွေ၊ ကုမ္ပဏီတွေနဲ့ စီးပွားရေးအရ ဆက်ဆံရေးတွေ တိုးချဲ့
ဖို့ လိုကောင်း လိုမယ်ဆိုတော့ အဲ့ဒီလို ဖြစ်လာအောင် ဘယ်လိုများ လုပ်ဖို့ ရှိပါသလဲ။

A:ကောင်းပြီ၊ ကျမတို့က အဖက်ဖက်က ဆက်ဆံနိူင်အောင် လမ်းဖွင့်ပေးထားပါတယ်၊ ဒီလိုဆက်ဆံဖို့ ကလည်း နှစ်ဖက် လိုတယ်ဆိုတော့ကျမတို့ အနေနဲ့ ဒီနိူင်ငံလာပြီး ရင်းနှီးမြုပ်နှံသင့်တယ်၊ ဟိုနိူင်ငံလာပြီး ရင်းနှီးမြုပ်နှံသင့်တယ် ပြောလို့ မရပါဖူး၊ သူတို့ အနေနဲ့ ရင်းနှီးမြုပ်နှံချင်အောင် စိတ်ဝင်စားမှလည်း ဖြစ်မှာကိုး၊ ကျမတို့ မျှော်လင့်နေတဲ့ ရင်းနှီးမြုပ်နှံမှုမျိုးက အပြန်အလှန် အကျိုးရှိမယ့် ဟာမျိုးလေ။ နိူင်ငံခြားက ရင်းနှီးမြုပ်နှံမှုတွေ လာတယ်၊ ပြီးရင် အကျိုး အမြတ်တွေ ယူကြမယ်၊ ဒါကို ကျမတို့ လက်ခံပါတယ်၊ လုံးဝလည်း သဘောကျပါတယ်၊ ကျမတို့လည်း သူတို့ရင်းနှီးမြုပ်နှံမှုတွေကနေ အကျိုး ရှိစေချင်တယ်လေ၊ ဒီတော့ နှစ်ဖက်စလုံး အလုပ်ဖြစ်မယ့် ရင်းနှီးမြုပ်နှံမှု မျိုး ဖြစ်သင့်တာပေါ့၊ ဒါပေမယ့် ကျမတို့ဆီ လာမြုပ်နှံကြပါလို့ အတင်းအကျပ် ခေါ်လို့ကလည်း မဖြစ်ဖူးလေ၊ ဖိတ်ခေါ်လို့ပဲ ရမယ်၊ ကျမတို့ ဖက်က ဘာတွေ ပေးနိူင်သလဲ၊ သူတို့ဖက်က ဘာတွေ ပြန်ပေးနိူင်မလဲ ကျမတို့ကို ပြရမယ်။

Q: ခင်ဗျားနိူင်ငံမှာ စီးပွားရေး အရှိန်မြန်မြန် တိုးတက်လာဖို့ဆိုရင် စက်မှု လုပ်ငန်းပိုင်းဆိုင်ရာ အခြေခံ အဆောက်အအုံတွေ တည်
ဆောက်ဖို့ ဦးစားပေး ရမယ်၊ အထူးသဖြင့်စက်မှု လုပ်ငန်းပိုင်းတွေမှာ ရင်းနှီးမြုပ်နှံမှုမျိုးတိုးတက်လာအောင် လုပ်ချင်တယ်ဆိုရင် လျပ်
စစ်ဓါတ်အားက မရှိမဖြစ် လိုအပ်နေတယ်၊ ဒီနေရာမှ ဂျပန်က ဘယ်လို အခန်းဏ္ဍမျိုးကပါဝင်လာသင့်ပါသလဲ။

A: ကျမတို့ အတွက် အရေးအကြီးဆုံးတိုးတက်အောင် လုပ်ရမယ့် ကဏ္ဍတွေက ဆက်သွယ်ရေး၊ စွမ်းအင် တို့ပဲ ဆိုတာ ကျမတို့ အမြံ
သိထားပါတယ်။ ဒီနေရာမှာ ဆက်သွယ်ရေးတို့ စွမ်းအင်တို့ဆိုတာကလည်း ရုပ်ပိုင်းဆိုင် ရာ ဖက်ကို ပြောတာပါ၊ ဒါကိုလည်း အခု
အာရုံစိုက်ပြီး လုပ်နေကြပါတယ်၊ နောက် လာမယ့် ရင်းနှီးမြုပ်နှံသူတွေ လာချင်အောင် လျပ်စစ်ဓါတ်အားတွေ ကောင်းလာအောင် လုပ်ပေးမှ ဖြစ်မယ်ဆိုတာလည်း ကျမတို့ ကောင်းကောင်းသိထားကြပါတယ်၊ ဂျပန်က စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြုပ်နှံချင်တယ်ဆိုရင် ကျမ
တို့ကို သာ ပြောပါ၊ ကျမတို့ နှစ်ဖက် အကျိုးရှိမယ့် သဘောတူညီချက်မျိုး ရအောင် လုပ်ပေးပါမယ်၊ နှစ်ဖက်ဆိုတာကလည်း သူတို့ရင်း
နှီးမြုပ်နှံတဲ့ ဖက်ရော၊ ကျမတို့ ပြည်သူတွေအတွက်ကော ပါ ပါတယ်။ကျမတို့ ပြည်သူတွေကလည်း စွမ်းအင်တွေ လိုအပ်နေပါတယ်၊ သူတို့နေစဥ်သုံးဖို့ ကော စက်မှု လုပ်ငန်းတွေ အတွက်ပါ လျပ်စစ်ဓါတ်အားတွေ လိုတယ်၊ ကျမတို့ဖက်က အခြေခံ အဆောက်အအုံပိုင်း၊ အလွယ်ပြောရရင် လမ်းပန်းဆက်သွယ်ရေးတို့၊ လျပ်စစ်ဓါတ်အားတွေ ပံ့ပိုးပေးနိူင်တဲ့ အခါတိုင်း ဒေသခံတွေက အလုပ်အကိုင် သူတို့ဖာ သူတို့ ဖန်တီးလာကြမှာပဲ ဆိုတာ ကျမတို့ သတိပြုမိပါတယ်။ ကျမတို့ ၂၀၁၆ မှာ အစိုးရ အဖွဲ့ ကို တာဝန်ယူခဲ့ချိန်က ပထမ ဦးစားပေးက အလုပ်အကိုင်ဖန်တီးပေးဖို့ပါပဲ၊ နောက်ပိုင်း ကျမတို့ ဘာကိုသတိပြုမိလာလဲ ဆိုတော့ ကျမတို့ လမ်းတွေခင်းပေးလိုက်တယ် ဆိုရင် အလုပ်အကိုင်ကနောက်က လိုက်လာတယ် ဆိုတာပါပဲ၊ ကျမပြောတဲ့ လမ်းမျိုးက ရာသီမရွေး သွားနိူင်တဲ့လမ်းမျိုးကို ဆိုလိုတာပါ၊ ကျမတို့က မုတ်သုန်ရာသီ ရှိတဲ့ နိူင်ငံမျိုးဆိုတော့၊ ကျမတို့နိူင်ငံမှာ၁၂ လ လုံး သွားလာနိုင်တဲ့ လမ်းမျိုး လိုပါတယ်၊ ကျမတို့ကသာ ရာသီမရွေး သွားနိူင်တဲ့ လမ်းမျိုး တွေ လျပ်စစ်ဓါတ်အားတွေ ပေးနိူင်မယ် ဆိုရင် အလုပ်အကိုင်တွေကို ဒေသခံတွေက သူတို့ဘာသူတို့ ဖန်တီးလာကြတာကိုကျမတို့ တွေ့လာခဲ့ရတယ်။ ဒီအတွက် စွမ်းအင်ရဖို့က ကျမတို့အတွက် ဦးစားပေး ပါပဲ။

Q: မြန်မာ၊ ဂျပန် နဲ့ ထိုင်း နိူင်ငံတွေက ထားဝယ် စီမံကိန်းနဲ့ ပါတ်သက်ပြီး အတော်ကြာကြာကတည်းက ပြောနေဆိုနေကြတာတွေ
ရှိတော့ ဒီပရိုဂျက် တွေ နဲ့ ပါတ်သက်ပြီး တိုးတက်မှု ရှိတယ်လို့ မြင်ပါသလား။

A: ပြောရမယ်ဆိုရင်တော့ ကျမတို့က မြန်မြန်သွက်သွက် ဖြစ်စေချင်တာပေါ့၊ ဒါပေမယ့်ကျမ စောစောက ပြောခဲ့သလို ဒီမိုကရေစီ
ဆိုတာက အာဏာရှင်စနစ်ထက် စာရင်တော့နဲနဲ ပိုပြီး နှေးတယ်လေ၊ ဒါကလည်း ကဏ္ဍအသီးသီးကို ညှိနှိုင်းပြီး တိုင်တိုင်ပင်ပင်
လုပ်ရလို့ပါပဲ၊ ရှင်သိတဲ့အတိုင်း ကျမတို့ကဖက်ဒရယ် စနစ် အပြည့်အဝ မရှိသေးပေမယ့်ဖြစ်အောင် ကြိုးစားနေတယ်၊ ထားဝယ်က
တနင်္သာရီ ဒေသကြီးထဲမှာ ရှိတယ် ဆိုတော့အဲ့ဒီ ဒေသကြီး အစိုးရ စိုးရိမ်မကင်း ဖြစ်နေတာတွေကိုလည်း ထည့်စဥ်းစားခဲ့ရတယ်၊
နောက်ပြီးတော့ ပြည်သူတွေ ဒါကလည်းပြောစရာ မလိုဖူး၊ ပြီးတော့ ဗဟိုအစိုးရရဲ့စိုးရိမ်မကင်း ဖြစ်နေတဲ့ ကိစ္စတွေ၊ ပြီးရင် ဒီနှစ်ခုကနေ တင်ပြတာတွေက ရင်းနှီးမြုပ်နှံမယ့် လူတွေရဲ့ လိုအပ်ချက်တွေနဲ့ တထပ်တည်း ဖြစ်နေဖို့ လိုတယ်။

Q: ဆက်သွယ်ရေးပိုင်းက အခြေခံ အဆောက်အအုံ တွေကကော၊ 5G network က ဦးစားပေးလား။

A: ဒီနေ့ လိုအပ်ချက် တွေ အတွက်ကတော့ခေတ်မှီပြီး ရှေ့ပြေးနေဖို့ လိုသလို အလွယ်တကူ နဲ့ အခြေခံ ကျတဲ့ လိုအပ်ချက်တွေလည်း
ရှိပါတယ်၊ ကျမတို့က အိုင်တီ နဲ့ ဆက်သွယ်ရေး တွေကို ဒီအဆင့်ထိ ရောက်အောင် စဥ်းစားမနေ သေးပါဖူးလို့တော့ ပြောဖို့လိုမယ်
ထင်တယ်၊ အခြေခံကျတဲ့ လမ်းပန်းဆက်သွယ်ရေးတွေကိုလည်း ဖြေရှင်းရဦးမှာ ဖြစ်ပါတယ်၊ ဒါကလည်း တကယ်လက်တွေ့ကျတဲ့ လိုအပ်ချက်မျိုးကိုး။ လူတွေက လမ်းဆိုရင် အဝေးပြေးလမ်းမ အကျယ်ကြီးလို့ ထင်လေ့ရှိတယ်၊ ကျမတို့ စဥ်းစားရမှာက ရွာတွေကို ဆက်သွယ်ပေးမယ့်လမ်းမျိုးကိုလည်း စဥ်းစားရမယ်၊ ဒါတွေကမှကျမတို့ရဲ့ အခြေခံ လူမှုရေး လိုအပ်ချက်တွေ ဖြစ်နေ့လို့ပဲ၊ ဥပမာ ပြောရရင် ပညာရေး နဲ့ကျန်းမာရေး၊ ရွာတိုင်းမှာ ဆေးရုံမရှိဖူး၊ ဒီတော့ နိူင်ငံတဝှမ်းမှာ ရှိတဲ့ ရွာတွေ ကျန်းမာရေးဌာနတွေ ကို အလွယ်တကူ သွားလာနိူင်မယ့် အ​နေအထား ရှိရမယ်၊ ရှင်သိတဲ့အတိုင်းပဲ ကျမတို့ တိုင်းပြည် လူဦးရေရဲ့ ၇၅% ကကျေးလက်ဒေသတွေ မှာ နေထိုင်နေကြတယ်ဆိုတော့။ ခေတ်မီ နည်းပညာ ပိုင်းနဲ့ ပါတ်သက်လို့ ပြောရမယ်ဆိုရင် ကျမတို့ ပြည်သူတွေကအချိတ်အဆက် မိအောင် လုပ်တဲ့နေရာမှာ အတော်လျင်မြန်ကြပါတယ်၊ အခုဆိုရင် စမတ်ဖုန်း သုံးနေကြတဲ့ နှုန်းကကိုအတော်ကို မြင့်တက်လာနေပါပြီ၊ ပြီးခဲ့တဲ့
နှစ် နှစ် အတွင်းမှာပဲ ၈၀% ကျော်အထိ ဖြစ်လာနေပြီ။

Q: ပြည်ပ က တိုက်ရိုက်ရင်းနှီးမြုပ်နှံမှု နဲ့စပ်လျင်းပြီး ခင်ဗျားတို့ အစိုးရ နောက်ထပ် အာရုံထားနေတာ တရားဝင် အကျင့်ပျက်လာဒ်စား မှု တွေဆိုတော့ အဲ့ဒါနဲ့ ပါတ်သက်ပြီး ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲ။

A: အင်း.. ကျမတို့ ဒီနေရာမှာ နည်းလမ်းနှစ်မျိုးနဲ့ လုပ်ရမယ်လို့ ထင်ပါတယ်၊ ပထမတနည်းက အကျင့်ပျက်တဲ့ လူတွေ ကို အပြစ်ပေးဖို့ ရယ်၊ ကဲ..သုံးမျိုးပဲ ထားလိုက်ရအောင်၊ နောက်တနည်းက ကျမတို့ အစိုးရ ဝန်ထမ်းတွေ လာဒ်စားစရာ မလိုအောင် လုပ်ပေးဖို့ရယ်၊ ဒီနေရာမှာ သူတို့ရတဲ့ ဝင်ငွေနဲ့ ဂုဏ် သိက္ခာရှိရှိ နေထိုင်သွားနိူင်အောင် လုံလောက်တဲ့ နည်းလမ်းမျိုး ပံ့ပိုးပေးဖို့ပါပဲ၊ တတိယနည်းကတော့ လူတွေရဲ့ စိတ်နေစိတ်ထားကိုပြောင်းလဲ ပြစ်ဖို့ပါပဲ၊ အကျင့်ပျက် လာဒ်စားမှုတွေကို ကျမတို့ နိူင်ငံတွင်းမှာ ပုံမှန် ဖြစ်နေကျလို့ မယူဆကြသေးတာကိုပဲ ကျမ ဝမ်းသာနေရပါတယ်၊ လူတွေက လာဒ်စားတာကို ဂုဏ်မယူကြသေးပါဖူး၊ဘယ် မြန်မာလူမျိုးကမှလည်း လာဒ်စားတာကို ဂုဏ်ယူဝင့်ကြွားပြီး မပြောကြပါဖူး၊ လာဒ်စားမှု တွေ ရှိတယ်လို့လည်း အမြဲလို ငြင်းတတ်ကြပါတယ်၊ ဒါဟာ ကောင်းတဲ့ လက္ခဏပါပဲ၊ ဒါကိုကြည့်ရင် လာဒ်စားတာကို မှားတယ်လို့ တကယ်ကို လက်ခံကြတဲ့ သဘောကို တွေ့ရပါတယ်၊ အချို့ လူအဖွဲ့ အစည်းတွေမှာဆိုလာဒ်စားမှု ကို နေ့တဒူဝ ကြုံတွေ့နေရတဲ့အဖြစ်အပျက် တခု အဖြစ် လက်ခံတတ်ကြပါတယ်။ လူတွေရဲ့ စိတ်နေစိတ်ထားနဲ့ ပါတ်သက်ပြီးပြောရမယ်ဆိုရင်တော့ ပြောင်းလဲဖို့ အခက်ဆုံးပဲလို့ ပြောရမှာ ဖြစ်ပါတယ်၊ ဒီနေရာမှာအထောက်အကူပေးနိူင်တဲ့ အခြေခံ တန်ဖိုးတွေ ရှိနေပါတယ်၊ ပြီးတော့ ကျမတို့မှာ ဥပဒေ စည်းမျဥ်းတွေ ရှိတဲ့အပြင် တက်တက်ကြွကြွ ဆောင်ရွက်နေတဲ့ အကျင့်ပြက်ချစားမှု တိုက်ဖျက်ရေး ကော်မရှင် ရှိနေပါတယ်၊ အစိုးရ ဝန်ထမ်း တွေ ရဲ့ အခြေအနေ နဲ့ ပါတ်သက်လို့ကတော့ အကျင့်ပြက်ချစားစရာမလိုပဲ အဓိပ္ပယ် ရှိရှိ ဂုဏ်သိက္ခာ ရှိရှိ နေထိုင်သွားလို့ရမယ့် အခြေအနေ တွေ ဖြစ်လာအောင်ပံ့ပိုးသွားဖို့ အကောင်းဆုံး ကြိုးစားသွားမှာလည်း ဖြစ်ပါတယ်။

Q: ကျွန်တော်တို့ ရခိုင်ပြည်နယ် အရေးကို ဆက်ကြရအောင်ပါ၊ ပြီးခဲ့တဲ့ သုံးနှစ် အတွင်း အခြေအနေကို ဖြေရှင်းဖို့ ပျက်ကွက်တယ်ဆို
ပြီး အနောက်နိူင်ငံတွေရဲ့ ဝေဖန်ပြစ်တင်တာခံခဲ့ရပါတယ်၊ မူဆလင်တွေ နိူင်ငံမဲ့ ဖြစ်နေတာတွေကို မဖြေရှင်းနိူင်သေးပဲ မဆိုသလောက်လေးပဲ ပြန်လာတာပဲ ရှိနေပါတယ်၊ဒီပြဿနာကို ဘယ်လို ဖြေရှင်း နိူင်မလဲ။

A: ကျမတို့ ကြိုးစားနေပါတယ်၊ ကျမတို့ အစိုးရ ဖြစ်လာကတည်းက ရခိုင်မှာ ရှည်ကြာနေတဲ့ပြဿာနာ ရှိနေတယ်ဆိုတာ ရိပ်စားမိပါတယ်၊၂၀၁၆ မတ်လ အကုန် ကျမတို့ အစိုးရ စတင်တာဝန်ယူလာခဲ့ပါတယ်။ မေလ အကုန်မှာပဲ ရခိုင်ပြည်နယ် အတွင်း တရားဥပဒေ စိုးမိုးရေး နှင့် ဖွံ့ဖြိုးရေး ဗဟို ကော်မရှင် တရပ်ဖွဲ့စည်းပေးခဲ့ပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ဥပဒေ စိုးမိုးမှု မရှိ ဖွံ့ဖြိုးမှုလည်းမရှိ
ဖြစ်နေတာကစပြီး ရေရှည်ဖြစ်ပေါ်နေတဲ့ပြဿနာတွေ ဆိုတာ ကျမတို့ သိထားလို့ပါပဲ၊ အချို့ လူတွေ အဓိပ္ပါယ် ဖွင့်ဖို့ ကြိုးစားနေသလို ဘာသာရေး ပြဿနာ မဟုတ်ပါဖူး၊ စီးပွားရေး နဲ့ လူမှုရေး ပြဿနာတွေ ထဲထဲဝင်ဝင် ပါနေပါတယ်၊ စီးပွားရေး ကြပ်တည်းလာတာနဲ့ အမျ စီးပွားရေး လူမှုရေး ပြဿနာတွေ ပို ဖြစ်လာရတာပါပဲ။ ရခိုင်က ကျမတို့နိူင်ငံမှာ အဆင်းရဲဆုံးနဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး ပြည်နယ်တွေထဲမှာ ပါဝင်နေပါတယ်၊ ဒါပေမယ့် အရမ်းကောင်းတဲ့အလားအလာတွေ တပုံတခေါင်းကြီး ရှိနေပါတယ်၊ သင့်တင်လျောက်ပါတ်တဲ့ နည်းလမ်းတွေနဲ့ မလုပ်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်၊ ဒီအတွက်လည်း ကျမတို့ ၂၀၁၆ မေ မှာ ကော်မရှင်ဖွဲ့ခဲ့တာ ဖြစ်ပါတယ်၊ နောက်လအနည်းငယ်အကြာမှာ ကျမတို့ ကိုဖီ အာနန်ကို ချည်းကပ်ခဲ့ပါတယ်၊ ရခိုင်ပြည်နယ်ထဲက လူမှုရေးပြဿနာတွေ နဲ့ ပါတ်သက်ပြီး ကျမတို့ကိုကူညီတဲ့ အနေနဲ့ ကော်မရှင်တခု ဖွဲ့ပေးဖို့ပါပဲ၊ အဲ့တာတွေ စီစဥ်နေတာ ပြီးလုပြီးဆဲမှာပဲအကြမ်းဖက် တိုက်ခိုက်မှုတွေ ပထမဆုံး
အကြိမ် ဖြစ်လာခဲ့ပါတယ်၊ ဒီတော့ ကျမတို့ဘယ်လို ထင်လာသလဲဆိုတော့ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေး မလိုချင်တဲ့ အင်အားစု
တွေ ၊ ရခိုင် ပြည်နယ်က ပြဿနာတွေအတွက် အဖြေမရှာချင်တဲ့ လူတွေ ရှိနေပြီ ဆိုတာပါပဲ၊ ဘာဖြစ်လို့လည်း ဆိုတော့ ဒီပြဿနာတွေ ရှိနေမှလည်း အကြမ်းဖက်သမားတွေ အင်အားကြီးလာကြမှာကိုး။ ပြီးတော့ ဖွံ့ဖြိုးမှု နဲ့ တည်ငြိမ်ဖို့ ရှိလာမယ် ခြားနားနေတဲ့ လူမှု အသိုက်အဝန်းနှစ်ခု အကြား နားလည်မှုတွေ ရသွားမယ်ဆိုရင် အကြမ်းဖက်ဝါဒ အတွက် နေရာမရှိတော့မှာလည်း ဖြစ်ပါတယ်၊ ကျမတို့ အဖို့ကရခိုင်ပြည်နယ်ရဲ့ ပြဿနာတွေမှာ အကြမ်းဖက် ဝိသေသတွေ ကပ်ပါလာနေတာကို နိူင်ငံတကာ အသိုက်အဝိုင်းက အရေးတယူ
မရှိခဲ့တာကို အတော်လေးစိတ်ပျက်မိပါတယ်၊ လူ့အခွင့်အရေးတွေနဲ့ ပါတ်သက်ပြီးသူတို့ စိုးရိမ်မကင်း ဖြစ်တာတွေကိုလည်း ကျမတို့
နားလည်ပါတယ်၊ နိူင်ငံမဲ့ဆိုတာနဲ့ ပါတ်သက်ပြီး ပြောရရင် နိူင်ငံသားဖြစ်မှု ဥပဒေတွေကို ကျမတို့ ပိုပြီး နက်နက်ရှိုင်းရှိုင်း ကြည့်တတ်
ဖို့ လိုပါတယ်၊ ဘယ်လို အခွင့်အရေးတွေ ပေးထားတယ်၊ ဒါတွေက ရခိုင်ပြည်နယ်က လူတွေတွင် မကပါဖူး၊ တနိူင်ငံလုံးက လူတွေ
အတွက်ပါ ပါပါတယ်၊ နိူင်ငံသား စီစစ်ရေး ကပ်က ရခိုင်ပြည်နယ်က လူတွေကို ပြစ်မှတ်ထားပြီး လုပ်တယ်လို့ ပြောနေကြတာ ရှိပါတယ်၊ အဲ့တာ လုံးဝမမှန်ပါဖူး နိူင်ငံတဝှမ်းလုံးနဲ့ သက်ဆိုင်ပါတယ်၊ ကျမတို့အားလုံးလည်း ဒီလုပ်ငန်းစဥ်အတိုင်း သွားရပါမယ်၊ မြန်မာ မိဘနှစ်ပါးကမွေးတဲ့ လူတောင်မှ ဒီအတိုင်းပဲ သွားရမှာပဲ ဖြစ်ပါတယ်။ နိူင်ငံသား စီစစ်ရေး လုပ်ငန်းစဥ်အတိုင်းပဲ သွားရမှာပါ၊ အသက် ၁၂ နှစ် ရောက်တဲ့အခါ တကြိမ်အသက် ၁၈ နှစ် ရောက်တဲ့အခါ တကြိမ် နဲ့အသက် ၃၀ ရောက်တဲ့အခါ တကြိမ်စီစစ်ရပါတယ်။ ဒါက တနိူင်ငံလုံး လုပ်ရတဲ့ လုပ်ငန်းစဥ်လည်း ဖြစ်ပါတယ်။ အခြေအနေကို နားမလည်တဲ့ လူတွေက တော့ သူတို့စိတ်ဝင်စားတာကိုပဲ အာရုံစိုက်လာတာ ဖြစ်ပါတယ်၊ ကျမတို့အဖို့ကတော့ တနိူင်ငံလုံးကို စိတ်ဝင်စားမှဖြစ်မှာပါ၊ ရခိုင်ဆိုတာ ကျမတို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေစိမ်ခေါ်မှု တွေထဲက တခုပဲရှိပါသေးတယ်။ ကျမတို့ နိူင်ငံ ရဲ့ စိမ်ခေါ်မှုတွေ အားလုံး မဟုတ်သေးပါဖူး။

Q: ခင်ဗျားရဲ့ အနေအထားကို ကျွန်တော်တို့ နားလည်ပါတယ်၊ ဒါပေမယ့် အမေရိကန်နဲ့ အီးယူတို့နဲ့ စီးပွားရေး ဆက်ဆံမှုတွေ တိုးချဲ့ခြင်တယ်ဆို ရင်တော့ ဒီပြဿနာကို ဖြေရှင်းဖို့ လို ကောင်းလိုလာပါလိမ့်မယ်၊

A: ကျမတို့ ဖြေရှင်းချင်ပါတယ်၊ ဒါကလည်းအခြားနိူင်ငံတွေနဲ့ စီးပွားရေး ဆက်ဆံမှုတွေတိုးချဲ့ချင်တဲ့ စိတ်မျိုးနဲ့တော့ မဟုတ်ပါဖူး၊ ကျမတို့ နိူင်ငံအတွက် ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်ရေးအတွက် မရှိမဖြစ် လိုအပ်နေလို့ပါ။ ဒါကလည်း ရခိုင်ပြည်နယ်ရဲ့ ပြဿနာ ဖြေရှင်းလိုတဲ့ အဓိက အကြောင်းပါပဲ၊ ရခိုင်ပြည်နယ်နဲ့နိူင်ငံရဲ့ အခြားအစိတ်အပိုင်းတွေမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ကို အာမခံစေမယ့် ရေရှည်တည်တံ့ သွားစေမယ့် နည်းမျိုးနဲ့ပဲ ကျမတို့ဖြေရှင်းချင်ပါတယ်၊ ကျမတို့ နိူင်ငံက အားလုံးနဲ့ သက်ဆိုင်နေပါလို့ ပါပဲ၊ ဒီထဲမှာ ကွဲပြားနေတဲ့အစိတ်အပိုင်းတွေလဲ ရှိနေမှာပါပဲ၊ဒါပေမယ့်အားလုံးက ဆက်စပ်နေပါတယ်၊ကျမတို့ အတူတူ ဖွံ့ဖြိုးအောင် လုပ်ပြီး ရှေ့ဆက်သွားရမှာ ဖြစ်ပါတယ်။

Q: နောက်လာမယ့် ရွေးကောက်ပွဲက ၂၀၂၀နိူဝင်ဘာလထဲမှာ ဆိုတော့ အန်အယ်ဒီရဲ့အလားအလာက ဘာလဲ၊ မဲဆန္ဒရှင်တွေကို
ဘယ်လို အနာဂါတ် အမြင်မျိုးတွေ အဆိုပြုဖို့ ရှိပါသလဲ။

A: ကျမ ထင်ပါတယ်၊ အဆုံးမှာတော့ ဘယ်လို အနာဂါတ်မျိုး ဖြစ်ချင်လဲဆိုတာကို ကျမတို့ပြည်သူတွေကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်၊
“ဒါ ခင်ဗျားတို့ရဲ့ အနာဂါတ်ပဲ” လို့ ဘယ်ပါတီကမှ ပြောလို့မရပါဖူး၊ ကျမတို့ လုပ်နိူင်တာကတော့ ကျမတို့ အတွေးအခေါ်တွေ အကြံပြု
ချက်တွေ ဘာတွေရှိတယ်၊ ကျမတို့ အတွက်ဖြစ်နိူင်သမျ အကောင်းဆုံး အနာဂါတ်တွေပိုင်ဆိုင်ဖို့အတွက် ရှေ့ကို ဘယ်လို အတူလုပ်
သွားကြမလဲ ဆိုတာ ချပြဖို့ပဲ ရှိပါတယ်။ ပြီးတော့ ရွေးကောက်ပွဲ ရလာဒ်က ဘယ်လို ဖြစ်လာနိူင်လဲဆိုတာ ကျမ ဘယ်တော့မှ ပြော
မှာ မဟုတ်ပါဖူး၊ ကျမ က ဗေဒင်ဆရာ တယောက် မဟုတ်ဖူးလို့ ကျမ အမြဲပြောလေ့ရှိပါတယ်၊ အနာဂါတ်မှာ ဘာတွေ ဖြစ်လာမလဲဆို
တာ မြင်နိူင်ဖို့က ကျမ အလုပ်လည်း မဟုတ်ပါဖူး၊ ကျမ အလုပ်က ကျမ ပါတီ အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးသွားဖို့ပါပဲ။

Q: ရွေးကောက်ပွဲ နောက်ပိုင်း အစိုးရ အသစ်နဲ့ ခင်ဗျား ဘယ်လို ထိတွေ့သွားမလဲဆိုတာ ကျွန်တော် တွေးနေမိတယ်၊ နိူင်ငံတော် အတိုင်ပင်ခံဆို တဲ့ ရာထူးက ၂၀၂၁ ကျရင် တရားဝင် အဆုံးသတ်သွားဖို့ ရှိနေတော့ ဘယ်လို အနေအထားမျိုးနဲ့ ဆက်လုပ်သွားဖို့ ရှိနေပါလဲ၊ အနားယူဖို့ကော အစီအစဥ် ရှိပါလား။

A: ဘယ်လို အစိုးရမျိုး ကျမတို့ ရလာမလဲဆိုတာ အရင်ကြည့်ပြီးမှပဲ ကျန်တာတွေ ဆုံးဖြတ်ကြတာပေါ့။

Q: အနားယူဖို့ကော အစီအစဥ် ရှိပါလား။

A: အိုး… ဘယ်သူမဆို စီစဥ်ထားတာတွေ အများကြီး ရှိနေကြမှာပါပဲ၊ အနာဂါတ်အတွက်ဆိုတာက အစီအစဥ် တခုထဲပေါ် အားပြုနေလို့ မှ မရတာ ဆိုတော့၊ ရှင့်မှာလည်း ရွေးချယ်စရာတွေ အများကြီး ရှိနေမှာပဲ၊ ဒီအထဲကအနာဂါတ်မှာ ဖြစ်လာနိူင်တဲ့ ရလာဒ်က ကိုယ်နဲ့ ဘာ အသင့်တော်ဆုံး ဖြစ်မလဲ ဆိုတာ ရွေးရမှာပဲ။

Q: ခင်ဗျား နေရာကို ဆက်ခံဖို့ အတွက် ဘာတွေစီစဥ်ထားလဲ၊ အခု လောလောဆယ်ကောတွေးထားတာတွေ ရှိနေလား။

A: ကျမတို့ ပါတီမှာ သတ်မှတ်ထားပြီးသားအင်္ဂါစဥ်တွေ ရှိပြီးသားပါ၊ ရှင်လည်း သိပြီးသားဖြစ်မှာပါ၊ ကျမတို့ အဲ့တာကို ထိမ်းသိမ်းသွား
နိူင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်၊ ကျမတို့ ပါတီတွင်း ရာထူး အဆင့်ဆင့်မှာ ဒါကိုအတော်လေး ပုံမှန်လိုမျိုးလုပ်ပြီး တည်တည်
ငြိမ်ငြိမ်နဲ့ တိုးတက်သွားလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်၊

Q: ရေရှည်မှာ နိူင်ငံထဲ ခေါင်းဆောင်ပိုင်း နေရာဆက်ခံဖို့ နဲ့ ပါတ်သက်ပြီး ထပ်ပေါ်လာတဲ့ မေးခွန်းတခု ပါ၊ မြန်မာမှာ သုံးနှစ်ခွဲလောက် ခေါင်းဆောင်လာခဲ့ပြီးတဲ့ အချိန်မှာအလွန်ကို ရှုပ်ထွေးပြီး စိမ်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ နိူင်ငံကို ဦးဆောင်သွားဖို့က ဘယ်လိုမျိုး ထူးထူးခြားခြား ပင်ကိုယ် လက္ခဏာတွေ ရှိထားသင့်ပါလဲ ဆိုတာပါ။

A: အလုပ်ကြိုးစားဖို့ လို့ ကျမထင်ပါတယ်၊အလုပ်ကြိုးစားတာမျိုးပဲ ကျမ ယုံကြည်ပါတယ်။

Show More

Related Articles

Back to top button
Close