Headline NewsNewsRegion

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ ပြန်လည်ထွက်ခွာ

အောက်တိုဘာ ၂၄ ရက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ တိုကျိုမြို့၊ ဘုရင့်နန်းတော်၌ ကျင်းပသည့် ဂျပန်ဧကရာဇ် နာရူဟီတို၏ ထီးနန်းတက်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး လေကြောင်းခရီးစဉ်ဖြင့် ယနေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့သို့ ပြန်လည် ရာက်ရှိလာသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နေပြည်တော်သို့ လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာသွားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့သည်။

Show More

Related Articles

Back to top button
Close