Headline NewsNewsRegion

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် Asean Business and Investment Summit (ABIS) အစည်းအဝေး၊ (၃၅) ကြိမ်မြောက် အာဆီယံမျက်နှာစုံညီထိပ်သီးအစည်းအဝေး နှင့် ASEAN နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် Federation International de football Association (FIFA) တို့၏ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနား တို့သို့တက်ရောက်

ဗန်ကောက်၊ နိုဝင်ဘာ ၂

(၃၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများသို့တက်ရောက်ရန် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့တွင် ထိုင်းနိုင်ငံ တော်ဝင်မင်းသမီးများနှင့်တွေ့ဆုံပြီး King Chulalongkorn Memorial Hospital ရှိ Thai Red Cross AIDS Research Centre ကိုကြည့်ရှုလေ့လာကာ Asean Business and Investment Summit (ABIS) အစည်းအဝေး၊ (၃၅) ကြိမ်မြောက် အာဆီယံမျက်နှာ စုံညီထိပ်သီးအစည်းအဝေး နှင့် ASEAN နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် Federation International de football Association (FIFA) တို့၏ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်း အခမ်းအနား တို့သို့ တက်ရောက်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒေသစံတော် ချိန် မွန်းလွဲ ၁ နာရီခွဲတွင် Bhumisiri Mangkhalanusorn Building ရှိ King Chulalongkorn Memorial Hospital သို့ ရောက်ရှိရာ Thai Red Cross AIDS Research Centre , Director , Professor Emeritus Praphan Phanuphak နှင့် တာဝန်ရှိသူများ က ကြိုဆိုကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိုင်းနိုင်ငံတော်ဝင်မင်းသမီး များ ဖြစ်ကြသည့် Her Royal Highness Princess Soamsawali Krom Muen Suddhanarinatha နှင့် Her Royal Highness Princess Bajrakitiyabha Narendiradebyavati တို့သည် King Chulalongkorn Memorial Hospital, 12 floor ၌ တွေ့ဆုံကြသည်။ ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ထိုင်းနိုင်ငံ တော်ဝင်မင်းသမီးများ သည် Red Cross AIDS Research Centre, Conference Room သို့ရောက်ရှိ ကြရာ Thai Red Cross AIDS Research Centre , Director , Professor Emeritus Praphan Phanuphak က Red Cross AIDS Research Centre ၏ လုပ်ငန်းဆောင်ရွက်မှုများ နှင့် HIV ပိုးကာကွယ်ကုသခြင်းလုပ်ငန်းစဉ်များကို Video Projector ရှင်းလင်းတင်ပြသည်။ ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ထိုင်းနိုင်ငံတော်ဝင် မင်းသမီးများ သည် Thai Red Cross AIDS Research Centre နှင့် UNAIDS တို့ပူးပေါင်းဆောင် ရွက်သည့် ပြခန်းကိုလှည့်လည်ကြည့်ရှုသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် Asean Business and Investment Summit (ABIS) အစည်းအဝေးကျင်းပမည့် Maung Thong Thani Impact သို့ရောက်ရှိပြီး (ABIS) ခေါင်းဆောင်များနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက် ကာ Asean Business and Investment Summit (ABIS) အစည်းအဝေးသို့ တက်ရောက် မိန့်ခွန်းပြော ကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ဦးကျော်တင်၊ အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းလွင်၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ASEAN STYLES မြန်မာပြခန်းများကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် Novotel Bangkok Impact, Sapphire 205 – 206 ၌ကျင်းပသည့် (၃၅) ကြိမ်မြောက်အာဆီယံမျက်နှာစုံညီထိပ်သီးအစည်းအဝေးသို့တက်ရောက် ဆွေးနွေးသည်။ အစည်းအဝေးတွင်   အာဆီယံနိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ အကြီးအကဲများ က အာဆီယံအသိုက်အဝန်းတည်ဆောက်ရေး ၊ အာဆီယံ ၏ပြင်ပ ဆက်ဆံရေးနှင့် အနာဂတ်ဦးတည်ချက် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို အမြင်ခြင်းဖလှယ် ဆွေးနွေးကြသည်။
အစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ အာဆီယံအတွင်းရေးမှူးချုပ် နှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း နှင့် ဦးကျော်တင်၊ အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းလွင်၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် Sapphire – 202 ၌ ကျင်းပသည့် ASEAN နှင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် Federation International de football Association (FIFA) တို့၏ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်း အခမ်းအနား သို့တက်ရောက်သည်။

Show More

Related Articles

Back to top button
Close